Monday, January 31, 2011

ပုပ္ပါးတောင် ရှုခင်းများ

ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)


ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

မှတ်ချက် = ကျောက်ပန်းတောင်း နဲ့ ပုပ္ပါးကို google search မှာ တွဲပေါ်အောင် ဓာတ်ပုံ ခေါင်းစဉ် တပ်လိုက်တာပါ။ အထက်ပါ ဓာတ်ပုံများကို filckr.com က နိုင်ငံခြားသား တစ်ဦး ဆီမှ မပြောမဆို အလစ်သုတ်လာခဲ့ပါတယ်။ ကွန်မင့်တော့ ပေးခဲ့တယ်။

Sunday, January 23, 2011

ပန်းလက်ဆောင်





















မတွေ့ရတာ ကြာပီဖြစ်တဲ့ ဘလော့ဂ်က ဘော်ဘော် တွေအတွက် ပုပ္ပါးမြေက စကားဝါပန်း လက်ဆောင်...

တခါတလေ သတိရပါတယ်

ဘလော်ဂါတွေထဲမှာ မိတ်ဆွေနည်းပါတယ်။ တော်တော်များများလဲ အနားယူသွားကြတယ်။

ဝါသနာအပြည့် ဇွဲနဘဲနဲ့ ရေးနေဆဲ အကို အစ်မ များလဲ တွေ့ရတယ်။

နောက်ထပ်ပေါ်လာတဲ့ ဘလော်ဂါတွေလဲ တွေ့ရတယ်။

ဒီဘလော့ဂ်မှာ စာမရေးဖြစ်ပေမယ့် ကျောက်ပန်းတောင်းအသင်း မှာ အနည်းအပါး မဆိုစလောက် ရေးဖြစ်သေးတယ်။

တခါတလေ သတိရပါတယ်။ ဘော်ဘော်တွေကို........

We are Theravada

တနင်္ဂနွေနေ့တုန်းက မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကို ရောက်ဖြစ်ခဲ့တယ်။ အရှေ့ဘက်မုခ်ကစလို့ မပြောင်းလဲသေးတာတွေကို ပြန်တွေ့ရတယ်။ ကြွပ်ကြွပ်အိတ်ပေးပြီး မုန့်ဖိုးတောင်းတဲ့ ကလေးတွေ ပေါ့လေ။ သူတို့လေးတွေကို ငြင်းဆန်ကျော်ဖြတ်ရင်း ရင်ပြင်တော်ပေါ် ရောက်သွားတယ်။ တန်ဆောင်းတစ်လျှောက်က (နိဗ္ဗာန်ဈေးဆိုင်) လို့ အမည်တပ်ထားတဲ့ ဗေဒင်၊ နတ်ရုပ်၊ ဘိုးတော်အပါအ၀င် သာသနာတွင်း/ပ အကုန်ရတဲ့ဆိုင်တွေကိုလည်း အရင်အတိုင်း တွေ့ရသေးတယ်ပေါ့။ ဒါနဲ့ပဲ ရင်ပြင်တော်ပေါ် ရောက်တယ်ဆိုပါတော့လေ . . . ။

ပျားပန်းခပ် လူးလာခေါက်တုံ့နေတဲ့ မြန်မာပြည်သူတွေရဲ့ တစ်ကိုယ်ရေ အမွှေးနံ့သာနံ့တွေရယ်၊ လှူဒါန်းပူဇော်ထားကြတဲ့ ပန်း၊ အမွှေးနံ့သာတိုင်နံ့တွေ၊ မီးခိုးတွေကြားမှာ ကျွန်တော်လည်း အရင်လိုပဲ စူးစမ်းရင်း လျှောက်လာခဲ့ တယ်။ စေတီတော်ယဉ်ကျေးမှုက အရင်အတိုင်းပါပဲ။ အုန်းသီး၊ ငှက်ပျောသီးနဲ့ တံခွန်၊ ကုက္ကားတွေ အဖွေးသား၊ အရဲသား၊ တချွန်ချွန်၊ တပြောင်ပြောင်နဲ့ ရှိတုန်းပဲ၊ မွေးနေ့ဂြိုဟ်တိုင် ရှေ့ရောက်တော့ ဘာရယ်မဟုတ် ရပ်မိနေတယ်။ (အကျင့်ပါနေလို့လည်း ဖြစ်နိုင်ပါတယ်) ဂြိုဟ်တိုင်ကို ကြည့်လိုက်၊ စေတီတော် ကို မော့ကြည့်လိုက်လုပ်နေုတုန်း

” ပန်းလှူမလား၊ ရေသပ္ပာယ်ရင်းနဲ့ ဂြိုဟ်ပြေ၊ နာမ်ပြေ၊ ယတြာချေလို့ရတယ်” ဆိုတဲံ စေတီတော်ကြီးကို အမှီပြုပြီး အသက်မွေးနေတဲ့ အရောင်းအ၀ယ် လုပ်သူရဲ့ စကားသံက ကျွန်တော့်နားထဲရောက်လာတယ်။ ဒါနဲ့ သူ့ကို ပြုံးပြီး “မလုပ်သေးဘူးနော်”လို့ ငြင်းလိုက်ရတယ်။ သူလည်း လှည့်အထွက် ကျွန်တော့်အနားက မြန်မာလိုဝတ်ထားတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုမေးတာ အလုပ်မဖြစ်တော့ မြင်ရတဲ့ နိုင်ငံခြားသားစုံတွဲကို ဂြိုဟ်တိုင်မှာ ရေသပ္ပာယ်လို့ရတဲ့ အကြောင်း၊ ပန်းလှူ လို့ရတဲ့အကြောင်း အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ပိုင်း၊ ခြေဟန်လက်ဟန်နဲ့ ပြောပါတယ်။

အဲဒီအခါမှာ အမျိုးသားကြီးက ပြုံးပြီး ပြန်ပြောပါတယ်။ “No! We are Theravada”တဲ့ တစ်ခွန်းတည်းပါပဲ။ ကျွန်တော်လည်း သေသေချာချာ ကြားလိုက်ရပါတယ်။ ပြီးတော့ အဲသည့်စုံတွဲက ဆက်ထွက်သွားတယ်။ ပန်းကပ်ဖို့၊ ရေသပ္ပာယ်ဖို့ ပြောတဲ့ အမျိုးသမီးက နောက်လူတွေနဲ့ သူ့အလုပ်ကို ဆက်လုပ်ဖို့ ထွက်သွားတယ်။ ကျွန်တော်သာ အဲသည့်ဂြိုဟ်တိုင်ရှေ့မှာပဲ ရေသပ္ပာယ်နေတဲ့သူတွေကို ကြည့်ပြီး ရပ်ကျန်ရစ်ခဲ့တယ်။ နားထဲမှာတော့ အမျိုးသားကြီးပြောသွားတဲ့ စကားသံကို ပြန်ကြားယောင်မိတုန်း။ ဘယ်လောက် အားရစရာကောင်းသလဲဗျာ။
ကျွန်တော်က “မလုပ်သေးဘူးနော်”လို့ ငြင်းတာ။ နောင်လုပ်ချင်လုပ်မယ်ဆိုတဲ့ သဘောပါနေပြီး သူငြင်းတဲ့ “No! We are Theravada” ဆိုတာကတော့
ပြတ်သားမှုအပြည့်နဲ့ဗျ။ ဒါကို ရေးရတာကတော့ သူငယ်ချင်းတို့လည်း နောင်မှာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ပြတ်သားနိုင်ဖို့ပါ။
သင့်တာရာ (မေတ္တာတံခွန်)

ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာတော် ဥပဒေသငါးရပ်
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အပေါ်၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။)

၂။ စောင့်ထိန်းမှု သီလရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓသာသနာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကို စောင့်ထိန်းသူဖြစ်ရပါမည်။)

၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ရ။ (ဤနေရာတွင် ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ ပြဿဒါး၊ နေကြတ်၊ လကြတ်စသော
စိတ်ကူးယဉ်အတွေးတို့၌ ယုံကြည်နေမှုကို ဆိုလိုပါသည်။)

၎။ ကံကိုသာ ယုံကြည်နေသူဖြစ်ရပါမည်။ (ဤနေရာတွင် မိမိ၏ကံနှင့်ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟု ဆိုလိုသည်။)

၅။သာသနာတော်ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ။ (ဤနေရာတွင် သာသနာ တော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှုခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ။ နတ်၊ သိကြား၊ ဗြဟ္မာ၊ ဂြိုဟ်နတ်၊ ထွက်ရပ်ပေါက်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဖာ စသော သာသနာ့ပြင်ပကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟု ဆိုလိုပါသည်။)
ရေစကြို အရှင်ဧသိက၏ ‘ ထေရ၀ါဒဗုဒ္ဓဘာသာ’ စာအုပ် စာမျက်နှာ ၁၇၂၊၁၇၃ မှကောက်နှုတ်ချက်။

ဖိတ်ခေါ်ခြင်း

အသင်းဝင်များ၊ နယ်သူနယ်သားများနှင့် ပြည်တွင်းပြည်ပ မိတ်ဆွေများ အားလုံး မင်္ဂလာပါ -

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် ဇာတိ မြေနှင့်သက်ဆိုင်သော ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ၊ သတင်းအချက်လက်များ ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် စာရေးခြင်းအား နှစ်ခြိုက်သော စာပေဝါသနာရှင်းများသို့ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္တုတို၊ ဝတ္တုရှည်၊ သမိုင်းမှတ်တမ်းများ ပါဝင်ရေးသား ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် = admin@kyaukpadaung.com သို့ အီးမေး ပေးပို့ခြင်း နှင့် Contact Us မှ အဖွဲ့ဝင်များ၏ အီးမေးမှ တဆင်လည်း ပေးပို့နိုင်ပါသည်။

http://kyaukpadaung.com ဝဘ်ဆိုဒ်သည် ဇာတိမြေ ကျောက်ပန်းတောင်း မြို့၏ ကိုယ်ပွား ပုံရိပ်ဖြစ်သည်။

ကျောက်ပန်းတောင်းသို့ စာအုပ်လှူမည်

ကျွန်တော် ငယ်စဉ်ကတည်းက အားလပ်သော အချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေ၏။ နွေကာလများတွင် ရွာဓလေ့အတိုင်း တောပစ်၊ ကြက်တိုက်၊ အာဝါဒေးပွဲများသို့ မရောက်ဖြစ်ခဲ့။ အဘိုး၏ တရားစာအုပ် ပုံတိုပတ်စ အကုန် ဖတ်ဖြစ်သည်။ ငါးပိ ငါးခြောက်ထုတ်သော သတင်းစာကအစ ဖတ်သည်။ အတန်းကြီး အတန်းငယ် သင်ခန်းစာ စာအုပ် အကုန်ဖတ်သည်။ ရွာမှ အတန်းကြီး အကိုအမ များထံမှ စာအုပ် (ရုပ်ပြ ကာတွန်း ဝတ္ထု) များငှားကာ ဖတ်ဖြစ်သည်။ စာဖတ်များလွန်း၍ ကောင်းတာရှိသည် မကောင်းတာလဲ ရှိသည်။ မည်သည့်စာပေကို ဖတ်သင့်သည် လမ်းညွန်ပေးမည့်သူမရှိ။

ယခုအရွယ်မှ ပြန်လည်စဉ်းစားမိသောအခါ မကောင်းသည့်အချက်ကိုတွေ့ ရသည်။ ဖတ်စရာမရှိ- ရှိတာဖတ်သော ကျွန်တော် အချစ်ဝတ္တု စာအုပ်များနှင့် ရင်းနီးခဲ့သည်။ ဖတ်ပါများလာသောအခါ ဝါသနာထုံလာသလို အချစ်ဝတ္တု ဇာတ်ကောင်များ၏ စိတ်များကူးစက်ခြင်း မသိမသာ ခံလာရသည်။ ယခုမူ ရသစာပေ အချစ်ဝတ္တု (အဆိပ်စာပေ) ကို မုန်းတီးမိလာသည်။ အကယ်၍သာ ငယ်စဉ်အချိန် စာဖတ်ချင်စိတ်များသော အရွယ်က လမ်းကြောင်းမှန်ဖြင့် နည်းပညာ စာအုပ်များ လက်တကမ်းတွင် ရှိခဲ့ပါမူ။

စာဖတ်ဝါသနာပါလာ၏။ သို့သော် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်ခဲ့စဉ် အချိန်အထိ စာကြည့်တိုက် ဆိုတာ ဘာလဲ ကျွန်တော် နားမလည်ခဲ့ပါ။ ကျောင်းတွင် စာကြည့်တိုက်ရှိသည်ဟု သိသော် လည်း မရောက်ဖြစ်ခဲ့။ တစ်ယောက်တည်းနေ၍ ပတ်ဝန်းကျင်နှင့် အလှမ်းကွာလှသော ကျွန်တော် သည် စာအုပ်စာပေ အလကားရသော နေရကိုမသိခဲ့။ မဖြစ်စလောက် အပိုငွေလေးဖြင့် လင်းဦးတာယာ စာပေ ၊ မျိုးဆက်သစ်စာပေ အစရှိသော ဆိုင်မှားမှ ဝယ်ယူ ဖတ်ရှုခဲ့ရသည်။

ပထမဆုံး စာကြည့်တိုက် အသင်းဝင်ဖြစ်သည်မှာ မကွေးတက္ကသိုလ်တွင် အဝေးသင် နောက်ဆုံးနှစ်တက်ခဲ့စဉ်က နိုင်ငံတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော E-library တွင်ဖြစ်သည်။ စာအုပ်စင် စာကြည့်တိုက်မှ အီလက်ထရောနစ် စာကြည့်တိုက်စနစ်သို့ မြေစမ်း ခရမ်းပြိုးကာလဖြစ်သည်။ စာအုပ်များကို စီဒီ ကူးထားပြီး ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။ အီးမေး အင်တာနက် ဆိုတာ အစာအစာ နာမည်တခုမဟုတ်ဟု ပြည်သူများသို့
စတင် အသိပေးချိန်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွန်ပျူတာ အသုံးပြု တတ်သူ လက်ချိုး ရေ၍ ရသေးသည်။ (ဆိုလိုသည်မှ ကွန်ပျူတာ သုံးတတ်သူ နည်း၏)။ ယခုလို ၂၀၁၁ နှစ်များတွင် E-library သည် အတော် အသုံးဝင် လိမ့်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှ စီမံကိန်းများအား မဝေဖန်လိုပြီ။ ပြောစရာကတော့ ရှိနေသေးသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းမှ လမ်းဘေးတွင် ပုံအောထားသော စာပေ အဟောင်းဆိုင်မှ ဝယ်ယူရရှိသော စာကြည့်တိုက် နှင့်ပတ်သက်သည့် စာအုပ်တအုပ် ဖတ်ခဲ့ဖူးသည်။ စာကြည့်တိုက်သည် ကျေးလက် စာကြည့်တိုက်များ မှ မြို့နယ်စာကြည့်တိုက်များ ထိုမှတဆင့် နိုင်ငံတော် အဆင့် စာကြည့်တိုက် အဆင့်သို့ ချိတ်ဆက် တည်ရှိပုံ များပါဝင်သည်။ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ကာ စာအုပ်စာပေ စီးဆင်းခြင်း မြစ်တဆင်း ဖတ်တီးကြရမည်။ (လဲလှယ်ကာ ဖတ်ရှုစေခြင်း)။ ယခုအခါ ကျေးလက်စာကြည့်တိုက် အစီ အစဉ်များဖြင့် စာကြည့်တိုက်များ ဖွင့်လှစ် ပေးနေသည်ကို သတင်းစာများတွင် ဖတ်ရသည်။ ပညာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် အတွက် အုပ်ချုပ်သူ အစိုးရချည်း အားကိုး နေ၍ မဖြစ်ခြေ။ တမျိုးသားလုံးအတွက် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် လူတိုင်း လူတိုင်းတွင် တာဝန်ရှိဟု ကျွန်ုပ်ယူဆသည်။

ဒုတိယအကြိမ် အဝေးရောက် ကျောက်ပန်းတောင်း သူ/သားများ တွေ့ဆုံပွဲတွင် ဇာတိမြေ ကျောက်ပန်းတောင်းမြို့ စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းမည် ဟု သိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသည်။ ဒေသတိုင်း ဒေသတိုင်း တပိုင်တနိုင် စာကြည့်တိုက်များ စည်ပင်ဖွင့်ဖြိုးလာလျှင် တမြို့နယ်နှင့် တမြို့နယ် စာကြည့်တိုက် အချင်းချင်း သဘောတူမှုရယူ ချိတ်ဆက်ကာ စာအုပ်များအား မျှဝေ ဖတ်ရှုစေခြင်းဖြင့် ပညာဘဏ်တိုက်ကြီး ဖြစ်လာပေလိမ့်မည်။ သို့ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ရန် မခက်ခဲ့တော့ပေ။ ထို့ထက်ပိုကာ တွေးရလျှင်ဖြင့် အစိုးရ စာကြည့်တိုက်များ၊ ဒေသတွင်း တပိုင်တနိုင် စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ ဘာသာရေး စာကြည့်တိုက်များ မှ စာကြည့်တိုက်မှုးများ တွေ့ဆုံညှိနိုင်းကာ စာအုပ်စာပေး စီးဆင်းမှု လွတ်လပ်ခြင်းအား ဖန်တီးကြပါလျှင် အတိုင်းထက်လွန်ဖြစ်တော့၏။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Sunday, January 9, 2011

ပုပ္ပါးတောင်

တခြမ်းစိမ်း တခြမ်းဝါ
တခြမ်းပူ တခြမ်းအေး
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာ
သင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....

ဒီမှာ စကားဝါပန်းတွေ ရှိတယ်
မျောက်မျက်ကွင်းဖြူတွေ ရှိတယ်
ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့
ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....

စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့
အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃
သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူး
ဖြုန်းရင်တော့ ကုန်မှာပဲ
တောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီး
အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....

အခုတော့
ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာ
သင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါ
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းလောက်က
ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မီးတောင်သေ
ယဉ်ကျေးမှုအယူတွေအရ ဒေဝတို့ ပျော်စရာတောင်
သီးချင်းမှတ်တမ်းထဲက ကျောက်နွားသိုး ၉ ကောင်ရော
ဘယ်မှာ ရှောင်ပုန်းနေလေသလဲကွဲ့.....

အရုဏ်ဦးအလင်းရောင်ဟာ ဇော်ဂျီယောင်ဆောင်လို့
မြူတိမ်တိုက်ထဲက တိုးထွက်ဖြာဆင်းလာပုံ
ဘယ်လောက်ဂုဏ်ကျက်သရေရှိ လှပလိုက်သလဲ.....

ခင်ဗျားတို့ ကျွန်တော်တို့အားလုံး
မိုက်မဲလို့တော့ မဖြစ်ချေဘူး.....

မင်းထက်မောင်

Monday, October 25, 2010

မီးတောင်ချော်ပြာ (Pozzolan)

သဘာဝပိုဇိုလန်ဆိုတာ မီးတောင်ပေါက်ကွဲရာက ထွက်ရှိလာတဲ့ ချော်ပြာတွေပါ။ မီးတောင်ပေါက်ကွဲတဲ့အခါ ချော်ရည်ပူတွေ ပြာတွေ တိုးထွက်လာတယ်. အပြင်လေနှင့် ထိတွေ့သောအခါ အပူချိန်လျော့ အေးခဲသွား ပါတယ်။ အဲဒီ ချော်ပြာတွေဟာ ဘီလပ်မြေ နဲ့ တူတဲ့ အာနိသင်ရှိတယ်လို့ သိရတယ်။ ဘိလပ်မြေနဲ့ တူနေမှတော့ ဘီလပ်မြေ ဘယ်လုပ်တော့မလဲ. ပုပ္ပါးကို မောင်ပိုင်ဆီးလိုက်မှာပေါ့ .. အဟဲ အဲဒါက စီးပွားရေး လဒ်မြင်တဲ့ တနပ်စားကြံတဲ့ ချစ်တီးအတွေးပါ။

အဘိုးတို့ အဘရဲ့ ဘိုးဘိုး အိမ်ဆောက်တုန်းက ဘီလပ်မြေ မပေါ်သေးဘူး။ ဘိလပ်မြေနဲ့တူတဲ့ မြေနီမှုန့်တွေနဲ့ ဆောက်တယ်။ အိမ်ခေါင်မိုးတယ် လို့ သက်ကြီးစကား သက်ငယ်ကြား သိဖူးပါတယ်။ အဘိုးဟာ အဲဒီအိမ်အပေါ်ထပ်မှာ ဆုံးပါးသွားခဲ့ပါတယ်။ ချော်ပြာနဲ့ဆောက်တာ မဟုတ်သေးဘူး မြေနီမှုန်တောင် အိပ်က အဲလောက် ထိတောင် မပျက်မဆီး တည်နေနိုင်တယ်ဗျ။ မီးတောင်ချော်ပြာက ဘိလပ်မြေ ထုတ်တဲ့သူတွေ မျက်စိကျစရာ ဖြစ်တာ ဘာဆန်းတာလိုက်လို့..

ပိုဇိုလန်ကို သဘာဝ မီးတောင်တွေကလဲ ရတယ်၊ သိပ္ပံနည်းပညာနဲ့ ထုတ်လို့လဲရတယ် လို့ သိရပါတယ်။ သဘာဝက ရှိနေမှတော့ နည်းပညာနဲ့ တမင်ဘယ်ထုတ်မလဲနော်။ မီးတောင်ဟောင်းတွေ လိုက်တူးပီး ရောင်းစားမှာပေါ့။ (အဲလို မစဉ်းစားနဲ့လို့ ပြောချင်တာပါ)။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝတရားကိုတော့ ခံစားတတ်တယ်။ သဘာဝဟာ သဘာဝပါ။

၂၆.၁၂.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာ။
မြန်မာနိုင်ငံ ဒေသအချို့ရှိ မီးတောင်ဟောင်းများသည် သဘာဝပိုဇိုလန်ထုတ်လုပ်နိုင်သော အရင်းအမြစ်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် ဘီစီ ၄၄၂ တွင် နောက်ဆုံး ပေါက်ကွဲခဲ့သည်ဟု မှတ်တမ်းရှိခဲ့သော ပုပ္ပားမီးငြိမ်းတောင် ဒေသတစ်ဝိုက်နှင့် နောက်ဆုံးပေါက်ကွဲချိန် မှတ်တမ်းမရှိသော ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသမှ မီးတောင်ဒေသအုပ်စုတို့မှာ သဘာဝပိုဇိုလန်ထုတ်ယူရန် အလားအလာကောင်းသော ဒေသများဖြစ်ကြသည်။ ပုပ္ပား မီးငြိမ်းတောင် ဒေသတစ်ဝိုက်ရှိ သဘာဝပိုဇိုလန်သည် အရည်အသွေးမီ မြင့်မားကြောင်း စမ်းသပ်တွေ့ရှိရ၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ တည်ဆောက်လျက်ရှိသည့် Roller Compacted Concerete Dam တွင် ဘိလပ်မြေလိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းအထိ အစားထိုး သုံးစွဲလျက်ရှိကြောင်း သိရသည်။

ပိုဇိုလန် အသုံးဝင်ပုံနဲ့ အသုံးပြုပုံ အများသိစေစိမ့်သောငှာ တင်ပြလိုက်ရပါတယ်ခင်ဗျာ.. :(
ဆန်းဝင်း (ကျောက်ပန်းတောင်း)

ကျွန်တော်သိတဲ့ ကျွန်တော့်မြေ

ကျောက်ပန်းတောင်းမြို့
အင်္ဂလိပ်လို kyaukpadaung
မြန်မာပြည်ရဲ့ အလယ်ပိုင်း
မန္တလေးတိုင်း မြင်းခြံခရိုင်ကမြို့။

ဆောင်းနွေမိုး သုံးရာသီမှာ
ဆောင်းဆိုအေး၊ နွေဆိုပူ၊ မိုးဆိုမိုး
စိမ်းလန်းစိုပြေတဲ့ ပုပ္ပါးအရိပ်အောက်မှာ
သဘာဝက ခန်းနားစွာ နေရာချပေးခဲ့ပြီ။

ပန်းပေါင်းစုံ ဆေးပင်ဆေးမြစ်စုံ
စိမ့်ကြီး မြိုင်ကြီး ပုပ္ပါးတောင်ကြီးနဲ့
စုံတော မြိုင်တော ရှုမောဖွယ်တွေကြောင့်
ကျောက်ပန်းတောင်းက နေချင့်စဖွယ်မြို့။

ထန်းပင် ထန်းလက် ထန်းလျှက်တွေနဲ့
ချိုချဉ်ဖန်ခါး အရသာတွေကြားမှာ
လက္ဖက်ရည်က နာမည်ခိုးချခံရတဲ့မြို့ပေါ့
ကျောက်ပန်းတောင်းဟေ့ ဆိုရင် ချိုအီပြစ် ခွေယိုင်လဲ။

သဘာဝအမွေပေးတဲ့ အိုအေစစ်လေးတခု
မြို့နေလူထုရဲ့ ရင်ထဲဖြတ်သန်းစီးဆင်းသွားတယ်
အစဉ်အလာအရ ရုပ်ခန္တာဖြစ်တည်မှုမှာ တည်တန့်
ညဏ်ရည်မြင့် ကံကောင်းခြင်းလက်ဆောင်တခုရခဲ့ပြီ။

ရိုးသားဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ နေထိုင်ရင်း
တောင်တော်ပုပ္ပါးက ပီအိပ်ခ်ျ ဆဲဗင်း ကိုသောက်လို့
ဒေသတခွင်မှာ ညဏ်ရည်ထက်မြတ်ထူးချွန်တဲ့
မျိုးရိုးဗီဇ နဲ့ လူသားတွေ အဖြစ် ကမ္ဘာက သိကြတယ်။

နှလုံးသွေးကို စစ်ကြည့်လိုက်မလား
အခြေနေအရ ကိုယ့်ဒေသနဲ့ ဝေးနေပေမယ့်
ငါဟဲ့ ကျောက်ပန်းတောင်းသား ဘိုးဘွားအမွေဆက်ခံလို့
ကောင်းသတင်းနဲ့ကျော်ဇောစေရမယ်ဆိုတဲ့ ဆန္ဒရှိသူတွေ ထုနဲ့ဒေး။

တို့ပြေ တို့မြေ ကျောက်ပန်းတောင်းမြေသို့
အနီးကပ် ချစ်ခွင့်ရသူများ အဝေးက ချစ်နေကြသူများ နဲ့
ကောင်းသတင်းနားစွင့် ကောင်းသည်ထက်ကောင်းစေချင်သူများ
ကမ္ဘာတည်သရွေ့ အိုအေစစ်တည်နေအောင် ထိန်းသိမ်းကြစို့လေ။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Sunday, September 19, 2010

အညာ ဟင်းလျှာများ။

ဒီဟင်းလျှာလေးတွေကတော့ ဘယ်တွေရောက်ရောက် တမ်းတလွမ်းရသော အမေ့လက်ရာ စစ်စစ် အညာဟင်းများဖြစ်ပါတယ်။ ရွာက ဟင်းလျှာတွေ၊ စားစရာတွေ နဲ့ပတ်သတ်လာရင် အနံ့လေးတွေကအစ မှတ်မိနေတယ်။ သတိတရ ရှိနေတဲ့ အမေ့လက်ရာ ဟင်းတွေ ချရေးလိုက်တယ်။ ကြားဖူးအောင်ပေါ့။

၁။ မန်ကျီးရွက် နုနုကို တောင်ပေါ်ပဲပြုတ်နဲ့ သုပ်တဲ့ မန်ကျီးရွက်သုပ်။
၂။ မန်ကျီးရွက် နဲ့ ခရမ်းခေါင်းသီး ချဉ်ဟင်း။
၃။ မိုးဦးကျထွက်တဲ့ ဆူးပုတ်နုနုနဲ့ ဆန်မုန့်ဟင်းချို။
၎။ မလွှပွင်၊ ကြောင်ရှာပွင့် ၊ ကြောင်ရှာသီး သုပ်။
၅။ ဂုဏ်ရွက်နုနုနဲ့ ဆန်မုန့် ဟင်းချို။
၆။ သဘာဝ ခွေးတောက်ရွက် ဟင်းချို။
၇။ ဟင်းနုနွယ်ရွက် ဟင်းချိုချို။
၈။ နွေမိုးဆောင်း လယ်ကန်စွန်းရွက်ကြော်။
၉။ ကိုင်းချဉ်ပေါင်နဲ့ ဆူးပန်း၊ နံနံ ချဉ်ဟင်းတစ်ခွက်။
၁၀။ ပဲတိုင်ထောင်နဲ့ ချဉ်ပေါင်ရွက်ဟင်း။
၁၁။ လက်ပန်ပွင့်ခြောက် (၀က်သားနဲ့မလဲနိုင်ပါ) ဟင်း။
၁၂။ ငရှာရွက် ဆန်မုန့် ဟင်းချို။
၁၃။ ကြက်ဟင်းခါးရွက်ကြော်။
၁၄။ ခရမ်းခေါင်းသီး မီးဖုတ် မြေပဲဆံထောင်းပီးသုပ်။
၁၅။ ကဆစ်သီး မီးဖုတ် နဲ့ ငရုပ်သီးထောင်း။
၁၆။ ကင်းမုံသီး ဆီပြန်ကြော်။
၁၇။ ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီပွင့် ဟင်းချို။
၁၈။ ကြက်သား နဲ့ ဗူးသီး ကာလသားချက်။
၁၉။ ကိုယ်တိုင်လုပ် ပုန်းရေကြီးသုပ်။
၂၀။ ခရမ်းချဉ်သီးငါးပိချက် ကလအော်ငရုပ်သီးနဲ့ချက်။
၂၁။ ဆူးပုတ်ကြီးရွက်နဲ့ ပဲကြီးဟင်းချို။
၂၂။ ဆောင်းဦးပေါက် နံနက်စောစော မီးပုံဘေးက ကောင်းညှင်းတပွဲ။
၂၃။ မြေပဲကြော်ကိုထောင်း ထမင်းပူပူနဲ့ နယ်၊ နှမ်းမှုန့်ဖြူး (ကျွန်တော် အကြိုက်ဆုံး)။
၂၄။ ထန်းရေမှရသည့် ထန်းပုန်းရည်ကြီးချက် ။
၂၅။ လယ်ကြွက်ကင်၊ ထန်းပင်ကျရည်။
၂၆။ ဖားကင်၊ ထန်း ပင်ကျရည်။
၂၇။
၂၈။
(ဟင်းအားလုံးကို ချက်ပြုတ်ရာတွင် ဆုံဆီကိုသာသုံးပြီ မြေအိုးနှင့်ချက်သည်)

အရင်အဟောင်း ပိုစ်ဖြစ်၏ (ဆားချက်၏)။