Showing posts with label s'pore and job. Show all posts
Showing posts with label s'pore and job. Show all posts

Sunday, June 27, 2010

လေထုညစ်ညမ်းမှု

အလုပ်ထဲက သတိပြုစရာ အခြေနေ တခုကို ယှဉ်ပြခြင်းဖြစ်ပါတယ်။

သဘောင်္ Tank ထဲကို လေမှုတ်သွင်းတဲ့ ventilation ကို အသုံးမပြုခင် မြင်ရတဲ့ပုံဖြစ်ပါတယ်။


အသုံးပြု နေဆဲ ventilation ပုံ ဖြစ်ပါတယ်။ အမဲစက် အညစ် အကြေး များစွာနဲ့ပေါ့။
လေထုဟာ အရောင်အဆင်း အနံမရှိ သလို မြင်နိုင်တဲ့ အရာလဲ မဟုတ်ပါဘူး။ သတိချပ်စရာပါ။

Saturday, January 31, 2009

အလုပ်ထဲမှာ အဖြစ်ပျက်

သူငယ်ချင်း ရဲ့ ကိုယ်တွေ့ လေး၊ သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အဖြစ်ပျက်လေး ပြောပြမယ်။
မပြောခင် အလုပ်အကြောင်း နည်းနည်းပါးပါး ပြောဦးမယ်။
သဘောင်္ပြင်တဲ့ အလုပ်ဟာ ငွေကုန်ကြေးကျ အရမ်းများတယ်။ သဘောင်္သားများနှင့် ပင်လယ်ပြင်မှာ ပြင်လို့ မရတဲ့ အလုပ်၊ ကိုယ်ထည် အကြမ်းထည်များ ကိုလာရောက်ပြင်ကြတာ။ သဘောင်္သား တွေလည်း များသောအားဖြင့် သဘောင်္ကို ဒေါက်တင် တဲ့ အချိန်ကို တော်တော် ကြောက်ကြတယ်။ သူတို့တွေပါ အငြိမ်းမနေရဘူးလေ။ သံချေးခွာပြီး အပြစ် အနာ ရှာရတယ်။ ပြင်ဖို့ လိုအပ် မလိုအပ် စစ်ဆေးရတယ်။ နိုင်ငံတကာမှာ တော့ မပြောတတ်ဘူး။ စင်္ကပူနိုင်ငံ မှာတော့ အလုပ်ခွင် အန္တရယ်ကင်းမှုကို အရမ်းဦးစား ပေးပါတယ်။ Yard Safety အဖွဲအစည်း ဆိုတာသီးသန့်ထားရှိတယ်။ အလုပ်လုပ်မည့်နေရာ အလိုက် လိုအပ်တဲ့ အကာကွယ် ပြင်ဆင်မှု၊ စစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ ဥပမာ။ အလုပ်သမားများ အန္တရယ်ကင်း ၀တ်စုံ လို့ ခေါ်တဲ့ personal protective equipment များ ဖြစ်တဲ့ ဦးထုပ်၊ မျက်မှန်၊ နားကျပ်၊ ရှူးဖိနပ်၊ လက်အိပ်၊ ခါးပတ် များ ပြည့်စုံမှ သဘောင်္ပေါ်တက် အလုပ်လုပ်ခွင့်ပြုပါတယ်။ လေ့လာရေး အဖြစ် အလည်လာရောက် သူများ လည်း ၀တ်ဆင်ပြီးမှ လိုက်လံ ကြည့်ရှုရပါတယ်။

အလုပ်တစ်ခုမှာ ပြုလုပ်ထားတဲ့ ညဏ်းဟာ ၆ ပေကျော်ရင် ခါးပတ် ချိတ်ရပါတယ်။ မေ့လို့ဖြစ်စေ ၊ ရပါတယ်ကွာ ဆိုပြီး ပြီးစလွယ် အလုပ်ကို လုပ်ရင် အစောက ပြောတဲ့ အန္တရယ်ကင်း အဖွဲ့က ဖမ်းပါတယ် နာမည်နှင့် ပါမစ်နံပါတ် မှတ်ကာ ဒဏ် ငွေ ၅၀ တိတိ ဆောင်စေပါတယ်။ Hot work အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဖိုမင်၊ စူပါဗိုက်စာတွေက က အခုပ်ခွင်ကို သေချာ စစ်ဆေးရပါတယ်။ အလုပ်မှာတော့ ဂတ်စ် ဖြတ်ဂေါက် နဲ့ တပ်ဆင်မှု ကျွမ်းကျင်တဲ့ ဖစ်တာ၊ ဖစ်တာ အကူတစ်ဦး၊ ၀ရိန် သမား တစ်ဦး၊ မီးသတ်သမား တစ်ဦး။ အကြမ်းဖျင်း လေးဦး လိုအပ်ပါတယ်။ မီးသတ်သမားက ပတ်ဝန်းကျင်ကို လေ့လာ စစ်ဆေးပြီး အကာကွယ်တွေ လုပ်ပြီးတာနဲ့ အလုပ်စဆိုတာနဲ့ စလို့ရပါပီ။

ကျနော် ပြောမယ့် အဖြစ်ပျက်လေးက ဒီလိုဗျာ...
အဲဒီနေ့က ထိုင်း ဖစ်တာတစ်ဦး ရယ် မြန်မာ ဖစ်တာအကူ တစ်ဦးရယ် ၊ မြန်မာ မီးသတ်သမား တစ်ဦး အလုပ်အတူ တွဲလုပ်ပါတယ်။ နေရာကတော့ ဟိုး..လူနေတဲ့ အထပ်ရဲ့ အပေါ်ဆုံးက Navigation Bridge Deck လို့ ခေါ်တဲ့နေရာမှာပေါ့။ ဖြတ်ပြီး အသစ်လဲမှာက Antenna Post တစ်ခု (ပိုက်တစ်ခု) ရဲ့ အပေါ်ပိုင်က သံချေးတတ်ပြီး ဆွေးနေတယ်။ အားလုံးပြင်ဆင်ပြီး အလုပ်စတာနဲ့ ထိုင်းဖစ်တာက စဖြတ်ပါတယ်။ ဖြတ်လို့ ကျလာတဲ့ သံမီးခဲ့ အပိုင်းစက အောက်ကခင်းထားတဲ့ Fire clothes ပေါ်မှာ ကျတယ်။ မီးရဲရဲနဲ သံစ က ကျလာပြီး အောက်မှာ မီးထတောက်ပါတယ်။ အဲ ဒီမှာ မြန်မာ ဖစ်တာအကူ က ကြောက်အားလန့်အားနဲ မီးသတ်ဖို့ ပြင်တယ်။ ဘေးနားက ရေသန့်ဗူး ကိုဖွင့်ပြီး ရေနဲ့ပတ်လိုက်တယ်။ အဲဒီမှာ စတွေ့တာ.. ရေနဲ့ပတ်ခါမှ မီးက မငြိမ်းပဲ ၀ုန်းခနဲ ထပြီးတောက်ပါတော့တယ်။ သူပတ်လိုက်တဲ့ ရေသန့်ဗူးက ရေမဟုတ်ဘူး .. တင်ဒါတွေ ဖြစ်နေတယ်။ မီးက အားများလာတယ် ။ လေကလည်း ပင့်လာတော့ မီးခိုးတွေလည်း တော်တော်များတယ်။ အဲဒီမှာ မြန်ာမာ မီးသတ်သမားက မီးသတ်ဗူးကို ဖွင့်ပြီး သတ်လိုက်တော့ ခဏတည်းနဲ့ မီးငြိမ်းသွားပါတယ်။

ဒါပေမယ့် ... အန္တရယ်ကင်း အဖွဲ့ က မြင်သွားတော့ မြန်မာ နှစ်ယောက် ပါမစ်နံပါတ် မှတ်သွားပါတယ်။ သူတို့ နှစ်ဦးလည်း ညစ်တာပေါ့။ ရန်တောင်ဖြစ်ခမန်းပဲ။ မင်းလုပ်တာ၊ ငါနဲ့မဆိုင်ဘူး၊ ငါက မီးသတ်တာ။ ရုံးရောက်ရင် မင်းပြောပြ နဲ့ ငြင်းခုံနေပါတယ်။ အင်းလေ.. တစ်နေ့ကိုမှ ၂၀ ဒေါ်လာလောက်သာ ရတာ ဒဏ်ရိုက်ရင် ၅၀တောင်။ ရုံးကို ခေါ်ပြီး စစ်ဆေး မေးမြန်းတယ်။ မီးက ခဏတည်းနဲ့ ငြိမ်းသွားတော့ အရေးမယူလိုက်ဘူး။ ဘာကြောင့် မီးခိုးတွေ များတာလည်း ဆိုတဲ့မေးခွန်း ဘယ်သူမှ မမေးဘူး။ မြန်မာ မီးသတ်သမား ကို နောက်တစ်နေ့ Safety Metting မှာ Safety Award ဆုချီးမြှင့်ပါတယ်။
(ရေသန့်ဗူး နဲ့ တင်ဒါကတော့ သဘောင်္က ကိုရွှေသဘောင်္သား ဆေးလာသုတ်ပြီး စကားထိုင်ပြောကာ မေ့ကျန်းခဲ့ခြင်းဖြစ်ပါတယ်) ဒါကို ရွှေမြန်မာ က ရေသန့်ပဲဆိုပြီး မီးသတ်ကာမှ မီးက ပိုလောင် မီးခိုးတွေ တလူလူ ဖြစ်ကုန်တာ ။ ရုံးမှာ တင်ဒါ ကိစ္စကို လျို့ဝှက် ထား လိုက်တော့ ရွှေမြန်မာ ဆုရသွားပါတယ်။
အဲဒီနေ့ က ရွှေမြန်မာ များ ကောင်းသော လွဲမှားခြင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

Monday, January 26, 2009

ယိုင်နဲ့လာသော ထိုင်ခုံလေး



ဒီအခြေနေတိုင် အတိုင်းဆို ဒီနှစ် ၇ လပိုင်း အပြီး ပြန် ရမလား မပြော တတ်ဘူး ထိုင်ခုံလေး ကတော့ လှုပ်တာ များလို့ထင်တယ် ယိုင်နဲ့ လာတယ်။ မြင်နေရတဲ့ ပုံလေးထဲက ထိုင်ခုံလေး က ကျနော် အလုပ်လုပ် တဲ့ ထိုင်ခုံလေး ပေါ့။ အခန်းငယ်ငယ်ထဲမှာ စာရွက်တွေ နဲ့ လုံးထွေး သတ်ပုတ် ရတာနေ့စဉ် ပဲ။ လက်ကောက်ဝတ်လည်း ညောင်းတယ်။ အနုပညာ ဆန်ခြင်ဆန်မယ် ဗျာ ပန်းချီ ပညာတော့ မဆန်တတ်ဘူး။ မဆွဲတတ်ပါဘူး ဆိုမှ ဆွဲလိုက်ရတဲ့ ပုံတွေ လုပ်ပြမိတာကိုက မှားပါတယ်။ ညနေ လေးနာရီလောက်ဆို လက်ကညောင်း ဇက်က ညောင်း မျက်လုံးက ကြိမ်း ဘာမှ ကို မကျန်ဘူး။ ဒီခန္တာကလည်း အိုမင်းလာပြီထင်ပါ့။ အလုပ်ထဲ မု ၀င်သွားရင် တင်ကလိန်ချိတ် တတ်တဲ့ အကျင့်ကြောင့် ဒူးချွန်ချွန်က ခြေသလုံး သားကို ထိုးမိလို့ ခြေထောက် တစ်ဖက်လည်း နာနေလေရဲ့။ အမှတ်ကို မရှိဘူး။ ဟိုနေ့ က လုပ်ထဲမှာ သဘောင်္ ပေါ်မှာ သွားရင်းနဲ့ ငုံဝင်ပြီး သွားရတဲ့ နေရာတစ်ခုမှာ လွတ်ပြီထင်လို့ မတ်တတ် ရပ်လိုက်ပါတယ်- ဘာပြောကောင်းမလဲ အီသွားတာပဲ။ ညဏ်းဆင်ထားတဲ့ သံပိုက်က ကျွေးလိုက်တာ နောက်ကျော်ကို ပြဲလို့။ ဒါကို ပြတော့ သူများတွေက မင်း အလုပ်မလုပ်ပဲ ဘာဖြစ်တာတည်းတဲ့။ ထိုင်နေတာ လည်း မကောင်းဘူး ထသွားတာလည်း မကောင်းဘူး။ အိပ်နေရင်ရော ဘယ်လိုလည်း။ ဟာ... မကောင်းဘူးဗျာ ကြမ်းပိုးကိုက်တယ်။ အဆင်မပြေမှုများစွာနဲ့ စင်္ကပူမှာ ဒုတိယ ပေါက်ဖေါ် တို့နှစ်ကူး ရောက်ခဲ့ပြန်ပေါ့။

ခုတလော ပါမစ်ကုန်သူများ ပြန်သွားလိုက် တာ တစ်ဖွဲဖွဲပဲ။ ဇူလိုင်ဆိုရင်တော့ အပြီးပြန်ရတော့မယ် ထင်တယ်။

Thursday, January 22, 2009

General Worker in sg


၂၀၀၈ ခုနှစ်က စင်္ကပူကို အထွေထွေ အလုပ်သမား အနေနဲ့လာရတာ အရမ်း လွယ်ကူ ပါတယ်။ ပေါလိုက်တဲ့အေးဂျင့်တွေ ရိုက်---- လို့ မကုန်ဆိုသလိုပဲ။ အေးဂျင့်တွေက လိမ်တာလား ။ သွားခြင်တဲ့သူက အလိမ်ခံတာလား။ ဒါတွေတော့ မပြောတော့ပါဘူး။ စင်္ကပူရောက်ရင် နားလည်သွားလိမ့်မယ်။ ဘာအလုပ်လည်း မယ်မယ်ရရ မသိ အပြောကောင်းတဲ့ ပွဲစား၇ဲ့စေ့ဆော်မှု ကြောင့်ရယ်။ ဒီမှာနေလည်း (ရန်ကုန်) တစ်လ တစ်လ ကုန်ကျ စားရိတ် မနည်း ဆိုပြီး မြန်မြန်ထွက် ခြင်သူများ အထူး သတိထားဖို့ လိုပါတယ်။
မြန်မာပြည်က ပွဲစား လိမ်တာက နည်းသေးတယ်လို့ ပြောရမယ်။ ပွဲစားက သေချာ ပေါင်းသင်းပြီး အပြောချိုချိုနဲ့ လိမ်တာ လေ။ သူ့ အိမ်မှာ ထမင်းစားတွေဘာတွေ ဖိတ်လိုက်သေး။ စင်္ကပူလား ရောက်လာပြီးပြီဆိုရင် company ပိုင်ရှင်က ဒီလောက်ပဲပေးနိုင်မယ်။ ဒါလုပ်ရမယ်။ မလုပ်ခြင်ပြန်လို့ မပြောပေမယ့် ဒီသဘောပါပဲ။ ဒီတော့လည်း ကိုယ်စားရိတ် ကိုယ်ပြန်ရှာပြီး မလုပ်ခြင်လည်း အောင့်အီးလုပ်ကာ ဘယ်လိုမဆို နှစ်နှစ်တော့ လုပ်ရတော့တာပဲ။ ပေးခဲ့ရတဲ့ အေးဂျင့်စားရိတ်က သိန်း ၄၀ ၀န်းကျင်လေ။
အထက်ပါပုံကိုကြည့်ပါ။
စက်ဝိုင်း - ၀ိုင်းပြထားပါတယ်။
တာဝါတိုင် တစ်ခု ဆေးသုတ်ရန် (Staging) ညဏ်းဆင်နေကြတာ။
ရွှေမြန်မာများလည်း ဒီလို သက်စွန့်စံဖျား လုပ်ရပါတယ်။
မေးမြန်ကြည့်တော့ ခေါ်တုန်းက ရုံးမှာ လုပ်ရမယ် အေးအေး ဆေးဆေးပဲ။ အဲယားကွန်းထဲမှာ ဇိမ်နဲ့ နေပြီး ပိုက်စံကို အသာလေး သဲ့ယူယုံပဲတဲ့။ စင်္ကပူကိုရောက်တော့ ဘာအေးဆေးသလဲမမေးနဲ့။
နောက်တစ်ခု - ကျနော့်ကိုကြည့်ပါ။
ရွာကထွက်လာတဲ့စိတ်နဲ့ general worker အလုပ် - သေအောင်တော့ မခိုင်းလောက်ပါဘူး။
ငါတို့ လူဆိုတာတော့ သိမှာပါ။ ဘာဖြစ်ဖြစ်လုပ်မယ် လို့စိတ်ကူးလေးနဲ့ ထွက်လာခဲ့ပါတယ်။
အခု.. မနက်စောစော ဘလော့နေနိုင်တာလည်း အင်း.... ရှေးဘ၀ကုသိုလ်လို့ ပြောရမလိုပဲ။
ဒါစင်္ကပူ ကို အလုပ်လုပ် လာတဲ့ အတွေ့ကြုံလေး တစ်ခုပေါ့။

Sunday, December 7, 2008

ရေထုတ်ထားသော ဒေါက် (DocK)


အခုရက်ပိုင်း အလုပ်ပါးဆို ပြောကို မပြောခြင်ဘူး။ အထက် ဖေါ်ပြပါပုံ ကိုသာ ကြည့်ပါ။
အ၀င်နည်းလိုက်တဲ့သဘောင်္။ ဒါပေမယ့် လည်း ဒါပေမယ့်ပေါ့ဗျာ..ကမ္ဘာနဲ အ၀န်း ဖြစ်ပွား
နေတဲ့ ပြသဏာကို ခုတုန်းလုပ်ပြီး ပိုစ် တစ်ခု ဖြစ်အောင် ရေးလိုက်ပါတယ်။
စီးပွားရေး ရိုက်ခတ်မှု ကြောင့် သဘောင်္ကျင်းလည်း သဘောင်္ အ၀င်နည်းတယ်။
ကားဝက်ရှော့မျာ ကားအပြင် နည်းတော့ ၀က်ရှော့ အလုပ် သမားလေး တွေ ဘောက်စူး
နည်းတာပေါ့။ ခုလည်း ဒီလိုပဲ . ပြင်စရာ သဘောင်္မရှိတော့ အိုတီ လို့ ခေါ်တဲ့ ဟာကြီး
မရတော့ဘူးပေါ့။ များသောအားဖြင့် သဘောင်္ကျင်း အလုပ်သမားများ ဘ၀ကအိုတီ အပေါ်
မှီခိုနေရပါတယ်။ တစ်နေ့ အလုပ်ချိန် ၈ နာရီနဲ့ ကတော့ ဒီစင်္ကပူ၊ ဒီဈေး ဒီနှုန်း၊ ဒီအ ဆောင် စားရိတ်တွေနဲ့ အိမ်ပြန်လွှဲဖို နေနေ သာသာ ထမင်း နပ်မှန်အောင် ချွေတာ ချိုးခြံ နေရတယ်။
(မှတ်ချက် အိုတီသည် နှစ်ဆ ရ၏)။
အထိနာဆုံးက ကျနော်ပါ။ ဘာလို့လည်းဆိုတော့ အလုပ်လေးဗန်းပြပြီတော့ အိုတီယူ
ပြီး ဘလော့ရတာလေ။ ခုတော့ အဟင့်..အဟင့်... စိတ်ကူးနဲ့ပဲ ဘလော့နိုင်တယ်..

Tuesday, November 25, 2008

ဒေါက်ထဲက သဘောင်္


ဒီမြင်ကွင်း ကို စိတ်ကူးနဲ့ ဓာတ်ပုံ ရိုက်နေတာ ကြာပြီ ။
ဒီနေ့မှပဲ အမိအရ ရိုက်နိုင်တယ်။ ကမ်းကပ်ပြီး ပြင်တဲ့ သဘောင်္ကို
ခဏသွားရင်းနဲ့ အတော်ဖြစ်သွားတယ် ။ ရေးပြတာထက်စာရင်
ပုံတစ်ပုံကနေ တော်တော်ဖတ်လို့ ရမယ်ထင်ပါတယ် ။

Sunday, November 16, 2008

သဘောင်္ပြင်သည် အပိုင်း (၄)


အခုမြင်ရတာ Dry Dock ဒေါက်ထဲက သဘောင်္ပါ ။ သဘာဝကန်းခြေ ကို အားပြုပြီး
တည် ဆောက်ထားတဲ့ Dry Dock ။ ပင်လယ်ဖက်ခြမ်းမှာ Dock Gate ခေါ်တဲ့
ရေတခါး ရှိတယ် ။ ရေတံခါးကိုဖွင့် ရေသွင်း ပြီးရင် သဘောင်္ကို Air winch နဲဆွဲတယ်
Boat လေးတွေနဲ တွန်းပြီး Guite line အတိုင်း ဒေါက်ထဲကို သွင်းပါတယ် ။ သေဘာၤ
ဒေါက်ထဲေ၇ာက်တော့ရေတခါး ကိုပြန်ပိတ် ရေကို Pump နဲ ပြန်ဆုပ် ထုတ်ပါတယ် ။
အခုမြင်နေရတဲ့ သဘောင်္က Tanker အမျိုးစား၊ ဆီတင် တဲ့သဘောင်္ ။ ၂၀၀၃ ခုနှစ်က
လုပ်တာဆိုတော့ အားလုံး အကောင်းတိုင်း ပဲရှိ သေးတယ်။ ရက်ကလည်း သိပ်မကြာဘူး
၁၅ ရက်လောက်ပဲ ။ ဒေါက်ထဲကို သဘောင်္ရောက်တာနဲ အလုပ်များပြီပဲ ။ Painting
Company က ဆေးအဟောင်းခွာ ဆေးသုတ်တယ် ။ Steel Repairing company က အဟောင်းများဖြတ်တောက် ကာ အသစ်ပြုပြင်။ Mechanery က စက်တွေ မော်တာ
တွေပြင်တယ် ။ သဘောင်္ကို မောင်းနှင်တဲ့ Engine တွေပြင်တယ် ။ ဆီ ထုတ်သွင်းတဲ့
Pump တွေ ။ သဘောင်္ကိုပင်လယ်ပြင်မှာLevel ချိန်ညှိတဲ့ ရေထုတ်သွင်း တဲ့ pump
တွေပြင်တယ် ။ Piping Company က Oil line, Gas line, Air line, Hydraulic line
တွေ ဖြုတ်တပ် ပြင်ဆင်တယ် ။ ပျားပန်းခတ်နေတဲ အလုပ် သမားတွေ Company
ပေါင်းစုံက အမြန်ဆုံးပြီးအောင် တွန်းအားပေး ပြီးလုပ်ခိုင်းကြတာပေါ့ ။ ဒီတော့ လည်း
အန္တရာယ်အရမ်း များတယ်။ ဒါပေမယ့် Safety ဆိုပြီး အနီဝတ်စုံနဲ အဖွဲ့ ရှိ တယ် ။
Work place safety အကြောင်း မနက်အလုပ်မစခင် မှာ ပြောတယ် ။ လိုက်နာ ရမယ့်
စည်းကမ်းချက်များ နဲ ဆုပေး ဒဏ်ပေး စနစ်ကိုလည်း သုံးပါတယ် ။ အလုပ်မှာ Personal
Protective Equipment ဆိုတဲ့ helmet, Safety glass/spec, Safety Boot/shore,
Body harness, Ear plug စုံနေတာပဲ အဲဒါတွေ ပြည့်စုံမှ အလုပ်လုပ်ရတယ် ။
သနားစရာကောင်းတဲ့ မြန်မာပြည် က အလုပ်သမားများကျတော့ Grinding သမားလည်း
ဘာ အကာမှမပါဘူး ။ Welding သမားလဲ ဒီတိုင်း ဆော်တာပဲ ။
အော်... ကိုယ်ဖြစ်ကိုယ်ခံစနစ် နဲ့တူတယ် ။
စက်ပစ္စည်းနဲပတ်သက်ပြီး >
အလုပ်တော်တော်များများကို Air Pressure လေအားကိုသုံးတယ် ။
winch ၀န်ချီစက် တွေ၊ Crane ကရိန်းတွေ လည်ပတ်ရာမှာ လေအားကို သုံးတယ်။
Welding ၀ရိန် ကို ညီအောင် တိုက်စားရာမှာ သုံးတဲ့ Grnding mechane တွေလည်း
Air pressure ပဲ ။ သဘောင်္မှာ ဆေးအဟောင်းများ ၊ သံချေးခွာချ ရာမှာ လည်း
Air pressure ကိုပဲ သုံးတယ် ။
မိုးပေါ်ကို ထိုးထွက်နေတဲ့ ကရိန်းတွေ ၊ ကုန်ပစ္စည်း တန်ချိန် အများပြီးတင်နိုင်တဲ့
Hydraulic နဲမောင်နင်တဲ့ ကားကရိန်းများ စက်မှု အခြေခံ ပစ္စည်းတွေ ပေါများတော့
အလုပ်လုပ်ရတာအရမ်းကောင်းတယ် ။ မနိုင်မနင်းသယ်၇တာ တစ်ခုမှာ မရှိဘူး ။
များလိုက်တဲ့ အလုပ်သမားတွေ ကလားတွေ ။ ဘင်္ဂလားတွေ ၊ ဖိလစ်ပိုင်တွေ ၊
တရုတ်တွေ ရိုက်သတ်လို့မကုန်ဘူး ။
တစ်ခါတစ်လေများ တွေးမိပါတယ် မြန်မာပြည်မှာ ဒီလိုလုပ်ငန်းခွင် ရှိရင်
ကျနော်တို့လို မြန်မာတွေ သူများနိုင်ငံထွက် အလုပ်လုပ် စရာ မလိုတော့ဘူးပေါ့ ။
အဲဒီလို ကြီးမားတဲ့ နိုင်ငံခြားရင်နှီးမြုတ်နှံမှု တွေ ရရှိဖို့ မျှော်လင့်ပါတယ် ။
ကမ္ဘာနဲ ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေး
ခိုင်မာ မှန်ကန်တဲ့ ဥပဒေ ၊ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင် ကောင်းပေါ်ပေါက်
ဖို့ မျော်လင့်မိပါတယ် ။
ဟား ဟား ...
ရေးရင်နဲ လမ်းလွဲသွားလို့ တော်ပြီ.......ရပ်လိုက်ပြီ ။

Sunday, October 26, 2008

လက်တွေ့ ဘ၀ က ဒီလိုပါ.


နောက် က မြင် နေ ရ တာ ကမ်း နား ပင် လယ် ပါ ။ အ ပြော ကျယ် တဲ့ ပင် လယ် ရဲ တစ် ပိုင်း တစ် စ ပေါ့ ။ ဘ ၀ ခ ရီး သွား နေ သူ ဟာ ပင် လယ် ပြင် ခ ရီး ထွက် တဲ့ သူ လို ပဲ ။ ပင် လယ် ပြင် ကို ဖြတ် ရင် လှိုင်း ကြမ်း တွေ ၊ မုန် တိုင်း တွေ မ လွဲ မ သွေ ရင် ဆိုင် ကြုံ တွေ့ ရ မှာပါ ။ မုန် တိုင်း ပြီး ရင် လေ ပြေ လေ ညင်း ကို လည်း ရှူ ရှိုက် ခွင့် ရ မယ် ။ သိ ထား ရ မှာ က သ တိ တစ် ချက် လွတ် ရင် ကမ္ဘာ ကျော် တိုက် တန်း နစ် လို ရေ ခဲ တောင် နဲ တိုက် မိ ပြီး ဒုက္ခ နဲ လှ လှ နဲ့ တွေ့ တတ် တယ် ။ မုန် တိုင်း ကို အံ တု ၊ ဇ န က ထုံး မူ ပြီး ဘ ၀ ခ ရီး ကို ကူး ခတ် မယ် ။

Thursday, October 23, 2008

စတီးကလစ် တပ်ရာတွင် သုံးသည်.


ဒီ နေ့ Heli deck မှာ safety wire netting ဟယ် လီ ကော် ပ တာ ဆင်း တဲ့ အ ခါ ဘေး ကင်း အောင် ကာ ကွယ် တဲ့ ၀ါ ယာ ပိုက် ကွန် တွေ တပ် တဲ့ အ လုပ် ကို သွား ကြည့် ရင်း လက် လှည့် စက် က လေး ကို ဓါတ် ပုံ ရိုက် လာ တယ် ။ ပုံ ထဲ မှာ မြင် ရ တာ က Steel Bandage က လစ် ပါ၊ ၀ါ ယာ ပိုက် ကွန် ကို ပိုက် ဖ ရိန် နဲ ထိမ်း ရာ မှာ ၀ါ ယာ နဲ ပိုက် ကို က လစ် နဲ ဖမ် ချုပ် ပါ တယ် ။ အဲဒီကလစ် ကို တပ်ဆင်ရာမှာ အခုမြင်၇တဲ့ လက်လှည့် စက်ကလေး ကို အ သုံး ပြု ပါ တယ်။ သူ မှာ က လစ် စ တီး ပြား လမ်း ကြောင်း ၊ က လစ် စ တီး ပြား ကို ချော် မ ထွက် အောင် ထိမ်း တဲ့ အ ထိန်း ခ လုပ်၊ ၀က် အူ လမ်း ကြောင်း နဲ ဆွဲ ပြီး တင်း ကြပ် ဖို့ မူ လီ ၊ လက် ကိုင် နတ် ခေါင်း အ လှည့် နဲ စ တီး က လစ် ပြား ကို ဖြတ် တဲ ဓါး ပါ ပါ တယ် ။ မြန် မာ အ ကို ကြီး အ လုပ် လုပ် နေတဲ့ ပုံ ကို ကြည့် ရင် ပို ရှင်းပါတယ် ။ ဘာ ရယ် မ ဟုတ် ဘူး Sample mechanic ပ ညာ ရပ် ကလေး ပါ ။

အ လုပ် လုပ် နေ သော မြန် မာ အကိုကြီး




Friday, October 17, 2008

သဘောင်္ပြင်သည် အပိုင်း(၃)

အ ခု ကျ နော် တို့ ကုမ္မဏီ က ဆီ သဘောင်္ တစ်စီး ကို ပြင် နေပါတယ်။ ကျနော် တို့ ကုမ္မဏီ တစ် ခု တည်း တော့ မ ဟုတ်ဘူး။ တစ်ဆင့် ခံ ကုမ္မဏီ တွေ အ များ ကြီး ပါ။ ကျ တော် သိ သ လောက် တော့ piping ပိုက် ကုမ္မဏီ ။ mechanary မစ်ရှင် နရီ (စက်ပြင်) ကုမ္မဏီ ။ painting ဆေး သုတ် ကုမ္မဏီ ။ electronic အီ လက် ထ ရော နစ် ကုမ္မဏီ ။ electrical အီ လက် ထ ရီ ကယ်။ carpenter ကာ ပန် တာ (လက်သမား) ကုမ္မဏီ ။ heavy steel job စ တီး အ ကြီး စား ပြင် ကုမ္မဏီ ။ light steel စတီး အ ပေါ့ စား ပြင် ကုမ္မဏီ ။ staging ညဏ်းဆင် ကုမ္မဏီ ။ insulation အ ပူ ခံ တပ် ဆင် တဲ့ ကုမ္မဏီ ။ crane service ကုမ္မဏီ ။ အ များ ကြီး ပါပဲ။

သဘောင်္ က 254000 မီလီမီတာ ရှည်ပါတယ်။ ပြုပြင်ခြင်း ကတော့ project type ပါပဲ။ conversion လုပ်တယ် လို့လည်း ခေါ်တယ်။ schedule ကျတော့ ၆ လ လို့ ပြော တယ်။ ဒါပေမယ့် တစ်နှစ် လည်း ဖြစ်ခြင် ဖြစ်သွား တာပဲ။ ဒီလို project သဘောင်္ တွေ ၃ စင်။ တစ်လ နှစ်လ သဘောင်္ တွေက ၅ စင်း လောက် တစ်ပြိုင် တည်း ပြင် ကြ တယ်။

ကျနော် ကုမ္မဏီ က repairing ကုမ္မဏီ ဖြစ်တော့ light steel စတီး အပေါ့ စားပြင် ပါတယ်။ light steel ဆိုပေ မယ့် foundation တစ် ခုကို ၃ တန် လောက် ရှိတယ်။ အဲဒါ light steel job တဲ့။ တစ်ခါ တစ်ခါ လည်း အလုပ် တစ်ခုကို ဘာမ မယ်မယ် ရရ မဟုတ်ဘူး။ မူလီလေး လဲ လိုက်တာ လောက်ပဲ။ .. အလုပ် လုပ်ရ တာတော့ ပျော်စရာ ပါပဲ။ အခြား သဘောင်္နဲ မတူလို့ပါ။ ဒီသဘောမှာ မြန်မာ တွေများတယ်။ ကုမ္မဏီ တိုင်း မြန်မာ တွေရှိတယ်။ မြန်မာပြည်လား အောင်းမေ့တယ် ။ ဒါပေမယ့် ဟုတ်ဘူး။

ဒီရက် ပိုင်းတွေ အလုပ်ထဲ စိတ် မရောက်လို့. မ နည်း အလုပ်ကို ဖိလုပ် နေရတယ်။ သဘောင်္ ကျင်း မှာ ရှိ တုန်း တော့ အခွင့်ပေး သလောက် ၊ ကျနော် သိသလောက် ရေး ဖို့ စဉ်းစား ထားပါတယ်။ fabrication နဲပတ်သက်ပြီး fitting ဖစ်တာ လုပ်ငန်း။ welder လုပ်ငန်း။ marker မာကာ လုပ်ငန်။ QC အရည်သွေး စစ်ခြင်း။ crane signaler ကရိန်း သမား။ work place safety အလုပ် ခွင် အန္ဆရယ် ကင်းရှင်းမှု ။ အဲဒီလို ပိုစ်လေး တွေ ဖြစ်လာ အောင် တင်ခြင် ပါသေး တယ်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Saturday, September 27, 2008

သဘောင်္ပြင်သည် အပိုင်း(၂)

ကျွန်တော် ဟောဒီ သဘောင်္ကျင်းကို ရောက်စကပေါ့ ..
လူတွေတော်တော်များတယ် အသားမဲ၊ အသားဖြူ၊ အသားလတ် တွေစုံလို့ တွေ့ရတယ် ။ အလုပ်ထဲကို အ၀င်အထွက် ချွေးနံ့နံ နေတဲလူအုပ်ကြားမှာ တန်းစီပြီး သွားရတာ တော်တော် စိတ်ပိန်တယ်။ အလုပ်စ ဆင်းခါစက သံချေးနံ့ တော်တော်နံတာပဲ။ သဘောင်္ တစ်စင်းလုံးကို သံနဲချည်း တည်ဆောက်ထားတာ၊ သစ်သားဆို အမည် ပါရုံလောက်သာရယ်။ လော့လာမှု မရှိခဲ့တော့ သိကိုသိဘူး၊
နောက်ပြီး သဘောင်္ အဟောင်းကို ပြင်တာ ဘော်ဒီ သံပြားတွေက ဆေးကို သုံးထပ် တစ်ချို့ဆို ငါးထပ် သုတ်ထားတာ။ ဒါကို ဂတ် စ် မီးနဲ ဖြတ်ကြတယ်. သံပြားကို အရည်ပျော်အောင် လုပ်ပြီးဖြတ်ရတာလေ အရင်က သုတ်ထားတဲ့ ဆေးအဟောင်းတွေက မီးအပူမှာ လောင်ကုန် တယ်။ ဘာပြောကောင်းမလဲ နံလိုက်တဲဖြစ်ခြင်းဗျာ.. ဆီချေးနံ့က နံ ညှော်စော်နံနဲ အသက် ဘယ်မှာ ရှူရမှန်းတောင်မသိဘူး ထူးပါဘူး နှာခေါင်းကို ကြာကြာပိတ် အသက်အောင့် ပြီး ဘယ်လောက်နေ နိုင်မှာမို့လဲ နံနံ စော်စော် ရှူရတာပဲပေါ့။ သိပ်မကြာပါဘူး တစ်လ လောက် လည်းရှိရော သံပြားပေါ်ထိုင်နေတာတောင် သံချေးနံ့ က မရတော့ဘူး၊ နေပူပူထဲမှာ ချွေးတလုံးလုံးနဲ့ ကိုယ့်ချွေးနံ့ သူ့ချွေးနံ့ မသိတော့ပါဘူး။

ရောက်စက စိတ်ပိန်တယ်ဆိုတာ စကားပြောတဲ့နေရာမှာ လည်းပါ တယ်။ ကိုယ့်မိခင်စကားမဟုတ်ပေမယ့် အင်္ဂလိပ်စကားကို ထမင်းစား ရေသောက် ရှေးဟောင်း နှောင်းဖြစ် ကိုယ်ပြောခြင်တာကို ကောင်းကောင်း ပြောနိုင်ပါတယ် ။ ဟောကြည့်-- သဘောကျင်းကို ရွေးချယ်မှု မှား ပြီးရောက်လာ.. ဘာတွေပြောမှန်း ကို သိဘူး. လူပေါင်းစုံ ဘာသာပေါင်းစုံ .. အင်္ဂလိပ်စကား ပြောနေတာမှ ဟုတ်ရဲလား လို့ထင်၇တယ်။ သူတို့ဟာနဲ သူတို့ကျတော့ဟုတ်နေတာပဲ. ကိုယ်ဟန်ပြ စကားပြော နည်းကပါသေးတယ်။ ဒီကြားထဲမှာ ဝေါ်ကီတော်ကီ နဲပြောကြတာ ဟားတော်တော် အံ့သြဖို့ကောင်းတယ်.. ညှောင်တိညှောင်နဲ အသံကို ကျွန်တော်တော့ ဘာမှန်းမသိ တဲ့အပြင် ဟားတိုက် ရယ်မိတာပဲ။ အင်္ဂလိပ်စာက တစ်လုံး မလေးစကားက တစ်လုံး တရုတ်စကားကတစ်လုံး အိန္ဒိယ စကားက တစ်လုံး ပြောချလိုက်တာများ သူတို့ပြော တာပဲ အမှန် ။ ကိုယ့်ကို လာမေးသေးတယ် အင်္ဂလိပ်စကားပြောတတ်လားတဲ့.. နောက်မှ နားလည်မိတယ် အော် အမေဇုန်တောထဲရောက်နေတာကို..

အလုပ်ထဲရောက်စက မိုးပေါ်ကို ထိုးထိုးထောင်ထောင် နဲ အချွန်တက် တွေ အများသားပဲ .. ဘာတွေလည်းသိလား ကရိန်းတွေလေဗျာ.. မြန်မာပြည်နဲ ကွာတာ အဲဒါပေါ့.. ဟိုက်ဒြောလစ် ကို ပိုင်နိုင်တော့ စက်ပစ္စည်းက ပိုပြီး အကျိုးရှိရှိ အသုံးချလို့ရတာပေါ့။ ရောက်စမို့ ဟိုအပေါ်က တစ်ခုခုပြုတ် ကျလာမလား၊ ဟိုကရိန်းက သံပြားကြီးတွေကို သင်္ဘော ပေါ်တင်နေတာ မရောက်ခင် ပြုတ်ကျတော့ မလားနဲ ။ အသက်တောင် ၀အောင်မရှုရဲဘူး၊ မျက်တောင်လဲ မခတ်ရဲ ဘူးဗျာ.. ခေါင်းပေါ်းမှာ ၀ဲဝဲ - ၀ဲဝဲနဲ့။ အဲဒါ ဟိုမော့်ကြည့် ဒီမော့်ကြည့်နဲ ဇက် တောင်ညောင်းတယ်…အဲ အဲ.. အထက်ကိုချည်းမော့်ကြည့်နေလို့ လဲ ဖြစ်သေးဘူး လမ်းပေါ်မှာ ဖော့ကလစ် ကပိုက်တွေတင်လာတယ်.. အစွန်းကို မလွတ်ဘူးဆိုတာ ဒါမျိုးပေါ့ .. အဲဒီမှာ စတွေ့တာပဲဗျာ..

ရာသီဥတုက ပွင့်လင်းရာသီ ပါပဲ မိုးလည်းမရွာဘူး နှင်းလည်းမကျဘူး နေလည်းပူနေတာပဲ ဒါပေမယ့် ၀န်းကျင်တစ်ခုလုံး ကြည့်စမ်းပါဦး အုံဆိုင်းဆိုင်းနဲ့ မြူခိုးတွေဝေနေတာများလား။ မိုးရွခြင်လို့လား၊ သို့လော သို့လော မတွေး လိုက်ပါနဲ.. အဲဒါ သဘောကျင်းနေရာ တိုင်းမှာ ဖြစ်တတ်တဲ သဘောပါ.. သံပြားအဟောင်းများဖြတ်ထုတ်ခြင်းမှလာသောမီးခိုးများ၊ ၀ရိန်ဆော် (welding) ရာမှ လာသောမီးခိုးများ နောက်တစ်ခုက ဂေါက်ချာတွေ (gauging) ထိုးရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များ စုံလို့ပါပဲ.. တကယ် တော့ သဘောင်္ကျင်းဆိုတာ ပိုက်စံရှိရင် မနေသင့်တဲ မလာသင့်တဲ့ အရပ်ထဲမှာ ပါတယ်ဗျာ..

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, September 12, 2008

မိုရွာပြီးစ.အလုပ်ခွင်. မြင်ကွင်း


မနက်စောစော မိုးလေးဖွဲဖွဲ ရွာနေတယ်..အလုပ်ကိုရပ်ပြီး မိုးခိုလို့ မရဘူး ။ ဒီမှာက မိုးကိုအစိုးမရဘူလေ။ အရမ်းကြီးတော့မဟုတ်ဘူး ဖွဲဖွဲ-ဖွဲဖွဲ နဲ့..ရွာနေ တာပဲ။ ရောက်စကတော့ ဒီမိုးကို ကြောက်တယ်။ ခုတော့ ကျင့်သားရသွားပြီ။မိုးရွာပြီးစ..မြင်ရတဲ မြင်ကွင်းကြောင့်..ဘလော့ကို သတိရမိသွားတယ်.. ခုတလော ဘယ်လိုမှန်းကိုမသိဘူး တစ်ခုခု ဆို ဘလော့ကိုပဲ ပြေးပြေး သတိရမိတယ်.. ဒါကြောင့် တင်ဖြစ်သွားတာ.. လက်က စာတွေရေးခြင်နေ တယ်။ အလုပ်က အချိန်တွေ အကုန်စားပစ်တယ်။ လူနဲစိတ်ကတော့ အတူ ရှိနေချိန် နည်းသလိုပဲ။

Saturday, September 6, 2008

သဘောင်္ပြင်သည် အပိုင်း(၁)

နှိုးစက်သံက..“မလွမ်းရဲသေးဘူမောင်ရယ်” ဆိုတဲ့သီချင်းလေးနဲအတူ အိပ်ယာထပါတယ်။ အတူနေတွေထဲမှာ တစ်ယောက်ရှိတယ် နှိုးစက်သံကို အဆိုဝါးဆုံး ပေးထားတယ် ပြီးတစ်ခါမှ ပထမ နှိုးစက်သံ နဲ့ မထဘူ.. နောက်ဆုံးမှအိပ်ယာထတတ်ပါတယ်.. တော်တော်ချင်ဖို့ ကောင်းတယ်။ တန်းစီပြီး-မျက်နှာသစ်..သွားတိုက်…ရေအိပ်ဝင်..ရေချိုး..ဘာညာပေါ့။ ပြီးတာနဲ..အလုပ်ဝတ်စုံဝတ်လိုက်တယ်.. အလုပ်သွားရင် မပါမနေရ..ပါမစ်ရယ်..သဘောင်္ပေါ်
တက်တဲ့ ကဒ်. စုံအောင်ထည့်လိုက်တယ်..ပြီးတော့..နေ့ခင်းစာထမင်းဟင်းကိုဗူးထဲထည့် (မှတ်ချက်..ညထဲကအဆင်သင့် ချက်ပြုတ်ထားလျှင်) နှေးနေလို့မရဘူ.. ထမင်းဗူးယူပြီး..
ဖယ်ရီရှိရာကို အမြန်ပြေးရတယ်..နောက်ကျတဲခြေထောက်..ကတော့..ကိုယ့်ဘာသာ.တက္ကစီ ကိုငှားသွားရတယ်..ဒါမှမဟုတ်ရင်တော့..ပြန်အိပ်တော့..ဖယ်ရီကားဟာ..၆နာရီအတိမှာ ထွက်ပါတယ်..(သိုပေမယ့် - ရံဖန်ရံခါ အပြောင်းလဲရှိသည်)။ နံနက်စောစော ပျားပန်းခတ်နေ တဲ့လူတွေ ကြားမှာ ကိုယ့်ဖယ်ရီကိုရွေးရင်း နဲ့ အလုပ်ရှိရာ (KEPPEL SHIP YARD)ကို ရောက်တယ်ပေါ့ဗျာ.. အလုပ်ထဲကိုမ၀င်ခင်..ခေတ္တမျှတန်းစီရ်ျ စောင့်ဆိုင်းပြီး.. ဂိတ်စောင့်များမှ ၀င်ရန်အချက်ပေးမှ ၀င်ရပါတယ်.. တန်းမစီပဲ ကျော်တက်ရင် စင်္ကပူငွေ ၅၀လခမှဖြတ်ပါတယ်. ဒီတော့ စည်းကမ်းကောင်းတာပေါ့..
(ကျောသား ရင်သား မခွဲခြားပဲ တကယ်ဖြတ်တာ).
Keppel ship yard က တော်တော်ကြီးပါတယ်.တစ်ပြိုင်တည်း သဘောင်္ ၁၀ ဆီးလောက် ပြင်နိုင်တယ်.. အင်း..အဲဒီမှာ..company တွေကလည်းအများကြီး ပေါ့. Keppel main company က section အမျိုးမျိုးနဲ့..လုပ်ကြတယ်..ကျန်တဲ့..sub-contractor ခေါ်တဲ့..labours supply company တွေကလည်းအများကြီးပေါ့။ လစာနည်းတာ..အလုပ်သမားကို ဖိခိုင်းတာ.. လစာကဖြတ်တာ တောက်တာ များတာ အဲဒီ sub-contractor တွေပေါ့. လူညွန့်ခူးစားတာ။ ဘောနပ်စ် ဆိုတာဘာကြီးလဲလို့မေးယူရမှာပါ။
(ခံစားမှု=ရတဲ့လခနဲ့ လုပ်ပေးရတာနဲ့ လုံးဝမတန်ပါကြောင်း)။
yard ထဲကိုရောက်တော့..cantee ရှိတယ်..အိန္ဒိယအစားအစာ၊ မလေးအစားအစာ၊ တရုတ် အစားအစာ တွေရပါတယ်. စင်္ကပူမှာတော့ ဈေးချိုတယ်လို့ပြောလို့ရပါတယ်..ကော်ဖီ နဲ ပေါင်မုန့် လဲရတယ်.. ဆိုင်မှာမ၀ယ်ချင်ရင်..auto machine မှာအကြွေထည့်ပြီးဝယ်လို့ရ ပါတယ်။ တစ်ခါတစ်ခါ ပိုပြီးပြန်အမ်းတတ်ပါတယ် (ဒီဂွင်ကိုစောင့်နေတာ)။
ပြောရဦးမယ် yard ထဲမှာ..မိန်းကလေး..တော်တော်ရှားပါတယ်.. office staff မိန်းကလေးများ သာရှိပါသည်။ ရံဖန်ရံခါ အင်ဂျင်နီယာမိန်းကလေး .. အလုပ်ထဲလာပြီး.. ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်ခြင်း မှ အပ မတွေ့ရပါ.. လာတဲမိန်းကလေးလည်း ခေါ်တောတစ်ထောင်မက နိုင်ငံပေါင်းစုံ မျက်လုံး တွေနဲ တွေ့မှာပဲ။ ပြောရင်းနဲ..ခေါင်းစဉ် လွဲသွားတယ်.. (စောရီး)
မနက်စာ အေးအေးလူလူ စာပြီး..နာရီဝက်လောက် နားလို့ရသေးတယ်.. ကားအခက်ခဲ ကြောင့် စောပြီထွက်တာကို.. ၇း၁၅ နာရီမှာ အလုပ်စဖို့ လူစုပါတယ်..မလေးလူမျိုး ဖိုမင်ချုပ်မှ အလုပ်တွင် ပါးရေနပ်ရေ ရှိဖို့လိုကြောင်း..သူများမသိအောင် ယူတတ်ဖိုလိုကြောင်း..
အန္တရယ်များကြောင်း၊ company မှ ပစ္စည်းများ (ဖျက်ဆီး သို ပျက်ဆီး) တစ်ခုခုဖြစ်ခဲ့လျှင်.. လစာမှ ငွေဖြတ်မည် ဖြစ်ကြောင်း၊ ပြသနာ တက်လျှင် ကိုယ့်ကိက္စ ကိုယ်ရှင်းရမှာဖြစ်ကြောင်း. အလွတ်တည်ကန်ဘောများကန်သွင်း ပြီး အလုပ်အားစတင်ဖို့ လက်ကိုဝှေ့ရမ်းပြီးပြောပါတယ်.
အားလုံးကလည်း ရိုးအီနေသော နေစဉ်ဘ၀ကို..စိတ်ဓာတ်ကျစွာဖြင့် ဖြတ်သန်း စတင်ကြပါတယ်..

နောက်ပို့စ်တွင် ..ဆက်လက်ရေးသားသွားပါမည်…
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, August 29, 2008

ဘာအလုပ်ကို လုပ်ပါသလဲ..


အလုပ်လား.. ကင်မရာတစ်လုံးနဲ့..ပေါ့..
မောင်ဒယ်ဂဲလ်.. လေးတွေကိုရိုက်ရတာတော့ ..ဟုတ်ဘူး..
တစ်နေ့..တစ်နေ့..သံတုန်းသံခဲတွေ..ကိုပဲလိုက်ရိုက်နေရတယ်။
တခါတခါ..ဓာတ်ပြတ်တယ်.. မြင်ကွင်းကလည်းတနေ့တနေ့ ဒါပဲလေ။ အော်... အလုပ်..အလုပ်..... သဘောင်္ကျင်းအလုပ်.. ဘာမှလုပ်စရာမရှိတော့လည်း ပျင်းတယ်.. လုပ်စရာရှိပြန်တော့လည်း..ယားလို့တောင်ကုတ်ကြားမရဘူး သံတုန်း..သံပြားနဲ့.. နှစ်ပါးသွားနေရတယ်.. ဓာတ်ပုံရိုက်ရင်တောင်..ထောင့်တွေကပဲ ရွေးရွေး ပြီး ရိုက်တာများတော့.. အကျင့်ပါနေပြီ..လူပုံတောင်မရိုက်တတ်တော့ဘူကောင်မလေးကတော့.. ငြိုငြင်တော့မှာပဲ.. ဘ၀.. ဘ၀.. ဒီလိုပဲ..

Friday, August 22, 2008

အညာ ချဉ်ပေါင် ကို လွမ်းတယ်

သဘောင်္ပြင်သည်..
ပြောသာပြောသာရယ်… ရွာမှာတုန်းက.. ဒီလောက်ကြီးတဲ့သဘော .. မမြင်ဖူးဘူး. အညာသား ဆိုတော့လေ…ဆည် နဲ့ ချောင်း ပဲ မြင်ဖူးတာကို .. အလုပ်က ပင်ပန်းတယ်ဆိုပြီး အသက် အန္တရယ်များ တယ် ဆိုပြီး မလုပ်ပဲကြတော့ နေလို့မှမရတာ… ပင်ပန်းသမျှ…ရသမျှ အေးဂျင့်ကို ပေးခဲ့ရတဲ့ မိဘချွေးနည်းစာ လေး ပြန်ရအောင်လုပ်ရတာပဲ။ မလုပ်လဲ အိမ်က ရှာပေးတဲ့ အရင်းအနှီး ဘယ်လိုလုပ် ပြန်ရပါမလဲနော.. အထင်နဲ့ မမြင်တော့ တက်တက် စင်အောင် လွဲတာပဲ.. ကုန်ဈေးနှုန်း ကလည်း ကြီးမှကြီး.. ဆန်ဈေးတွေဆို ခုန်တက်သွားတာ နှစ်ဆတောင်မကဘူ… ဒီရောက်မှ အညာမှာလို ချဉ်ပေါဟင်းစားချင်တာ လည်း ဈေးကြီးလို့မစားနိုင်ဘူး… ကြက်သားနဲ့ကြက်ဥ တော့ မဆိုးဘူး ဈေး ကိုပြောတာ.. စားလို့ကျတော့ မကောင်းပါဘူး…ပြောရဦးမယ် .. အညာက ချဉ်ပေါင်ဟင်းကို လွမ်းတယ်ဗျာ…
အလုပ်ကြတော့…
သဘောင်္တွေ.. ကားဝက်လျှော့မှာ .. ကားတွေ တစ်စင်းပြီးတစ်စင်း.. ပြင်ကြ.. ပြီးတဲ့အစင်းက ထွက်သွား.. အဲဒီအတိုင်ပဲ… မတူတာက.. သဘောင်္ပြင်ရင်.. အနံ့အသက် လုံးဝမကောင်းဘူး..
သဘောင်္ဆေးနံ့..ဆီချေး (ဂျီး)နံ့.. ဓာတ်ငွေ့နံ့.. စုံလို့ပဲ.. ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ဘူး..
ကိုယ်နီင်ငံမှာ.. ဒီလိုများလုပ်ရင်.. ဟွန်း… သဌေးဖြစ်တာကြာပေါ့… ဒါပေမယ့် .. ဘယ်မှာလည်း အလုပ်… တောင်သူ တွေ တောင် လယ်ယာလေးတွေရှီနေလို့… ပြောကိုမပြောချင်ဘူ..
စင်္ကပူမှာ…အချိန်ပို..ဆိုတာ ဘာလည်းလို့တောင်..မေးရမယ်..သူ့နိုင်ငံသားတွေ အတွက်တော့ ကောင်းမှကောင်း…သူများနိုင်ငံသား..တွေကြတော့…(အလုပ်သမား-အလုပ်ပါမစ်) အချိန်ပို မရှိအောင်..ပဲ..
စိတ်ကူရလို စင်္ကပူကိုလာမယ်ဆိုရင်…အက်စ်ပါ့စ် နဲ့တော့ လာဖြစ်အောင်လာပါ…
အလုပ်ပါမစ်နဲတော့..မလာသင့်တဲ့ စင်္ကပူပါ… နေရတာ..အခန်းတစ်ခန်းကို..၁၈ ယောက်..
အိပ်ရတော့ နှစ်ထပ်စင်အိပ်ယာ.. မနက်မနက်ဆို ..စိတ်ညစ်လွန်းလို့.. အစောကြီးထရတာက တမှောင့်.. ထမင်ဟင်ချက်ခန်းမှာ လူကပြည့်လို့.. ရေချိုးခန်းမှာ တန်းစီလို့.. အလုအယက် လုပ်ရတယ်.. နောက်ကျရင်..ဖယ်ရီ..မမှီတော့ဘူး .. တက်ဆီ ငှားပြီးအလုပ်သွားမှာလား..
အိပ်မှာလား တစ်ခုခုသာရွေး.
စင်္ကပူမှာ .. တန်းစီရတဲ ဒုက္ခကလည်းမသေးဘူး.. ဘာလုပ်လုပ်တန်းစီ… ဘဏ်ငွေထုပ်ချင်ရင်..တန်းစီ.. ဘတ်စ်ကားစီးမယ်ဆိုတန်းစီ.. ဈေးဝယ်မယ်ဆိုတန်းစီ.. မဂွတ်ဘူးး…..

Saturday, August 16, 2008

စင်္ကပူ သဘောင်္ကျင်း အလုပ်သမား ဘဝ

သဘောင်္ကျင်းကို.. လမ်းမှားပြီးရောက်လာတယ်. ငယ်ငယ်က..ပေခဲ့တေခံတာလည်းတာပေါ့. ပညာကိုလေ့လာရကောင်မှန်း မသိတာလေ… တစ်လကို ငွေလေး လေးငါး သိန်း လောက်ရဖို့ အရေး.. မနက် ငါးနာရီခွဲ ထရ.. ညနေ ခြောက်နာရီခွဲထိ လုပ်ရတယ်… အိုတီ ဆိုတာကလည်း ဆယ်တစ်နာရီထိ တခါခါလုပ်ရသေး .. ဒါတင်ဘယ်ကမလဲ.. စနေ၊ တနင်္ဂနွေလဲ မနားရဘူးလေ..
စင်ကာပူရောက်ပါတယ် တကယ် ကျွန်မှ ကျွန် အစစ်ပဲ…
ဒီကြားထဲမှာ အန္ဒိယကလားရယ် ဘင်္ဂလားကလား ရယ် က ကြီးစိုးသေးတယ်…
တရုတ်ကြီးက လဲ… နေရာတကာ…ဗိုလ်ကျ … မလေးတရုတ်က စိတ်ဓာတ် ရုတ်ညံ့တယ်… အလုပ်သမားခြင်းတူတူ တောင်….မြန်မာ ကဘာကြောင့်များ အောက်ကျရပါလိမ့်…… သိတော့သိ တယ် မပြောတော့ဘူး……

အလုပ်ထဲမှာလား.. ပြောကို မပြောခြင်ပါဘူ.. ဒါပေမယ့် ပြောရဦးမယ်..
သဘောင်္အဟောင်းတွေပြင်ကြတာလေ.. ဆီသေဘာၤေတြ၊ ဂတ္စ္သေဘာၤေတြ… ကားသေဘာၤေတြ.. အဆုတ် တွေ စုံလို့ပဲ။ သဘောင်္တစ်စီးလုံးကို သံပြားတွေနဲ့ လုပ်ထားတာ…
သံပြားကို ဂတ်စ်နဲ့ ဖြတ်ကြတယ်… ဘာပြောကောင်းမလဲ.. ညှော်ဆော်နံလိုက်တာ…
ဆီဟောင်းဆော်နံ.. မီးလောင်မှာကကြောက်ရသေး.. အင်း..မလွယ်ဘူး..
ကျွန်တော်တို့ အညာသားအတွက် အရမ်းကြီး အထူးခြားပါဘူး.. ရန်ကုန်က လူငယ်လေးတွေ..
အရမ်းငြီးတာပဲ…နောက်နေ့မှ ဆက်ပြောမယ်..