Wednesday, July 7, 2010
Tuesday, July 6, 2010
စကားဝါမြေ
စကားဝါမြေသားလေး တစ်ယောက်ရဲ့ ဖန်တီးမှုတွေကို မြည်းစမ်ကြည့်ပါစို့......
စကားဝါမြေ အွန်လိုင်းစာကြည့်တိုက်
အထက်ပါ စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှာ ကဗျာ၊ ကာတွန်း၊ ဂျာနယ်၊ နည်းပညာဆိုင်ရာ၊ ဘာသာရေး စာပေများ၊ ဘာသာပြန်များ၊ သတင်းနှင့်စာနယ်ဇင်း၊ သမိုင်း၊ သိုင်းဝတ္တု၊ သုတ၊ ရသ၊ ဟာသ၊ အတ္တုပ္ပတ္တိ၊ ဆောင်းပါးများ၊ ဆေးပညာဆိုင်ရာ အစရှိသော Ebook စာအုပ်များကို ဒေါင်းလုတ် download လုပ်ကာ ဖတ်ရှု နိုင်ပါတယ်။ တကယ်ကောင်းတဲ့ ဆိုဒ်တခု ဖြစ်သလို တဖြေးဖြေးနဲ့ နာမည်ကြီးလာနေပါတယ်။
စကားဝါမြေ နည်းပညာ စာအုပ်စင်
စာချစ်သူ စာဖတ်ပရိသတ် များနဲ့  ကျွန်တော့်ရဲ့ မိတ်ဆွေ/ သူငယ်ချင်း အကိုအမ အားလုံးကို ဒီကနေ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒီနေ့  (24.6.2010) ရက်နေ့ မှာ စကားဝါမြေ အွန်လိုင်း မြန်မာစာကြည့်တိုက်မှ ထပ်မံပြီး စကားဝါမြေ နည်းပညာ စာအုပ်စင်လေး အသစ် ထပ်မံ ဖွင့်လိုက်ပါတယ်။ ကျွန်တော်လက်လှမ်းမှီရာ အင်ဂျင်နီယာ နဲ့  ဆေးပညာဆိုင်ရာ စာအုပ်စာတမ်းများကို တတ်နိုင်သလောက် စုဆည်းပီး တင်ဆက်လိုက်ခြင်းပါ ခင်ဗျာ။ လိုအပ်တာတွေ မပြည့်စုံမှုတွေ ရှိနေဦးမှာပါ။ ဒါတွေကို Cbox မှာ ဖြစ်စေ Comment ရေးခြင်း ဖြင့်ဖြစ်စေ၊ sagarwarmyae@gmail.com သို့ စာရေးသား ပေးပို့ ၍ ဖြစ်စေ ပေးပို့  အကြံပြုနိုင်ပါတယ် ခင်ဗျာ။ လူကြီးမင်းတို့ ရဲ့ ကောင်းမွန်တဲ့ အကြံပြုချက် ဝေဖန်ချက်တွေဟာ ကျွန်တော့်အတွက် အလုပ်ကို တွန်းအားပေးစေတဲ့ အားစေတွေပါ။
စကားဝါမြေ တေးဥယျာဉ်
"ဘာသာစကား မလိုတဲ့ ဂီတသံစဉ်တွေဟာ လူသားတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုပါ။ တေးသီချင်းတွေ နဲ့  လူတစ်ယောက်ရဲ့ ဘ၀ အမောတွေကို ပြေပျောက်စေသလို ကလေးဘ၀ကစလို့  သားချော့တေး လေးတွေ နဲ့  ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့  မြန်မာလူမျိုး တွေအတွက် ကျွန်တော်တို့ ရဲ့ စကားဝါမြေ တေးဥယျဉ်လေးကို ရောက်လာတဲ့ မိတ်ဆွေ အားလုံးရဲ့  ဘ၀အမောတွေ ကို ချွေးသိပ်ပေးရာ နေရာလေးတစ်ခု ဖြစ်ခွင့် ရှိခဲ့မယ်ဆိုရင် ကျေနပ်လျက်ပါ.....။"
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, July 5, 2010
ပုပ္ပါး(သို့)စကားဝါမြေ
ကျွန်တော်တို့ရဲ့ မြန်မာမှာ ကမ္ဘာကတောင် သိတဲ့ သူမပေါ့..
သူမဟာ တစ်ဘဝက အလျှံတငြီးငြီးနဲ့ ဒေါသကြီးခဲ့တဲ့ မီးတောင်ကြီးရဲ့ညီမပေါ့..
အခုတော့ စိမ်းစိမ်းစိုစို နဲ့ မြပုဝါကိုခြုံလို့ လှပနေလေရဲ့..
အညာရဲ့ အိုအေစစ်လို့ တင်စားခံရလောက်အောင် စိမ်းစိုပြီး တောပန်းရနံ့တွေ လှိုင်နေတဲ့ သူမရဲ့အတိတ်ဟာ ပန်းစားဘီလူးများရဲ့ ပျော်စံရာတဲ့လေ …
ပုဂံရာဇ၀င်ထဲက ကိုဗျတ္တနဲ့ မယ်ဝဏ္ဏဇာတ်လမ်းဟာ မြန်မာတွေရင်ထဲ ခုထိနွေးဆဲပေါ့…
ကျောက်နွားသိုးကိုးကောင်နဲ့ ပဟေဠိဆန်တဲ့ ဒဏ္ဏာရီနဲ့ သူမ..
စေတီကျောင်းကန်တွေနဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ ထွက်ရာလမ်းကိုပါရမီဖြည့်တဲ့ သူမ..
ဗုဒ္ဓ သာသန အရိပ်နဲ့ ချွေးသိပ်ပေးတဲ့ သူမ..
မြန်မာပြည် တစ်နံတစ်လျှားနဲ့ ကမ္ဘာ့ခရီးသွားတွေ စည်ကားတဲ့ သူမ…
ဟာနုမာ၇ဲ့အမျိုးတွေနဲ့ ဝေစည်တဲ့ သူမ…
စကားပွင့်တွေကို ပုလင်းထဲထောင်ချပြီး အလှဆင်တဲ့ သူမ..
ရာသီစာ သြဇာ၊ မာလကာနဲ့ပိန္နဲ၊ သရက်၊ သင်္ဘော၊ ငှက်ပျော၊ စတော်ဘယ်ရီက အစ ကြွယ်ဝလှတဲ့ သူမ။
တောတောင်လျှိုမြောင်တွေကြားက ရေထွက်စိမ့်စမ်းများနဲ့ ပတ်ဝန်းကျင်ကို အလှဆင်တဲ့ သူမ..
ကျေးငှက်သာရကာတို့ရဲ့ တေးသံနဲ့ ခွန်းချိုဖွဲ့တဲ့ သူမ ..
ကျောက်တုန်းတွေကိုထုဆစ် အိမ်အဖြစ် ဖန်ဆင်းတဲ့ သူမ…
မြင်းခြံ ကျောက်ပန်းတောင်း ကားလမ်းရဲ့နံဘေးမှာ လွမ်းလွမ်းဆွေးဆွေးထိုင်နေတဲ့ သူမ..
သူမထံမှာ ကျွန်တော်ခဏသာ နားခိုဖူးပေမယ့် တစ်ဘ၀လုံး တသသစွဲလန်းနေမိတဲ့ သူမ..
သဘော မနော ဖြူစင်ပြီး ရိုးသားလှတဲ့ နှလုံးသားများနဲ့ သူမ…
သူမ.. သူမ.. ကျွန်တော် အရမ်းပဲ သတိရနေမိတယ် …
အနော်ယထာ၌ တာဝန်ကျစဉ် သတိတယ
ကိုဇော်နိုင်ထွန်း
25th June, 2010
ဘလော့ဂ် ရေးရင်း ခင်မင်ခွင့်ရသော မိတ်ဆွေ ကိုဇော်နိုင်ထွန်းမှ ပုပ္ပါး (သို့) စကားဝါမြေ ဆိုတဲ့ ရင်တွင်းဖြစ် ကဗျာလေးကို မေးဖြင့် မျှဝေပါတယ်။ ခွင်ပြုချက်ယူကာ တင်လိုက်ပါတယ်။

အောင်မြင်စွာပြီးမြောက်
ယမန်နေ့က စင်္ကပူနိုင်ငံ ပင်နီဆူလာ ပလာဇာတွင် ပြုလုပ်သည့် ဇာတိမြေ အကျိုးသည်ပိုးလိုသော ကျောက်ပန်းတောင်းသူ/သားများ၏ အဝေးရောက်ကျောက်ပန်းတောင်းအသင်း တွေ့ဆုံပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း။
အဝေးရောက် ကျောက်ပန်းတောင်းအသင်းမှ ဇာတိမြေ၏ လိုအပ်သည့်နေရာများသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကူညီများ ပေးသွားမည်ဖြစ်ကြောင်း အများသဘောတူဆုံးဖြတ်။
စင်္ကာပူနိုင်ငံတွင် အခြေခံဖွဲစည်းသော်လဲ တစ်ကမ္ဘာလုံး နိုင်ငံအရပ်ရပ်ရှိ ကျောက်ပန်းတောင်း သူ/သားများ ပါဝင်ပူးပေါင်းကြရန် ဖိတ်ခေါ်ထား။ ယမန်နေ့ စာရင်းအရ အခိုင်မာအဖွဲ့ဝင်ဦးရေ ၃၀ ရှိ။
အားလုံ တက်ညီလက်ညီ လာရောက်ကြတဲ့ အကို အစ်မများအား အထူးကျေးဇူးတင်ရှိ။ မအားလုပ်သဖြင့် မလာရောက်နိုင်သော အကိုအစ်မများလဲရှိ။ လက်လှမ်းမှီရာ မိမိပတ်ဝန်းကျင်မှ ကျောက်ပန်းတောင်း သူ/သား များအား ဇာတိမြေ အကျိုး သည်ပို့နိုင်ရန် နိုးဆော်ပေးရေး တိုက်တွန်းစကားဆို။
အဝေးရောက်ကျောက်ပန်းတောင်းအသင်း တွေ့ဆုံပွဲသို့ ကျွန်တော် မောင်ဆန်းဝင်း တက်ရောက်ခဲ့။
လုပ်ဆောင်မည့် အစီအစဉ် သတင်းများ အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်းသိရှိရ။

Sunday, July 4, 2010
ဘာရည်ရွက်ချက်နဲ့လူဖြစ်နေသလဲ
*သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ - သီတဂူဆရာတော် *
အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ? လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့
ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြီး လုပ်မယ်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်။ တူညီမူ မရှိဘဲ ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင် ထွက်လာနိုင်တာ ပေါ့နော်။
လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့။ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။ အဲဒီ ရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။ အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြီးးထဲက ရတနာ့ သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့
လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုး အထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထ စရိယ လို့ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ အလွန် ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ၊ အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင် ပါတယ်။ တစ်လောကလုံး အတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်၊ ဒုတိယက ဥာတတ္ထစရိယ တဲ့
ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက် လုပ်မလဲ၊ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွား အတွက် ငါဆောင်ရွက်မယ်။ ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီ ရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။
ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်၊ အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ် “အတ္တတ္ထ စရိယ” လို့။ အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ၊ အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့ အတွက် လူသား တစ်ယောက်သည် ဘာလုပ်ရမလဲ အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။ အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်၊ ငါ တိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့၊ အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွား ဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့။
သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.
Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။
ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.
အဒိန္နာဒါနာ ဝေရမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.
Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊
နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေရမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြီးပြော ပြောမယ်ဆိုရင်ပေါ့ မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ လို့လာပါတယ်။ ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်
Must be true
မှန်တာကို ပြော၊ မှန်တိုင်းလည်း ပြောရမလား ဆိုတော့ မှန်တိုင်းလည်း မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။
Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့
Must be polite.
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလား ဆိုရင် မလုံလောက် သေးဘူး
Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။
Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့
Must be pleasant.
နားချမ်းသာ အောင်ပြောရမယ်
စကားအရာ အင်္ဂါ ခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက် ကောင်းသလဲ၊ စကားကို ကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?
သီတဂူဆရာတော် ဘုရား၏ တောင်ကြီးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်။

Friday, July 2, 2010
ဝလုံးရေဝ
မြန်မာဖောင့် ဇော်ဂျီမှာ သုည(၀) နဲ့ ဝလုံး(ဝ) အကြောင်းကို
ဘလော်ဂါဘိုးအေ ကိုညီလင်းဆက် Search engine အကြောင်းတွေရေးတဲ့ ပိုစ်တစ်ခုမှာဖတ်ပြီး သတိထားဖြစ်တာ ကြာပါပြီ။
ကိုယ်တိုင်တော့ မောင်ဆန်းဝင်းလို ဝင်း စကားလုံး ရေးတဲ့အခါ ဝလုံး(ဝ)သုံးရမှာတွေကို သုည(၀) ကိုသုံးပြီး ရေးနေတာ အခုချိန်ထိပဲ။
တကယ်တော့ လက်ကအကျင့်ပါနေတာရယ် အပျင်းထူနေတာရယ်ကြောင့်ပါ။
အခုတော့ ကျွန်တော် အမှန်တိုင်းလေး လိုက်ရေးတော့မယ်။ အခုကစလို့ ဝလုံး(ဝ) တစ်လုံး အမှန်သုံးကာ မောင်ဆန်းဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ရာဇာနေဝင်း၊ ဝါဝါဝင်းရွှေ၊ ဝင်းဝင်းဝါဝါ၊ ဝေးဝေးမသွားနဲ့၊ ဝ ဝ ဝ ဝ ဝ ဝလုံးကို သုံးတော့မယ်။
ဇော်ဂျီ font ကို သုံး၍ရေးရာတွင်
ဝ(သုည) ကိုရေးလိုက (number 0 key) ကိုသုံးပြီး
ဝ(ဝလုံး) ကိုရေးလိုက (Shift + < key) ကိုသုံးရပါတယ်။

Thursday, July 1, 2010
ကျွန်တော်တို့မြို့
ခေတ်ဆိုသောအရာနှင့် အတူလိုက်နိုင်ဖို့ ကြိုးစားနေတဲ့မြို့။
အပျော်ပွဲတွေကို အင်မတန်ကြိုက်တဲ့မြို့။
စီးပွားရေး အပြိုင်အဆိုင်ကြိုးစားနေတဲ့မြို့။
လှူဖို့ တန်းဖို့ ကြိုးစားပြီး စုဆောင်းနေတဲ့မြို့။
လ္ဘက်ရည်ဆိုင်တွေမှာ လူတွေများတဲ့မြို့။ အရက်ဆိုင်တွေ ပေါတဲ့မြို့။
လမ်းတွေမှာကတ္တရာ အပေါက်တွေဗလပွနဲ့ မြို့။
ဈေးမှာ ပါတ်လမ်းမရှိတဲ့မြို့။
မြင်းလှည်းတွေ လျှောက်နေတဲ့မြို့။
ပျံကျဈေးမှာ ဘယ်တော့မှ ဈေးဆစ်လို့ မရတဲ့မြို့။
ထွေးညို မိတ်ကပ်လူး သလို ချက်အရက်ကို ဘီအီးရောရောင်းတဲ့မြို့။
အရက်ကောင်းဆို အစစ်ရခဲတဲ့ မြို့။
ကုန်တင်ကားတွေပေါတဲ့မြို့။ ကားဘီးဘယ်လောက်လှိမ့်လိုက်ရင် ငွေ ဘယ်လောက်ရတယ် ဆိုတာလောက်ကို တွတ်စက်မကူဘဲ အလွတ်ရတဲ့မြို့။
ယောက်ျားသားတွေ ရွှေအ၀တ်များတဲ့ မြို့။
အတန်းပညာရေးကို အားပေးတဲ့မြို့။
စေတီတွေမှာ ညဘက် ပုတီးစိတ်တတ်တဲ့ မြို့။
ဘိုးတော်အားကိုး နဲ့ ရေနံတူးဖို့ စီရင်နေတဲ့ မြို့။
ဂျစ်ကားတွေနဲ့ ဇိမ်ခံပြီး လျှောက်လည်တတ်တဲ့မြို့။
နိုင်ငံခြားဆို မလေး နဲ့ စကာင်္ာပူ ထည်လဲသုံး အခေါက်ခေါက် ပြောနေတဲ့မြို့။
ရွာတွေမှာထန်းတတ်ဖို့  ယောက်ျားတွေ မလေးရှား ရောက်သွားလို့ အဓိကထွက်ကုန် စံချိန်ကျခါနီးမြို့။
မုန့်ဟင်းခါးဆို အရည်ပျော်မှကြိုက်တဲ့မြို့။ မုန့်  ဟင်းခါးဆိုင်တွေ မှာညနေဘက် ဗိုက်စည်းဇိမ်ခံနေရရင် ကျေနပ်နေတတ်တဲ့မြို့။
အလှူဆိုလျင် အလှည့် ကြီး ထည့်ရမှ ကျေနပ်တတ်တဲ့မြို့။
အခြောက်ကို မုန်းပေမဲ့ အခြောက် အက တော့ ကြိုက်တဲ့မြို့။
မကျည်းဈေးကို အသေအချာတွတ်ချက်တတ်မှ လူရာဝင်တဲ့မြို့။
ဘောလုံးပွဲအကြောင်း ကောင်းကောင်းသိမှ စကားဆန့် တဲ့မြို့။
ကာလသားတွေ ကွမ်း အစားများတဲ့မြို့။ ကွမ်းယာကောင်းတဲ့မြို့။
လ္ဘက်ရည်(ကျောက်ပန်းတောင်း) ချိုပြစ် ကြိုက်တဲ့မြို့။
ရန်ကုန်-မန္တလေးလမ်းပေါ်ကမြို့။
ပုဂံညောင်ဦးနားကမြို့။
ကားဂိတ်တွေပေါတဲ့မြို့။
ပုပ္ပါးတောင်နားက မြို့။
အများစု ၀က်သား ရှောင်တဲ့မြို့။
ဝက်သားဒုတ်ထိုးဆိုင် ၅ ဆိုင်လောက်ဘဲ ဖျစ်ဖျစ်မြည်ရှိတဲ့မြို့။
အားလူးကြော် ကောင်းတဲ့မြို့။
ရေသန့် ဆိုတာ မနေ့ တစ်နေ့ ကမှ တွေ့ ပေမယ့် သူမဟုတ်ရင် အဖတ်မလုပ်တော့တဲ့မြို့။
တရားစခန်းတွေ ပေါတဲ့မြို့။
ဘုန်းကြီးကျောင်းတွေ ပေါတဲ့မြို့။
လူတွေ က အင်မတန်ရိုးတဲ့မြို့။
အ၀တ်အထည် တွေဆို အသစ်အဆန်းမှ ဈေးကြီးမှ ကြိုက်တဲ့မြို့။
ငွေတွေ ပေါတဲ့မြို့။
ဆိုင်ကယ်စီးရတာကို ၀ါသနာပါတဲ့မြို့။
မီးတစ်ရက်ခြားလာတဲ့မြို့။ လမ်းမီးတွေ ကျို့တို့ ကျဲတဲမြို့။
စာအုပ်ဆိုင်ရှားတဲ့မြို့။
ရေရှားတဲ့မြို့။
မိုးနည်းတဲ့မြို့။
တဖြည်းဖြည်းမဟုတ် တမဟုတ်ချင်းကြီးပြင်းလာတဲ့မြို့။
သင်္ကြန်ဆို ရက်အဆစ် တောင်းချင်တဲ့မြို့။
ကွန်ပျူတာကို စိတ်ဝင်စားစပြုနေတဲ့ မြို့။
အင်တာနက်ဆိုတာကြီးကို မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို မှန်းစမ်း နေတဲ့မြို့။
တယ်လီဖုန်း အ၀င်အထွက် ခက်တဲ့မြို့။
လူ့ ဘ၀မှာနိုင်ငံခြား ရောက်ဖူးမှ အဆင်ချောသလို တွတ်တဲ့မြို့။
ဗြိတိသျှလို နားမလည်ပေမယ့် ဗန်ဒိန်းကား ၊ဂျိန်းစပွန်းကားမှ ကြိုက်တဲ့မြို့။
လူကဲခတ်ပြီး ဇတ်ကားကို နားလည်နေတဲ့မြို့။
တရားတော်တွေကို ပါဠိလို နဲ့  ဗြိတိသျှလိုပြောမှ ကြိုက်တဲ့မြို့။
ရန်ကုန်၊မန္တလေးကို ရေအိုးရေမှုတ် သွားလာနေတဲ့မြို့။
သင်္ချိုင်း ၃ ခုရှိတဲ့မြို့။ လူသေရင် သုဂတိရှင် ဆိုတဲ့ အသင်းက လိုက်ပို့ ပေးတဲ့မြို့။
သီတင်းကျွတ်ပြီးတာနဲ့  မင်္ဂလာဆောင်တွေ တန်းစီနေတဲ့မြို့။
မင်္ဂလာဆောင်ခန်းမ တစ်ခုဘဲရှိတဲ့မြို့။
ပလက်ဖောင်းပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့ ဟွန်းတီးပြီး လမ်းလျှောက်တဲ့လူက ဖယ်ပေးရတဲ့မြို့။
လမ်းတွေပေါ်မှာအဆင်သင့်သလို ကြည့်မောင်းရတဲ့ နားလည်မှု့မြို့။
လမ်းဘေးမှာ ကိုက္ကိုပင်ကြီးတွေ ရှိတဲ့မြို့။
GTI ကျောင်းသူတွေ ချောတဲ့မြို့။
မြို့ခံမိန်းမလှတွေ အများစုက မိထ္ထီလာ ကျောင်းသွားတတ်ရင်း ကြင်ယာပါ ယူလာကြတဲ့မြို့။
ကားကွင်းမရှိတဲ့မြို့။
ဆောင်းတွင်းဆို မတရားအေးတဲ့မြို့။
မနက်ဆို သံဃာတွေကို အာရုံဆွမ်းလောင်းတဲ့ အခါတိုင်း ဘာသာရေး သီချင်းလေးတွေနဲ့ နွေးထွေးနေတဲ့မြို့။
တရားပွဲတွေကို သာသနာ့ရက္ခိတ ခေါ်သာသနာတော် စောင့်ရှောက်ရေး အသင်းမှ ဦးစီး ပြီး ပြုလုပ်ပေးနေတဲ့မြို့။
ကိုရီယားကား ကို မြို့လုံးကျွတ် မိန်းမသားတွေ ကြိုက်တဲ့မြို့။
ဇါတ်မင်းသားဖိုးချစ်ကို ကြိုက်တဲ့မြို့။
အမျိုးသမီးများ တရားစခန်း၊တရားပွဲတွေ အသွားများတဲ့မြို့။
စည်းလုံးတဲ့မြို့။
မီးရေးထင်းရေး ဆို ကူညီတတ်တဲ့မြို့။
သာရေးနာရေး လက်ညီတဲ့မြို့။
ကိုဖိုးလင်း ရင်တွင်းဖြစ်

Tuesday, June 29, 2010
တွေ့ဆုံပွဲလုပ်မည်
ကျောက်ပန်းတောင်းသူ/သား များသို့ - အသိပေး ဖိတ်ခေါ်ပါသည် ခင်ဗျာ..
စင်္ကပူနိုင်ငံတွင် ရှိကြသော ကျောက်ပန်းတောင်းသူ / သား များ (04-07-2010, 12 pm) ရှေ့တပတ် တနင်္ဂနွေနေ့ ၁၂ နာရီ စီးတီးဟောလ် ရနံ့သစ် စားသောက်ဆိုင်တွင် တွေ့ဆုံကြမည် ဟု သတင်းရရှိ ထားပါသည်..ခင်ဗျာ..
ထိုသို့ တွေ့ဆုံရာတွင် စီနီယာ အကို အစ်မများမှ ဦးဆောင်ကာ မွေးရပ်မြေအတွက် သာရေး/နာရေး ကိစ္စများ ကူညီ လုပ်ဆောင်နိုင်ရန် စင်္ကပူနိုင်ငံရောက် ကျောက်ပန်းတောင်းမြို့အသင်း အခိုင်မာ ဖွဲစည်းရန် တိုင်ပင် ဆွေးနွေးမည် ဖြစ်ကြောင်း၊
စင်္ကပူနိုင်ငံရှိ ကျောက်ပန်းတောင်းမြို့သူ/သား များ အားလုံး အနေဖြင့် ၄င်းနေ့ ၊ ၄င်းရက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ကာ ၀န်း၇ံ ပူးပေါင်း စေလိုကြောင်း။
တွေ့ဆုံပွဲသတင်း နှင့် နောက်ဆက်တွဲ သတင်းများအား အွန်လိုင်းကျောက်ပန်းတောင်းအသင်း နှင့် kyaukpadaungfamilyfacebook ဆိုဒ် များတွင် အများသိစေရန် ရေးသား တင်ပြသွားမည်ဖြစ်ကြောင်း။
ခိုင်မာသည့် သတင်းအရင်းမြစ် ဖြစ်သော အနာဂတ်သံစဉ် - ကိုညီညီ ထံမှ တဆင့် သိရှိရပါသည်။
အစားအသောက် အကျွေးမွေး အစီအစဉ်တော့ မမေးလိုက်ဘူး.. အားနာလို့ ညီညီ နဲ့ ကိုကျော်နိုင်ထွန်းကို သူတို့ပဲ ကျွေးနေ တိုက်နေရတယ် ။ ဒီတခါ လူကြီးတွေပါလာပီ ဆိုတော့ ကိုယ်တွေက အေးဆေး နေမှ ဖြစ်မယ်.. :P
message form nyi nyi >>
These messages were sent while you were offline.
8:48 AM hellonyinyi: အစ်ကိုရေ. ဒီစာလေးကို တင်ပေးပါ။ ကျွန်တော့်ကွန်ပျုတာ ပျက်နေလို့။
8:52 AM ကျောက်ပန်းတောင်း အသင်းသူ အသင်းသား ညီအစ်ကိုမောင်နှမ များခင်ဗျာ လာမည့် တနင်္ဂနွေနေ့ နေ့လည် (၁၂) နာရီ Pinisula Plaza Basement ရှိ ရနံ့သစ် စာသောက်ဆိုင် တွင် စင်ကာပူနိုင်ငံရှိ ကျောက်ပန်းတောင်း အသင်းသူ အသင်းသားများ တွေ့ဆုံ ပွဲ နှင့် အသင်း ဖွဲ့စည်းပုံ ရေးဆွဲရန် အတွက် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း နှိုးဆော် အပ်ပါသည်။ ထိုအစည်းအဝေး တွင် ကျောက်ပန်းတောင်းအသင်းအား အတည်ပြုဖွဲ့စည်းသွားမည့်အပြင် ဖွဲ့စည်းပုံ Organization Chart နှင့် အသင်း၏ လမ်းစဉ် Road Map ကိုပါ ဆွေးနွေး ရေးဆွဲ သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိ မြို့ကို ချစ်သော မိမိ မြို့ရွာ တိုးတက် စည်ကားရေး အကျိုးကို လိုလားကြသော ကျောက်ပန်းတောင်း အသင်းသူ အသင်းသားများအား စုံစုံလင်လင် တက်ရောက် ပါဝင် ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ ပင်နီစူလာ ပလာဇာ၊ မြေအောက်ထပ် ၊ ရနံ့သစ် စားသောက်ဆိုင်
ရက်စွဲ၊အချိန် 04/07/2010(Sunday), 12 AM
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Sunday, June 27, 2010
လေထုညစ်ညမ်းမှု
Subscribe to:
Posts (Atom)