Showing posts with label ancient city. Show all posts
Showing posts with label ancient city. Show all posts
Sunday, September 16, 2012
Saturday, August 18, 2012
ပုဂံ ညောင်ဦး New Bagan and Old Bagan
ပုဂံညောင်ဦးမြို့ google map မှ
မြင်ရတာဖြစ်ပါတယ် ။ ၁ ။ ကြားရတာ နားချမ်းသာဖွယ် ပုဂံညောင်ဦး
ရှေးဟောင်းနယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေတယ်လို့
သိရတယ် ။ ၂ ။ ဟိုတယ်ဇုန်အသစ်ကို တူရွင်းတောင်ဘက်မှာ သတ်မှတ်တည်ရှိစေမယ်
လို့ ဖတ်မှတ်လိုက်ရတယ် ။ ပုံထဲက မင်နီ လေးထောင့်ကွက် အမှတ်သားနေရာ
ဖြစ်ဟန်တူပါတယ် (ခန့်မှန်း) ။ ၃ ။ ဟိုတယ်ဇုန်ထုတ်လိုက်တယ် ဆိုတော့
ဟိုတယ်အဟောင်းများ ဘယ်လိုလုပ်မလဲ သိချင်တယ် ။
ပုဂံဟိုတယ်
.. သံတဲ ဟိုတယ်တွေက ရှေးဟောင်းနယ်မြေကို နေရာယူထားကြတယ် ။
ဂေါက်ကွင်းဟိုတယ် နဲ့ ဂေါက်ကွင်းကြီးကလဲ ဘုရားငုတ်တုတ်တွေ ဖယ်ဖျက်
တည်ထားတာကြီးပါ ။ ၄။ နန်းတော်သစ်တည်တယ် (ဆိုတာလဲ မဖြစ်သင့်ပါဘူး)
နီးနီးနားနား ကပ်တည်တယ် ။ အသစ်အဟောင်း အုတ်ရောေ၇ာ ကျောက်ရောရော
ဖြစ်သွားစေနိုင်တယ် ။ ၅ ။ အရင်က တိုင်းမှုးတိုင်း ဘုရားပြုပြင်တဲ့ အယူအဆ
ကြောင့် . ရှေးဟောင်း ဘုရားတွေမှာ ထီးတွေ တင်လို့ .. Maintenance အစား
Restoration ကနေရာ ယူနေတယ် ။ ထိန်းသိမ်းခြင်း လုပ်တတ်ဖို့ လိုသလို
ရှေးဟောင်းနယ်မြေ ဇုန်တခုလုံးကို အကြီးစား ထိန်းသိမ်းမှုတွေ လုပ်သင့်တယ် ။
ခရီးသွားနဲ့ လေ့လာရေးတွေအတွက် အဆင့်မြင့်သင့်ပါတယ် ။ အဆင့်မမြင့်နိုင်ပါက
ဇိမ်ခန်းနဲ့ အနှိပ်သမ ရှာချင်သူများ အတွက် နေရာ ဖြစ်သွားနိုင်သလို ..
ရှိစုမဲ့စု ရှေးဟောင်းပစ္စည်းလေးတွေ ဂတ်စ်မီးခြစ်နဲ့လဲ (အခုခေတ်မှာတော့
ဟန်းဆက် လှလှလေးတွေ ဖြစ်မလား) တဲ့နေရာ ဖြစ်သွားလိမ့်မယ် ။ ကျန်သေးတယ်
မျှားထိုးထားတာက ဧရာဝတီမြစ်ရေကြောင်း ပြောင်းလဲမှုကို လေ့လာသင့်တယ် ။ Old
Bagan ဆိုတာ နောက် နှစ် ၁၀၀ ဆို ပင်လယ်ထဲ မြောသွားမလား ။
Subscribe to:
Posts (Atom)