Showing posts with label popa. Show all posts
Showing posts with label popa. Show all posts
Wednesday, February 20, 2013
Saturday, January 5, 2013
အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူ ။
နှစ်သစ်အခါ မင်္ဂလာပါ ခင်ဗျာ... အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူဖြစ်သော ကျောက်ပန်းတောင်းမြို့ ဥသျှစ်ကုန်း အမက ကျောင်းအတွက် စာသင်ခုံ အလုံး (၃၀) နှင့် ကျောက်သင်ပုန်း ၃ ချပ် အား အောင်မြင်စွာ လှူဒါန်းပြီးစီးကြောင်း ၀မ်းမြောက်ဝမ်းသာစွာ အသိပေးအပ်ပါသည်။ သာဓု ခေါ်ဆို နိုင်ကြရန် အလှူဓါတ်ပုံများအား တင်ပေးလိုက်ပါသည်ခင်ဗျ။
Saturday, September 22, 2012
ပုပ္ပါးတောင် မြောက်ဘက်မှ မြင်ရပုံ ။
ပုပ္ပါးတောင် မြောက်ဘက်မှ မြင်ရပုံ ။ mount popa . မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်း က ပုပ္ပါးတောင်။ (((( ကိုချမ်းဟိန်းအောင် ရဲ့ facebook စာမျက်နှာမှ ကူးယူပါတယ် )))))
Tuesday, August 14, 2012
Monday, April 23, 2012
Thursday, April 5, 2012
ပုပ္ပါးမြတ်တောင်တော်
Wednesday, September 7, 2011
တောင်တော်ရွှေပုပ္ပါး

သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။
သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။
ထက်ကုန်းမို့မို့မှာ ကြွဖုန်းလို့ ယှဉ်ကာပြိုင် .. အင်တနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် ..
လေးထောင်ကျော် ပေမြင့်မား..ဝင့်ကြွားပေစွ မိုးထက်သို့တိုင်..မြင်းခြံခရိုင် တခုတည်းသော
တောင်တော်ပုပ္ပါး ကဗျည်း ကျောက်စာတိုင်...။
နဂါးလေး ချောစက်က စကားဝါ တောင်တော်ပုပ္ပါးနိုင် . လှမ်းတက်ပါ့မေရယ် ပန်းခက်ကဝေတယ်.
ဘယ်သူပြိုင်လို့ လှပါတော့နိုင်..။
ရေး - မြင်းခြံ ကိုအေးကျော် ဟုသိရပါသည်။
မှတ်ချက် = သီချင်းက ဒီမှာတင် ဆုံးသလား မသိပါ။ ညတုန်းက ဆရာနေဝင်းမြင့် မော်လမြိုင်
စာပေ ဟောပြောပွဲ နားထောင်ဖြစ်တုန်း ချရေးထားတာပါ.. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ..
စုံတော မြိုင်တော ဂနိုင်တော တွေ ဘယ်တော ဘယ်တောင်ဖြင့် ယဉ်ပြိုင်စေဦးတော့ ယှဉ်နိုင်မည့်
တောတောင် မရှိလို့ အရှိကို အရှိတိုင်း ရေးသားထားသည်ကို မှတ်သားရပါသည်။
Sunday, August 7, 2011
ကျွန်တော်ချစ်သော သူမနှင့် မြစ်ဧရာဝတီ ။

သူမဟာ အေးမြမှုပေးတဲ့ ကျွန်တော့်ရဲ့ နှလုံးသား
ကျွန်တော့်ရဲ့ အသက် ဝိညဉ် ဖြစ်တယ်။
သူ့မကို ပိုင်ဆိုင်လိုမှုနဲ့ ရင်ထဲမှာ လှောင်ပိတ် မထားပါဘူး
ထာဝရ လွတ်လပ်စွာ ရှင်သန်ခွင့် ပြုတယ်။
ဒီလိုနဲ့ သူမက အပျော်ကြီးပျော်
မြစ်ဧရာဝတီနဲ့ မိတ်ဆွေဖွဲ့လို့
သူတို့က နေ့နေ့ညည စကားဆိုနေကျတဲ့။
အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ ၊
လှိုင်းကြက်ခွတ်တဲ့ ဂီတသံတွေ၊ သာယာလှတဲ့ သံစဉ်တွေ
ဒီကနေ့ တိပ်ဆိတ်နေပါရောလား ။
အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ ခန်းနားထည်ဝါ လှပလွန်းတဲ့၊
ရွှန်းရွှန်းလဲ့လဲ့ ရွှေရောင်တောက်ပတဲ့ ရောင်စဉ်တန်းတွေ
ဒီကနေ့ ကျွန်ုပ်မမြင်ရပါကလား ။
ချစ်သော မိတ်ဆွေ ဧရာဝတီ .
အသင် ကျွန်ုပ်အား စိတ်ဆိုးနေလေရော့သလား
ကျွန်ုပ်၏ အမေးများ ဖြေပါလှဲ့ အသင်..
မျက်နှာညိုးလို့ ရွှင်မပျော် အဘယ်ကြောင့်ပါနည်း။
အိုဘယ့်..မယ်ပုပ္ပါးရှင်.
နေ့စဉ် နေ့စဉ် ခေါင်းပေါင်းဖြူ သုံးခါပေါင်းတဲ့
အသင်ရဲ့ လှပတဲ့ ခေါင်းပေါင်းဖြူ အဘယ်သူ ခိုးယူသွားသနည်း
သက်တော်ရှည် လှသွေးကြွယ်တဲ့ အသင့်ရဲ့ ခါးရော ဘာကြောင့်ကိုင်းရ၏။
အိုဘယ့်..မယ်ပုပ္ပါးရှင်.
အသင့်ရဲ့ ထာဝရ အေးမြစိမ်းလန်း နေချင်စမ်းတဲ့
တောရိပ်တောင်ရိပ် မြိုင်တွေ ဂနိုင်တွေ သင်နှင့်အတူ ရှိနေပါသလား
ပေးတာလဲယူ မပေးတာလဲယူ ထိုထိုလူ ရန်ဘေး အသင်တွေးမိပါ၏လော။
အို.ချစ်အဆွေ.ပုပ္ပါးမယ့်ရှင်.
ဇရာအို မပျိုတော့သည်ကြောင့်
အချိန်ခါ ပျက်သုန်းဖို့ ရောက်လာသည်ထင့်
တရားသဘောနဲ့ ပြောရရင်ဖြင့် အို..အနိစ္စ သဘောပင်။
အို..ချစ်သော..ဧရာဝတီ.....
ဆိုပါလှည့် .ဘဝတူ .. မယ်ပုပ္ပါးရှင်....
ဒီတနေ မကွယ်ခင် ညနေစောင်း
နေခြည်လျှပ်ပြေး ရောင်စုံသွေးတဲ့ သင့်မျက်နှာလေး
ခါဆန့်လို့ ကြည့်ချင်နေမိသေးတယ် ချစ်တဲ့.ဧရာဝတီရယ်..။
အိုဘယ့်..မယ့်ပုပ္ပါးရှင်...
အို.ချစ်သော. ဘဝတူ. ဧရာဝတီ...
အားမငယ်ပါနှင့်...ဒီတနေမကပါဘူး
နေခြည်ဖြာမယ့် နေ့စဉ်တိုင်း အားရှိသမျှ စီးဆင်းရင်း
သတ္တဝါ အများကို အေးမြခြင်းတွေ ပေးတဲ့ သင့်အတွက်
နားဝင်ချိုတဲ့ ဂီတသံစဉ်တွေ တီခတ်ပေးနေဦးမှာပါ .
မှေးစက်လို့ နားဆင်ရင်း အားအင်သစ်တွေနဲ့ ခေါင်းပေါင်းသစ် ဖြူဖြူဖွေး ငေးချင်စမ်းရဲ့။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
မှတ်ချက် = ပုပ္ပါးတောင်သည် တနေ့ သုံးကြိမ် တိမ်ဖွေးဖွေးများဖြင့် ဝန်ရံလျှက် အလှဆင်တတ်သည် ။
ဤသည်ကို ပုပ္ပါး ခမောက်ဆောင်းသည် ဟု ခေါ်ကြလေသည်။
ဂျာနယ်များ ဘလော့ဂ်များ၏ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အကြောင်းရာများအား ဖတ်ရှုပြီး ခံစားမိသလို ရေးပါသည်။

Friday, June 24, 2011
ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၃)
အမှန်တကယ်ပါ။ ပထမဆုံးအကြိမ် ထန်းရေ သောက်ဖူးတာ ကျန်းမာရေး အရ ဆေးဖြစ် ဝါးဖြစ်ပါ။ အဲဒီတုန်းက အမြောက်တပ်အတွက် လမ်းခင်း လုပ်အား ပေးတဲ့အချိန်ပေါ့။ ကျွန်တော်တို့ ရွာကနေ ကားကြီးနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆနွန်း အပြည့်တင်ကာ ညအိပ် ညနေ ကျောက်ထု လမ်းခင်း လုပ်အား ပေးကြခဲ့ ကြရတယ်။ နွေရာသီ နေက အလွန်ပူတယ်။ လမ်းခင်းတယ် ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူး။ ပထမ တပေလောက်ရှိတဲ့ ကျောက်ခဲကြီးတွေ လှိမ့်သယ် ပြီး ခင်းလိုက်တယ်။ Inspection ရဲဘော်က မကြိုက်ရင် အစက ပြန်စရတာ။ ကျောက်ကြီး ကျောက်သေး ကျောက်နှုတ် အဆင့်ဆင့် ခင်းရတယ်။ အဲဒီကျောက်တွေ ကို ကိုယ်တိုင် ခွဲစိတ်သယ်ယူရတယ်။ ဒါက လမ်းခင်းခြင်း အင်ဂျင်နီးယားရင်း နည်းပညာပေါ့နော်
။
အဲဒီလို ကျောက်ထု ကျောက်သယ် လမ်းခင်းတဲ့ လုပ်အားပေး အဖွဲ့ထဲမှာ ကိုဆန်းဝင်းလဲ တစ်ယောက် အပါအဝင်ပေါ့။ ပြောရဦးမယ် အဲဒီတည်းက အလုပ်ဟူ သမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားပုံ မမှန်ကန်တာ သိလိုက်ရတာပဲ
။ ညနေရောက်တော့ အလုပ်သိမ်းကြတယ်။ ထန်းတောစပ်က စမ်းရေ အိုင်လေးမှာ ရေချိုးကြတယ်။ ပြီးတာနဲ့ အနားက ထန်းတဲကို သွားပြီး ထန်းရေသောက် သူလဲရှိရဲ့။ ထမင်းဟင်းချက် အဖွဲ့ကို ဝိုင်းကူသူလဲရှိရဲ့။ ထန်းလက်ခြောက်တွေစုပြီး ညအိပ်ဖို့ ကတ်ယက် တဲ့ သူတွေလဲရှိရဲ့။ ရွာသားတွေဆိုတော့ အလုပ်ပင်ပန်းတာ အနေဆင်းရဲတာတော့ မမှုပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ သူများကို ပြောမပြရဲတဲ့ ပြသနာ တခုကြုံ လာရတယ်။ နေ့ခင်းက အလွန်ပူတာကြောင့် ဆီးအောင့်ပြီး ရှူးပေါက်မရ ဖြစ်နေတယ်။ ပထမတော့ ရှက်တာနဲ့ လူကြီး တွေကို မပြောသေးပဲ ကြိတ်မှိတ် အံတင်းထားတယ်။ ရှူးရှူးက ပေါက်ချင်ပေမယ့် တစက် တစက်ပဲ။ နေလုံး နီနီက နှုတ်ဆက်တော့မယ့် ဟန်ပြင်ချိန် ကျတော့ လုံးဝ မခံစားနိုင်တော့ဘူး။ ဒါနဲ့ အဖွဲ့ ခေါင်းဆောင် ဦးလေးတွေကို ပြောပြ အကူညီတောင်းရတယ်။
ရှူးမထွက်လို့ ရှက်ပါတယ် ဆိုမှ မေးလိုက်ရတာ လူကိုစုံလို့ဗျာ။ ပထမ တစ်ယောက်က ထန်းရေ သောက်လိုက်တဲ့။ နောက်တစ်ယောက်က လဲ ထန်းရေသာ ဆေးအဖြစ် မှီဝဲစရာတဲ့။ နောက်တစ်ယောက်က အသေးစိတ်ရှင်းပြပြန်တယ်။ ဒီလိုရှိတယ် ငါ့တူ။ ဟုတ်..ဟုတ် ကဲ့။ အခု တို့ရောက်နေတာ ရှေ့တန်း စစ်မြေပြင်လိုပဲကွ။ နေကလဲ ဝင်လုပြီ။ ဗမာဆေး ဆရာ၊ အင်္ဂလိပ်ဆေး ဆရာကလဲ အနီးနားမှ မရှိဘူး။ အဲတော့ မီးရိုးဖလာ Sky Beer သာ ဆေးအဖြစ် မှီဝဲလိုက်ပါတဲ့။ သေပြီ ဆရာ။ တခါမှလဲ သောက်ဖူးဘူး။ အနံ့က လဲဆိုးပါဘိ။ ဒါပေမယ့်လဲ ဝေဒနာ သက်သာဖို့ ဆေးခါး တွေတောင် သောက်ရေသေးတာပဲ လို့ တွေးကာ ထန်းတဲဘက် လိုက်သွားတယ်။ တခွက်.. နှစ်ခွက်.. သုံးခွက်.. အင်း မျက်နှာကို ရှုံ့ပိလို့ မျိုချရတယ်။ သုံးခွက်နဲ့တော့ မရသေးဘူး ဆိုတာနဲ့ နားလိုက် သောက်လိုက် ပဲကြီးလှော်စားလိုက် ထပ်သောက်ဖြစ်သေးတယ်။ ထမင်းစားဖို့ ဗိုက်ထဲမှာ နေရာမရှိမှာ ဆိုးလို့ စတည်းချရာ လမ်းဘေး မန်ကျည်းပင်အောက် ပြန်ခဲ့တယ်။ အဟုတ်ဗျာ သိပ်မကြာဘူး။ ရှူးပေါက်တာ အဆင်ပြေလာတယ်။ ဆီးရွှင်လာလို့ ဘဝင်အေးရတယ်။ Sky Beer ကယ်ပေလို့။
ပထမဆုံး ထန်းရေ သောက်ဖူးတာ အဲလို ရာဇဝင်နဲ့ သမိုင်းနဲ့ပါ။ နောက်အကြိမ်တွေကတော့ ရေးလို့ဖြစ်ဘူး ရွာပြန်ရင် ငယ်ပေါင်းတွေက ဝိုင်းသမလိမ့်မယ်။ ရေးလက်စနဲ့ ဆက်ရေးရရင် အမြောက်တပ် အတွက် လမ်းခင်းကျောက်ထုရင်း ၃ ရက်မြောက်နေ့မှာ ကျောက်သေး သယ်နေစဉ် ကျောက်ကြီးထုရာမှ လွင့်စင်လာသော ကျောက်စက ဘယ်ဘက် မျက်ခွံကို လာထိပါတယ်။ လုပ်အား ဆက်ပေးချင်ပေမယ့်
ဘယ်လိုမှ မလုပ်နိုင်တော့ပါဘူး။ ကံကောင်းတာက ကျောက်စ လွင့်စင် လာတဲ့အချိန်မှာ မျက်စိက မှိတ်ပြီးသား ဖြစ်တော့ မျက်ခွံ ပဲ့သွား ယုံပါပဲ။ အတွင်း မျက်လုံး မပေါက်သွားဘူး။ ညနေပိုင်းမှာပဲ ရွာက လယ်ထွန် စက်ခေါင်းမှာပြီး ပြန်လာခဲ့ ရတယ်။ မြို့တက် ကုသဖို့ မဖြစ်နိုင်တာကြောင့် ရွာက နာမည်ကြီး မြန်မာ ဘိန်းတော ဆေးဆရာဖြင့် ကုသခဲ့တယ်။ တပတ်တိတိ အငြိမ်းစား ရခဲ့ပါတယ်။ ကံကောင်းလို့ ဘယ်ဘက်မျက်လုံးလေ အကောင်း ပကတိ တိမ်ကင်းစင်စွာ ရှိနေတယ်။
အားလုံးက မေ့မေ့ ပြောက်ပြောက် ပေမယ့် ကျွန်တော်ကတော့ တွေးမိတိုင်းနာ (...........) ချင်ရဲ့ဗျာ။ အဲဒါတွေ တွေးမိပြန်တော့ ထန်းပင်ထန်းတောတွေနဲ့ မြို့လေးကို လွမ်းလဲ လွမ်းတယ် အတိတ်က အဖြစ်တွေကြောင့် မောလဲမောပါတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
အဲဒီလို ကျောက်ထု ကျောက်သယ် လမ်းခင်းတဲ့ လုပ်အားပေး အဖွဲ့ထဲမှာ ကိုဆန်းဝင်းလဲ တစ်ယောက် အပါအဝင်ပေါ့။ ပြောရဦးမယ် အဲဒီတည်းက အလုပ်ဟူ သမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားပုံ မမှန်ကန်တာ သိလိုက်ရတာပဲ
ရှူးမထွက်လို့ ရှက်ပါတယ် ဆိုမှ မေးလိုက်ရတာ လူကိုစုံလို့ဗျာ။ ပထမ တစ်ယောက်က ထန်းရေ သောက်လိုက်တဲ့။ နောက်တစ်ယောက်က လဲ ထန်းရေသာ ဆေးအဖြစ် မှီဝဲစရာတဲ့။ နောက်တစ်ယောက်က အသေးစိတ်ရှင်းပြပြန်တယ်။ ဒီလိုရှိတယ် ငါ့တူ။ ဟုတ်..ဟုတ် ကဲ့။ အခု တို့ရောက်နေတာ ရှေ့တန်း စစ်မြေပြင်လိုပဲကွ။ နေကလဲ ဝင်လုပြီ။ ဗမာဆေး ဆရာ၊ အင်္ဂလိပ်ဆေး ဆရာကလဲ အနီးနားမှ မရှိဘူး။ အဲတော့ မီးရိုးဖလာ Sky Beer သာ ဆေးအဖြစ် မှီဝဲလိုက်ပါတဲ့။ သေပြီ ဆရာ။ တခါမှလဲ သောက်ဖူးဘူး။ အနံ့က လဲဆိုးပါဘိ။ ဒါပေမယ့်လဲ ဝေဒနာ သက်သာဖို့ ဆေးခါး တွေတောင် သောက်ရေသေးတာပဲ လို့ တွေးကာ ထန်းတဲဘက် လိုက်သွားတယ်။ တခွက်.. နှစ်ခွက်.. သုံးခွက်.. အင်း မျက်နှာကို ရှုံ့ပိလို့ မျိုချရတယ်။ သုံးခွက်နဲ့တော့ မရသေးဘူး ဆိုတာနဲ့ နားလိုက် သောက်လိုက် ပဲကြီးလှော်စားလိုက် ထပ်သောက်ဖြစ်သေးတယ်။ ထမင်းစားဖို့ ဗိုက်ထဲမှာ နေရာမရှိမှာ ဆိုးလို့ စတည်းချရာ လမ်းဘေး မန်ကျည်းပင်အောက် ပြန်ခဲ့တယ်။ အဟုတ်ဗျာ သိပ်မကြာဘူး။ ရှူးပေါက်တာ အဆင်ပြေလာတယ်။ ဆီးရွှင်လာလို့ ဘဝင်အေးရတယ်။ Sky Beer ကယ်ပေလို့။
ပထမဆုံး ထန်းရေ သောက်ဖူးတာ အဲလို ရာဇဝင်နဲ့ သမိုင်းနဲ့ပါ။ နောက်အကြိမ်တွေကတော့ ရေးလို့ဖြစ်ဘူး ရွာပြန်ရင် ငယ်ပေါင်းတွေက ဝိုင်းသမလိမ့်မယ်။ ရေးလက်စနဲ့ ဆက်ရေးရရင် အမြောက်တပ် အတွက် လမ်းခင်းကျောက်ထုရင်း ၃ ရက်မြောက်နေ့မှာ ကျောက်သေး သယ်နေစဉ် ကျောက်ကြီးထုရာမှ လွင့်စင်လာသော ကျောက်စက ဘယ်ဘက် မျက်ခွံကို လာထိပါတယ်။ လုပ်အား ဆက်ပေးချင်ပေမယ့်
အားလုံးက မေ့မေ့ ပြောက်ပြောက် ပေမယ့် ကျွန်တော်ကတော့ တွေးမိတိုင်းနာ (...........) ချင်ရဲ့ဗျာ။ အဲဒါတွေ တွေးမိပြန်တော့ ထန်းပင်ထန်းတောတွေနဲ့ မြို့လေးကို လွမ်းလဲ လွမ်းတယ် အတိတ်က အဖြစ်တွေကြောင့် မောလဲမောပါတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
Sunday, January 23, 2011
Subscribe to:
Posts (Atom)