Wednesday, May 1, 2013

နေပြည်တော် သမ္မတရုံးက ခန်းညားလှတဲ့ ပုပ္ပါးတောင် ။

နေပြည်တော် သမ္မတရုံးက ခန်းညားလှတဲ့ ပုပ္ပါးတောင် ။  ဓာတ်ပုံထဲမှာသာ မက အပြင်မှာလဲ ပုပ္ပါးတောင် ကို စောင့်ရှောက်တဲ့ သမ္မတမင်းများ မျှော်လင့်မိပါတယ် ။

Tuesday, April 30, 2013

မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ် ။

သမိုင်း မှတ်တမ်း ။
မြတ်စွာဘုရားခေတ် (ဘီစီ ၆၀၀ ဘီစီ ၁၀၀)
ပျူမြို့ပြ နိုင်ငံများ (ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (အေဒီ ၉၀၀ - အေဒီ ၁၁၀၀)
ပုဂံခေတ် (အေဒီ ၁၁၀၀ - အေဒီ ၁၄၀၀)
အင်းဝခေတ် (အေဒီ ၁၄၀၀ - အေဒီ ၁၅၀၀)
တောင်ငူခေတ် (အေဒီ ၁၅၀၀ - အေဒီ၁၆၀၀)
ညောင်ရမ်းခေတ်(အေဒီ ၁၆၀၀ - အေဒီ ၁၇၀၀)
ကုန်းဘောင်ခေတ် (အေဒီ ၁၇၀၀ - အေဒီ ၁၈၀၀)
ကိုလိုနီခေတ် (အေဒီ ၁၈၀၀ - အေဒီ ၁၉၀၀)
ဗိုလ်အောင်ဆန်း + ဗိုလ်နေ၀င်း +ဗိုလ်သန်းရွှေ (အေဒီ ၁၉၀၀ - အေဒီ ၂၀၀၀)
ဒီမိုကရေစီခေတ် သမ္မတ ဦးသိန်းစိန် (အေဒီ ၂၀၀၀ - အေဒီ၂၁၀၀)

မဟာသက္ကရာဇ် ၊  သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊ 
မေး။    ။  အရှင်ဘုရား မဟာသက္ကရာဇ် အသုံးအနှုံး နဲ့၊  သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊  ခရစ်နှစ်၊  အေဒီ   ဘီစီ , ၁၂ ရာစု- ၁၉ ရာစု  ၁၀၀ သက်တမ်း ၇၅ နှစ်သက်တမ်း  ဆိုတဲ့ အသုံးအနှုံးတွေကို တပည့်တော် တို့  စာပေ တွေ ထဲမှာ  တွေ့နေ ရပေမယ့် နားမလည်ပဲ မျက်စိလည်နေပါတယ် ဘုရား၊ အရှင်ဘုရား အချိန်ပေးနိုင်ပါက ဖြေကြားပေးစေလိုပါတယ် ဘုရား၊ 
                                                                                           ကိုထွန်းထွန်း ( မန်း )
ဖြေ၊   ။   ဒကာထွန်းရေ၊  တကယ်သိလိုတယ် ဆိုတော့လဲ အချိန်ပေးပြီး ဖြေကြားရမှာပေါ့၊ အမှန်တကယ် သိသင့်တဲ့မေးခွန်းပါ၊  ဒါကြောင့် တပိုဒ်ချင်း ဖြေကြားပါ့မယ်။

မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး (  မယ်တော် မာယာဒေ၀ီရဲ့ ဖခင် )  ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ  ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍  ရေတွက်လာသော  ရောက်ဆဲ သက္ကရာဇ်  ( ၈၆၄၉ ) ခုနှစ်ကို  ဆရာဖြစ်သော  ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ  ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင်  သက္ကရာဇ် ၁ ခု  ဆိုပြီး ရေတွက်ခဲ့တာပါ၊
( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက်လာသော မြန်မာစကား လို့  ဆိုနိုင်ပါတယ်၊
 
နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ (  မဟာ ) ဆိုတဲ့  စကားလုံးကို ထည့်သုံးလာပြီး  မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊
ဒါကြောင့်  မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး  ၁၄၈  ခုနှစ်မှာ  ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့  မဟာသက္ကရာဇ် အသုံးအနှုံးပါ၊

နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့  တိုင်ပင်ပြီး ရောက်ဆဲ  မဟာ သက္ကရာဇ်  ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာသာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို  သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃  နှစ် လို့ မှတ်နိုင်ပါတယ်၊
 
အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက်  သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂  နှစ်ကို ပထမအကြိမ်အနေနဲ့  ဖြိုဖျက်ပြီး  ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊

ဒုတိယ သက္ကရာဇ်ဖြိုသူကတော့  ပုဂံပြည် ပုပ္ပားစောရဟန်းမင်း  ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ်  ၅၆၂ ခုနှစ်အရောက်မှာ  ၅၆၀  ကို ဖြိုဖျက်၍  ၂ ခုကြွင်းထားကာ  မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ်  စသည်ဖြင့်  စတင်ရေတွက်ခဲ့တာ ဟာ  ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊

ဒါကြောင့် ရှေးရှေး ဆရာတို့က  သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊   ဆိုပြီး  ၂ ကြိမ် ဖြိုခဲ့သော  ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့်  ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ (  ၆၂၂ + ၅၆၀ = ၁၁၈၂ )   (  ကောဇာ  -  ၁၃၇၁  + ၁၁၈၂ = ၂၅ ၅၃ )

ယေရှု့  ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို  ခရစ်နှစ် လို့  ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊  ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့   ခရစ်  နှင့်  သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ  တွဲဘက် အသုံးမပြုသင့်ပါဘူး၊

A D = An no Domini ( used  to indicade  that a date  comes the specified number  of years  the traditional  date of christ’s birth ) AD  is an abbreviation  of latin  Anno domini . it is normal to write the third century AD .  AD should be placed before the numerals, as in AD 375 ( not 375 AD ) 
ဒါက Oxford Dictionary  က ဖွင့်ပြတာပါ၊  လိုရင်းအချုပ်ကတော  အေဒီ    အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့်  ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့  မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့  ဆိုပါတယ် ၊

           B C = before Christ ( placed after a date, indicating  that  it is before the  Christian  era. Usage- in 72 BC, ( not BC 72 )
ဆိုလိုတာက ဘီစီ ဆိုတာ   before Christ  ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊

                    ၁၂ ရာစု၊ ၁၉ ရာစု  ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊  ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို  ၁ ရာစု လို့ သတ်မှတ်ပြီး   ၂၀၀ ရောက်ရင်  ၂ ရာစု၊  ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့်  ရေတွက်ခဲ့ကြတာပါ၊   ဒါကြောင့်  အခု ၂၀၀၉  ဆိုတော့  ၂၁ ရာစုနှစ်လို့  ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ်
 ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊  သာသနာနှစ် ၆ ရာစု အတွင်း  ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန်ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊ 
     
       သာသနာ ၁၂ ရာစု အတွင်းမှာတော့  အာရေဗျပြည် ( ယခု အခေါ်  ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ  တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး  အစ္စလာမ် ဘာသာ ကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့်  ဗုဒ္ဓ၀ါဒ ဟာ  သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။
                   
                       ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု  ၁၀၀ သက်တမ်း မဟုတ်ဘဲ  ၇၅ နှစ် သက်တမ်း ပဲ  ရှိတော့တယ် ဆိုတာ   နှစ်ပေါင်း ၂၅၀၀  ကျော်လာပြီ ဖြစ်တဲ့ အတွက်  နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ  ၁၀၀ တမ်းကနေ ၂၅ နှစ်  ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊
  ဒါကြောင့်  ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃  အစွန်းထွက် ပိုနေတာကြောင့်  ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။  တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင်  တော်တော်  ထိတ်လန့်စရာပါပဲ။ 

ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊  ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့  ၇၅ နှစ် မကပဲ  ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို  သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့  ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊

အပ္ပမာဒေန  သမ္ပာဒေထ -- -
အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

လေ့လာမှတ်သား ဖတ်ဖူးသမျှ ။

Thursday, April 25, 2013

Kyaukpadaung CDMA line card ratio

ကျောက်ပန်းတောင်းမြို့နယ် CDMA 800 MHz ၁၅၀၀ တန်ဖုန်း အချိုးကျ ရောင်းချ မဲနှိုက် ။

Kyaukpadaung Township populations.

ကျောက်ပန်းတောင်းမြို့နယ်သည် ကျေးရွာအုပ်စု ၁၀၉ အုပ်စု၊ ကျေးရွာပေါင်း ၃၃၉ ရွာ တောင်သူဦးရေ ၁၃၄၈၁၆ ရှိ ။

ရိုးခြားရွာ Groundwater well @ Kyaukpadaung

ကျောက်ပန်းတောင်းမြို့နယ် ရိုးခြားကျေးရွာ စက်ရေတွင်း တူးဖေါ် အောင်မြင် ။

New Market @ Kyaukpadaung Township

နှစ်သစ်မှာ မင်္ဂလာ သတင်းဗျိုး ။ ကျောက်ပန်းတောင်းဈေးသစ်ကြီး အခန်းပေါင်း ၉၆၉ ဖြင့် တည်ဆောက် ။ မကြမီ ဖွင့်လှစ်တော့မည် ။ Kyaukpadaung Township market Building .

Friday, April 19, 2013

ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ကျောက်ပန်းတောင်းမြို့။





၁၃၇၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၊
မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊
ကျောက်ပန်းတောင်းမြို့။

Tuesday, April 9, 2013

သင်္ကြန်ဝိညာဉ် ။ ပိတောက်ဝိညာဉ် ။

သင်္ကြန်ဝိညာဉ်
အသံ... အသံလေးတွေ ၀ိုးတ၀ါး နားထဲကြားနေသလား ..
အသံ... သင်္ကြန်ဝိညာဉ် နိုးထဖြိုးဖျ တို့ရင်မှာ..
သင်္ကြန်... အသံလေးတွေ အဝေးမှ တန်ခူးလေ ဆောင်ကြဉ်းလာ..
အိုး... သင်္ကြန် ချစ်သူ ကြိုဆိုနေပီလား.... ။

တေးသံလေးတွေ ကြားပါစလေ .. ချစ်သူရေ...
ဆန်းနွေဦးမလေ ပန်းတွေဖူးဝေ ခူးချင်စရာ့အခြေ..
လောကကြီးတစ်ခွင် အလှဆင်လို့လေ စိမ်းလန်းဆိုပြေ..
သင်္ကြန်ခါတော် ရောက်လာပြီလေ... ။

တစ်နှစ်တစ်ခါနွှဲ ချစ်စရာပွဲ ပွဲတော် မဟာပေ..
ပိတောက်ဝါလေးတွေ ပွင့်ပီချစ်ရေ.. မင်းပန်ဖို့လေ..
ပန်းလိုဖွေး စမ်းလိုအေး အေးတဲ့ အတာရေ...
လောင်းပါလေ ကိုယ့်အသဲတွေ အေးအောင်လေ.. ။


တေးရေး ။ ဆန္ဒရား လှထွတ်
တေးဆို ။ ဂရေဟမ် 


Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Sunday, April 7, 2013

မြန်မာ အက္ခရာ စဉ်ကြမယ် ။



မြန်မာ အက္ခရာ စဉ်ကြမယ်...
ဘာလိုလိုနဲ့ ကျနော်တယောက် ပို့စ်အသစ်မတင်ဖြစ်တာ လေးရက်လောက် ရှိသွားပါပြီ။ ကျနော့်ဆီကို လာလည်နေကြ သူငယ်ချင်းတွေလဲ စာအသစ်မဖတ်ရလို့ စိတ်ပျက်ကုန်ပြီလားတောင် မသိ။ ကဲ၊ သူငယ်ချင်း တယောက် စီဘောက်စ်မှာ ပြောတဲ့အတိုင်းပါပဲ။ ဟိုးရှေ့က ပန်းတိုင်ကို ဆက်သွားကြပါစို့။

ကျနော် ဒီနေ့ရေးချင်တာကတော့ မြန်မာအက္ခရာစဉ်တွေ အကြောင်းကိုပါ။ မြန်မာစာလုံး အက္ခရာတွေကို အရှေ့အနောက် အစီအစဉ်ကျအောင် ဘယ်လိုစီကြမလဲ၊ ဘယ်လိုစီကြသလဲ ဆိုတာ ကျနော်သိထားသမျှလေးကို ဝေမျှချင်ပါတယ်။ မှားယွင်းနေတာရှိရင်လဲ ကျနော့်ထက် ပိုသိသူများက ထောက်ပြပေးပါခင်ဗျာ။

အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကိုတော့ ယနေ့ခေတ် လူငယ်တိုင်းလိုလို သိကြပြီးဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်စာ အဘိဓာန်ကို သုံးကြသူတိုင်း အင်္ဂလိပ်စာ အက္ခရာစဉ်နည်းကို သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူး။ ဟုတ်ပြီ..။ မြန်မာစာလုံးတွေကိုရော အစဉ်လိုက် ဘယ်လိုစီကြမလဲ။ လေ့လာကြည့်ကြပါစို့။

မြန်မာစာမှာ အက္ခရာစဉ်ရာမှာ နည်းလမ်းလေးမျိုးကို အသုံးချပြီး အစဉ်လိုက်စီပါတယ်။ အဲဒီနည်းလမ်း လေးမျိုးကတော့-
(၁) ဗျည်းစဉ်
(၂) သရစဉ်
(၃) အသတ်စဉ်
(၄) ဗျည်းတွဲစဉ်ပါ။
အဲဒီ လေးမျိုးကို တခုခြင်း ဆက်လေ့လာကြမယ်။

(၁) ဗျည်းစဉ်
မြန်မာဗျည်း (၃၃)လုံးရှိတာကို အားလုံး သိပြီးဖြစ်မှာပါခင်ဗျာ။ အဲဒါကြောင့် မြန်မာအက္ခရာတွေကို အစဉ်လိုက်စီစဉ်မယ်ဆိုရင် အရင်ဆုံးစစဉ်းစားတာက ဘယ်ဗျည်းက အရင်စသလဲဆိုတာကို အရင်ဦးဆုံး စဉ်းစားပြီး စီပါတယ်။ ဥပမာအနေနဲ့ စဉ်ပြရရင် ခရေပန်း၊ ကချွတ်ကချော်၊ စခန်းသာ၊ ဂမုန်းပင် ဆိုတဲ့ မြန်မာအက္ခရာ လေးလုံးကို အစီစဉ်တကျ အစဉ်လိုက်ရေးမယ်ဆိုရင် ကချွတ်ကချော်၊ ခရေပန်း၊ ဂမုန်းပင်၊ စခန်းသာ လို့ ရေးရပါတယ်။

(၂) သရစဉ်
ဟုတ်ပြီ။ တကယ်လို့များ ရှေ့ဆုံးစာလုံးတွေက ဗျည်းတူနေတဲ့ အက္ခရာတွေကို ဆိုရင်ရော၊ ဘယ်လို ဆက်စီကြမှာပါလိ့မ်။ ဟုတ်ကဲ့..။ ရှေ့ဆုံးစာလုံးတွေမှာ ဗျည်းတူနေခဲ့ရင် အ၊အိ၊အု၊အေ အဲ၊အော၊အံ၊အို ဆိုတဲ့ မြန်မာသရ(၈)မျိုးနဲ့ ဆက်စဉ်းစားပါတယ်။ ဥပမာအနေနဲ့ကတော့ ခရမ်းသီး၊ ခဲတံ၊ ခိုဖြူ၊ ခုတုံးလုပ် ဆိုတဲ့ အစဗျည်းတူ အက္ခရာလေးလုံးကို အစီအစဉ်တကျ ပြန်ရေးမယ်ဆိုရင် ခရမ်းသီး၊ခုတုံးလုပ်၊ ခဲတံ၊ခိုဖြူ လို့ ပြန်စဉ်ရပါတယ်။

(၃) အသတ်စဉ်
အစဗျည်းလဲ တူနေတယ်။ သရနဲ့လဲ စဉ်လို့မရဖြစ်နေတဲ့ အက္ခရာကိုရော ဘယ်လိုစဉ်ကြမှာပါလိမ့်။ အဲဒီလို အက္ခရာတွေကိုတော့ အသတ်(-်) နဲ့စဉ်းစားရပါတယ်။ အဲဒီလိုစဉ်းစားရမှာလဲဆိုရင်တော့ ဘယ်ဗျည်းနဲ့ သတ်လဲဆိုတာကို ကြည့်ပြီး အစီအစဉ်တကျ စဉ်ရပါတယ်။ ဥပမာကြည့်ကြပါစို့။ စမ်းရေ၊ စပ်မိစပ်ရာ၊ စောင်ဖြူ၊ စစ်စခန်း၊ စက်ရှင် ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ ပြန်ရေးရရင် စက်ရှင်၊ စောင်ဖြူ၊ စစ်စခန်း၊ စပ်မိစပ်ရာ၊ စမ်းရေ လို့ အသတ်တွေအလိုက် အစီအစဉ်တကျ ပြန်ရေးပါတယ်။

(၄) ဗျည်းတွဲစဉ်
အထက်ဖော်ပြပါ သုံးမျိုးကို အသုံးချပြီး စဉ်လို့မရတဲ့ မြန်မာအက္ခရာတွေက ရှိနေပြန်ပါသေးတယ်။ အဲဒီ အက္ခရာတွေကိုတော့ ဗျည်းတွဲစဉ်လို့ ခေါ်တဲ့ စဉ်နည်းနဲ့ စဉ်ပါတယ်။ အဲဒီဗျည်းတွဲတွေကို အစဉ်လိုက် ဖော်ပြရရင် ယပင့်(-ျ)၊ ရရစ်(ြ-)၊ ၀ဆွဲ(-ွ)၊ ဟထိုး(-ှ)၊ ယပင့်ဝဆွဲ(-ျွ) ၊ ရရစ်ဝဆွဲ(ြ-ွ)၊ ယပင့်ဟထိုး(-ျှ)၊ ရရစ်ဟထိုး(ြ-ှ)၊ ၀ဆွဲဟထိုး (-ွှ)၊ ယပင့်ဝဆွဲဟထိုး(-ျွှ)၊ ရရစ်ဝဆွဲဟထိုး(ြ-ွှ)၊ တို့ဖြစ်ပါတယ်။ နားရှုပ်နေပြီလား ခင်ဗျာ။ ရပါတယ်။ ခပ်လွယ်လွယ် မှတ်ကြပါစို့၊ ပင့်၊ရစ်၊ဆွဲ၊ထိုး ပင့်ဆွဲ၊ရစ်ဆွဲ ပင့်ထိုး၊ရစ်ထိုး၊ ဆွဲထိုး၊ ပင့်ဆွဲထိုး၊ရစ်ဆွဲထိုး၊ လို့ မှတ်ရင် ပိုလွယ်မယ်ထင်ပါတယ်။
ဥပမာ ပြောရရင်တော့ မြွေဟောက်၊ မြေကြီး၊ များပြား၊ မွစာကြဲ၊ မှာတမ်း၊ မြှားနတ်မောင်(တကယ်တော့ မြားနတ်မောင်က စာလုံးပေါင်းအမှန်ပါ၊ ဥပမာအနေနဲ့ သုံးတာပါ)၊ မျှော့ကောင်၊ မွှေးပျံ့ ဆိုတဲ့ အက္ခရာတွေကို အစီအစဉ်တကျ စဉ်ရရင် များပြား၊ မြေကြီး၊ မွစာကြဲ၊ မှာတမ်း၊ မြွေဟောက်၊ မျှော့ကောင်၊ မြှားနတ်မောင်၊ မွှေးပျံ့ လို့ စဉ်ရပါတယ်။

မြန်မာ အက္ခရာစဉ်နည်းတွေကို မှတ်မိသလောက်လေးတော့ ရှင်းပြပြီးပါပြီ။ ဒီလိုစဉ်နည်းတွေကို မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ မြန်မာ-မြန်မာ အဘိဓာန်နဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းစာအုပ်တွေမှာ လေ့လာရင် တွေ့နိုင်ပါတယ်။ ဆယ်တန်းစာမေးပွဲအတွက် ခုံနံပါတ်တွေ ပေးတော့မယ်ဆိုရင်တော့ နာမည်တွေရဲ့ နောက်ဆုံးစာလုံးကို အက္ခရာစဉ်ပြီး ပေးလေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာစာကို ချစ်မြတ်နိုးစိတ်သက်သက်နဲ့ သင်ယူခဲ့ဖူးတာလေးကို တင်ပြပေမယ့် လိုအပ်ချက်၊ မှားယွင်းချက် တစုံတရာ ရှိကောင်း ရှိနေအုံးမှာသေချာပါတယ်။ ကျနော့်ထက် ပိုမိုနားလည်သူ မိတ်ဆွေများက ၀င်ရောက်ဆွေးနွေးပေးရင်တော့ ပြီးပြည့်စုံတဲ့ မြန်မာအက္ခရာစဉ်နည်း စာတပုဒ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ကျေးဇူးပါ။

ကလိုစေးထူး ထံမှ ကူးယူ မှတ်သားပါသည် ။

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။

ကျောက်ပန်းတောင်း ပိတောက် ။

Kyaukpadaung Market Street

သာသန ရက္ခိတ အသင်း ။ ကျောက်ပန်းတောင်း ။