တကယ်က တက္ကသိုလ် ကောင်းကောင်းတစ်ခု မတက်ဖြစ်ခဲ့တာ မဟာအမှားကြီးပါပဲ။
ဒါ ဘယ်သူ့ကြောင့်လည်း။ ငယ်ငယ်ကတော့ သူများကို လက်ညှိုးထိုးခဲ့တယ်။
ခေတ်ကိုပုံချခဲ့တယ်။ ဒါတွေကလည်းတကယ် ရင်ဘတ်ကြီးနဲ့ ခံစားခဲ့ရတာပါ။
ရွာကထွက်လာကာစက ဘာမှမသိ ၁၆ နှစ် ၁၇ နှစ် အဖြူထည်လေးပါ။
လောကကြီးရဲ မတရားမှု တွေက အသက်ဆက်ရှင်ဖို့တောင် စိတ်ကုန်စေခဲ့တယ်။
ဘာပဲပြောပြော ဘယ်သူမပြု မိမိမှု ပါပဲ။
ပတ်ဝန်းကျင်ကောင်း မထူထောင်နိုင်တာ၊ အထီးကျန် တစ်ယေက်တည်းနေတတ်တာ။
ဒါတွေ မလိုပါဘူးကွာ၊ အလကားပါကွာ ဆိုတဲ့ အတွေးတစ်ခု နဲတင် တော်တော်ကို
မှားနေပြီ။ ခေတ်ရေစီးကြောင်း တွေ ပြောင်းလည်းစီးဆင်းနေတယ်
ဆိုတာကို ကိုမေ့ထားခဲ့တယ်. စာတွေဘယ်လောက်ဖတ်ဖတ် လောကတက္ကသိုလ်မှာ
ကျနော် စာမတော်ပါဘူး။ကျနော် မြတ်ချေဖြတ်ခဲ့တဲ့ ပတ်ဝန်းကျင်က
အခု ကျနော်ကို ကြည်စားနေပြီ။ငယ်ငယ်ကဘ၀ကို သတိရတယ်..
ကျနော် ဆန်းဝင်း အသက် ၂၆ နှစ် မှာ ကျောင်းစာကို အထူးခြားဆုံး စာကျက်ခဲ့တာ
ဆိုလို့ ဆယ်တန်းတုန်းကပဲရှိတယ်။ အဝေးသင်ကဘွဲ့ ဆိုတာ မေးခြင်တာမေး ရေးခြင်တာ
ရေးဖြေလာတာပါ။ ငယ်ငယ်တုန်းက စွဲခဲ့တဲ့ အကျင့်လေး မပြောက်သေးဘူးအခုထိ။
အလုပ်လုပ်တဲ့နေရာမှာထ ဒုက္ခပေးတယ်။ ဘာလည်းဆိုတော့ ငယ်ငယ်က..
စာကျက်ရင်..မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ်ပံတွဲ၊ ၀ိပ်ဇာတွဲ စာအုပ်တွေ ထပ်ပြီး
အစီစဉ်တိုင်း ကျက်တယ်.စာမေးပွဲဖြေရင်တောင် နံပါတ် (၁)ကနေ စပြီး အစီ စဉ်တိုင်းဖြေတယ် ။
ဒါတော့ အမှတ်များလို့ အရင်ဖြေမယ် ဆိုတာ မရှိဘူး ၊ မရတာလည်း မရှိခဲ့ဘူး၊
အလုပ်ထဲမျာလည်း တစ်ခါတစ်ခါ ဒီအကျင့်က လာလာပြီးဒုက္ခ ပေးနေတယ်။
ကိုယ်ပိုင် အလုပ်မဟုတ်တော့ ကိုယ်လုပ်ခြင်သလို မရဘူး။
ငယ်ငယ်က ကျောင်းစာမှာတော်တယ် ။
ပတ်ဝန်းကျင် လေ့လာမှု မှာ ညံ့တယ် ။
ပတ်ဝန်းကျင် လေ့လာမှု ၊
အပေါင်းသင်း ပညာရပ်၊
mind game လို့ခေါ်တဲ့ ပညာရပ်မှာ ညံ့တယ်။
ခုထိပါပဲ။
ဘာတော်လည်း မေးရင် အဖြေမရမယ့် မေးခွန်းတွေ ပတ်စဉ်းစားတဲ့နေရာမှာ တော်တယ်။
ကိုယ့်ခေါင်းကို ရှုတ်အောင် လုပ်တဲ့နေရာမှာ တော်တယ်။
အခု ကျနော် ကျောင်းသားပြန်ဖြစ်ခြင်နေတယ်။ ဖြစ်ခွင့်ကလည်း ငါးဆယ်ရာခိုင်နှုန်းမက ရှိတယ်။ ကျောင်းတက်ခြင်တယ်။
Thursday, October 16, 2008
Tuesday, October 14, 2008
Friday, October 10, 2008
လက် ရှိ စိတ် ကူး
ကျ နော် … အ လုပ် ကို စိတ်ပါ လက် ပါ မ လုပ် ပဲ ပစ် ထား တာ ကြာ ပြီ ။ ကွန် ပျူ တာ မှာ အင် တာ နက် ရ ပြီး နောက် ပိုင်း ပေါ့ ။ အင် တာ နက် ကောင်း လည်း ကောင်း တယ်၊ မ ကောင်း လည်း မ ကောင်း ဘူး။ ကောင်း တာ က သိ ချင် တာ သိ ရ တယ် ဒီ ဘ လော့ လေး ဖြစ် လာ တယ် ။ အ လုပ် က - အင် တာ နက် မ သုံး ရ email မှ အပ ဆို ပြီး တား မြစ် ထား တဲ့ ကြား က လုပ် နေ တာ ဒီ ဘ လော့ ပေါ့ ။ မ ကောင်း တာ က ကျ နော် စိတ် - နှစ် ပိုင်း မ ခွဲ တတ် ဘူး - စိတ် က အ လုပ် ထဲ ကို မ ရှိ ဘူး ။
ပုံ လည်း မ စွဲ ချင် တော့ ဘူး ၊ လက် လည်း ငြိမ် ဘူး ။ စိတ် မ ငြိမ် တာ လည်း ပါ တယ်။ အာ ရုံ ကို နှစ် လို့ မ ရ ဖြစ် နေ တယ် ။ အ ရင် က အ လုပ် တစ် ခု ကို လုပ် ရင် print ထုတ် ပြီး စစ် စ ရာ ကို မ လို ဘူး - ခု တော့ နှစ် ခါ သုံး ခါ လောက် ထုတ် စစ် နေ ရ တယ် ။ စာ ရွက် အ ကြမ်း တွေ လည်း သူ များ မ သိ အောင် ၀ဲ ပစ် ရ တယ် ။ ချွန် တွန်း တွေ က ရှိ သေး တယ် ။ စိတ် ၀င် တ စား အာ ရုံ မ စိုက် ရင် တစ် နေ့ နည်း နည်း ပဲ ပြီး တယ်။ လုပ် ဟ လုပ် ဟ ဆို ပြီး faster , faster ပြော မယ့် သူ လည်း မ ရှိ ဘူး ။ ကိုယ့် အ လုပ် ကိုယ့် ဘာ သာ ဆုံး ဖြတ် ပြီး ကိုယ့် လှေ ကိုယ် ထိုး ဆို သ လို ပဲ ။ တစ် ခါ တစ် ခါ လည်း အ ရမ်း ပျင်း တဲ့ ကျ နော် ကို အ လုပ် က တွန်း တယ်၊ ဒီ လို မျိုး ဆို ယား လို့ တောင် ကုတ် ကြား မ ရှိ ပါ ဘူး ။ တ ကယ် ပါ ကိုယ့် လုပ် ရပ် ကို မ ကြိုက် တာ။ အကြွေး ထား တာ ကြာ တော့ အ ခု အ လုပ် တွေ ပိ နေ ပြီ ။ အာရုံ ကို မရ - ရ အောင် နှစ် ပစ် လိုက် မယ်။
ဘ လော့ အ တွက် စ တင် ပြု လုပ် စဉ်က စိတ် ကူး ထဲ မှာ တော့ သ ဘောင်္ ကျင်း အ ကြောင်း နဲ့ လုပ် ငန်း အ ခြေ နေ ရေး မယ် စိတ် ကူး ပြီး တ ကယ် တန်း ရေး တော့ ခို လို ငြီး တဲ့ အသံ နဲ ပိုစ် တွေ ဖြစ် နေ တာ သ တိ ထား မိ တယ် ။ ခု တော့ အ လုပ် ထဲ အာ ရုံ စိုက် ဦး မယ်။ ဘ၀အ တွက် လည်း လုပ် စ ရာ တွေ အ များ ကြီး ရှိ သေး တယ်။
သ တိ ရ လို့ မ ဗေ ဒါ ရဲ့ ဝေ ဖန် ချက် က တော် တော် ကောင်း တယ် ဗျာ။ လက် ရှိ ဘ ၀ လေး မှာ ငြိမ် နေ တာ တော့ မ ဟုတ် ပါ ဘူး ။ ကျောင်း တက် ဖို့ လုပ် နေ တယ် ။ ပြင် ဆင် နေ တယ် ဆို ရင် ပို မှန် လိမ့် မယ် ။ ဘွဲ လက် မှတ် တစ် ခု ရဲ့ အ သုံး ၀င် မှု ကို သ ဘော ပေါက် တယ်။ စ င်္က ပူ က မ လေး တ ရုတ် တွေ ရဲ့ စီး ပွား ရှာ အ မြတ် ထုတ် မှု ကို လည်း သ ဘော ပေါက် တယ် ။ အင်.. ငါ မှာ လုပ် စ ရာ တွေ အများ ကြီး ပါ လား .. နောက် တစ် ခါ ပိုစ် တင် ရင် သ တိ ထား ပြီး စာ ကို စာ လို ရေး တော့ မယ် ။

Wednesday, October 8, 2008
Monday, October 6, 2008
နောက် ကျ နေ သော ကျွန် တော်
မ နေ့ က မ သက် ဇင် ဘ လော့ က နေ open engineering for Myanmar ကို ရောက် တယ်။ ဆိုဒ် ကောင်း တစ် ခု ဖြစ် တော့ စိတ် ၀င် စား တယ်။ တစ် နာ ရီ လောက် ဖတ် ဖြစ် တယ် ထင် ပါ့။ ဆီ ပုံး မှာ ဘာ ညာ ဘာ ညာ ရေး ခဲ့ တယ်။ သူ ငယ် ချင်း ၁၀ ယောက် လောက် ကို လည်း http://www.engineer4myanmar.com/ လိပ် စာ လေး ပေး လိုက် ပါ သေး တယ်။
ဒီနေ့ ကျွန် တော့် ဆီ ပုံးမှာ ကြည့် တော့ ကို ဘ လူး ဖီး နစ် လာ ပြန် လည် တာ တွေ့ ရ တယ်။ နေ့ ခင်း ရောက် တော့ အဲ ဒီ open engineering for Myanmar တစ် ခေါက် ပြန် သွား ဖြစ် တယ် ။ နဲ နဲ ပါး ပါး ကြည့် ပြီး ၊ အဲ ဒီ က နေ တစ် ဆင့် ဘယ် ကို ရောက် တယ် မှတ် လည်း ဗျ။ ၀ီ ကီ မြန် မာ http://www.wikimyanmar.org/ ဆိုတဲ့ မြန် မာ အွန် လိုင်း ဆွယ် စုံ ကျမ်း ကို ရောက် တယ် ။
တ ကယ် နောက် ကျ တယ် ပြော ရ မှာ ပဲ ။ ၀ီ ကီ မြန် မာ မှာ ပိုစ် တစ် ထောင် ကျော် ပြီ ခု မှ ကျွန် တော် သိ တယ်။ အင်း ပြော ရ ဦး မယ် မ သိ တာ မျာ တော့ တော် တော် ဆိုး တယ်။ ၀ီ ကီ ဆို တာ ပါ လို့ သာ ရယ်။ နို့ မို့ ဆို ဘာ များ ပါ လိမ့် လို့ တွေး နေ ဦး မှာ။ ဒါ ပေ မယ့် ၀ီ ကီ အ ကြောင်း သိပ် မ သိ ဘူး။ ၀ီ ကီ မြန် မာ ဘာ လည်း ဘယ် လည်း ဆို တာ လေ့ လာ ရ ဦး မယ် ။ တစ်နာရီလောက် ဟိုကြည့် ဒီကြည့် နဲ နေ ရာ သစ် တစ် ခု ကို စုံ စမ်း တဲ့ ပုံ စံ ပေါ့ ဗျာ။ ဘယ် သူ တွေ ရေး တာ လည်း ဘာ တွေ ရေး တာ လည်း သိ ချင် တာ တယ်။ ရှာ ရန် နေ ရာ လေး က နေ ပြီး တော့ လည်း မြန် မာ လို ရိုက် ပြီး စန်း ကြည့် လိုက် သေး တယ်။ သူ တို့ များ သိ ရင် တော့ ရယ် ကြ တော့ မှာ ပဲ။ ရှာ ချင် လို့ ဟုတ် ဘူ လေ စမ်းကြည့် တာ။
ပို့စ် တစ် ထောင် မှာ ပါ တာ တော့ ရှာ လို့ ၇ မယ် ဆို တာ တွေး မိ ပါ တယ်။ ရှာ ရန် နေ ရာလေး မှာ ရန် ကုန် လို့ ရိုက် ထည့် ပြီး ရှာ ကြည့် တယ်။ အင်း တယ် ဟုတ် ပါ လား .. ရန် ကုန် အ ကြောင်း ပေါ် လာ တယ်။ ဒါ နဲ ကျောက် ပန်း တောင်း လို့ ရိုက် ကြည့် တယ်။ မ ပေါ် လာ ဘူး။ ကျောက် ပန်း တောင်း ဆို တဲ့ ပိုစ် မ ရှိ ပါ ဘူး တဲ့။ သင် ခ ရီ ရိတ် လုပ် နိုင် ပါ တယ် တဲ့။ အဲ ဗျာ.. ကျွန် တော့် ကျောက် ပန်း တောင်း သား ကို ရေး ခိုင်း နေ သ လို ပဲ။ စိတ် ထဲ တွေး မိ တယ်။ နောက် ထပ် အ ထင် က ရ နာ မည် တွေ ရိုက် ထည့် ပြီး ရှာ ကြည့် တယ်။ ရ တာ ရှိ သ လို မ ရ တာ တွေ လည်း ရှိ တာ ပေါ့။
ကို ဘ လူး ဖီး နစ် က ပြော ခဲ့ သေး တယ် ဆောင်း ပါး ရေး ပါ ဦး တဲ့။ အင်း စမ်း ကြည့် ရ ဦး မှာ ပဲ။ ဒါ ပေ မယ့် ကျွန် တော် ကိုယ့် အ ကြောင်း ကို တောင် အ စီ စဉ် တည့် အောင် မ ရေး တတ် ဘူး။ အ ခု ဒီ ဘ လော့ လေး http://sanwinkpg.blogspot.com/ က ကျွန် တော် ကို တွဲ ခေါ် နေ တယ်။ ဘာ မှ မ ဟုတ် သေး ဘူး မွေး ကင်း စ ဘ လော့ လေး က ကျွန် တော့် ရဲ မျက် စေ့ လို ပဲ လို့ ခံ စား ရ တယ်။ အ ဆုံး သတ် မှာ သုံး သပ် ကြည့် တော့ ကျွန် တော် တော် တော် နောက် ကျ ကျန် ခဲ့ ပါ လား ဆို တာ စဉ်း စား ရင်း မင်း တော် တော် အ သုံး မ ကျ ပါ လား လို့ ကြိမ် ဆဲ ရင်း ဒီ ပို့စ် ကို ရေး ဖြစ် ပါ တယ်။

Subscribe to:
Posts (Atom)