Sunday, June 28, 2009

စမ်းသပ် ပစ်မှတ်။

အ ချစ်ရယ် ငါ့နှလုံးသာဟာ
စမ်း သပ်ပစ်မှတ် တခုတဲ့လားကွယ်
သပ် သပ်မဲ့ မင်းလုပ်ရပ်က
ခံ စားရသူ ရင်ကိုထိစေတယ်
အချစ်တွေ မေ့လိုက်ပြီလား
ဝေးကွာခဲ့တဲ့ ခဏတာအတွက်
သင်ဘယ်သူလဲဆိုတဲ့စကား ငါ့အတွက်လား
ကျောင်းသားဘ၀ ချစ်ဒုက္ခ
ငါ့နှလုံးသာ မင်းရဲ့ စမ်းသပ် ပစ်မှတ် ဖြစ်ခဲ့ရ။

ဟိုး..တချိန်က.. မိတ္ထီလာ အဝေးသင် တက္ကသိုလ် တက်စဉ်က ညစ်ညစ်နဲ့ ရေးခဲ့ဖူးတယ် စာလေးပါ။

Friday, June 26, 2009

Pop star Michael Jackson dies in LA.


Pop star Michael Jackson dies in Los Angeles
at the age of 50, after suffering a suspected cardiac arrest.

http://news.bbc.co.uk/

Friday, June 19, 2009

လိုဂို အသစ်နဲ့ လူငယ့်အားမာန်


လူငယ့် အားမာန် လိုဂို အသစ်လေးပါ။
ယခုဆို လူငယ် အားမာန် အဖွဲ့လေးက လုပ်ငန်းတွေ စလုပ်ပါပီ။
ကျွန်တော် မွေးရပ်မြေ လက်ပန်ကျင်း အခြေခံပညာ အလယ်တန်းကျောင်း အတွက် ပညာရေး အထောက်ကူပြု စာအုပ်များ၊ အပါတ်စဉ်ထုတ် သတင်းစာ ဂျာနယ်များ လှူဒါန်းပါမယ်။ ငွေကျေး အရင်းနှီးကတော့ တစ်စုံတစ်ယောက်က မတည်ထားခြင်း မဟုတ်ပါဘူး။ အဖွဲ့ဝင်အားလုံး စေတနာ နဲ့ နိုင်သလောက် ပါဝင်ထည့်ဝင်ကြတာဖြစ်ပါတယ်။ တစ်လကို အနည်းဆုံး ငွေသား သုံး သောင်းဖိုး လစဉ် လှူဒါန်းပါမယ်။ ရန်ကုန် ရှိ စားသောက်ဆိုင် နှင့် company များတွင် အလုပ် လုပ်ကိုင် ကြသော ညီငယ် လေးများ၏ ပါဝင် မှုကို အထူးဂုဏ်ယူမိပါသည်။
နောက်နှစ်များမှာ ဒီထက်မက လှူဒါန်းနိုင်ဖို့ အဖွဲ့ဝင်များ တိုးလာအောင် ထပ်မံ စည်းရုံး သွားမှာ ဖြစ်ပါတယ်။
ဇာတိပုည ဂုဏ်မာန တဲ့ ကျေးလက်က ရွာငယ်လေးက ကျွန်တော့ ဇာတိပါ။ အေးချမ်းလှတဲ့ လက်ပန်ကျင်း ရွာသားလေး ဖြစ်ရတာ ဂုဏ်ယူ မိပါတယ်။
ဒီအကြောင်းတွေ အင်တာနက် စာမျက်နှာမှာ ရေးရတာကတော့ နတ်လူ သာဓုခေါ်စေဖို့ ဖြစ်ပါတယ်ခင်ဗျာ။
ဆန်းဝင်း
ကျောက်ပန်းတောင်း

Saturday, June 13, 2009

စင်္ကပူမှာသာတဲ့လ

ကျွန်တော် နေခဲ့တဲ့နေရာကို Jurong East MRT ကနေ Busကားစီးသွားရင် တစ်ကျပ်ဆယ်ပြား ပေးရတယ်။ Company ပေါင်းစုံက အလုပ်သမားတွေနေတဲ့ အဆောင်ပေါ့။ အဆောင်နားက ကားလမ်းမကြီးဘေးမှာရေကန် အကြီးကြီးရှိတယ်။ ရေကန်ထဲမှာ ဇလားဖီးယား ငါးတွေ၊ ယက်ကန် ယက်ကန်နဲ့ လိပ်တွေ ရှိတယ်။ စင်္ကပူမှာ လူအများစုက ရုံးလုပ်ငန်း လုပ်သူများတယ်။ တစ်နေကုန် စားပွဲမှာထိုင်ကာ ကွန်ပျူတာကြည့်ရ လက် ညောင်း ဇက်ညောင်း အလုပ်လုပ်ကြရတယ်။ ညနေပိုင်းဆို ကန်ဘောင်မှာ အညောင်းပြေ လမ်းလျှောက်သူတွေ၊ အပြေး လေ့ကျင့် သူတွေ လေညှင်းခံ တဲ့သူတွေစုံလို့။ ရန်ကုန်မြို့က အင်းယားကန်လို မလှပေမယ့် နှစ်ယောက် ထိုင်ခုံ လေးတွေ၊ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ရှိတယ်ဗျ။
ကျွန်တော့် အဘို့တော့ အညောင်းပြေ လမ်းလျှောက်ဖို့ ဝေးသေး။ ပြန်ရောက်တာနဲ့ လမ်းထိပ်ဆိုင်မှာဝင်လို့ မြန်မြန် ကျက်လွယ်မယ့် ငါးနဲ့သီးနှံလေးတွေ ၀ယ်ပြီး အဆောင်ထဲဝင်ရတယ်။ အခန်းရောက်တာနဲ့ အ၀တ်တွေ ကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လို့ လျှော်ရတယ်။ နောက်ပြီးတော့ ဆန်ဆေး ထမင်းချက်ရ တာပေါ့ဗျာ။ တ လက်စတည်း ၀ယ်လာတဲငါးကို အကြေးခွံတွေ အူတွေသင်ပြီး မန်ကျီးမှည့်ရည်လေးနဲ့ အမြန်ချက်ရတယ်။ ဟင်း ချက် ရင်း သူငယ်ချင်းတွေနဲ့ စကားပြောလိုက် တီဗွီကလာတဲ့ ဂျိုလီရဲ့ ဇာတ်ကားလေး ပြေးကြည့်လိုက်ပေါ့ဗျာ။ ဂျိုလီ ကိုကြိုက်ပေမယ့် ဟင်းအိုးတူမှာဆိုးလို့ ကောင်းကောင်း မကြည့်ရပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား စရာ မလိုပါဘူး အစီစဉ်တကျပဲ ခဏနေတော့ ရေမိုး ချိုးလိုက် တယ်လေ။
ကျွန်တော့် ညစာက တီဗွီကြည့်ရင်း လွှေးရတာပေါ့။ ထမင်းစားလို့ ပြီးတော့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ “ကျနော်ဆက်၍ရေးချင်သောဝတ္တုများ” စာအုပ်လေး ဆက်ဖတ်လိုက်တယ်။ စာအုပ်ထဲ စိတ်ဝင်စားသွားလိုက် တာ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီ ရှိပါရောလား။ မနက်အလုပ်သွားဖို့ ရှိတာကြောင့် ဖုန်းလေးကို နှိုး စက်ပေးပြီး အိပ်ယာဝင်လိုက်တယ်။ မှန်ပြတင်းကနေ အပြင်ကို တချက်ကြည့်လိုက် တော့ သဘာဝအလင်း ရောင်တချို့ကို တွေ့လိုက်ရတယ်။ အော်. ဒီနေ့ လပြည့်နေ့ပါလား။ အလုပ်ထဲမှာ သွားလိုက် ပြန်လိုက်နဲ့ မေ့နေ လိုက်တာ လမင်းကြီးတောင် မကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။ အတွေးတွေနဲ့ ဆက်အိပ်ဖို့ ကျိုးစား ပေမယ့် အိပ်လို့မရပေ။ လသာသာမှာ လမ်းလျှောက်ချင်တဲ့စိတ်က များနေတယ်။ ဒါနဲ့ လမ်းထိပ်က ကန်ဘောင် ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ကျွန်တော် လမ်းလျှောက်ထွက်သော ဆယ့်တစ်နာရီကျော် အချိန်သည် စင်္ကပူနိုင်ငံအဖို့ စောနေသေးသည် ထင်သည်။ လမ်းမပေါ်မှာ သွားလာနေသော လူတချို့အားတွေ့ရသည်။ ကန်ဘောင်မှာတော့ လူမရှိသ လောက် ရှင်းသွားသည်။ ကျွန်တော် ကန်ဘောင်ပေါ်မှာ လေညှင်းခံ လို့ လရောင်အောက်မှာ လမင်းကို မော့် ကြည့်ကာ လမ်းလျှောက် နေလိုက်တယ်။ နှစ်ယောက်ထိုင် ထိုင်ခုံလေးတခုမှာ ထိုင်လို့ လရောင်လျှပ်ပြေးနေ တဲ့ ကန်ရေပြင်ကို ငေးကြည့်ကာ ဟိုအရင်အချိန်က အကြောင်းတွေ တွေးနေမိတယ်။ စင်္ကပူပူမှာသာတဲ့လမင်း ကလဲ အရင်က ငါမြင်ဖူးတဲ့ လမင်းကြီးလို ၀ိုင်းစက်လို့နေတယ်။
ကျွန်တော် ရွာမှာနေစဉ်က ဒီလို လပြည့်ညဆိုရင် အဖေရယ် အမေရယ် အကိုအမ တွေရယ် အိပ်ရှေ့ တလင်း မှာ ထိုင်လို့ အေးမြတဲ့လမင်းရဲ့ အလင်းရောင်ကို ခံစားရင်း စကားပြော ကြတယ်။ လျှပ်စစ်မီး မရှိတဲ့ ရွာလေးမှာ လမင်း အလင်းရောင်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကလေးတွေကတော့ ထုတ်စီးတိုးတမ်း ကစားကြတယ်။ လိပ်ဥဖွက်တမ်း၊ ပုံပြောတန်းကစားကြတယ်။ ကြည်နူးရပါတယ်။ လရောင်အောက်မှာ အိပ်ရတာလဲ တကယ် အရသာရှိတယ်ဗျာ။ လပြည့်ညတိုင်း အိမ်ကနွားလှည်းကို အိပ်ရှေ့ထုတ် သင်ဖြူးဖျာလေး ခင်းလို့ လမင်းကို ကြည့်ရင် အိပ်လေ့ရှိတယ်။ စံပယ်ရုံက စံပယ်ပန်း ရနံလေးတွေရယ်၊ ခမောက်ပန်း ရနံ လေးတွေရယ် သင်းပျံ့လို့ လရောင်ရွှန်းပ ညတစ်ညဟာ ဘာနဲ့မှ မလဲနိုင်ဘူး။
ကျွန်တော် အခုကန်ဘောင်က ထိုင်ခုံတန်းလေးပေါ်မှာ လှဲလို့ လမင်းကိုငေးကြည့်နေတယ်။ ကျနော် စိတ်မှာ မြန်မာပြည်မှာ သာတဲ့လကို တမ်းတနေမိတယ်။ ဘာလို့လဲ သိလား။ စင်္ကာပူမှာ သာတဲ့လက မြန်မာပြည်မှာ သာတဲ့ လလောက် မအေးမြဘူးလို့ ခံစားရလို့ပဲ။ မိတ်ဆွေရာ ဒီလိုခံစားရလား။ ကျွန်တော်ထင်တယ်လေ ဘယ်နိုင်ငံက လမင်းဖြစ်ပါစေ မြန်မာပြည်က လမင်းလောက် အေးမြမှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို လမင်းကြီး ကတော့ သိနိုင်မယ် မထင်ဘူး။ လမင်းကြီး သိရင်ရော ဘယ်လိုခံစားမလဲ သိချင်လိုက်တာ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, June 12, 2009

အချစ်ငတ်တဲ့ ငါ့နှလုံးသား

တကယ်ဆို
ငါ့ကိုယ်ငါ ပြောထားခဲ့တယ်
အချစ်နဲ့ ငါ ဘာမှ မဆိုင်ဘူး။

အခုတော့
အချစ်နဲ့ငါ ဘာမှ မဆိုင်ဘူးဆိုတဲ့
ငါ့စကားကို မင်းက ချေဖျက်ပစ်လိုက်တယ်။

ဘယ်လိုလုပ်မလဲ
ငါ့နှလုံးသားက မင်းခြေသံတွေကို
အငမ်းမရ နောက်ကလိုက်လို့ နားထောင်နေတယ်။

မင်းသိစေချင်တယ်
အချစ်ငတ်တဲ့ ငါ့နှလုံးသားက ပြောတယ်
မင်းကို သိပ်ချစ်တယ်တဲ့။

ဝင်လာလှည့်ပါတော့ အချစ်ရယ်
မင်းကိုသိပ်ချစ်တဲ ငါ့နှလုံးသားလေး
တခါးဖွင့်လျှက် မင်းရှေ့မှာ အဆင်သင့်ရှိနေလေရဲ့။

>> သူများရေးတာအားကျလို့ ရေးကြည့်တယ် <<

Monday, June 8, 2009

စကားပြောသော ခရေပန်း

ကျို့ကုန်း ဘူတာက ထွက်လိုက်လို့
ဒီ ခရေပင်တန်း ကိုဖြတ်လျှောက်မိရင်
တခါက ခရေကောက်ဖူးတဲ့ အတိတ်ဆီကို
စိတ်ဝိညှဉ်က ပြန်ရောက်သွားတယ်။

မုခ်ဦးမှာ ဖီးဆင့်စက်ဘီးတွေ တန်းစီလို့
စေတီကြီးဘုရားရင်ပြင်တော်မှာ ချစ်သူစုံတွဲများ သစ္စာပြု။
မိသားစုတွေ ကလေးတွေလည်း ဘုရားဖူးလို့ နေကြတယ်။
ခရေနံသင်းတဲ့ လေနုအေးကိုရှူ ၊ အေးမြတဲ့ ကြွေပြားအခင်းပေါ်မှာ ထိုင်လို့
ကမ္ဘာမြေ အေးချမ်းစေဖို့ တောင်းဆုတွေပြု။

ခရေပင်အောက်မှာ ခရေချစ်သူတွေ ခရေပန်းကောက်နေကြတယ်။
ခရေပွင့်လေးတွေ ကြွေကျလာတာဟာ
ဟိုး.. ကောင်းကင်က ကြယ်လေးတွေ ကြွေကျလာသလိုပဲ။
ဟော.. ဟိုမှာကြည့် လေထဲမှာ ၀ဲပျံလို့ ချစ်စရာလေး။
လေပြေ အဝှေ့မှာ ခရေပန်းလေးတွေ ၀ဲပျံလို့ကျလာတယ်။

တပင်တည်း ခရေပင်မှာ ခရေပန်းကောက်သူတွေကများလှတယ်။
လေထဲမှာ ၀ဲပျံနေတဲ့ ခရေပန်းလေးတွေ မော့်ကြည့်လို့
မြေပေါ်မကျခင် ဖမ်းနိုင်ဖို့ ပြင်နေကြတယ်။
အော်.. ခရေပင်ကြီးရယ် ခရေချစ်သူတွေရယ် ပျော်စရာ အတိ။

တခါက ညချမ်းလေပြေရယ်။
တခါက ခရေပင်ကြီးရယ်။
တခါက ခရေချစ်သူတွေရယ်။
လေမှာ ၀ဲပျံတဲ့ခရေပန်းလေးတွေ ကောက်ချင်သေးတယ်။

ခေါင်းချင်းတိုက်မိ စိတ်မရှိကြေးပေါ့။

Sunday, June 7, 2009

များလိုက်တဲ့ ထိချက်တွေ။

ဒီရက်ပိုင်း ကိုညီလင်းဆက် သို့ ပေးစာ ပို့စ်ကို ရေးလိုက်တာ ဘလော့ကို ထိချက်တွေ မနည်းပါလာတယ်။
သတိထားမိတယ် ၂၀၀ ကျော်လောက်တက်လာတယ်။ ဒီစကားလုံး ရှာတဲ့သူတွေ အနံခံပြီး ရောက်လာ နေကြဦးမှာပဲ ။ ပို့စ် ကိုဖတ်ဖြစ်ခဲ့တယ် ဆိုရင်တော့ တမျိုးကောင်းတာပေါ့လေ။

ကျနော်ရေးတဲ့စာကလဲ နည်းနည်းကြမ်းသွားတယ်။ အမှန်တကယ် ဂူဂဲမှာ ပေါ်တဲအတိုင်း ရေးလိုက်တာ ။ စိတ်ထဲ မခံချိ မခံသာ ဖြစ်လွန်းလို့ပါဗျာ။ ထူးထူးခြားခြား ထိချက်တွေ တက်လာတာတော့ သိလိုက်ရတယ်။
ဒီလိုနည်းနဲ့ အွန်လိုင်းမှာ ထိချက်ယူ ငွေရှာနေကြတာကို လက်တွေ့ သိလိုက်ရတာတယ်။ ဒီလိုလူမျိုးကလဲ လူနဲ့ လူပတ်ပန်းကျင်မှာ ရှိနေဦးမှာပဲ။

ပြန်တွေးကြည့်တော့လဲ စာလာဖတ်တဲ့ အားပေးတဲ့ အကို အမများကို အားနာပါတယ် ။
တောင်းပန်ပါတယ်နော်။

Thursday, June 4, 2009

စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်။

အတိတ်က ပုံရိပ်တွေ ကြာခဲ့ပေမယ့် အမှတ်ရနေဆဲ။
သူငယ်ချင်းတို့ရေ.... ဖိုးရာဇာ ကျောင်းဆောင်ရှေ့ အေးမြတဲ့ မယ်ဇလီပင်ရိပ်မှာ
ကမ္ဘာမြေကို ဖင်ခုထိုင်လို့ စာသင်ခဲ့တဲ့ မင်းတို့ ငါတို့ ငယ်စဉ်က ဘ၀ကို ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ကျောင်းသာယာလှပရေးအတွက်
ကျောင်းဥယျာဉ်မှာ စံပယ် ကြက်ရုံး၊ ဇွန်ပန်း၊ ရွှေပန်းပင်၊
စိန်ပန်းပင်၊ ဒန်းပန်းပင် တွေ တူတူစိုက်ခဲ့ကြတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ...... နိုင်ငံတော်အလံ အလေးပြုစဉ် ကျောင်းနောက်မှာ ခိုးပုန်းလို့
ခြင်းလုံးခတ်ခဲ့တာကြောင့် သုံးယောက်တည်း နိုင်ငံတော် အလံကို အလေးပြုပြီး
ကျောင်း ငါးပတ် ပတ်ပြေးခဲ့ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ........ စာရလျှက်သား စာပြန်ရမှာ ပျင်းလို့
သုံးယောက်သား ညာညှိကာ စာမရဘူး ဘူးခံခဲ့လို့
အရိုက်ခံရတာ သိပ်မနာပေမယ့် ဆရာမ စိတ်ဆိုးသွားလို့ ချော့ခဲ့ရတာ ငါသတိရနေတယ်။

သူငယ်ချင်းတို့ရေ....... ဆောင်းကာလ နှင်းတွေသီးနေတဲ့
ပဲစိမ်းငုံ ခင်းကိုတိုးလျှို ဖြတ်ရင်း နေမင်းကိုဦးတည် လမ်းလျှောက်လို့
ထမင်းချိုင့်ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ကျောင်းသွားတက်ရတာ ငါ သတိရနေတယ်။

သူငယ်ချင်းတို့ရေ... အဌမတန်း စာမေးပွဲပြီးနောက်
တို့တွေခွဲခွာခဲ့ရ အတော်ကြာခဲ့ပြီ။ စိန်ပန်းတွေလဲ အကြိမ်ကြိမ် ပွင့်ခဲ့ပြီ။
သို့ပေမယ့် ဒီလိုကျောင်းဖွင့်ချိန်ရောက်တိုင်း သူငယ်ချင်းတို့ကို ငါသတိရနေတယ်။

အခုလဲ စိန်ပန်းတွေ မြေမှာကြဲတဲ့ ကျောင်းဖွင့်ချိန်ရောက်ပြန်ပီလေ။

Wednesday, June 3, 2009

ကိုညီလင်းဆက် သို့ ပေးစာ။

ကိုညီလင်းဆက်ရေ…
အင်တာနက်မှာ စိတ်တိုင်းမကျတာလေးတခုကို ပြောပြချင်ပါတယ်။ အကိုသိပြီးသား ဖြစ်မယ်လို့လဲ ထင်ပါတယ်။ အကို နဲ့ ကိုစိုးမင်း မြန်မာစာ အက္ခရာစဉ်မှု ကို ကြိုးစား အား ထုတ်နေတာကိုလဲ ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ဒီအကြောင်းအရာ အကို့ဆီရောက်လာတယ် ဆိုရင်မမှားပါဘူး။

ကျနော်သုံးနေတဲ့ search engine က http://www.google.com.sg/ ပါ။ search box မှာ အင်္ဂလိပ်စာလုံးကို အက္ခရာစဉ်ပေးတာ (search result) တစ်လကျော်လောက် တော့ရှိပြီ။ မြန်မာဖောင့်ကတော့ အယ်လဖာ ဇောဂျီဝမ်း သုံးပါတယ်။

ဒီလိုဗျာ .. အင်္ဂလိပ် အက္ခရာ a ဆိုရင် ..a လို့ ရိုက်လိုက်တာနဲ့
air asia ------------ 36,300,000 results
amazon ---------- 71,700,0000 results
American idol --- 80,500,2000 results အဲလိုပေါ်တယ်ဗျ။
မြန်မာစာမှာ ကျတော့ အက္ခရာ “က” ဆိုရင် (zawgyione font)
ကဗျာ ---------------- 5350 results
ကွန်ပျူတာ ----------- 45300 results
ကာတွန်းကား --------- 2300 results -- အဲလိုပေါ့ဗျာ။

ကျနော် သဘောမကျတာက မြန်မာစာ အက္ခရာ စဉ်ရာမှာ (search result) မထည့်သင့်တာတွေ ထည့်ထားတယ်။ ကျနော့် အထင် အမြင်မတော်ဘူးလို့ ထင်တယ်။
ဥပမာ။ (ပေါ်တဲ့အတိုင်းပဲ အကို) ”လ” အက္ခရာကို နှိပ်ရင်..
လီး -------------------------- 65 results
လိုး -------------------------- 75 results
လိင်တံ ---------------------- 85 results
လိင်ဆက်ဆံ ---------------- 55 results
လယ်တီဆရာတော် ------- - 25 results
အဲလိုကြီး ပေါ်တယ်ဗျာ။ အမြင်ရိုင်းတယ်ဗျာ။
နောက်တခု သဝေထိုး (ေ) ကိုနှိပ်တာနဲ့
စောက်ပတ် ---------------- 55 results
စောက်ရည် ---------------- 55 results
စောက်ကောင်မ ------------- 55 results
လေးဖြူ ---------------------- 55 results
အောစာအုပ် ----------------- 55 results
အဲလိုတွေပေါ်နေတယ်။ ကကြီးကနေ အ အထိ စမ်းကြည့် သေးတယ်။

သူတို့ အင်္ဂလိပ်စာမှာကျတော့ vegina , penis စသည် တို့ကို ထည့်မပေးထားဘူး။ (ရှာမယ်ဆို ရှာလို့ရတယ် မြင်သာအောင် ပြမထားဘူး) တကယ် အသုံးများတဲ့ဆိုဒ် တွေပဲ ဖေါ်ပြတယ်။ ကျနော်တို့ မြန်မာစာလဲ အဲလို လုပ်လို့ ရမယ်များဆို ဒီလို ညစ်ညမ်းစကားလုံးကို မဖေါ်ပြရင်ကောင်းမယ်။ အခုတော့ဗျာ ရှေ့နောက် မစဉ်းစားပဲ ဒေါသထွက်ပြီး အင်တာနက်မှာ ပြောကြတဲ့ စကားတွေ အင်တာနက်တည်သရွှေ့ မှတ်တမ်းဖြစ်နေတော့မယ်။ (လိုက်ဖျက်လို့ ရရင်များ ဘယ်လောက်ကောင်းမလဲ)။

ပြောတော့ ကိုယ်ငါးချဉ် ကိုချဉ်ကြတယ်. ရွှေ..ရွှေ.. ရွှေ နဲ့ လုပ်တော့ တလွဲတွေ လုပ်နေကြသူတွေလဲ အများသားလားဗျာ။ သူတို့ ကိုယ်စား တကယ် ရှက်မိပါတယ်။ အခု မက်စေ့က အကိုတို့ အတွက် အထောက်ကူ မည်မျှပြုမည် ကျနော် မခန့်မှန်းတတ်ပါဘူး။ ထည့်သွင်း စဉ်းစား စရာ ဒေတာ တခု ရရင် ကျေနပ်ပါတယ်။

Tuesday, June 2, 2009

ကျောက်ပန်းတောင်းမြေ။



ကျောက်ပန်းတောင်းမြေ ဆိုတဲ့ ဘလော့လေး အကြောင်း ကိုပြောပြချင်ပါတယ်။ ဒီနေ့ ရောက်ဖြစ်တော့ မန်ဘာ တစ်ရာ ပြည့်တာ တွေ့ရတယ်။ ကျောက်ပန်းတောင်းသူ၊ ကျောက်ပန်းတောင်းသား တို့ စုံစည်းရာ အဖြစ် ယခင်က စကားဝါမြေ ဘလော့ပိုင်ရှင် ကိုရဲဖြိုး ဦးဆောင် ပြုလုပ်တာ ဖြစ်ပါတယ်။

ဒါကတော့ ကိုရဲဖြိုးရဲ့ ရင်တွင်းစကားဖြစ်ပါတယ် >>
ဒီကျောက်ပန်းတောင်း အသင်းလေးဖွဲ့ စည်းခဲ့တာလေးက ကိုယ့်မြို့ ကိုယ့်နယ်လေးကို သတိရတာရယ် နောက်ပြီးသူငယ်ချင်းတွေ ပြန်ဆုံဖြစ်အောင် နဲ့ ကိုယ့်နယ် ကိုယ့်ဒေသရဲ့ ကောင်းကျိုးလေးတွေကို ပူးပေါင်းဆောင်ရွက်နိုင်အောင် ရည်ရွယ်ခဲ့တာပါခင်ဗျာ ။ ဥပမာ- ကျောင်းသားယောင်းတွေရဲ့ အာစရိယပူဇော်ပွဲလို အချိန်တွေကျရင် အဝေးရောက်နေတဲ့ သူငယ်ချင်းတွေအားလုံး စုံစည်းနိုင်ကြအောင် ပြီးတော့ အလှူငွေ…စသဖြင့်ပေါ့ ဒီနေရာလေးကနေ ဆက်သွယ်ပြီး ကိုယ့်မြို့ ကိုယ့်ဒေသ ရဲ့ကောင်းကျိုးလေးတွေ ဆောင်ရွက်နိုင်ကြအောင်ပါ ခင်ဗျာ…….။

ကျောက်ပန်းတောင်းမြေ ဘလော့လေးမှာ ကျောက်ပန်းတောင်းမြို့မှ အထင်ကရ မြို့ဦးစေတီတော် ဓာတ်ပုံ များ နှင့် အခြား အခြားသော အညာမြေ ရှုခင်းများ တ၀ကြီး ခံစားနိုင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာပြည် အရပ်ရပ်မှ မိတ်ဆွေများကို လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ကမ္ဘာ အရပ်ရပ်မှ ရွှေမြန်မာများ ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
မြန်မာပြည်မှာ နာမည်ကြီး ကျောက်ပန်းတောင်း ရှယ်လက္ဖက်ရည် (တိုင်ကီ)၊ ထန်းလျှက်၊ ဇီးယိုစုံ များဖြင့် ဧည့်ခံပါမယ်ခင်ဗျာ......... :P