ကျောက်ပန်းတောင်းမြို့နယ် ရိုးခြားကျေးရွာ စက်ရေတွင်း တူးဖေါ် အောင်မြင် ။
Showing posts with label ဇာတိမြေ. Show all posts
Showing posts with label ဇာတိမြေ. Show all posts
Thursday, April 25, 2013
Sunday, February 24, 2013
ငါတို့ ယာခင်း ထဲက ပေါက်တဲ့ သက်တန့် ။
ဒဟတ်တန်း အလွန်က ယာတောကို ခေါင်းဖြူမယာတော လို့ခေါ်တယ် ။ ခေါင်းမွေးဖြူနဲ့ အဖွားအို စောင့်ရှောက်တဲ့ နေရာပေါ့ ။ သီးနှံပေါ်ချိန် စိတ်ချရတယ် ။
ခေါင်းဖြူဖွားဖွားကို ကြောက်လို့ ဘယ်သူခိုးမှ မခိုးရဲဘူး ။ မြက်ရိတ်တဲ့ သူတောင် မြက်ကလွဲရင် သူများသီးနှံ ဘာမှ မယူရဲကြဘူး။
မိုးဖွဲဖွဲရွာတဲ့ တစ်ညနေခင်းမှာ ကျွန်တော်တို့ ရွာမူလတန်းကျောင်းက ပုံမှန် လေးနာရီခွဲဆင်းတယ် ။ အနောက် မိုးကောင်းကင်မှာ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးပေါက်နေတာ သူငယ်ချင်းတွေနဲ့ အတူ ကြည့်ရင်း ပျော်ပါး ငြင်းခုံတယ် ။ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးကို ကြည့်ရင်း.. သက်တန့်က ငါတို့ယာထဲက ပေါက်တာကွ လို့ ငြင်းခုံဖူးတယ်။ မယုံဘူးကွာ..အဲဒါ ဒဟတ်တန်းယာတောကွ တဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ သေချာကြည့်ပါလား ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ .မယုံရင် သွားကြည့်မလား လို့ ကျွန်တော် ပြန်ငြင်းလိုက်တယ် ။ ကျောင်းဆင်း အိမ်ကို ချက်ချင်း ပြန်မရောက်ရင် အဖေကတော့ ဘယ်တုတ် ကြိုက်လဲ ရွေးခိုင်းမှာ သိနေတယ် ။
နောက်ကျောပြင်ကို ဖြန်းခနဲ ရိုက်လို့ (ဘုတ်စိုက် နှုတ်စိုက်) နှုတ်ဆက်ကာ ပြေးလွှား အိမ်ပြန်သွားကြတဲ့ သူတွေ ကြားမှာ ကျွန်တော် နဲ့ သူငယ်ချင်းတွေက သက်တန့်ကိုကြည့် ရင်း ငြင်းခုံနေရင်းပေါ့.... အားလုံးထဲမှာ ကုလားပု ဆိုတဲ့ကောင်းက တအား အငြင်းသန်တယ် ။ မယုံဘူး သွားကြည့်မယ် ဆိုရော.. အားလုံး လေးယောက်သား သက်တန့်ကို သွားကြည့် ကြတယ် ။ မိုးက ခပ်ဖွဲဖွဲ အနည်းငယ်သာ ... ။
လွယ်အိတ်ကို နောက်ကျော်မှာ ပိုးလိုက် .. ပြောချင်းတာ ပြော .. ဆိုချင်တာ ဆို .. ပျော်ပျော်ပါးပါး နဲ့ သက်တန့်ဆီ ချီတက်ကြတယ် ။ မြက်ရိတ်ထွက်တဲ့ အစ်မ တွေက တားတယ် ။ ဒီကလေးတွေ ဘယ်သွားမှာလဲ.. မင်းတို့ အိမ်ကို တိုင်ပြောမယ် တဲ့ ။ အဲဒါလဲ မမှုပါဘူး ။ ရောင်စုံ သက်တန့်ကို တွေ့ရဖို့က အရေးကြီးတယ် ။ သက်တန့်က တော်တော်ကြီးတယ်. သေချာတယ် ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ ။ အသေချာပဲ ။ပြောရင်း ဆိုရင် ငြင်းခုံရင်း ယာတော ခြေလမ်းလေး အတိုင်း ချီတက်ကြတယ် ။ လမ်းဘေး မြေပဲခင်းက မြေပဲပင်တွေ နှုတ်စားရင် ရောင်စုံသက်တန့်ကို ကြည့်ရင်း .. တွေ့လား အဲဒီမှာ.. သွားကြည့်ရင် မောယုံပဲ .. သေချာတယ် ငါတို့ ယာထဲက သက်တန့်ပေါက်တာ လို့ အပီကြွားရင်းပေါ့ ။ ဒဟတ်တန်း ယာတောကို ရောက်တော့ ခပ်ဖွဲဖွဲ ကျနေတဲ့ မိုးက တိတ်သွားပြီ ။ နေလုံးကလဲ ကျသွားပြီ ... သက်တန့်ကလဲ ဝေးသွားပြီ .. တွေ့ချင် မြင်ချင်လှတဲ့ ရောင်စုံ သက်တန့်က ခေါင်းဖြူမ ယာတောက ပေါက်တာ မဟုတ်နိုင် .. ပိုဝေးသွားသည် ။ မိုးတိတ်တော့ သက်တန့်လဲ ဖွယ်စ ပြုလာတယ် ။ ဒါပေမယ့် အရှုံးမပေးဘူး ခပ်တည်တည်ပဲ ဆက်ငြင်းပစ်လိုက်တယ် ။ အခုန တုန်းက ငါတို့ ယာထဲက ပေါက်တာကွ.. တအားလှတယ် ။ အခု နေရာပြောင်းသွားတာ မလှတော့ဘူး.. မင်တို့ ကြည့်ပါလားလို့.... :)
အဲဒီလိုနဲ့ ဆက်မသွားဖြစ်တော့.. ရောင်စုံ သက်တန့်ရဲ့ ဆွဲဆောင်မှုကြောင့် ကြည့်ချင်လွန်းလို့ သက်တန့်ဆီ ပြေးကြည့်မိတာ .. တကယ်တန်းတော့ ခေါင်းဖြူ ဖွားဖွားကို ကြောက်လို့ မသွား၇ဲပါဘူး ။ ခေါင်းဖြူမ ယာတော မရောက်ခင် ပြန်လှည့်လာကြတယ် ။
အိမ်ပြန်ရောက်တော့ အမေက မေးတယ်.. ကျောင်းဆင်း အိမ်ကို တန်းပြန်မလာဘူး ဘယ်သွားနေလဲတဲ့.. ။ ကျုပ်တို့ ခေါင်းဖြူမ ယာထဲက သက်တန့်ပေါက်တာ သွားကြည့်တာလို့ . ဖြေလိုက်တယ် ။ အမေကတော့ မေးယုံသာ.. အဖေကတော့ ဘယ်တုတ်ကို ကြိုက်လဲ မေးတယ် ။ တုတ် မရွေးလိုက်ရပါဘူး နီးရာ ၀ါးခြမ်းပြားနဲ့ အစော်ခံရတယ် ။ .............
လွမ်းလို့... ငယ်ငယ်က နေ့ရက်တွေများ.. ။ မဖြစ်နိုင်မှန်း သိပေမယ့် အခုထိ ရောင်စုံ သက်တန့်ကို လိုက်ကြည့်ချင်နေတုန်းပဲ ။ တွေ့များ တွေ့ခဲ့ရင် ငါကွ လို့ ကြွားဦးမှာ ..... ။
Saturday, January 5, 2013
အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူ ။
နှစ်သစ်အခါ မင်္ဂလာပါ ခင်ဗျာ... အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူဖြစ်သော ကျောက်ပန်းတောင်းမြို့ ဥသျှစ်ကုန်း အမက ကျောင်းအတွက် စာသင်ခုံ အလုံး (၃၀) နှင့် ကျောက်သင်ပုန်း ၃ ချပ် အား အောင်မြင်စွာ လှူဒါန်းပြီးစီးကြောင်း ၀မ်းမြောက်ဝမ်းသာစွာ အသိပေးအပ်ပါသည်။ သာဓု ခေါ်ဆို နိုင်ကြရန် အလှူဓါတ်ပုံများအား တင်ပေးလိုက်ပါသည်ခင်ဗျ။
Tuesday, October 30, 2012
အထက (၁) အထက (၂) ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်းမြို့ အထက (၁) အခြေခံပညာ အထက်တန်းကျောင်း (BEHS 1)
ကျောက်ပန်းတောင်းမြို့ အထက (၂) အခြေခံပညာ အထက်တန်းကျောင်း (BEHS 2)
ကျောက်ပန်းတောင်းမြို့ အထက (၂) အခြေခံပညာ အထက်တန်းကျောင်း (BEHS 2)
Tuesday, August 14, 2012
အညာမြေက ထာဝရ အိုအေစစ် အတွက် စိတ်ကူးသစ် ။
်ငံ အရှည်ဆုံး
မြစ်ကူးတံတားဖြစ်သော လက်ပန်ခြေပေါ် ပခုက္ကူ မြစ်ကူးတံတား သို့ (၁၀ မိုင်ခန့်)
လမ်းဖောက်လုပ်မည်ဖြစ်သည် ။ ယင်းလမ်း (ကျောက်ပန်းတောင်း-ငါ့သရောက
်-ပခုက္ကူတံတား)
မှတဆင့် ချင်းတွင်းဧရာ မြစ်ဆုံ ရေအား ကျောက်ပန်းတောင်းမြို့သို့ မြစ်ရေတင်
စီမံကိန်း ပြုလုပ်မည်ဖြစ်သည် ။ မိုးရေကို အားကိုးထား သောက်သုံးနေ ရသော
မြို့နယ်သူ မြို့နယ်သားများအတွက် .. ရေမရရှိသောေ ကြာင့် ဖြစ်ပွားတတ်သော ၉၆
ပါး ရောဂါဘယ မျိုးစုံ ကင်းဝေးကာ ရေအရေး စိတ်အေးစေဖို့ အတွက်
စီမံကိန်းဖြစ်ပါတယ် ။ ဧရာဝတီ မြစ်ရေ၏ 0.000000000000001 သာ
အသုံးပြုမည်ဖြစ်သည်။ 2015 မှာ ကျွန်တော် တသီး တပင် အမတ်အဖြစ်
ဝင်ပြိုင်တဲ့အခါ လွှတ်တော်မှာ တောင်းဆိုပါမယ် ။ မဲပေးကြပါလို့....... :)
Wednesday, August 1, 2012
လာလည်ပါ လေးရွာတစ်တန်း စခန်းသာ
လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူ့ဘောင်စခန်းကို လှမ်းစို.. တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။
အရှေ့ဘက်တလျှောက်မှာ
တောင်ကျရေများ စီးဆင်းသာယာ
ချောင်းရေလျင် ကြည်ကြည်အေးလို့ပါ ။
ဟိုး..ဟိုး တောင်လယ်ပြင်ဆီမှာ
လယ်ပြင်မို့မို့ စိမ်းညို့ညို့
စပါးပင်တွေ ယိမ်းနွဲ့လို့သာ ။
မြောက်ဆီကို လှမ်းမျှော်ကြည့်တဲ့အခါ
ရှင်မကြွယ်လူး တောင်တော် သာသာယာယာ
ကိုးတောင်ပြည့် စေတီဘုရားကို ဖူးတွေ့ရမှာ ။
ရွှေညောင်ပင် အနောက်ဘက် စခန်းထိ
လှမ်းကြည့်မျှော်တဲ့ အခါ..
တို့..ပြည်သူ့စိုက်ပျိုးရေးအတွက်..
ပြည်သူ့ ယာခင်းတွေက သာ.....။
လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူဘောင်စခန်းကို လှမ်းစို တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။
ငယ်စဉ်က ရွာမှာ ဒိုးပတ်နဲ့ ဆိုခဲ့တဲ့ သီချင်း (သိပ်မမှတ်မိတော့သလို သံစဉ်လဲ သိပ်မရတော့ဘူး) မှတ်မိသလောက် ချရေးထားတာ ။
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူ့ဘောင်စခန်းကို လှမ်းစို.. တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။
အရှေ့ဘက်တလျှောက်မှာ
တောင်ကျရေများ စီးဆင်းသာယာ
ချောင်းရေလျင် ကြည်ကြည်အေးလို့ပါ ။
ဟိုး..ဟိုး တောင်လယ်ပြင်ဆီမှာ
လယ်ပြင်မို့မို့ စိမ်းညို့ညို့
စပါးပင်တွေ ယိမ်းနွဲ့လို့သာ ။
မြောက်ဆီကို လှမ်းမျှော်ကြည့်တဲ့အခါ
ရှင်မကြွယ်လူး တောင်တော် သာသာယာယာ
ကိုးတောင်ပြည့် စေတီဘုရားကို ဖူးတွေ့ရမှာ ။
ရွှေညောင်ပင် အနောက်ဘက် စခန်းထိ
လှမ်းကြည့်မျှော်တဲ့ အခါ..
တို့..ပြည်သူ့စိုက်ပျိုးရေးအတွက်..
ပြည်သူ့ ယာခင်းတွေက သာ.....။
လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူဘောင်စခန်းကို လှမ်းစို တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။
ငယ်စဉ်က ရွာမှာ ဒိုးပတ်နဲ့ ဆိုခဲ့တဲ့ သီချင်း (သိပ်မမှတ်မိတော့သလို သံစဉ်လဲ သိပ်မရတော့ဘူး) မှတ်မိသလောက် ချရေးထားတာ ။
Subscribe to:
Posts (Atom)









