Sunday, April 22, 2012

အတွေး စိတ်ကူး မှတ်တမ်း (၁)

၁။ ဒီလမ်းစဉ်က အမှန်ကွ ။ မင်းတို့လျှောက်နေတာ လမ်းမှား လို့ ပေကပ် ငြင်းခုံရင်း အချိန်ကုန်နေမယ့်အစား .. အမှန် နဲ့ အမှားကြားကနေ.. နှစ်ဦးနှစ်ဘက် ပြေလည်အောင် ညှိနှိုင်း အဖြေရှာတတ်ဖို့ လိုတယ် (ကျေးဇူး eleven journal)

၂။ အထက်က အကြောင်းအရာနဲ့ ဆက်ပီး စဉ်းစားမိတာက နိုင်ငံရေးမှာ မှန်တယ် မှားတယ် ဆိုတာ မရှိဘူး ။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်အတ္တအပေါ် အခြေပြုလို့ ကြိတ်မှိတ် ပေကပ် မနေသင့်ဘူး ။ ကိုယ်လုပ်နေတာ အများပြည်သူ လူသား ကောင်းကျိုးအတွက် ချမ်းချမ်းသာသာ လူ့ အဆင့် တန်းမှီ နေနိုင်ရေး ဖြစ်လို့ ကိုယ့်အတ္တတွေ ဘေးဖယ်ထားသင့်တယ် ။ ပြောင်းလွယ် ပြင်လွယ် ရှိရမယ် ။

၃။ မျိုးချစ် စာရေးဆရာ တစ်ယောက်ပြောတဲ့ ပုံပြင်ကို ဘာသာရေး တရားဟောသူတစ်ယောက်က အသုံးပြု တရား ဟောတဲ့အခါ အဓိပ္ပါယ်သက်ရောက်မှုက အဆိုးဘက်ကို ဦးတည်သွားတယ်။ (အဓိကရုန်းဖြစ်နိုင်တယ်)

၎။ သမိုင်းဆိုင်ရာ ဆောင်းပါးတခု ဖတ်မိတယ်။ ဒေါက်တာ သန်းထွန်းက ပျူတွေ ဘယ်ရောက်သွားလဲ ဆိုတာကို ပျူတွေက ဗမာအဖြစ် ပြောင်းလဲ ပြောက်ကွယ်သွားတယ်။ ပျူသည်လဲ ဗမာ . ဗမာသည်လဲ ပျူ လို့ ဆိုတယ်။ ကျွန်တော်ကတော့ ပျူတွေ ဘယ်ရောက်သွားလဲဆို ပျူတွေ နိဗာန် ရောက်သွားကြတယ်လို့ ယူဆမိတယ်။ ပျူလူမျိုးဆိုတာ ကျွန်တော်တို့၇ဲ့ ဘိုးဘေး ဘီဘင်တွေပါ ။ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး အစားသောက် အလျံပယ် ပေါများတဲ့ ပဒေသဘင် ခေတ်မှာ နေထိုင်ကြတယ်။ ဘုရားသွားကျောင်းတက် လိုက် စိုက်ပျိုးထွန်းယက် လုပ်စရာရှိတာ လုပ်လိုက်နဲ့ အကုသိုလ် အလုပ် အလွန် နည်းပါးလှတယ်။ လောဘ နည်းမယ် ဒေါသနည်းမယ် ။ အဲတော့ ကုသိုလ် ရကြောင်း တရားနဲ့သာ နေထိုင်ရင်း ပျူတွေ နိဗာန် ရောက်ကုန် ကြပါတယ် ။ (ကျွန်တော် စိတ်ကူး)

၅။ နိုင်ငံရေး ဆောင်းပါး တခုဖတ်ရတယ်။ ငွေကြေးပိုင်ဆိုင်မှု အတော် ကြောက်မက်ဖွယ် ကောင်းတယ်။ အခုလက်ရှိ အနေထားမှာ အမေရိကန်က မြန်မာ အစိုးရကို ဝင်လုံးနေတယ် ။ မဟာဗျူဟာ မြောက်တဲ့ ကုလားနဲ့ တရုတ်ကြားကို ခြေကုတ်ယူချင်နေတယ်။ အဲတော့... ပြည်သူတွေ ကောင်းစားဖို့ အလုပ် တကယ် လုပ်သူ လိုနေပါတယ်။ တကယ်လို့များ .. ပုစိန်ရိုးက ရဲတင်းရိုးဖြစ်လာရင်.. နောက်တခု ပုစိန်ရိုးကို ဆန့်ကျင်သူက .. သူကိုယ်တိုင် ရဲတင်းရိုးလောက် ဖြစ်မယ်ဆို သဘောတွေ့ချင် တွေ့နေမယ် ။ အဲလိုသာဆို ပြည်သူတွေ ပုစိန်ရိုးထက် ရဲတင်းရိုးကို အလွန်ကြောက်ရပါလိမ့်မယ် ။ နားလည်လား ။ အရင်းရှင် အာနာရှင်ဆိုတာ သူတို့ အချင်းချင်းသာ ပေါင်းချင်ကြတာလေ။ ယူအက်စ် ဆိုတာ အမြဲတန်း ဆင်းရဲသားတွေအတွက် လုပ်ပေးနေတယ်များ ထင်သလား မှားမယ်ဗျာ ။

ဆန်းဝင်း (ကျောက်ပန်းတောင်း)