ဆန်းဝင်း (ကျောက်ပန်းတောင်း)
PERsonal blog
Showing posts with label
ကပတ
.
Show all posts
Showing posts with label
ကပတ
.
Show all posts
Monday, January 21, 2013
ကျောက်ပန်းတောင်းမြို့ Kyaukpadaung Town
အခြေခံ ပညာ အထက်တန်းကျောင်း . ကျောက်ပန်းတောင်း
ကြမ်းပိုး ကိုက်သေးလားတော့ မသိ ကျောက်ပန်းတောင်းက ရုပ်ရှင်ရုံ
ကျောက်ပန်းတောင်း ဈေး
ပျော်ပွဲရွှင်ပွဲ ဇာတ်ပွဲငှားမယ်ဆို မြန်မာ့မှု အနုပညာ နယ်မြေ ။
Sunday, August 7, 2011
ကျွန်တော်ချစ်သော သူမနှင့် မြစ်ဧရာဝတီ ။
သူမဟာ အေးမြမှုပေးတဲ့ ကျွန်တော့်ရဲ့ နှလုံးသား
ကျွန်တော့်ရဲ့ အသက် ဝိညဉ် ဖြစ်တယ်။
သူ့မကို ပိုင်ဆိုင်လိုမှုနဲ့ ရင်ထဲမှာ လှောင်ပိတ် မထားပါဘူး
ထာဝရ လွတ်လပ်စွာ ရှင်သန်ခွင့် ပြုတယ်။
ဒီလိုနဲ့ သူမက အပျော်ကြီးပျော်
မြစ်ဧရာဝတီနဲ့ မိတ်ဆွေဖွဲ့လို့
သူတို့က နေ့နေ့ညည စကားဆိုနေကျတဲ့။
အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ ၊
လှိုင်းကြက်ခွတ်တဲ့ ဂီတသံတွေ၊ သာယာလှတဲ့ သံစဉ်တွေ
ဒီကနေ့ တိပ်ဆိတ်နေပါရောလား ။
အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ ခန်းနားထည်ဝါ လှပလွန်းတဲ့၊
ရွှန်းရွှန်းလဲ့လဲ့ ရွှေရောင်တောက်ပတဲ့ ရောင်စဉ်တန်းတွေ
ဒီကနေ့ ကျွန်ုပ်မမြင်ရပါကလား ။
ချစ်သော မိတ်ဆွေ ဧရာဝတီ .
အသင် ကျွန်ုပ်အား စိတ်ဆိုးနေလေရော့သလား
ကျွန်ုပ်၏ အမေးများ ဖြေပါလှဲ့ အသင်..
မျက်နှာညိုးလို့ ရွှင်မပျော် အဘယ်ကြောင့်ပါနည်း။
အိုဘယ့်..မယ်ပုပ္ပါးရှင်.
နေ့စဉ် နေ့စဉ် ခေါင်းပေါင်းဖြူ သုံးခါပေါင်းတဲ့
အသင်ရဲ့ လှပတဲ့ ခေါင်းပေါင်းဖြူ အဘယ်သူ ခိုးယူသွားသနည်း
သက်တော်ရှည် လှသွေးကြွယ်တဲ့ အသင့်ရဲ့ ခါးရော ဘာကြောင့်ကိုင်းရ၏။
အိုဘယ့်..မယ်ပုပ္ပါးရှင်.
အသင့်ရဲ့ ထာဝရ အေးမြစိမ်းလန်း နေချင်စမ်းတဲ့
တောရိပ်တောင်ရိပ် မြိုင်တွေ ဂနိုင်တွေ သင်နှင့်အတူ ရှိနေပါသလား
ပေးတာလဲယူ မပေးတာလဲယူ ထိုထိုလူ ရန်ဘေး အသင်တွေးမိပါ၏လော။
အို.ချစ်အဆွေ.ပုပ္ပါးမယ့်ရှင်.
ဇရာအို မပျိုတော့သည်ကြောင့်
အချိန်ခါ ပျက်သုန်းဖို့ ရောက်လာသည်ထင့်
တရားသဘောနဲ့ ပြောရရင်ဖြင့် အို..အနိစ္စ သဘောပင်။
အို..ချစ်သော..ဧရာဝတီ.....
ဆိုပါလှည့် .ဘဝတူ .. မယ်ပုပ္ပါးရှင်....
ဒီတနေ မကွယ်ခင် ညနေစောင်း
နေခြည်လျှပ်ပြေး ရောင်စုံသွေးတဲ့ သင့်မျက်နှာလေး
ခါဆန့်လို့ ကြည့်ချင်နေမိသေးတယ် ချစ်တဲ့.ဧရာဝတီရယ်..။
အိုဘယ့်..မယ့်ပုပ္ပါးရှင်...
အို.ချစ်သော. ဘဝတူ. ဧရာဝတီ...
အားမငယ်ပါနှင့်...ဒီတနေမကပါဘူး
နေခြည်ဖြာမယ့် နေ့စဉ်တိုင်း အားရှိသမျှ စီးဆင်းရင်း
သတ္တဝါ အများကို အေးမြခြင်းတွေ ပေးတဲ့ သင့်အတွက်
နားဝင်ချိုတဲ့ ဂီတသံစဉ်တွေ တီခတ်ပေးနေဦးမှာပါ .
မှေးစက်လို့ နားဆင်ရင်း အားအင်သစ်တွေနဲ့ ခေါင်းပေါင်းသစ် ဖြူဖြူဖွေး ငေးချင်စမ်းရဲ့။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
မှတ်ချက် = ပုပ္ပါးတောင်သည် တနေ့ သုံးကြိမ် တိမ်ဖွေးဖွေးများဖြင့် ဝန်ရံလျှက် အလှဆင်တတ်သည် ။
ဤသည်ကို ပုပ္ပါး ခမောက်ဆောင်းသည် ဟု ခေါ်ကြလေသည်။
ဂျာနယ်များ ဘလော့ဂ်များ၏ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အကြောင်းရာများအား ဖတ်ရှုပြီး ခံစားမိသလို ရေးပါသည်။
Older Posts
Home
Subscribe to:
Posts (Atom)