သူငယ်ချင်းတစ်ယောက်ပို့လိုက်တာ.. ဖတ်ကြည့်ပါဦး..
ပုံပြင်လေးပါပဲ…
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ပြင်ဆင်ကြပါတယ်။ သဘာဝကိုက နှေးကွေးတဲ့လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ပြင်ဆင်ကြတာ..၇ နှစ်တောင်ကြာ ပါသတဲ့.. စားစရာသောက်စရာတွေ စုမိတော့ လိပ်မိသားစုဟာ အိမ်ကထွက်လာပြီး သင့်တော် တဲ့ နေရာကိုရှာဖွေကြပါတယ်။ ၂ နှစ်အကြာမှာ သူတို့အတွက် အကောင်းဆုံးနေရာတစ်ခုကို ရှာတွေ့သွား ကြပါတယ်။
အဲဒီနေရာလေးမှာ သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာ သောက်စရာတွေ ခြင်းတောင်းထဲကထုတ်ပြီး ပြင်ဆင်ကြတာ တို့ကို ၆ လ အကြာမှာ ပြီးဆီးသွားကြပါတယ်။
အင်း..အဲဒီအခါကြမှ ဆားမေ့ကျန်ခဲ့တာကိုသိလိုက်ရပါတယ်တဲ့။ ဆားမပါတဲ့ပျော်ပွဲစားဟာ ဘယ် လိုမှ ကောင်းမှာ မဟုတ်ဘူ လို့အားလုံးက ထင်ကြတယ်။ ဒီကိစ္စ ကိုဆွေးနွေးတိုင်ပင် ကြပြီး သူတို့ထဲမှာ ငယ်ရွယ်ပြီး သွက်လက်သန်မာတဲ့ လိပ်ကို တာဝန်ပေးလိုက်ကြပါတယ်။
ဒီလိပ်ကလေးဟာ မိသားစု အလယ်မှာ လှိမ့်ပိန့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့လည်း အားလုံးကတောင်းဆိုတာကြောင့် ကတိတစ်ခုတောင်းပြီး သွားမယ်လို့ သဘောတူပါတယ်။
သူတောင်းတဲ့ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေ မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တစ်မိသားစုလုံးကသဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
ဒီလိုနဲ့ သုံးနှစ်ကြာတဲ့အထိလိပ်ကလေးပြန်ရောက်မလာပါဘူ။ လေးနှစ်.. ငါးနှစ်..ခြောက်နှစ်… ခုနှစ်မြောက်တဲ့နေ့မှာတော့ အသက်အကြီးဆုံးလိပ်က ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ဘူး။
ဒါကြောင့် သူစားတော့မယ်လို့ပြောပြီး အသားညှပ်ပေါင်မုန့်ကို ဖွင့်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ.. လိပ်ကလေးဟာ သစ်ပင်နောက်နားကနေ ရုတ်တရက်ထွက်လားပြီး အော်ပြော လိုက်ပါတယ်။
တွေ့လား!! သားကိုစောင့်ကြမှာ မဟုတ်ကြဘူးဆိုတာ သိသားပဲ။ တော်ပြီ… သွားမယူ တော့ဘူး……. ။ ။ ။
** လူတစ်ချို့ဟာ အခြားသူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပစ်တတ်ကြပါတယ်။ သူများတွေ ဘာလုပ်သလဲ ဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင်ဘာမှ မလုပ်ဖြစ်လိုက်ကြဘူး **
No comments:
Post a Comment