Friday, June 18, 2010
ဘလော့ဂ်ဖတ်ခြင်း
စိတ်ပါတဲ့အခါ ၊ အားတဲ့အခါ နည်းနည်း ပါးပါ ကြည့်ဖြစ်တယ်။ အခုမှ သေချာကြည့်မိတယ်။ ဘလော်ဂါ ဆိုဆိုဒ်တီ နဲ့ အတူ ပေါ်လာတဲ့ ဘလော်ဂါတွေ အနားယူကြတာ တော်တော်များ ရှိနေပီ။ ကျွန်တော့် ဘလော့လေးမှာ တွေ့တဲ့သူတိုင်းလင့်ခြင်း မရှိပါဘူး။ ကိုယ်ဖတ်ချင်တဲ့ ဘလော့လေးတွေ လင့်ထားဖြစ်တယ်။ နာမည်ကြီး ဘလော့တွေရောပေါ့ (ဥပမာ။ မခင်ဦးမေ ဘလော့ဂ်)။
မရေးတာ တစ်နှစ်ကြာပီဖြစ်တဲ့ ဘလော့တွေ ဆယ်ခုကျော်ရှိတယ်။ ၆ လ ကျော်မရေးတာလဲရှိတယ်။ ကြိုကြား ကြိုကြားဖုန်ခါတာက တော်တော်များတယ်။ (ကျွန်တော်လဲ အဲဒီထဲပါတယ်ထင်တယ်) ဘလော့ဂ် ဖတ်ချင်လို့ လင့်ထားတဲ့ ဘော်ဘော်တွေ စာရင်းကို ကြည့်လိုက်တယ်။ တစ်နေ့ တစ်နေ့ အသစ် တက်လာတာက လေးငါး ယောက်ပဲရှိတယ်။
ဦးညဏ်နဲ့ အန်တီဝါက အလုပ်တွေ သိမ်းကြုံး လုပ်နေပီ လှည်းတန်းမှာ sakura သွားဆေးခန်း ဖွင့်နေတယ်။ ကိုရွာသားလေး နဲ့ ကိုဝင်းဇော် လဲ ပြောက်နေတယ်။ အစ်မ မသက်ဇင်လဲ ပြောက်သွားတာ တစ်နှစ်ရှိပီ။ ကိုပီကေတစ်ယောက် ပေါ်မလာတာ တော်တော်ကြာပေါ့။
ကိုညီလင်းဆက်၊ မနိုင်နိုင်းစနေ တို့တောင် ပို့စ် အတက် နှေးသွားတယ်။ ကိုတောင်ပေါ်သားကတော့ မနေ့က ဖုန်းခါတယ်။ မောင်လူအေး ဘလော့က ပုံမှန် တက်တယ်။ မနော်ဟရီလဲ ပုံမှန် ပိုစ်တွေ တက်တယ်။ ရွှေမန်းတလေးက ကိုမောင်လှ လဲ ကြိုကြား ကြိုကြား တက်တယ်။
(မဗေဒါ လဲ နာမည်တူပေါ်လာလို့ နည်မည် ပြောင်းထားတယ်။)
အမှားပြင် >> မဗေဒါ နာမည်တူပေါ်လာလို့ ခေါင်းစားခဲ့ရတယ်တဲ့ ဒါပေမယ့် -
မူလလက်ဟောင်း ဘလော့ပေါ်က မဗေဒါက (www.mabaydar.blogspot.com) က မဗေဒါပါပဲ... နောက်ပေါ်လာတဲ့ မဗေဒါကသာ မဗေဒါ(၈၈)(www.mabaydar88.blogspot.com) လို့ရေးပါမယ်လို့ သဘောတူပြောင်းလဲလိုက်ပါပြီ... လို့ဆိုပါတယ်။
သူများတွေ ပြောနေမိတယ်။ ကိုယ်လဲ စိတ်ကူးရမှ ရေးဖြစ်တယ်။
အရှိန်ကောင်းနဲ့ မောင်နှင်နေတာကတော့ မခင်ဦးမေတို့၊ ဆရာကိုသူရိန်တို့ စတဲ့ .. စတဲ့ သူတွေပေါ့ ခင်ဗျာ။
သတင်းတခုကြားထားတာက စင်္ကပူမှာ ဘလော်ဂါ အသစ် တွေ အများကြီးတဲ့။ စင်္ကပူကို မြန်မာ ဘလော်ဂါ မြို့တော်လို့လဲ ခေါ်ကြသတဲ့။ အခုတလော ဘလော့ဂ်တွေ ပြန်ဖတ်ချင်လာတယ်။
လင့်စာရင်းထဲကို ငါးယောက်လောက် ထပ်ဖြည့်ဖြစ်တယ်။ ဂဃနဏ မဖတ်ရသေးပါဘူး။ အေးဆေး ဖတ်မယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
Friday, January 15, 2010
မြန်မာ ning ဆိုဒ်များ
၁။ မြန်မာ ဘလော်ဂါ ဆိုဆိုဒ်တီ http://myanmarbloggersociety.ning.com
၂။ မြန်မာ အိုင်တီ လောက ဖွံ့ဖြိုးမှု http://problemclean.ning.com/
၃။ နည်းပညာတက္ကသိုလ် သူငယ်ချင်းများ http://gtuonlinefriends.ning.com/
၎။ မြန်မာ သူငယ်ချင်းများနေ့ http://friendsdaygroup.ning.com/
၅။ ရင်ခုံသံ သွေးလှူရှင်အသင်း http://yinkhonethan.ning.com/
၆။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအဖွဲ့ http://mtbgroup.ning.com/
၇။ ကျောက်ပန်းတောင်းအသင်း http://kyaukpadaung.ning.com
၈။ မြန်မာမိသားစု http://myanmaractivecaringfamily.ning.com/
၉။ university of medicine (mandalay) http://ummstudent.ning.com/
၁၀။ youth knowledge devlopment http://knowledge-home.ning.com/
၁၁။ မြန်မာပြည်ကိုချစ်သာ သူငယ်ချင်းများ http://ummstudent.ning.com/
၁၂။ ဗဟုသုတ ဘဏ်တိုက် http://moelwin.ning.com/
၁၃။ ချောကလက်မြို့တော် www.chocolatemyotaw.ning.com
၁၄။ မြန်မာနက် မီဒီယာ http://myanmarnet.ning.com/
၁၅။ ကျွန်ုပ်၏ မီဒီယာ http://mediamm.ning.com/
၁၆။ ရွှေကျွန်းသား http://taryarpwagye.ning.com/
၁၇။ လိပ်ပြာ နန်းတော် http://butterflynantaw.ning.com/
၁၈။ ရေခဲ နန်းတော် http://icenantaw.ning.com
၁၉။ အိမ်သာနံရံ www.toiletwall.ning.com
၂၀။ မြန်မာ အိုင်တီ ကောင်းကင် http://myanmaritsky.ning.com/
၂၁။ မြန်မာ DJ ဖျော်ဖြေမှု http://myanmardjs.ning.com/
၂၂။ အီလက်ထရောနစ် ဂီတချစ်သူများ http://electronicamusiclovers.ning.com/
၂၃။ Myanmar Books Catalogue (NLS) http://myanmarbooks.ning.com/
၂၄၊ Myanmar narutofansite http://myanmarnarutofansite.ning.com/
၂၅၊ ကဗျာချစ်သူ http://poemchitthu.ning.com/
၂၆၊ နတ်တို့ပျော်စံရာ နတ်သဘင် http://www.natthabin.ning.com
၂၇၊ မြန်မာ မာတီ ရပ်ဝန်း http://myanmarmultiplyszone.ning.com/
၂၈၊ မြန်မာနည်းပညာ ရပ်ဝန်း http://technologymyanmar.ning.com/
၂၉။ မြန်မာ ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်း http://soeminntun.ning.com/
၃၀။ ကွန်ပျူတာ ကျောင်းတော်သားများ http://ucsycyber.ning.com/
၃၁။ မြန်မာတိုင်းရင်းဆေးကွန်ယက် http://myanmartraditionalmedicine.ning.com
၃၂။ မြန်မာ့ ရာသီဥတုဆိုဒ် http://myanmarweather.ning.com
၃၃။ မြန်မာ ဗေဒင်ဆရာများ ကွန်ယက် http://myanmarastrologist.ning.com
၃၄။
နောက်ထပ် တိုးလာတဲ့ နည်းပညာ၊ စာပေ ဗဟုသုတ ning ဆိုဒ်များ သိပါက ကွန်မင့်ရေးပေးစေလိုပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
Saturday, January 9, 2010
ဘာလုပ်ကြမှာလဲ
မရေးပဲနေချင်ပေမယ့် စိတ်ထဲမှာ တစ်နုံနုံနဲ့ ဖြစ်နေလို့ ရေးချလိုက်တယ်။
ဟိုး..ငယ်ငယ်က ထိုင်းနိုင်ငံကို (ဖာနိုင်ငံ) နှိမ့်ချ ပြောဆိုကြတာ မြန်မာလိုမျိုးတိုင်း အသိပါ။ ဆင်းရဲလို့ပဲလား ဘာကြောင့်ရယ် မတွေးမိပါဘူး။ လိင်ဖျော်ဖြေတဲ့ နိုင်ငံလို့ သိတာတခုတည်းနဲ့ စိတ်ထဲမှာ အထင် သေးမိတယ်။ ထိုင်းနိုင်ငံက ရှင်းရှင်းပြောရရင် လူသိရှင်ကြား ဖာအိမ်ထောင်ထားသူနဲ့တူပါတယ်။ ယခုအချိန်မှာတော့ ထိုင်း နိုင်ငံဟာ စီးပွားရေးတိုးတက်လို့ အာရှမှ လူရာဝင်တဲ့ အနေထားမှာရှိပါတယ်။
စင်္ကာပူကိုရောက်စက ရွှေမြန်မာများ ပါးစပ်ဖျားမှာ (အလုပ်သမားအဖြစ်လာရောက်ကြသူများ) ဖားရိုက်မလား (ဖားရိုက်တယ်ဆိုတာ ဖိလစ်ပိုင် မိန်းမပျိုလေးများနှင့် ချိန်းတွေ့ ချစ်ကြိုက် လတ်တလောပြသနာ ဖြေရှင်းခြင်း)၊ အင်းဒိုနီးရှား မိန်းမပျိုလေးများကို ဘယ်လိုခေါ်လဲမသိတော့ပါဘူး၊ အလုပ်လာလုပ်ကြသူ အချင်းချင်း အဆင် ပြေကြတာကို အပြစ်ပြောလိုတာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား မိန်ကလေးများ အိမ်ဖော် အလုပ်ဖြင့် လာတာများပါတယ်။ ပြောချင်တာက လူမျိုးရေး တစ်နိုင်ငံလုံး အရေးပေါ့။ လူ့စိတ် လွယ်လွယ်ရတော့ အလေးနက် မထားတတ်ပါဘူး။ အဲဒီကနေ နိုင်ငံကိုပါ အထင်သေးပါတယ်။ ဒါကလဲ သူ့နိုင်ငံက စီးပွားရေး အဆင်မပြေ ဆင်းရဲလို့ ဖြစ်မှာပါ။ သူများနိုင်ငံ အကြောင်း မကောင်းမပြောချင်ပါဘူး။ ယှဉ်ကြည့်ဖို့တော့ လိုတယ်။
အရင်က နားထဲမှာ ကြားနေရတာ အထက်ကပြောသလိုလေးတွေပေါ့ ဖားရိုက်မလား၊ ငါးနှိုက်မလား (အချောင်းဆိုး ပြောက်ဆေးလို့ပြောတယ် မူးယစ်ဆေးဝါးလိုသုံးတာ)။ အဲလိုနေရင်း နောက်ထပ် စကားတခွန်း ကြားလာရတယ် အဲဒါကတော့ ရွှေကျင်မလား တဲ့။ ရွှေကျင်တယ်ဆိုတာ မြန်မာ မိန်းကလေးများကို ချိန်ရွယ်ပြစ် တဲ့မျှားပါ။ ဒီဘက်နှစ်တွေမှာ မြန်မာ မိန်ကလေးတွေ အိမ်ဖော် အလုပ်နဲ့ လာတာများလာတယ်။ အဲလိုများလာ တာနဲ့အမျှ အဝေးမှာ နှစ်နဲ့ချီနေရတော့ လူပဲလေ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲ . အဲတော့ ဘာဖြစ်ကြလဲဆိုတော့ မြန်မာ ယောင်္ကျားလေးတွေ (သူ့လယ်ဘယ်နဲ့သူရှိပါတယ်) က ရွှေဆိုတဲ့ မြန်မာမလေးတွေကို ပြစ်မှတ်ထား လာကြတယ်။ ကျွန်တော် အဲဒီအထိ ဘာမှ မပြောလိုပါဘူး။ ကိုယ့်ရွှေ အချင်းချင်း အဲလို ချစ်ကြိုက်ရာကနေ သံယောဇဉ်ဖြစ် ပြီး အိမ်ထောင်ရက်သား အတည်တကျ ဖြစ်သွားနိုင်တာပဲလေ။
အခုတစ်လော ရင်ထဲတစ်နုံနုံ နဲ့ ပေါက်ကွဲနေတာက ဘင်္ဂလား၊ အိန္ဒိယ ယောင်္ကျားလေးတွေ ကြားထဲမှာ မြန်မာ မိန်းကလေးများ အကြောင်း အတော်လေး ပြောနေကြတာ ကြားလာရတယ်။ အသားမဲလို၊ ကုလားမိုလို့ ဒေါသစိတ် နဲ့ မခံချင် ဖြစ်တာ မဟုတ်ဘူး... အပြောခံရတာကလဲ ကြည့်ပါဦး.......
“မင်းဆို့ မြန်မာ မိန်းကလေးတွေ ဖိလစ်ပင်း စိမ်းစိမ်း” တဲ့ ကြားကြားချင်း ထသတ်ချင်စိတ် ပေါက်တယ်။
အစကတော့ မြန်မာ အိမ်ဖေါ်မလေးတွေကို အပြစ်တင်ချင်တယ်။ နောက်ပီး သောက်လုပ် မလုပ်ပဲ အိပ်ထောင် ဦးစီးလုပ် မကျွေးနိုင်ပဲ ကလေးတွေမွေးတဲ့ မြန်မာယောင်္ကျားတွေကို အပြစ်တင်ချင်တယ်။ သေချာတွေးတော
ဒါတွေဖြစ်တာ ဘာကြောင့်လဲ ရှင်းပါတယ်။ စီးပွားရေး အဆင်မပြေလို့ဖြစ်တာ။ စားစရာ မရှိတဲ့ ဘ၀ကို ဘယ်လို ကိုယ်ကျင့်တရားက တောင့်ခံနိုင်မှာမို့လဲ။ အောက်ခြေ လူထု ဘာတွေဖြစ်နေလဲဆိုတာ သူတို့တွေ သိသင့် တယ်။ ဖိလစ်ပင်းလို အင်ဒိုနီးရှားလို ဆင်းရဲလို့ ဒီလို အပြောခံရတာ ဆိုတာ ရှင်းပါတယ်။ ကြာရင် ဒီထက်ဆိုး လာလိမ့်မယ်။
တစ်ဦးတစ်ယောက်ကြောင့်ဆိုရင် ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မပေါ့။ ဖြတ်ထုတ်ပစ်လို့ရတယ်။ အခုဟာက တစ်မျိုးသားလုံးနဲဆိုင်တယ်။ တော်တော်ရင်လေးမိတယ်။
အဲဒီတော့ ဘာလုပ်ကြမှာလဲ။ ဒီအခြေနေတွေကို မရောက်အောင် ဘယ်လိုလုပ်ကြမလဲ။
Tuesday, September 29, 2009
ဘယ်သူမပြုမိမိမှု ။
အထက်က လင့်ကတော့
ပဉ္စ၀ဂီ ငါးကို တရားဟောတော်မူတဲ့ သရုပ်ဖေါ်ပုံကို မစဉ်းမစား ကျော်ညာ အဖြစ်နဲ့ သုံးထားတာဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင် အဖြစ် မြင်နေကြတာ ဖြစ်နိုင်တယ်။
ဘာသာတရားကို အသုံးချမှုမျိုး ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဖော်ဝါ့မေးမှာ မြန်မာ့ပြည်က ဒီဂျေ လူငယ် တစ်ယောက်ပုံကိုလဲ တွေ့လိုက်ရတယ်။
မလုပ်သင့်တာတွေ လုပ်ကြတယ်။ ဘယ်သူမပြု မိမိမှု ပဲလို့ မှတ်လိုက်ပါတယ်။
ဘယ်သူမပြု မိမိမှု ပဲပေါ့။
Friday, September 18, 2009
လူ့အခွင့်ရေး ပြည့်ဝသော
မတရား ဥပဒေတွေနဲ့ဘဲ လာလာတွေ့နေရတယ်။ ခေတ်တွေပြောင်းလို့ မြို့ဟောင်းတခုသာ ဆွေးမြေ့ ကြေမွ ပျက်သုန်းသွား လိမ့်မယ်။ စနစ်ဆိုးတွေကျတော့ မြို့သစ်တည်တဲ့ထိ လက်ဆင့်ကမ်း သယ်ယူနေကြတယ်။ ကောင်းသော အမွေကို ဆက်ခံဖို့ ၀န်လေးကြ။ မကောင်းတဲ့အမွေကို သယ်ယူဖို့ ၀န်မလေးဘူး။ အဲဒီထဲမှာ အဆိုးဆုံးက အရင်းရှင် လူတန်းစားနဲ့ အုပ်ချုပ်သူ လူတန်းစား တွေပေါ့။ ကပ်ဖား ရပ်ဖား တွေလဲ ပါတယ်။
ကျွန်တော် အမုန်းဆုံးက မတရားတဲ့ ဥပဒေရယ် မတရားဥပဒေကို ၀ိုင်းပီး အကောင်ထည် ဖေါ်တဲ့သူတွေ ကိုပေါ့ဗျာ။ ကျွန်တော် ထမင်းငတ်လို့သေချင်သေသွားမယ် အဆိပ်ပင်ကို လုံးဝ ရေမလောင်းဘူး။ အတိတ်၊ လက်တွေ့ နဲ့ အနာဂတ် ကို အဖန်ဖန် သုံးသပ်လို့ ကောင်းမွန်တဲ့ အနာဂတ် လူမှုပတ်ဝန်းကျင် တခုဖြစ်ဖို့ ၀ိုင်းဝန်း ကျိုးစားဖို့ အထူးလိုအပ်တယ်။ ဒီလို ချိန်မှာ အတ္တတွေ ဘေးဖယ်ထားဖို့ လိုတယ်။
ပြဌာန်းတဲ့ဥပဒေတွေကလည်း များလှပါဘိ။ လူ့ပတ်ဝန်းကျင်မှာ လူလိုကျင့်ပြီး နေထိုင်ရင် ဘာဥပဒေမှ ပြဌာန်းနေစရာမလိုပါဘူး။ လူလိုမကျင့်သူတွေကလဲ ဒုနဲ့ဒေးပေါ့။ ကျွန်တော်ပြောတဲ့ လူဆိုတာ လု၊ လူ၊ လူး ထဲက အလယ်က လူ ကို ဆိုလို ပါတယ်။ လူမှု အသိုင်းဝိုင်းတခုမှာ အရင်းရှင် နဲ့ အုပ်ချုပ်သူ ကပေါင်းလို့ ငါးစာချတယ်။ ငါးစာမှာ ငါးမျှားချိတ်က အရင့်အရင်ခေတ်ကလို ဆူးချိတ် တစ်ခုတည်း မဟုတ်။ အနုမြူ လေဆာ ရောင်ချည်တွေ တပ်ထားတယ်။ ကဲ.. ဘယ့်နဲ့ရှိစ။
ငြိမ်းချမ်းရေး အနုပညာ တဲ့။ ဘယ်သူတွေများတတ်မြောက်ပါသလဲ။ ဘန်ကီမွန်းလေလား။ သူ့ဖိနပ်တောင် ဘာ အရောင်လဲ ပြန်ကြည့်ဖြစ်မယ် မထင်ပါဘူး။ ကျွန်တော်တွေ့နေတာက တော့ဗျာ.. မီးလောင်လို့ ပြာကျလုနီနီး မြို့ပြကြီးကို ကြည့်ပီး ဒီဂျေ ပွတ်နေတာတွေပဲ တွေ့နေ ရတယ်။ နှလုံးသားကို မရှိကြဘူး။
စနစ် - အုပ်ချုပ်မှု စနစ်ကိုကြည့်မလား။ အလုပ်သမားတွေကို တပြေးညီ အုပ်ချုပ်မှု မရှိဘူး။ ဥပဒေ တစ်ခု ထုတ် တယ်။ ကြေညာမောင်းခတ် အသိပေးရမယ်ဆိုတာ သိမှ သိပါလေစဗျာ။ အုပ်ချုပ်သူတို့လက်ထဲ အဆင့်ဆင့် စာ ရွက် စာတန်းတွေ ရောက်ပါရဲ့ ဒီလူတွေပဲ ဥပဒေ ကိုနား လည်တယ်လေ။ အဲတော့ ဘာဖြစ်လဲ တကယ် အလုပ် လုပ်သူတွေက ဘာမှ မသိရတော့ ကျီး လန့် စာ-စား။ တစ်နေ့နေ့တော့များလား အလုပ်သမား တော်လှန်ရေး ဆိုတာ ပြန်ကြား လာရလိမ့်မယ်။ ခံနိုင်သရွေ့သီးခံတာ လူ့သဘာဝပဲ။ မခံနိုင်တဲ့တစ်နေ့ အုံနဲ့ ကျင်းနဲ့ ပေါက်ကွဲ လိမ့်မယ်။ အုပ်ချုပ်သူတို့ လက်နှက်တွေ မိုးထားတဲ့ ကွင်းပြင်ထဲ သေသော်မှတည့် အော်ကောင်း၏ ဆိုတာ ဖြစ်လာမှာမလွဲပဲ။
မနေ့က အဖြစ်ကိုပဲကြည့် အလုပ်သမားတစ်ယောက် အက်စီးဒင့်ဖြစ်တယ်။ ဒါကို ကုသဖို့ ဘယ်မှာလဲ ရှေ့ဦး သူနာပြု။ ဆေးသေတ္တထဲကြည့်လိုက် တော့ ဘာဖြစ်ဖြစ် ပန်နယ်ဒေါ တိုက်လိုက်။ လဲကျနေတဲ့ လူနာကို ဘေးမှာ ထားပြီး ဆေးခန်း ပို့ဖို့ အက်စီးဒင့်ရီပို့တဲ့။ အဆင်ဆင့် လက်မှတ်တွေထိုးရ။ ထမင်းစားချိန်မို့ သကောင့်သားက ရှာမရ။ ကိုစလုံး ကားဆရာက သက်သာရာ သက်သာကြောင်း မောင်းမပို့ချင်တော့ ဝေ့လည် ကြောင့်ပတ် တောပြော တောင်ပြော။ သေဖို့အရေးဆို သေတာ ကြာပေါ့။ ဒေါက်တာ တဲ့ ဘာတုန်းဟ ဒေါက်တာဆိုတာ။ အရင်းရှင်နဲ့ပင်းလို့ အလုပ်သမား နားရင်း ရိုက်တဲ့လူက ဒေါက်တာ တဲ့။ လစာကနေ ဆေးကူသ စားရိတ်ဖြတ် မယ်။ ဒါလား ဟဲ့ လူ့အခွင့်ရေး ပြည်ဝသော။ ဟား.. တိုက်လို့ ရယ်လိုက်ချင်သည်…….။
Sunday, June 7, 2009
များလိုက်တဲ့ ထိချက်တွေ။
သတိထားမိတယ် ၂၀၀ ကျော်လောက်တက်လာတယ်။ ဒီစကားလုံး ရှာတဲ့သူတွေ အနံခံပြီး ရောက်လာ နေကြဦးမှာပဲ ။ ပို့စ် ကိုဖတ်ဖြစ်ခဲ့တယ် ဆိုရင်တော့ တမျိုးကောင်းတာပေါ့လေ။
ကျနော်ရေးတဲ့စာကလဲ နည်းနည်းကြမ်းသွားတယ်။ အမှန်တကယ် ဂူဂဲမှာ ပေါ်တဲအတိုင်း ရေးလိုက်တာ ။ စိတ်ထဲ မခံချိ မခံသာ ဖြစ်လွန်းလို့ပါဗျာ။ ထူးထူးခြားခြား ထိချက်တွေ တက်လာတာတော့ သိလိုက်ရတယ်။
ဒီလိုနည်းနဲ့ အွန်လိုင်းမှာ ထိချက်ယူ ငွေရှာနေကြတာကို လက်တွေ့ သိလိုက်ရတာတယ်။ ဒီလိုလူမျိုးကလဲ လူနဲ့ လူပတ်ပန်းကျင်မှာ ရှိနေဦးမှာပဲ။
ပြန်တွေးကြည့်တော့လဲ စာလာဖတ်တဲ့ အားပေးတဲ့ အကို အမများကို အားနာပါတယ် ။
တောင်းပန်ပါတယ်နော်။
Friday, May 22, 2009
ဒီမိုကရေစီနိုင်ငံ နှင့် ကွမ်းစားခြင်း အနုပညာ
စင်္ကပူကဲ့သို့ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံတွင် စည်းကမ်းချက် များစွာတွေ့ရသည်။ ပြတ်သားစွာ အရေးယူ သည်ကိုလဲ တွေ့ရသည်။ တနေ့ကဖြစ်သည်။ အတူနေ သူငယ်ချင်း (safety supervisor) တစ်ဦး မြောင်းထဲသို့ ကွမ်းသွေး ထွေးမိ၍ ဒဏ်ငွေ ဆောင်လိုက်ရ သည်။ သူသည် ကွမ်း အလွန်ကြိုက်သူ ဖြစ်သည်။ ကွမ်းကို ကိုယ်တိုင် ပြုလုပ်ကာ စားတတ်သည်။
ယခု ဖြစ်သော ကွမ်းသွေးထွေးခြင်း အမှုသည် ခွင်လွတ်နိုင်သော အခြေနေဖြစ်သည်။ ဖယ်ရီ စောင့်နေစဉ် လမ်းဘေး ရေမြောင်းထဲသို့ ကွမ်းသွေး ထွေးလိုက်သည်။ လမ်းမပေါ် ထင်သာမြင်သာ သော နေရာတွင်မဟုတ်။ အမှုမဲ့ အမှတ်မဲ့ပင်ဖြစ်သည်။ သိုသော် ရဲကားနှင့် ပက်ပင်းတိုး သည်။ ဒဏ်ငွေ စင်္ကပူဒေါ်လာ 250 s$ ရုံးတွင် ပေးဆောင်ရန် ပါမစ်နံပါတ် ပါသော ဖြတ်ပိုင်းတစ်ခု ပေးခဲ့သည်။ သတ်မှတ် ရက်အတွင်း ဒဏ်ငွေပေးဆောင် ရန်သာရှိသည်။ မပေးဆောင်က စည်းကမ်း ဥပဒေ အတိုင်း ရှေ့ဆက်ပေလိမ့်မည်။
ဤတွင်ခေါင်းထဲသို့ အတွေးတစ်ခုဝင်ရောက်လာသည်။ လွတ်လပ်ခြင်း ဒီမိုကရေစီ သဘောတရားသည် လမ်းဘေး မြောင်းထဲ ကွမ်းသွေးထွေးရန် မဟုတ်ဟု နားလည်ရသည်။
Tuesday, April 28, 2009
ကျွန်ုပ် နှင့် ပတ်ဝန်းကျင်
၂။ တရုတ်နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာငွေကြေး ပုံစံသစ် မက်စေ့အား လေလုံးပစ် လိုက်သဖြင့် အမေရိကန် ဒေါ်လာဈေး ပြန်လည် မြင့်တက်လာသည်။
၃။ သဘောင်္ကျင်း လုပ်ငန်းတွင် ယခင် နေ့ဆိုင်း၊ ညဆိုင်း မျာဖြင့် နေ့ညမပြတ် လုပ်ကိုင်ရသော လုပ်ငန်းသည် ယခုမူ တစ်နေ့ အလုပ်ချိန် ၈ နာရီပင် ပုံမှန်မရခြင်တော့ပေ။
၎။ ယမန်နေ့က ကြားရသည့် သတင်းအရဆိုလျှင် စင်္ကပူနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းလုပ်ငန်းမှ အလုပ် သမားများ ကာတာနိုင်ငံ ကယ်ပဲ သဘောင်္ကျင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ရှိသည်ဟု ဆိုသည်။
၅။ လုပ်ငန်းများမှာလဲ.. မေဂျာ ပရောဂျက် များ မရှိတော့ပဲ .. မိုင်နာ ပြင်ဆင်မှုများသာ ရှိသော ကြောင့် လုပ်အား လိုအပ်မှု လျှော့ကျသည်။ အချို့ သဘောင်္ကျင်းများတွင် တစ်ရက်အလုပ်ဆင်း တစ်ရက်နား ရသည်။
၆။ မြန်မာအလုပ်သမားများမှာ လူဦးရေ ပေါများပြီး ပေးသလောက်ဖြင့် လုပ်နိုင်သော အိန္ဒိယ နှင့် တရုတ်နိုင်ငံမှ အလုပ်သမားများ နှင့်ယှဉ်ကာ လုပ်ကိုင်ရသည်မှာ မစားသာပေ။ မြန်မာ့ နိုင်ငံ ပညာရေး သည် အထူးမြှင့် တင်ရန် လိုအပ်သည်ဟုမြင်မိသည်။
၇။ ကျွန်ုပ်ပတ်ဝန်းကျင်မှ အချို့သော မိတ်ဆွေများမှ စီးပွားရေး ဘယ်တော့ ဦးမော့ လာမည်နည်း ဟု မေးကြသည်။ ဤအရေးတွင် ကျွန်ုပ်ကား ပါစပ် အဟောင်းသားရှိချေသည်။
၈။ ကျွန်ုပ်သည် ယမန်နေ့က သဘောင်္၏ အမြင့်ဆုံး နေရာသို့ အရောက်တွင် ဒိုင်ပင်ထိုးကာ မြန်မာပြည် ပြန်ခြင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ဒိုင်ပင်ထိုးရန် စိတ်ကူးသော်လဲ ငါးမန်းများ ရေကစားနေသည်ကို မြင်သဖြင့် မထိုးဖြစ်ခဲ့ပေ။
၉။ ဤကား ကျွန်ုပ် နှင့် ပတ်ဝန်းကျင် ဖြစ်ချေသည် တမုံ့။ ကျွန်ုပ် မဖြေနိုင်သော မေးခွန်းတစ်ခုအား ဖြေနိုင်သူ ဖြေပေးက ကျေးဇူး အသင်္ချ ရှိချေသည်။
Monday, April 6, 2009
အချစ် ဆိုတာ...
“ဟေ့ကောင်… ငါခေါ်နေတာကြားရဲ့လား.”
သူ လှည့်၍ ပင်မကြည့်။ စိတ်ကူးယဉ်နေရလျှင် ထမင်းမေ့ ဟင်းမေ့၊ ကဗျာရေးနေရလျှင် ခေါ်မကြား အော်မကြား။ ငယ်ပေါင်း မဟုတ်သော်လည်း အလွန် ခင်သော သူငယ်ချင်းဖြစ်သည်။
“ဖြန်း”
“အား….. နာလိုက်တာ ၊ ဘာလည်းကွာ… တအား ရိုက်ရလားကွ..”
“ငါဒီလောက်ခေါ်နေတာ.. ပြောစမ်းပါဦး မင်း ဘာတွေ စိတ်ကူးယဉ် နေတာလည်း”
“မင်း ဘယ်သူ့မှ မပြောဘူးဆို ငါပြောပြမယ်”
“အေးပါကွ မင်းကလည်း ပြောစမ်းပါ.. ငါ ကတိပေးတယ်ကွာ.. ယောင်္ကျားကတိ”
“ငါ ချစ်တဲ့ ကောင်မလေးအကြောင်းကို ကဗျာဖွဲ့ နေတာ.. ကောင်မလေးက တအား လှတာပဲ.. တကယ်ကို နတ်သမီးလေး လိုပဲကွာ ။ သူဟာ ငါ့အတွက် ပြစ်ကင်းစင်တဲ့ ရွှေရုပ်လေး တစ်ရုပ်လိုပဲ … ငါသူ့ကို တအား ချစ်တယ် ”
“အင်း.. ဆက်ပြောပါဦး သူငယ်ချင်း”
“အချစ်ဆိုတာ တကယ်ကို မွန်မြတ် သန့်စင်တဲ့ အရာပါကွာ။ ငါ့ သူ့ကို ချစ်တာ တကယ် အချစ်စစ် အချစ်မှန် နဲ့ချစ်တာ… သူ့ကို ထိုင်ကြည့်နေရရင် ကျေနပ်တယ်။ သူ့ မျက်နှာလေး မြင်ရရင် ငါ့ရင်ထဲ အေးမြတယ်။ သူအပြုံးတွေက လျှို့ဝှက်ချက် ကင်းတယ် ရိုးသားဖြူစင်တယ် ဆိုတာ ပေါ်လွင်နေတယ်။ သူ့အကြောင်းတွေး ပြီး ကဗျာရေးနေရတဲ့ အရသာ ဘာနဲ့မှ မလဲနိုင်ဘူး။ သူလမ်းလျှောက်လာရင် လွယ်အိတ် လေးကို လက်တစ်ဖက်က ကိုင်လို့ .. သူ့ လက်လေး တွေ လှုပ်ရှားတာက အစ တကယ်ကို ကဗျာ ဆန်တယ်။ ပုခုံးပေါ် ၀ဲကျနေတဲ့ ဆံပင် လေးတွေ ကလည်း ကဗျာဆန်တယ်.. ငါလေ .. ငါသူ့ကို ချစ်နေတာ သူသိရင် - ချစ်နေခွင့်ရရင် ကျေနပ်တယ် သူငယ်ချင်း .. သူနဲ့ပတ်သက်ရင် .. သူအချစ်ကိုရမှ လို့ အသည်းသန် သူ စိတ်ညစ် ရအောင် မတောင်း ဆိုခြင်ဘူး.. ကိုချစ်တဲ့ သူက ကိုယ့်ကို ပြန်ချစ်ပြီး ဘ၀ တသက် လက်တွဲခွင့်ကို လူတိုင်း လိုခြင် သလို ငါလည်း လူသား တစ်ဦး ပါကွာ။ ငါ့အချစ်က သူ့အတွက်ဆို သူစေရာ ငါ အဆင်အသင့် ရှိနေတယ် သူငယ်ချင်း။ ဘာပဲလုပ်ရ လုပ်ရ ဆိုသလိုပေါ့ကွာ ”
“ အေး ချစ်တာလည်း ချစ်.. စာမေးပွဲနီးပြီ သူငယ်ချင်း.. ဆယ်တန်းက ဘ၀ အတွက် အရေးပါတယ်။ စာကို လည်း ခေါင်းထဲထည့်ဦး ”
“ အေးပါကွာ။ ခုလောလောဆယ်တော့ တစ်နေ့ကိုကဗျာ တစ်ပုတ် မရေး ရရင် မနေနိုင်ဘူး။ ဒီချိန်ဆို သူ ၀ရံတာမှာ ထွက် စာကျက် တတ်တယ် .. ငါ ကဗျာ ရေးဖို့ စိတ်ကို အစာကျွေး လိုက်ဦးမယ်.. မင်းလိုက် ဦးမလား .. ”
“မလိုက်တော့ဘူး သူငယ်ချင်း။ ငါ ဆရာဆီ စာသွားမေးမလို့ ”
သူသည် ကျနော့်အား နှုတ်ဆက်ခါ ထွက်သွားသည်။ ကျနော်လည်း ဆရာအိမ်ဖက်သို့ ခြေဦးတည်လိုက်သည်။ ခြေလှမ်းများ မှန်မှန် လျှောက်နေသော်လည်း ခေါင်းထဲတွင်တော့ အချစ်ဆိုသော အရာကို ဘာသာပြန်နေမိသည်။ အချစ်ဆိုတာ...... ???
Friday, March 20, 2009
ကျနော့်ခေါင်းကို ရိုက်ခတ်သောကမ္ဘာ။
အလုပ်လုပ်ရတာ စိတ်မပါဘူး။ ဘာလို့လည်းဆိုတာ့ လုပ်စရာကိုမရှိလို့။ လုံးဝ လုပ်စရာမရှိတာတော့ မဟုတ်ဘူး။ ၂ နာရီလောက် လုပ်ရင်ပြီးတဲ့ အလုပ်ကို တစ်နေကုန် လုပ်နေရတာကို က ပျင်းစရာရာကြီးဗျာ။ ကျနော်ဆိုတဲ့ကောင်က အလုပ်တွေနဲ့လုံးနေမှ ကိုဖြစ်မှာ။ အလုပ်ထဲမှာ စိတ်ကို နှစ်ထားခြင်တယ်။
ဟိုတစ်နေ့က -
မြန်မာပြည်ကို ဖုန်းခေါ်ပါတယ်။ ဘာမှ လည်းမပြောရပဲ ပိုက်စံကို စားစားသွားတယ်။ ဒီလိုကြုံရတာလည်း ခဏခဏပဲ။ ဈေးကလည်း ကြီးလိုက်တာမှ ပြော မပြောခြင်ဘူး။ ဘယ်နိုင်ငံနဲ့ပဲ ယှဉ်ယှဉ် ပေါ့ဗျာ ဖုန်းကဒ်ဈေး နှုံးကတော့ ထိပ်ဆုံးကပဲ။ အိန္ဒိယတွေ။ ဘင်္ဂလားတွေ ကို ကြည့်ကြည့် သူတို့တွေ နိုင်ငံက မိသားစု နဲ့ ဆက်သွယ် ရေး တော်တော်လေး အဆင်ပြေတယ်။ တို့များ ရွှေမြန်မာများမှာတော့......
သုံးလေးရက်ရှိပြီ -
အခန်းက အကိုကြီးတစ်ယောက် မြန်မာ ဗွီဒီယိုဇာတ်ကားတွေ တစ်ထုတ်ကြီး ငှားလာတာကို ထိုင်ကြည်
့ဖြစ်တယ်။ ဇာတ်အိမ်ဖွဲ့တာတွေက တခါလာလည်း စင်္ကပူ အလုပ်လုပ်သွားမယ်။ နိုင်ငံခြားမှာ အလုပ်လုပ်မယ် ။ ဒါတွေပဲထပ်နေတယ်။ မှတ်မိသေးတယ် ငယ်ငယ်တုန်းက ဇာတ်ကားတွေ ကျောက်တူးသွားမယ်။ မိုင်းရှူး သွားမယ်။ ဖားကန့်သွားမယ်၊ မိုးကုတ်သွားမယ် အဲဒီလိုတွေလေ။ အခု မြန်မာပြည်မှာ ကျောက်တွေ တူးစရာ မရှိတော့ဘူးလားမသိဘူး။ အေးလေ... ဘယ်အရာမှ မတည်မမြဲတာ.....
တော်တော်ကြာပြီ-
ဟုတ်တယ် တော်တော်ကို ကြာပီ။ အနှစ် ၂၀ နီးပါပဲ။ ကျနော် ခေါင်းကို အရိုက်ခတ်ဆုံးက လူသားတွေနေတဲ့ ကမ္ဘာကြီး။ ထုထည်ကြီးမားတဲ့ ကမ္ဘာကြီးက ကျနော့်ခေါင်းကို ရိုက်ခတ်တာဗျာ.. စဉ်းစားသာကြည့်တော့..
ဦးသန့် က ကမ္ဘာကြီးကို အုပ်ချုပ်ရသူပါ။ ကျနော်က ဘာလည်း - ကမ္ဘာကြီးကို အေးချမ်းစေခြင်သူပါ။ အထူးသဖြင့် ကျနော့် မိခင်တိုင်းပြည် မြန်မာပြည်ကို အေးချမ်းစေခြင်သူပေါ့......
Thursday, March 12, 2009
မန်ယူ နိုင်တယ်ဟေ့
၂၄ နာရီ အလင်းပေါက်ဆိုင်မှာ သွားကြည့်ရတာ။
ဒါပေမယ့် ပွဲကြီးပွဲကောင်း
မန်ယူ - အင်တာပွဲ နှစ်ပွဲလုံး ကြည့်ဖြစ်ပါသည်။
အဝေးကွင်း သရေ၊ အိမ်ကွင်း မှာ ၂=၀ နဲ့ မော်ရင်ညိုကို နှုတ်ပိတ်လိုက်ပါသည်။
ထို့ကြောင့် အရမ်းပျော်ပါသည်။
ဆိုင်မှာ ဘောပွဲပရိတ်သတ် ၅၀ လောက်ရှိသည်။ မြန်မာ ၄၅ ယောက်ခန့်ရှိမည်ထင်သည်။
ရွှေမြန်မာများ ဘောလုံးချစ်တာတော့လွန်ကိုလွန်တယ်နော်။
Saturday, March 7, 2009
ဂျီမေး မှ ဘလော့ သို့ အစမ်းတင် ကြည့်ခြင်း
ဘယ်လိုလုပ်ရမလည်း ဆိုတာတောင် မလေ့လာဖြစ်ဘူး။
ရွာပြန်ရောက်ရင် အသုံးကျမယ့် နည်းလေး ဆိုတော့ တောင်ပေါ်သားလေး မေးပီး
စမ်းကြည့်တယ်။ ရ၏ မရ၏ တော့ ကြည့်ရမှာပဲ။
ကဲ.....ဟတ်ချလောင်း..................
Sunday, January 18, 2009
ဓနရှင်နှင့် မြေခွေးများ ကြီးစိုးသော ကမ္ဘာ
များလိုက်တဲ့ အလုပ်တွေ နဲ့ နပန်းလုံးနေချိန်မှာ
စိတ်က ဘလော့ဆီကိုရောက်နေတယ်။
အလုပ်ထဲမှာ အဆင်မပြေတဲ့ အဖုအထစ်တွေ ကို စိတ်နဲ့ ဘလော့။
ပေါက်ကွဲသံစဉ်တွေ ကို စာစီရင်း ပိုစ်တင်ဖို့ ခေါင်းစဉ်တစ်ခု ရလာတယ်။
“ ဓနရှင်နှင့် မြေခွေးများ ကြီးစိုးသော ကမ္ဘာ” တဲ့။
ခေါင်းစဉ် ကိုပဲ ဖေါ်ပြတော့မယ်ဗျာ။
စိတ်ထဲကနေ ဆဲသံဆိုသံတွေ ရေးချလို့ကောင်းဘူး။
အုပ်ချုပ်ရေး နည်းပညာ မသိ။ နည်းပညာ မတတ်။
နားမလည်လို့ ရှင်းပြတာ မကြိုက်။ ဟောက်ဖို့လောက်ပဲနားလည်တယ်။
တော်တော်ကိုလူမဆန်တဲ့ သတ္တ၀ါ တစ်သက်မှာ တစ်ခါသာတွေ့ဖူးတယ်။
နေနှင့်ဦးပေါ့ လို့ ပဲ ကြိမ်းပြီး နေနေရတယ်။ ဒေါ်လာ တန်းဖိုးကလည်း တော်တော်ကြီးသကိုးဗျ။
တကယ်ပါဗျာ.. ဓနရှင် ရဲ့ မြေခွေးတွေနဲ့ တွေ့နေရတယ်။ သွားခြင်ဦးဟ စင်္ကပူ ။
Saturday, October 4, 2008
ကွန်ပျူတာထဲက သရဲ..
ဒီနေ့ မနက်စောက ဘလော့ကို ဖွင့်ပြီး ဘယ်သူတွေများ မျက်စေ့ လည် လမ်းမှားရောက် လာမလဲလို့ သိခြင်စိတ်နဲ ကွန်ပျူတာကို ဖွင့်တယ်..
ဘာဖြစ်နေလည်း မသိဘူး ကျွန်ပျူတာက အရမ်းလေးနေတယ် window တစ်ခု file တစ်ခုကို အကြာကြီး ဖွင့်နေရတယ်.. ဒါနဲ ကွန်ပျူတာထဲက အသုံးမ၀င်တော့တဲ့ နှစ်ကြာတဲ့ ဖိုင်တွေ ဖျက်ပစ်တယ်
နောက်ပြီး ယာယီအင်တာနက်.(temporary internet file) ဖိုင်ထဲက ဖိုင်တွေ ပုံတွေ ဖျက်ပစ်လိုက်တယ်..
အဲဒီမှာဗျာ.. ပုံတစ်ပုံ ကိုသွားတွေ့တယ်.. bitmap ပုံလေး ငယ်ငယ်လေးဆိုတော့ သိပ်မြင်ရဘူး ပုံကတော့ ကောင်မလေး ပုံလေးပဲ..
ဒါနဲ zoom လုပ်ကြည့်လိုက်တယ်.. ဟာ..အောင်မလေး…ဗျ.. ကြောက်စရာကောင်းလိုက်တာ.. သရဲ..ဗျ..သရဲ.. screen အပြည့်တက်လာပြီး . မျက်လုံးပြူးပြနေသလို … တကယ်..ကြက်သီးထတယ် ..
လူကို ရင်တုန်သွားတာပဲ အပြာရောင်ဝတ်ထားတယ်. ပုံက သရဲမကို ခေါင်းပေါ်က ရိုက်ထားတာ. အပေါ်ကိုမော့်ကြည့်နေတဲ့ပုံ .. အနီးကပ် မျက်နှာကို မြင်ပြီး လန့်လိုက်တာ..ကြောက်လိုက်တာဗျာ…ကျွန်တော် သရဲကြောက်တယ်..
ဘေးမှာလည်း ဘယ်သူမှရောက်သေးဘူး.. ဒါနဲ .. မြန်မြန်ပိတ်ပြီး delete လုပ်ပစ် တယ်. ဘလောကိုဖွင့် ကြည့်မှာ တောင် မဖွင့်ရဲတော့ဘူး ဘယ်ကဘယ် လိုရောက်နေတာပါလိမ့်ဗျာ… ကျွန်တော်လည်း သရဲ ဆိုဒ်တွေ မကြည့်ပါဘူးတခါတည်းနဲ့ လန်သွားပြီ နောက်ဆို ဘေးနားမှာ လူမရှိရင် ကွန်ပျူတာကို မဖွင့်ရဲတော့ဘူး…