Showing posts with label kyaukpadaung. Show all posts
Showing posts with label kyaukpadaung. Show all posts

Thursday, April 25, 2013

Kyaukpadaung CDMA line card ratio

ကျောက်ပန်းတောင်းမြို့နယ် CDMA 800 MHz ၁၅၀၀ တန်ဖုန်း အချိုးကျ ရောင်းချ မဲနှိုက် ။

Kyaukpadaung Township populations.

ကျောက်ပန်းတောင်းမြို့နယ်သည် ကျေးရွာအုပ်စု ၁၀၉ အုပ်စု၊ ကျေးရွာပေါင်း ၃၃၉ ရွာ တောင်သူဦးရေ ၁၃၄၈၁၆ ရှိ ။

ရိုးခြားရွာ Groundwater well @ Kyaukpadaung

ကျောက်ပန်းတောင်းမြို့နယ် ရိုးခြားကျေးရွာ စက်ရေတွင်း တူးဖေါ် အောင်မြင် ။

New Market @ Kyaukpadaung Township

နှစ်သစ်မှာ မင်္ဂလာ သတင်းဗျိုး ။ ကျောက်ပန်းတောင်းဈေးသစ်ကြီး အခန်းပေါင်း ၉၆၉ ဖြင့် တည်ဆောက် ။ မကြမီ ဖွင့်လှစ်တော့မည် ။ Kyaukpadaung Township market Building .

Friday, April 19, 2013

ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ကျောက်ပန်းတောင်းမြို့။





၁၃၇၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၊
မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊
ကျောက်ပန်းတောင်းမြို့။

Sunday, April 7, 2013

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။

ကျောက်ပန်းတောင်း ပိတောက် ။

Kyaukpadaung Market Street

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။

ကျောက်ပန်းတောင်း Kyaukpadaung Township

ကျောက်ပန်းတောင်း Kyaukpadaung Facebook page .... like 1101 on today. 

Saturday, March 9, 2013

Wednesday, February 27, 2013

တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး

 
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန) ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဦးအောင်သိန်း(ရွာငံမဲဆန္ဒနယ်)၏ “တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်‌မေးခွန်း”ကို ပြန်လည်ဖြေကြားရာတွင်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်း များအရ အဓိကလူမျိုးစုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော လူမျိုးစုကြီး ၈ စုရှိပြီးတော့မှ မျိုးနွယ်စုများအနေဖြင့် ကချင်မျိုးနွယ်စုတွင် ၁၂ စု၊ ကယား မျိုးနွယ်စုတွင် ၉ စု၊ ကရင်မျိုးနွယ်စုတွင် ၁၁ စု၊ ချင်းမျိုးနွယ်စုတွင် ၅၃ စု၊ ဗမာမျိုးနွယ်စုတွင် ၉ စု၊ မွန်မျိုးနွယ်စုတွင် ၁ စု၊ ရခိုင်မျိုးနွယ်စုတွင် ၇ စု၊ ရှမ်းမျိုးနွယ်စုတွင် ၃၃ စု၊ စုစုပေါင်းတိုင်းရင်းသား
လူမျိုးစု ၁၃၅ မျိုးရှိကြောင်း သိရှိရပါကြောင်း၊ မျိုးနွယ်စုအလိုက်အသေးစိတ် စာရင်းများကို တင်ပြရာတွင်-

(က) ကချင်မျိုးနွယ်စုတွင် ၁၂ စုရှိပြီး ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖေါ၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး၊ လီဆူး။

(ခ ) ကယားမျိုးနွယ်စု ၉ စုရှိပြီး ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ(ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်။

(ဂ)ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင် (စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)။

(ဃ) ချင်းမျိုးနွယ်စုတွင် ၅၃ စုရှိပြီး အသေးစိတ်အနေဖြင့် ချင်း၊ မယ်တိုင်(ကသဲ)၊ ဆလိုင်း၊ ကလင်ကော(လုရှေ)၊ ခမီ၊ အောင်ခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်း(မ်)၊ ခွန်လီ(ဆင်မ်)၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်တန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုတုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်၊ တပေါင်၊ တီးတိန်(တဲဒင်မ်)၊ တေဇန်၊ တိုင်ချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင် (ယင်ဒူး)၊ နာဂ၊ တန်ခူး၊ မာရင်၊ ပနန်း၊ မကန်း၊ မတူ၊ မိရမ်(မရာ)၊ မိအဲ၊ မွင်း၊ လူရှိုင်း (လူရှည်)၊ လေးမြို့၊ လင်တဲ၊ လောက်ကု၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ်(မရို)၊ ဟွာလ်ငို၊ အနူး၊ အနန်၊ အုပု၊ လျင်းကု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ကု။

(င ) ဗမာမျိုးနွယ်စုတွင် ၉ စုရှိပြီး ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)။

(စ ) မွန်လူမျိုးနွယ်စုတွင် မွန် ၁ စု။

(ဆ) ရခိုင်လူမျိုးနွယ်စုတွင် ၇ စုရှိပြီး ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

(ဇ ) ရှမ်းလူမျိုးနွယ်စုတွင် ၃၃ စုရှိပြီး အသေးစိတ်အနေဖြင့် ရှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အာခါ-အီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ်(တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း၊ ဝ စသည် တို့ပါဝင်ကြောင်းဖြင့် တင်ပြအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည် စာရင်းများ သတ်မှတ်ပြုစုရာတွင် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်အကြံပေးအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း စာပေနှင့် ယဉ်ကျေးမှုရုံး အကြံပေးအဖွဲ့တို့၏ အကြံပေးချက်များကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းမတိုင်မီက သန်းခေါင်စာရင်းများမှာ ကောက်ယူရရှိခဲ့သော လူမျိုးစာရင်းများကို လည်းကောင်း အခြေခံ၍ လုပ်ငန်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၏ ညှိနှိုင်းပေးချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးဟူ၍ ပေါ်ပေါက်လာသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးနှင့် ပတ်သက်၍ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင်လည်း ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်း အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရ လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစု
ရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း၊ လူမျိုးစုစာရင်း
များကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ သော တိုင်းရင်းသား လူမျိုးစုများစာရင်းဖြစ်ကြောင်း သိရှိရပါသည်ဟု ဖော်ပြထားပါသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးရှိပါကြောင်းနှင့် ယနေ့အထိ အသုံးပြုလျက်ရှိကြောင်းဖြင့်
ဖြေကြားသွားခဲ့ပါသည်။

Sunday, February 24, 2013

ငါတို့ ယာခင်း ထဲက ပေါက်တဲ့ သက်တန့် ။



ဒဟတ်တန်း အလွန်က ယာတောကို ခေါင်းဖြူမယာတော လို့ခေါ်တယ် ။ ခေါင်းမွေးဖြူနဲ့ အဖွားအို စောင့်ရှောက်တဲ့ နေရာပေါ့ ။ သီးနှံပေါ်ချိန် စိတ်ချရတယ် ။
ခေါင်းဖြူဖွားဖွားကို ကြောက်လို့ ဘယ်သူခိုးမှ မခိုးရဲဘူး ။ မြက်ရိတ်တဲ့ သူတောင် မြက်ကလွဲရင် သူများသီးနှံ ဘာမှ မယူရဲကြဘူး။

မိုးဖွဲဖွဲရွာတဲ့ တစ်ညနေခင်းမှာ ကျွန်တော်တို့ ရွာမူလတန်းကျောင်းက ပုံမှန် လေးနာရီခွဲဆင်းတယ် ။ အနောက် မိုးကောင်းကင်မှာ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးပေါက်နေတာ သူငယ်ချင်းတွေနဲ့ အတူ ကြည့်ရင်း ပျော်ပါး ငြင်းခုံတယ် ။ တအားလှတဲ့ ရောင်စုံသက်တန့်ကြီးကို ကြည့်ရင်း.. သက်တန့်က ငါတို့ယာထဲက ပေါက်တာကွ လို့  ငြင်းခုံဖူးတယ်။ မယုံဘူးကွာ..အဲဒါ ဒဟတ်တန်းယာတောကွ တဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ သေချာကြည့်ပါလား ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ .မယုံရင် သွားကြည့်မလား လို့ ကျွန်တော် ပြန်ငြင်းလိုက်တယ် ။ ကျောင်းဆင်း အိမ်ကို ချက်ချင်း ပြန်မရောက်ရင် အဖေကတော့ ဘယ်တုတ် ကြိုက်လဲ ရွေးခိုင်းမှာ သိနေတယ် ။

နောက်ကျောပြင်ကို ဖြန်းခနဲ ရိုက်လို့ (ဘုတ်စိုက် နှုတ်စိုက်) နှုတ်ဆက်ကာ ပြေးလွှား အိမ်ပြန်သွားကြတဲ့ သူတွေ ကြားမှာ  ကျွန်တော် နဲ့ သူငယ်ချင်းတွေက သက်တန့်ကိုကြည့် ရင်း ငြင်းခုံနေရင်းပေါ့.... အားလုံးထဲမှာ ကုလားပု ဆိုတဲ့ကောင်းက တအား အငြင်းသန်တယ် ။ မယုံဘူး သွားကြည့်မယ် ဆိုရော.. အားလုံး လေးယောက်သား သက်တန့်ကို သွားကြည့် ကြတယ် ။ မိုးက ခပ်ဖွဲဖွဲ အနည်းငယ်သာ ... ။

လွယ်အိတ်ကို နောက်ကျော်မှာ ပိုးလိုက် .. ပြောချင်းတာ ပြော .. ဆိုချင်တာ ဆို .. ပျော်ပျော်ပါးပါး နဲ့ သက်တန့်ဆီ ချီတက်ကြတယ် ။ မြက်ရိတ်ထွက်တဲ့ အစ်မ တွေက တားတယ် ။ ဒီကလေးတွေ ဘယ်သွားမှာလဲ.. မင်းတို့ အိမ်ကို တိုင်ပြောမယ် တဲ့ ။ အဲဒါလဲ မမှုပါဘူး ။ ရောင်စုံ သက်တန့်ကို တွေ့ရဖို့က အရေးကြီးတယ် ။ သက်တန့်က တော်တော်ကြီးတယ်. သေချာတယ် ငါတို့ ခေါင်းဖြူမ ယာတောက ပေါက်တာ ။ အသေချာပဲ ။ပြောရင်း ဆိုရင် ငြင်းခုံရင်း ယာတော ခြေလမ်းလေး အတိုင်း ချီတက်ကြတယ် ။ လမ်းဘေး မြေပဲခင်းက မြေပဲပင်တွေ နှုတ်စားရင် ရောင်စုံသက်တန့်ကို ကြည့်ရင်း .. တွေ့လား အဲဒီမှာ.. သွားကြည့်ရင် မောယုံပဲ .. သေချာတယ် ငါတို့ ယာထဲက သက်တန့်ပေါက်တာ လို့ အပီကြွားရင်းပေါ့ ။ ဒဟတ်တန်း ယာတောကို ရောက်တော့ ခပ်ဖွဲဖွဲ ကျနေတဲ့ မိုးက တိတ်သွားပြီ ။ နေလုံးကလဲ ကျသွားပြီ ... သက်တန့်ကလဲ ဝေးသွားပြီ .. တွေ့ချင် မြင်ချင်လှတဲ့ ရောင်စုံ သက်တန့်က ခေါင်းဖြူမ ယာတောက ပေါက်တာ မဟုတ်နိုင် .. ပိုဝေးသွားသည် ။ မိုးတိတ်တော့ သက်တန့်လဲ ဖွယ်စ ပြုလာတယ် ။  ဒါပေမယ့် အရှုံးမပေးဘူး ခပ်တည်တည်ပဲ ဆက်ငြင်းပစ်လိုက်တယ် ။ အခုန တုန်းက ငါတို့ ယာထဲက ပေါက်တာကွ.. တအားလှတယ် ။ အခု နေရာပြောင်းသွားတာ မလှတော့ဘူး.. မင်တို့ ကြည့်ပါလားလို့.... :)

အဲဒီလိုနဲ့ ဆက်မသွားဖြစ်တော့.. ရောင်စုံ သက်တန့်ရဲ့ ဆွဲဆောင်မှုကြောင့် ကြည့်ချင်လွန်းလို့ သက်တန့်ဆီ ပြေးကြည့်မိတာ .. တကယ်တန်းတော့ ခေါင်းဖြူ ဖွားဖွားကို ကြောက်လို့ မသွား၇ဲပါဘူး ။ ခေါင်းဖြူမ ယာတော မရောက်ခင် ပြန်လှည့်လာကြတယ် ။

အိမ်ပြန်ရောက်တော့ အမေက မေးတယ်.. ကျောင်းဆင်း အိမ်ကို တန်းပြန်မလာဘူး ဘယ်သွားနေလဲတဲ့.. ။ ကျုပ်တို့ ခေါင်းဖြူမ ယာထဲက သက်တန့်ပေါက်တာ သွားကြည့်တာလို့ . ဖြေလိုက်တယ် ။ အမေကတော့ မေးယုံသာ.. အဖေကတော့ ဘယ်တုတ်ကို ကြိုက်လဲ မေးတယ် ။ တုတ် မရွေးလိုက်ရပါဘူး နီးရာ ၀ါးခြမ်းပြားနဲ့ အစော်ခံရတယ် ။ .............

လွမ်းလို့... ငယ်ငယ်က နေ့ရက်တွေများ.. ။ မဖြစ်နိုင်မှန်း သိပေမယ့် အခုထိ ရောင်စုံ သက်တန့်ကို လိုက်ကြည့်ချင်နေတုန်းပဲ ။ တွေ့များ တွေ့ခဲ့ရင် ငါကွ လို့ ကြွားဦးမှာ ..... ။

Wednesday, February 20, 2013

Kyaukpadaung Family 4th Donation





ကျောက်ပန်းတောင်း kyaukpadaung

   kyaukpadaung by   San Win

Basic principal of Ethic က Rules of Law ပဲ။

Basic principal of Ethic က Rules of Law ပဲ။
မြန်မာစကား၊ ရခိုင်စကား မတတ်တဲ့ စိမ့်ဝင် ဘင်္ဂလီတွေက ဒီမှာမွေးတယ် ပြောရုံနဲ့ မြန်မာ နိုင်ငံသား မဖြစ်နိုင်ပါဘူးဗျာ။ (ကမန်လို့လဲ မလိမ်ပါနဲ့။) ဘင်္ဂလီက ဘင်္ဂလီ ပါဘဲ။ ("""---------- လ၀ကက စစ်လိုက်တော့ အဖေ ကလည်း ဘင်္ဂါလီ၊ အမေ ကလည်း ဘင်္ဂါလီ၊ သားသမီး ကျမှ ရိုဟင်ဂျာဖြစ် ချင်တာက ဆန္ဒစွဲတွေဖြစ် ပါတယ်”"" ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆိုသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လည်း ရိုဟင်ဂျာ လူမျိုးများသည် တိုင်းရင်းသား လူမျိုးများတွင် မပါဝင်သဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ တာဝန်ယူ စောင့်ရှောက် ပေးရန်နှင့် တတိယ နိုင်ငံ တစ်ခုမှ လက်ခံလျှင် ပို့ပေးမည် ဖြစ်ကြောင်း တရားဝင် ပြောကြား ထားပါသည်။ ထိုင်းနိုင်ငံ တွင်းသို့ ခိုးဝင်လာသည့် ရိုဟင်ဂျာ လူမျိုးများ ကိုလည်း ထိုင်းနိုင်ငံ အစိုးရက တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ် မပြုဘဲ တတိယ နိုင်ငံ တစ်ခုမှ တာဝန်ယူလျှင် ပို့ပေးသွားမည် ဟု ပြောကြားထားသည်။)
ရခိုင်ပြည်နယ် တခုလုံး မှာ နိုင်ငံသား နဲ့ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေ ခွဲထုတ်ပြီး စိမ့်ဝင် ကျူးကျော် ဘင်္ဂလီတွေ ကို နယ်စပ်မှာ (သြစီမှာ လုပ်သလို ကျွန်း တ ကျွန်းပေါ် မှာ ဖြစ်ဖြစ်) ဒုက္ခသည် စခန်း ဖွင်ပြီး လက်ခံနိုင်တဲ့ တတိယ နိုင်ငံတွေ ကို ပိုသင့်ပါသည်။ တခြား အစ္စလာမ် နိုင်ငံတွေကလည်း လက်ခံ သင့်တယ်။
ပြည်တွင်းက မြန်မာ မွတ်စလင်တွေ ကလည်း ဘင်္ဂလီစိမ့် ၀င်မှု တားဆီးရေးကို ဘာသာရေးကြာင့် မမြင်သင့်ဘူး။ ထို့ကြောင့် ပြည်တွင်း ရှိ မြန်မာ မွတ်စလင် များက တဖက် နိုင်ငံမှ စိမ့်ဝင် လာသော နိုင်ငံခြားသား ဘင်္ဂလီ များ ကို ပြစ်တင် ရှုံ့ချခြင်းဖြင့် ပြည် ချစ်စိတ် ဓာတ် ကို ဖော်ပြ သင့် ပါသည်။ ဘင်္ဂလီများနှင့် မြန်မာ တိုင်းရင်းသားများ မှာ သိသာစွာ ကွဲပြားပါ သည်။ မြန်မာ မွတ်စလင်နှင့် တဖက်နိုင်ငံမှ ၀င်လာသူ ဘင်္ဂလီ များကိုလည်း လွယ်ကူစွာ ခွဲခြားနိုင် ပါသည်။
နယ်စပ်တိုင်း မှာ နိုင်ငံခြားသား ၀င်ရောက်မှု တားဆီးရေး ဘယ် စီမံချက်မှ အောင်မြင်တာ ၁၀၀% မရှိဘူး။ India မှာလည်း ခိုးဝင် ဘင်္ဂလီဒုက္ခသည် ၁သန်းလောက်ရှိပြီး သူတို့ကို နိုင်ငံသားမပေးဘူး။ ဒုက္ခသည် စခန်းမှာ မွေးချင်တိုင်း မွေးနေတဲ့ ကလေးတွေ ကို လည်း နိုင်ငံသား မပေးကြ ပါဘူး။ အမေရိကန်မှာလဲ မက္ကဆီ ကန်တွေ ခိုးဝင် တာ မိရင် ဥပဒေ အရ အရေးယူ တာပဲ။ ဘင်္ဂလီကတော့ နယ်စပ်ချင်း မကပ်တဲ့ သြစီ (Australia) ကိုတောင် လှေနဲ့ ခိုးဝင်ဘို့ ကြိုးစားလို့ ကျွန်းတွေမှာ ပို့ထားရပါတယ်။
မြန်မာတွေလည်း တခြားနိုင်ငံတွေ တရားမ၀င် သွားအလုပ်လုပ်ရလို့ အဲဒီ့ အိမ်ရှင် နိုင်ငံသား ခံယူ ခွင့်ပြုဘို့ ဘယ်သူမှ မတောင်းဆို ပါဘူး။ တောင်း ဆိုသူ ကို လဲ မြန်မာနိုင်ငံ သား မို့ ဗုဒ္မ ဘာသာ ချင်းမို့ဆိုပြီး ဘယ်သူ ကမှ ထောက်ခံ မပေးပါဘူး။ မရလို့ မတရားဘူး လို့လဲမပြောဘူး။ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေ အရ ခွင်ပြုလို့ နိုင်ငံသားပြု ခွင့်ရတာ၊ မရတာ သူနိုင်ငံ သူ့ ဥပဒေ အရ သူ့သဘောပဲ။ တည်ဆဲ ဥပဒေ နဲ့ ဘောင်ဝင်ရင် နိုင်ငံသား ပြုခွင့်ရ ကြ ပါတယ်။ ဘောင် မ၀င်ရင် မရကြပါဘူး။ အိမ်ရှင် နိုင်ငံတွေ ကလည်း ဥပဒေခွင့်ပြုချက်မရှိပဲ အကန်အသတ်မဲ့ လက်ခံတာ မဟုတ် ပါဘူး။ ဘယ်နိုင်ငံမှ တည်ဆဲ ဥပဒေ ခွင်ပြုချက် မရှိပဲ နိုင်ငံခြားသားကို အကန့် အသတ်မဲ့ လက်ခံတာ မရှိဘူး။ တရား မ၀င် မြန်မာရွှေ့ပြောင်းသူတွေကို လည်း သက်ဆိုင်ရာ အိမ်ရှင် နိုင်ငံ က ပြန်ပို့ လိုက်ရင် မြန်မာပြည် မှာ ပြန် လက်ခံ ရပါတယ်။ တရားဝင် ဥပဒေ အရ နိုင်ငံ သားဖြစ် ခွင့် ရှိလို့ မြန်မာ နိုင်ငံသားဖြစ်နေတဲ့ ဘင်္ဂလီတွေ မြန်မာပြည် မှာ အများကြီး။ (မြန်မာပြည် မှာ အစ္စလမ်မို့ အနှိမ် ခံရတယ် ထင်လို့ တခြား မွတ်စလင် နိုင်ငံတွေကို ပြောင်းနေကြမယ် ဆို လဲ မြန်မာအစိုးရ အနေနဲ့ အလွယ်တကူ ခွင့်ပြု သင့် ပါတယ်။)
ကိုယ်လိုရာ ဆွဲပြီး လူ့အခွင့်အရေး စကားပြော၊ အခွင့်အရေး ယူချင်လို့ မရပါဘူးဗျာ။ လက်တွေ့ လဲ စမ်းကြည့် လို့ရပါတယ်။ မြန်မာပြည်က အစ္စလာမ် ဘာသာဝင် တယောက် မွတ်စလင် နိုင်ငံတခု ကို တရားမ၀င် သွားပြီး နိုင်ငံသားခံခွင့် ကြိုးစားကြည့် လိုက်ပါ။ တရာမ၀င် ကလေး တယောက် ယူပြီး သူ့နိုင်ငံသား ဖြစ်မလား ကြိုးစားကြည့် ပါ။ သူ့ နိုင်ငံသားခံခွင့် မရနိုင် ပါဘူး။ ဒီတော့ မြန်မာပြည် မှာ လက်ရှိ ဥပဒေ အရ နိုင်ငံ သားဖြစ် ခွင့် ရှိသူ နဲ့ နိုင်ငံသား မဟုတ်တဲ့သူ ခွဲခြား စီရင်တာ Ethic အရ မှန်ပါတယ်။ ဥပဒေအရ စီရင်ခြင်းထက် ပိုပြီး အခွင့် အရေး လိုချင်လို့ မရမှန်း သိရက်နဲ့ မသိချင်ရောင် ဆာင် ဥပဒေ ဘောင်ကျော်ပြီး ဥပဒေမဲ့ စိမ့်ဝင် ကျူးကျော်သူ ဘင်္ဂလီ တွေ အတွက် ဘာသာရေး အခြေခံ စိတ် နဲ့ လူ့ အခွင့် အရေး စကားပြောပေးနေ သူတွေက မျိုးမစစ်လို့ ပြည်ချစ်စိတ် မရှိတာပါပဲ။

U Aung Hlaing U http://www.facebook.com/uaung.hlaingu


Monday, January 21, 2013

ကျောက်ပန်းတောင်းမြို့ Kyaukpadaung Town




 အခြေခံ ပညာ အထက်တန်းကျောင်း . ကျောက်ပန်းတောင်း

ကြမ်းပိုး ကိုက်သေးလားတော့ မသိ ကျောက်ပန်းတောင်းက ရုပ်ရှင်ရုံ
ကျောက်ပန်းတောင်း ဈေး

ပျော်ပွဲရွှင်ပွဲ ဇာတ်ပွဲငှားမယ်ဆို မြန်မာ့မှု အနုပညာ နယ်မြေ ။

Saturday, January 5, 2013

အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူ ။





နှစ်သစ်အခါ မင်္ဂလာပါ ခင်ဗျာ... အဝေးရောက် ကျောက်ပန်းတောင်း အသင်း၏ ပဉ္စမ အကြိမ်မြောက် အလှူဖြစ်သော ကျောက်ပန်းတောင်းမြို့ ဥသျှစ်ကုန်း အမက ကျောင်းအတွက် စာသင်ခုံ အလုံး (၃၀) နှင့် ကျောက်သင်ပုန်း ၃ ချပ် အား အောင်မြင်စွာ လှူဒါန်းပြီးစီးကြောင်း ၀မ်းမြောက်ဝမ်းသာစွာ အသိပေးအပ်ပါသည်။ သာဓု ခေါ်ဆို နိုင်ကြရန် အလှူဓါတ်ပုံများအား တင်ပေးလိုက်ပါသည်ခင်ဗျ။

Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောက်ပန်းတောင်းမြို့ ။

ဒီကနေ့ နေ့လယ် အမေစုနဲ့၊ လူထု တွေ့ဆုံဟောပြောဖို့အတွက် ရွှေနဒီကွင်းမှာ ဒီလို ဒီလို ပြင်ဆင်ထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောက်ပန်းတောင်းမြို့ ။

Friday, December 7, 2012

အထက(၁) ကျောက်ပန်းတောင်း (28-12-2012) ဆရာကန်တော့ပွဲ ။


တအူထုံတကယ်မဆင်းကြပေမဲ့၊ အတူဆုံသူငယ်ချင်းတွေနဲ့..
အထက(၁) ကျောက်ပန်းတောင်း မှာ ခဏလေးဖြစ်ဖြစ်.. အတူတက်ရောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ..တို့တစ်တွေကို ပညာသင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ.. ကံမကုန်လို့ ပြန်အဆုံ..တပည့်တွေလည်း..ဆံပင်ဖြူ၊ အသွင်မတူ ဇရာဖက် အသက်တွေအရွယ်ရပေမဲ့...

ငယ်ဘ၀ကစာသင်ခန်းတွေကို
မြင်လိုက်ရတဲ့အခါ.. ငယ်ဘ၀ကို လွမ်းမိပါရဲ့..
(28-12-2012)တွင် အထက(၁) ကျောက်ပန်းတောင်း ရဲ့ (၁၈)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပပါမည်..။)
ကျောင်းသား/သူဟောင်းများအနေဖြင့် ဦးစုံမောင်(09-2220442)၊ ဦးစန်းလွင်ဦး (09-5001163)၊ ဦးစံလင်းမောင်(09-43209378)၊ အထက(၁)ကျောက်ပန်းတောင်း (061-50583)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း........ နှိုးဆော်တိုက်တွန်းအပ်ပါသည်......။

Saturday, November 24, 2012

လက်ပန်ပွင့်









လက်ပန်ပွင့် ။ လက်ပံပွင့် ။ နီနီရဲရဲ အညာရနံ့သင်းတဲ့ လက်ပန်ပွင့်တွေ အညာလွမ်းသူများအတွက် ။ လက်ပန်ပွင့်ခြောက် နဲ့ ၀က်သား ချက်စားချင်သူများ ယူနိုင် ကူးနိုင် ကော်ပီ နိုင်ပါတယ်ခင်ဗျာ  :)

Tuesday, October 30, 2012

The Best View Of Kyaukpadaung Town

The Best View Of Kyaukpadaung Town that I found in Google Map.  ကျောက်ပန်းတောင်း မြို့ရဲ့ အလှပဆုံး မြင်ကွင်းကို ကျွန်တော် တွေ့ရှိခဲ့တယ် ။ မင်သက်မိသွားခဲ့တယ် ။ လွမ်းလိုက်တာ ဇာတိမြေရယ် ။