Saturday, August 18, 2012

ပုဂံ ညောင်ဦး New Bagan and Old Bagan

ပုဂံညောင်ဦးမြို့ google map မှ မြင်ရတာဖြစ်ပါတယ် ။ ၁ ။ ကြားရတာ နားချမ်းသာဖွယ် ပုဂံညောင်ဦး ရှေးဟောင်းနယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေတယ်လို့ သိရတယ် ။ ၂ ။ ဟိုတယ်ဇုန်အသစ်ကို တူရွင်းတောင်ဘက်မှာ သတ်မှတ်တည်ရှိစေမယ် လို့ ဖတ်မှတ်လိုက်ရတယ် ။ ပုံထဲက မင်နီ လေးထောင့်ကွက် အမှတ်သားနေရာ ဖြစ်ဟန်တူပါတယ် (ခန့်မှန်း) ။ ၃ ။ ဟိုတယ်ဇုန်ထုတ်လိုက်တယ် ဆိုတော့ ဟိုတယ်အဟောင်းများ ဘယ်လိုလုပ်မလဲ သိချင်တယ် ။
ပုဂံဟိုတယ် .. သံတဲ ဟိုတယ်တွေက ရှေးဟောင်းနယ်မြေကို နေရာယူထားကြတယ် ။ ဂေါက်ကွင်းဟိုတယ် နဲ့ ဂေါက်ကွင်းကြီးကလဲ ဘုရားငုတ်တုတ်တွေ ဖယ်ဖျက် တည်ထားတာကြီးပါ ။ ၄။ နန်းတော်သစ်တည်တယ် (ဆိုတာလဲ မဖြစ်သင့်ပါဘူး) နီးနီးနားနား ကပ်တည်တယ် ။ အသစ်အဟောင်း အုတ်ရောေ၇ာ ကျောက်ရောရော ဖြစ်သွားစေနိုင်တယ် ။ ၅ ။ အရင်က တိုင်းမှုးတိုင်း ဘုရားပြုပြင်တဲ့ အယူအဆ ကြောင့် . ရှေးဟောင်း ဘုရားတွေမှာ ထီးတွေ တင်လို့ .. Maintenance အစား Restoration ကနေရာ ယူနေတယ် ။ ထိန်းသိမ်းခြင်း လုပ်တတ်ဖို့ လိုသလို ရှေးဟောင်းနယ်မြေ ဇုန်တခုလုံးကို အကြီးစား ထိန်းသိမ်းမှုတွေ လုပ်သင့်တယ် ။ ခရီးသွားနဲ့ လေ့လာရေးတွေအတွက် အဆင့်မြင့်သင့်ပါတယ် ။ အဆင့်မမြင့်နိုင်ပါက ဇိမ်ခန်းနဲ့ အနှိပ်သမ ရှာချင်သူများ အတွက် နေရာ ဖြစ်သွားနိုင်သလို .. ရှိစုမဲ့စု ရှေးဟောင်းပစ္စည်းလေးတွေ ဂတ်စ်မီးခြစ်နဲ့လဲ (အခုခေတ်မှာတော့ ဟန်းဆက် လှလှလေးတွေ ဖြစ်မလား) တဲ့နေရာ ဖြစ်သွားလိမ့်မယ် ။ ကျန်သေးတယ် မျှားထိုးထားတာက ဧရာဝတီမြစ်ရေကြောင်း ပြောင်းလဲမှုကို လေ့လာသင့်တယ် ။ Old Bagan ဆိုတာ နောက် နှစ် ၁၀၀ ဆို ပင်လယ်ထဲ မြောသွားမလား ။