Friday, June 18, 2010

ချစ်သူပျော်ပါစေ

ကိုယ့်ရဲ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံ တပ်လို့
တမ်းတခြင်း အလွမ်းတွေ ပွေ့ဖက်
ချစ်သူ့ဆီ ၀ဲပျံခဲ့မယ်။

ချစ်သူ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံတပ်လို့
ဝေးကွာခြင်း အလွမ်းတွေယူဆောင်ပြီး
ကိုယ့်ဆီကို ၀ဲပျံခဲ့ပါ။

တိမ်တိုက်တွေကို ထိုးဖောက်
ပြာလွင်လွင် ကောင်းကင်ထက် အတူဆုံ
နေရာင်ခြည်မှာ တွဲခိုနားရင်း
အလွမ်းသင့် ချစ်စကား ဆိုကြမယ်။

တမ်းတခြင်းတွေ ငြင်းခုံနေတုန်း
ယုယစွာ ထွေးပွေ့ ထားမယ်
ရင်ခုံသံတွေ အေးချမ်းလို့
ချစ်သူပျော်ပါစေ။

Wednesday, June 16, 2010

ကျိုက်ထီးရိုးရောက်ခဲ့တယ်

kyitehteyoo
အနော်လဲ ကျိုက်ထီးရိုးရောက်ဖူးတယ်. ပြီးခဲ့တဲ့ သင်္ကြန်တုန်းက။

ရသေ့တောင်စခန်း
ရသေ့တောင် စခန်း တောင်တက်ကားကြီးပေါ်က မရဲတရဲ လှမ်းရိုက်တာ (သူကဆွဲထားပေးတယ်)။

ဘုရားပေါ်က ရိုက်လိုက်တာ
မုတ်ဆိုး ဒူထောက် ဆိုလား ပဲ ရင်ပြင်တော် ပေါ်က လှမ်းရိုက်တာ။
ဘလော်ဂါ ဆရာ တစ်ယောက် ကြွားလုံးကို အားကျလို့ပါ.. ဒီလိုပါပဲ .မရောက်တဲ့သူတွေ . မြင်ကွင်းလေးတွေ ကြည့်ရတာပေါ့ နော် ..

Tuesday, June 15, 2010

ဆယ်တန်းအောင်တဲ့ တူတော်မောင်


အချိန်တွေ ဘာလိုလိုနဲ့ အစ်မကြီးသား တူတော်မောင် ပြည့်ဖြိုးအောင် ဆယ်တန်းအောင်ပြီ..
ကိုယ် ဆယ်တန်းတုန်းက ဂဇက် မကြည့်ခဲ့ရဘူး။ သူများတွေ မြို့ကို ဂဇက် သွားကြည့်ကြတယ်။ ပျော်စရာကြီး။ ကိုယ့်မှာတော့ နွားတရှင်းနဲ့ မြေပဲခင်း ကြားခွဲနေရတယ်။ ဆန်းဝင်း ၂ ဒီ နဲ့ အောင်တယ်တဲ့။

ဂဇက် ကြည့်ပြီး ပျော်ရတဲ့ ဖီလင် မရခဲ့ဖူးပါဘူး။ တူတော်မောင် အောင်တော့ ပျော်တယ်။
အစ်မကြီး မိသားစု အတွက် ပျော်တယ်။ ညီမ ၀မ်းကွဲ တစ်ယောက်လဲ အောင်တယ်။ ဒီနှစ် တော်တော် များများ အောင်တယ်ထင်တယ်။ ဒီလိုပါပဲလေ...

Wednesday, June 9, 2010

ကျေးဇူးမှတ်တမ်း

လူ့လောကထဲ ရောက်လာပြီး -

၁။ ဗုဒ္ဒ မြတ်စွာဘုရားကို ကျေးဇူးတင်တယ်။
၂။ အဖေနဲ့ အမေ အဘိုးနဲ့အဖွားကို ကျေးဇူးတင်တယ်။
၃။ အကို အစ်မ ညီ ညီမ တွေလဲ ကျေးဇူးတင်တယ်။
၎။ ဆွေမျိုးတွေလဲ ကျေးဇူးတင်တယ်။
၅။ တစ်ရွာလုံးကိုလဲ ကျေးဇူးတင်တယ်။
၆။ မူလတန်းကျောင်းက ဆရာ ဆရာမ တွေလဲ ကျေးဇူးတင်တယ်။
၇။ အလယ်တန်းကျောင်းက ဆရာ ဆရာမတွေကိုလဲ ကျေးဇူးတင်တယ်။
၈။ အထက်တန်းကျောင်းက ဆရာ ဆရာမတွေကိုလဲ ကျေးဇူးတင်တယ်။
၉။ ကောလိပ်က ဆရာဆရာမ၊ အဆောင်ပိုင်ရှင်၊ သူငယ်ချင်းများ ကိုလဲ ကျေးဇူးတင်တယ်။
၁0။ မေးသမျှ မငြီး မငြူ ဖြေပေးတဲ့ ကိုမော်ကြီးကိုလဲ ကျေးဇူးတင်တယ်။
၁၁။ အနယ်နယ် အရပ်ရပ်က တွေ့ဆုံကြုံကွဲ အပေါင်းသင်းတွေလဲ ကျေးဇူးတင်တယ်။
၁၂။ လိမ်ညာ လှည့်စား ကိုယ့်အပေါ်ကျော သွားတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ်။
၁၃။ ကမ္ဘာလောက ကြီးကို ကျေးဇူးတင်တယ်။
၁၄။ မြန်မာ နိုင်ငံတော် ကိုလဲ ကျေးဇူးတင်တယ်။
၁၅။ ကျောက်ပန်းတောင်းမြို့ ကိုလဲ ကျေးဇူးတင်တယ်။
၁၆။ စာပေလောက စာနယ်ဇင်းလောက ကိုလဲကျေးဇူးတင်တယ်။
၁၇။ ပြည်တွင်း ပြည်ပ ရုပ်သံလိုင်းတွေ သတင်းမီဒီယာတွေလဲ ကျေးဇူးတင်တယ်။
၁၈။ ဘလော်ဂါ လောကကိုလဲ ကျေးဇူးတင်တယ်။
၁၉။ ----
၂၀။ --------- အများကြီးရှိတယ်။
ကျေးဇူးတင်တယ် ဆိုတာ ကျေးဇူးရှိခဲ့လို့ လို့ ကျေးဇူးတင်တာပါ။ ဘယ်လောက်ကျေးဇူးတင်သလဲ ဆိုရင် ဘယ်အတိုင်းတာထိ ကျေးဇူးရှိလဲ ဆိုတာ နဲ့ ဆိုင်မယ် ထင်ပါတယ်။ တစ်သက်လုံး ရှိခိုးဦးတင် နေလောက်အောင် ဆပ်မကုန်တဲ့ ကျေးဇူးတွေရှိရင် ရှိခိုးဦးတင်နေမှာပါ။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကား က ကျယ်ပြန့်လှပါတယ်။

Tuesday, June 1, 2010

လူချွန်လူကောင်း



လူချွန်လူကောင်း သီချင်းလေးကို ကျွန်တော့်အဖေ အ၇မ်းကြိုက်ပါတယ်။ ကျွန်တော်ငယ်ငယ်က ရွာအလှူဆိုင်းဝိုင်းမှာ သိချင်းတောင်းရင် လူချွန်လူကောင်း သိချင်းကိုပဲ တောင်းတတ်တယ်။ ဆုတော်ငွေချတယ်။ နှစ်စဉ်နှစ်တိုင်း အလှူရှိတိုင်း ကျွန်တော့် အဖေ သီချင်းတောင်းရင် လူချွန်လူကောင်းသီးချင်းပါ။ ဒီလိုနဲ့ ကျွန်တော့်အဖေ သီချင်းတောင်းမယ်ဆိုရင် ရွာကလူတွေလဲ သိတယ်၊ ဆိုင်းဆရာတွေကလဲ သိတယ် ဆုတော်ငွေ မထုတ်ရသေးဘူး သီချင်းကို စတီးနေပီ။

ပြောချင်တာက ရှေးတုန်းက အနုပညာသည်တွေက ပြည်သူ့အတွက် ရှေ့ဆောင်လမ်းပြနိုင်တယ်။ လူကြီး လူရွယ် လူငယ် အတန်းပညာ အနိမ်အမြင့် အားလုံးအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်စွမ်း ရှိတယ်။ ကမ္ဘာကြည့် ကြည့်မြင်နိုင်စေတယ်။ ဘ၀ရပ်တည်မှု အတွက် အတုယူဖွယ်တွေ အနုပညာအဖြစ် ဖန်တီးကြတယ်။ စာရေးစာဆရာ သီချင်းရေးဆရာ တွေက သမားဂုဏ် နဲ့အညီ မေတ္တာထားကြတယ် လို့ မြင်တယ်။

အခုခေတ်မှာ အနုပညာသည်တွေ တလွဲတွေဖြစ်နေတယ်။ လူထုကို ရှေ့ဆောင်လမ်းပြဖို့ ဆိုတာမရှိဘူး။ အခြေနေကြောင့် နိမ့်ကျတဲ့ ပညာရေးနဲ့ အဆင်မပြေတဲ့ စီးပွားရေးအခြေနေကြောင့် အရာရာမှာ နိမ်ကျနေမှုကို အခွင့်ကောင်းယူကာ လုပ်စားတွေ များလာတယ်။ ဗဟုသုတ နည်းပါမှု နဲ့ ဆင်း၇ဲတွင်းထဲက မတက်နိုင်တာကိုပဲ လက်တွဲကူဖို့ မစဉ်းစားဘူး၊ ဖေးမဖို့ မစဉ်းစားဘူး အတ္တကြီးကြီးနဲ့ ငွေတခုပဲ ကြည့်နေကြတယ်။ မေတ္တာမပါတဲ့ အနုပညာတွေ ပေးနေကြတယ် လို့မြင်တယ်။

ဥပမာတွေအများကြီးရှိတယ်။ အခုခေတ် သီချင်းတွေကို သတိနဲ့နားထောင်မှ သိလိမ့်မယ် ... ရူးသလို ပေါသလို ဟာသလိုလို နဲ့ မျောလိုက်မိရင် ဘာမှမသိနိုင်ဘူး။ ရင်လေးတယ် ရင်မောတယ် - ရေးချင်သးတယ်..

Saturday, May 22, 2010

ကြည့်ညိုဖွယ်ရာ စေတီများ



ဒီပုံကို ကျိုက်ထီးရိုးဘုရား ရောက်တုန်းက ရေတံခွန်သွားတဲ့ လမ်းဘေးမှာ ရယူခဲ့ပါတယ်။

Friday, May 21, 2010

ဝါသနာ


ပိုးလဲရှိတယ်၊ ၀ါသနာ တော်တော်ကြီးတဲ့ ကလေးတွေ။
ဆွဲထားလက်ကိုပဲ ဆွဲထားကိုယ့်လူရေ သီချင်းနဲ့ကနေတာ သဘောကျတာနဲ့ ရိုက်လာခဲ့တယ်။

Wednesday, May 19, 2010

တောင်စဉ်ချောင်း ရှုခင်း


တောင်စဉ်ချောင်းလို့ ခေါ်ပါတယ်။ ဟိုးနောက်မှာ ပုပ္ပါးတောင်ကို ရေးရေးမြင်နေရတယ်..
နွေရာသီဆိုတော့ ရေသိပ်မရှိတော့ဘူး. သောက်ရေအတွက် အမြန်ဖေါ်လို့ရတဲ့ လက်ယက်တွင်းလေးတွေရှိတယ်။ ကြက်သွန်ခင်းတွေရှိတယ်. ရှားပင်တွေက ပတ်လည် ၀ိုင်းနေတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Tuesday, May 18, 2010

တောင်စဉ်ချောင်း


မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အတွင်း ပုပ္ပါးတောင်မှစီးစင်းသော ချောင်းဖြစ်သည်။
ပုပ္ပါးတောင်တန်းများမှ အစဉ်မပြတ် စီးစင်းလာသောကြောင့် တောင်စဉ်ချောင်းဟု ခေါ်ကြသည်။
မိုးရွာသီတွင် ချောင်အထက်ပိုင်း၌ မိုးညိုလျှင် သားသမီးများအတွက် မိဘများ စိတ်ပူရသောချောင်းဖြစ်သည်။
နွေရာသီတွင် ချောင်းရေကျကာ ဘေးဘယ်ညာတွင် ကိုင်းလုပ်ငန်းကို လုပ်ကိုင်နိုင်သော ချောင်းဖြစ်သည်။
ငါးသလဲထိုး၊ ငါးလူးပေါက်၊ ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ရေပေါ်ငါး၊ ခဏန်းလက်မ၊ ငါးရှဥ့်ပေါသော ချောင်းဖြစ်သည်။
ငယ်စဉ်က ကျောင်းဆင်းလျှင် လွယ်အိတ်ပစ်ချကာ ငါးဖမ်းထွက်ခဲ့သော ချောင်းဖြစ်သည်။
တောင်စဉ်ချောင်းသည် ရှားပင်လှရွာ၊ ပေါက်ပင်စွန်းရွာ၊ ချောင်းခြားရွာ၊ အောင်ပဒေသာရွာ၊ လက်ပန်ကျင်းရွာ၊ ညောင်ပင်သာရွာ စသည် အစဉ်လိုက် စိးဆင်းကာ ပင်းချောင်းထဲသို့ စီးဝင်သွားသည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, May 17, 2010

အညာဒေသ ပူပြင်းခြောက်သွေ့မှုပုံရိပ်


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် အနီးမှ တောင်နီတောင်အား
ယခုနှစ် မတ်လဆန်းက ဤသို့ တွေ့ခဲ့ရသည်။ ပူပြင်းခြောက်သွေ့မှုနှင့်
တောမီးလောင်နေတာလဲ ငြိမ်းမည့်သူမရှိ။


ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်- ဆည်ရေသောက်ဧရီယာအတွင်းမှ
ရိုးပြတ်လယ်ကွင်းပြင် တမျှော်တခေါ်....

ဆန်းဝင်း (ကျောက်ပန်းတောင်း)