Sunday, September 16, 2012

ကျောက်ပန်းတောင်း-ညောင်ဦး လမ်းက မရောင့်ရဲချောင်း ဖြတ်ကူးရတဲ့ ဒုက္ခ ။

ကျောက်ပန်းတောင်း-ညောင်ဦး လမ်းက မရောင့်ရဲချောင်း ဖြတ်ကူးရတဲ့ ဒုက္ခ ။ Kyaukpadaung - Nyaung Oo

Saturday, August 18, 2012

ပုဂံ ညောင်ဦး New Bagan and Old Bagan

ပုဂံညောင်ဦးမြို့ google map မှ မြင်ရတာဖြစ်ပါတယ် ။ ၁ ။ ကြားရတာ နားချမ်းသာဖွယ် ပုဂံညောင်ဦး ရှေးဟောင်းနယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေတယ်လို့ သိရတယ် ။ ၂ ။ ဟိုတယ်ဇုန်အသစ်ကို တူရွင်းတောင်ဘက်မှာ သတ်မှတ်တည်ရှိစေမယ် လို့ ဖတ်မှတ်လိုက်ရတယ် ။ ပုံထဲက မင်နီ လေးထောင့်ကွက် အမှတ်သားနေရာ ဖြစ်ဟန်တူပါတယ် (ခန့်မှန်း) ။ ၃ ။ ဟိုတယ်ဇုန်ထုတ်လိုက်တယ် ဆိုတော့ ဟိုတယ်အဟောင်းများ ဘယ်လိုလုပ်မလဲ သိချင်တယ် ။
ပုဂံဟိုတယ် .. သံတဲ ဟိုတယ်တွေက ရှေးဟောင်းနယ်မြေကို နေရာယူထားကြတယ် ။ ဂေါက်ကွင်းဟိုတယ် နဲ့ ဂေါက်ကွင်းကြီးကလဲ ဘုရားငုတ်တုတ်တွေ ဖယ်ဖျက် တည်ထားတာကြီးပါ ။ ၄။ နန်းတော်သစ်တည်တယ် (ဆိုတာလဲ မဖြစ်သင့်ပါဘူး) နီးနီးနားနား ကပ်တည်တယ် ။ အသစ်အဟောင်း အုတ်ရောေ၇ာ ကျောက်ရောရော ဖြစ်သွားစေနိုင်တယ် ။ ၅ ။ အရင်က တိုင်းမှုးတိုင်း ဘုရားပြုပြင်တဲ့ အယူအဆ ကြောင့် . ရှေးဟောင်း ဘုရားတွေမှာ ထီးတွေ တင်လို့ .. Maintenance အစား Restoration ကနေရာ ယူနေတယ် ။ ထိန်းသိမ်းခြင်း လုပ်တတ်ဖို့ လိုသလို ရှေးဟောင်းနယ်မြေ ဇုန်တခုလုံးကို အကြီးစား ထိန်းသိမ်းမှုတွေ လုပ်သင့်တယ် ။ ခရီးသွားနဲ့ လေ့လာရေးတွေအတွက် အဆင့်မြင့်သင့်ပါတယ် ။ အဆင့်မမြင့်နိုင်ပါက ဇိမ်ခန်းနဲ့ အနှိပ်သမ ရှာချင်သူများ အတွက် နေရာ ဖြစ်သွားနိုင်သလို .. ရှိစုမဲ့စု ရှေးဟောင်းပစ္စည်းလေးတွေ ဂတ်စ်မီးခြစ်နဲ့လဲ (အခုခေတ်မှာတော့ ဟန်းဆက် လှလှလေးတွေ ဖြစ်မလား) တဲ့နေရာ ဖြစ်သွားလိမ့်မယ် ။ ကျန်သေးတယ် မျှားထိုးထားတာက ဧရာဝတီမြစ်ရေကြောင်း ပြောင်းလဲမှုကို လေ့လာသင့်တယ် ။ Old Bagan ဆိုတာ နောက် နှစ် ၁၀၀ ဆို ပင်လယ်ထဲ မြောသွားမလား ။

Tuesday, August 14, 2012

မန္တလေးတိုင်း (နေပြည်တော်တိုင်း)



၁။ သပိတ်ကျင်း
၂။ မိုးကုတ်
၃။ စဥ့်ငူ
၎။ မတ္တရာ
၅။ ပုသိမ်ကြီး
၆။ အောင်မြေသာစံ
၇။ ချမ်းအေးသာစံ
၈။ မဟာအောင်မြေ
၉။ ချမ်းမြသာစည်
၁၀။ ပြည်ကြီးတံခွန်
၁၁။ ပြင်ဦးလွင်
၁၂။ ငန်းဇွန်း
၁၃။ တံတားဦး
၁၄။ အမရပူရ
၁၅။ စဥ့်ကိုင်
၁၆။ ကျောက်ဆည်
၁၇။ မြင်းခြံ
၁၈။ နွားထိုးကြီး
၁၉။ မြစ်သား
၂၀။ ညောင်ဦး
၂၁။ တောင်သာ
၂၂။ မလှိုင်
၂၃။ ဝမ်းတွင်း
၂၄။ ကျောက်ပန်းတောင်း
၂၅။ မိတ္ထီလာ
၂၆။ သာစည်
၂၇။ ပျော်ဘွယ်
၂၈။ ရမည်းသင်း

၂၉။ တပ်ကုန်း
၃၀။ လယ်ဝေး
၃၁။ ပျဉ်းမနား
၃၂။ ဥတ္တရသီရိ
၃၃။ ဒက္ခိဏသီရိ
၃၄။ ပုပ္ပသီရိ
၃၅။ ဇဗ္ဗူသီရိ
၃၆။ ဇေယျာသီရိ

Mount Popa (oasis)

Mount Popa ပုပ္ပါးတောင် တည်နေပုံအား ကြက်မောက်တောင် ဆည်ဘက်မှ မြင်ရပုံ ။

မောင့်ကြက်သရေ ခေါင်းပေါင်း

တို့ချစ်တဲ့ အမေစု လဲ မောင့်ကြက်သရေခေါင်းပေါင်းနဲ့ဗျာ.. နောင်လာနောင်သားမှာ မှတ်သားဖွယ် မှတ်တမ်းတင်လိုက်ပါတယ် ။ ပြည်သူ့လွတ်တော်ကနေ print screen ဖမ်းယူထားတာပါ ။

အညာမြေက ထာဝရ အိုအေစစ် အတွက် စိတ်ကူးသစ် ။


အညာမြေ ကျောက်ပန်းတောင်းမြို့ သောက်ရေ သုံးရေ ဖူလုံရေးအတွက် ဧရာဝတီမြစ်မှ မြစ်ရေတင် စီမံကိန်း စိတ်ကူးထားပါတယ် ။ အစီအစဉ်ကား. ယခင် အင်္ဂလိပ်လက်အောက်ခံ ဘဝတည်းက ပုပ္ပါး ဗိုလ်နတ်ကျော် နှင့် ငါ့သရောက် ဗိုလ်ချို တို့ လူသူလက်နှက် စည်းရုံးရေးဆင်းသော လမ်းဖြစ်သည့် မြေနီကျောက်ခင်းလမ်း ကျောက်ပန်းတောင်း - ငါ့သရောက် လမ်း မိုင် ၂၀ ခန့် ( မြေပုံတွင် ကြည့်ပါ) အား ထပ်မံတိုးချဲ့ ဖောက်လုပ်မည်ဖြစ်သည် ။ ၄င်းမှတဆင့် မြန်မာနိုင
်ငံ အရှည်ဆုံး မြစ်ကူးတံတားဖြစ်သော လက်ပန်ခြေပေါ် ပခုက္ကူ မြစ်ကူးတံတား သို့ (၁၀ မိုင်ခန့်) လမ်းဖောက်လုပ်မည်ဖြစ်သည် ။ ယင်းလမ်း (ကျောက်ပန်းတောင်း-ငါ့သရောက
်-ပခုက္ကူတံတား) မှတဆင့် ချင်းတွင်းဧရာ မြစ်ဆုံ ရေအား ကျောက်ပန်းတောင်းမြို့သို့ မြစ်ရေတင် စီမံကိန်း ပြုလုပ်မည်ဖြစ်သည် ။ မိုးရေကို အားကိုးထား သောက်သုံးနေ ရသော မြို့နယ်သူ မြို့နယ်သားများအတွက် .. ရေမရရှိသောေ ကြာင့် ဖြစ်ပွားတတ်သော ၉၆ ပါး ရောဂါဘယ မျိုးစုံ ကင်းဝေးကာ ရေအရေး စိတ်အေးစေဖို့ အတွက် စီမံကိန်းဖြစ်ပါတယ် ။ ဧရာဝတီ မြစ်ရေ၏ 0.000000000000001 သာ အသုံးပြုမည်ဖြစ်သည်။ 2015 မှာ ကျွန်တော် တသီး တပင် အမတ်အဖြစ် ဝင်ပြိုင်တဲ့အခါ လွှတ်တော်မှာ တောင်းဆိုပါမယ် ။ မဲပေးကြပါလို့....... :)

ကျိကျိတက် မြန်မာ နိုင်ငံ

ကြည့်ကြစမ်းဟဲ့.. တို့တိုင်းနိုင်ငံ အဘယ်လောက် ချမ်းသာသလဲ.. ဓာတ်ငွေ့စီမံကိန်းတွေ .. ရေလုပ်ငန်းဝင်တွေ.. ကျောက်မျက်ရတာနာတွေ.. တွင်းထွက်ကုန်တွေ (မွေ ဖွတ် ပတတ် တောင်ပြည်ပပို့တယ်) . တာတမံတွေတုတ် လျှပ်စစ်တွေထုတ်.ရောင်းတယ် . ပြည်ပသွား လုပ်သားဝင်ငွေရ
ှိသေး ။ ချေးငွေပေါင်းများစွာ........ ဒါတင်လားဟဲ့ ဘယ်ကမလဲ.. အငှာချထားတဲ့ မြေတွေ ကြည့်စမ်း. ထားဝယ် .. စစ်တွေ . မြန်မာပြည် ထက်ပိုင်းပိုင်းတဲ့ မဟာ ဓာတ်ငွေ့လိုင်း. တောင်တန်းတွေကြားက လီးဒိုးကြီးတောင် ပြန်စတော့မယ်ဆိုပဲ.. ချမ်းသာလိုက်တာ ကျိကျိတတ်လို့ ။ ဒီဝင်ငွေ ဘယ်ရောက်ကုန်လဲ မမေးချင်ပါဘူး..သို့ပေမယ့် အနာဂါတ်အတွက်.. နောက်တခါ ၂၀၁၅ မဲပေးရရင်ဖြင့် ပညာရေးကို အဓိကထား ဘတ်ဂျက်သုံးမယ်ဆိုမှ မဲပေးမယ်ကွယ် ။


facebook မှ ကူးထားသည်။

Wednesday, August 1, 2012

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူ့ဘောင်စခန်းကို လှမ်းစို.. တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။

အရှေ့ဘက်တလျှောက်မှာ
တောင်ကျရေများ စီးဆင်းသာယာ
ချောင်းရေလျင် ကြည်ကြည်အေးလို့ပါ ။

ဟိုး..ဟိုး တောင်လယ်ပြင်ဆီမှာ
လယ်ပြင်မို့မို့ စိမ်းညို့ညို့
စပါးပင်တွေ ယိမ်းနွဲ့လို့သာ ။

မြောက်ဆီကို လှမ်းမျှော်ကြည့်တဲ့အခါ
ရှင်မကြွယ်လူး တောင်တော် သာသာယာယာ
ကိုးတောင်ပြည့် စေတီဘုရားကို ဖူးတွေ့ရမှာ ။

ရွှေညောင်ပင် အနောက်ဘက် စခန်းထိ
လှမ်းကြည့်မျှော်တဲ့ အခါ..
တို့..ပြည်သူ့စိုက်ပျိုးရေးအတွက်..
ပြည်သူ့ ယာခင်းတွေက သာ.....။

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူဘောင်စခန်းကို လှမ်းစို တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။

ငယ်စဉ်က ရွာမှာ ဒိုးပတ်နဲ့ ဆိုခဲ့တဲ့ သီချင်း (သိပ်မမှတ်မိတော့သလို သံစဉ်လဲ သိပ်မရတော့ဘူး) မှတ်မိသလောက် ချရေးထားတာ ။

Thursday, May 10, 2012

ဂွေးချိုတောင်တန်း သက်သေတည်

ခေါင်းစဉ်ကို ဂွေးချိုတောင်တန်း သက်သေတည် လို့ အမည်ပေးလိုက်တယ်။ ခေါင်းစဉ်ကြည့်ပြီး   ယောင်္ကျား မိန်းမ အချစ် အလွမ်း နဲ့ ဂွေးချိုတောင်တန်း၊ ဘယ်ပန်းချီရေးလို့ မမှီတဲ့ အညာမြင်ကွင်းတခု  ထန်းတောတွေနဲ့ ရေပြင်ကျယ်ကြီး ရှိတဲ့ ဂွေးချိုကန် ကိုနောက်ခံထား ရေးဖွဲ့မယ့် အချစ်ဝတ္တုတခု လို့ မထင်လိုက်ပါနဲ့ ။  ဆန်းဝင်း ဆိုတဲ့ ကျွန်တော်က စာသာ အဆုံးသတ်ထိ အရေးမတော်တာ ခေါင်းစဉ် နားမည်ပေးတော့ ကောင်းတယ်။ ဂွေးချိုက သူငယ်ချင်းဆိုလို့  ကျောက် ပန်းတောင်း အထက (၁) တက်ခဲ့စဉ်က အဆောင်ချင်းကပ်ရပ် ဂွေးချိုသား ပိန်ညောင်ညောင်နဲ့ ကျော်နိုင်ထွန်း တစ်ယောက်သာရှိတယ်။ အခုတော့ နှုတ်ခမ်းမွေးနဲ့ ကွမ်းစားမပျက် ဝတုတ်တုတ်  မှတ်မိဘူး။ ၁၀ နှစ်ကျော် မတွေ့ရဘဲ စင်္ကာပူ ကျောက်ပန်းတောင်းအသင်းမှာ ပြန်တွေ့ရမှ စကားပြောရင်း "ခင်ဗျား ဦးထွန်းထွန်း ကျူရှင်တက်တယ်မဟုတ်လား၊ ဒေါ်ခင်မြဝင်း ကျူရှင်က မဟုတ်လား၊ မြို့မ ထဲမှာနေတာမဟုတ်လား" နဲ့ မေးမြန်းယူရတယ်။ ခွေးချိုတောင်တန်း သက်သေ တည်ရအောင် ငယ်ငယ်က ဘာမှ ဇာတ်လမ်းရှိခဲ့ဖူးဘူး။ ဒါဖြင့်ရင် ဘာကိုရေးမလဲ...

အညာဒေသ သဘာဝပေါက်ပင် အကြောင်းလေးတွေ ရေးခဲ့တယ်။ သိလို့ တတ်လို့ ဟုတ်ဘူး။ လက်က အငြိမ်မနေနိုင်လို့ ။ အခုလဲ ကျောက်ပန်းတောင်းနဲ့ အိမ်နီးချင်း မြို့တွေ အကြောင်း ရေးချင်လာ တယ်။  ရေးခဲ့ပြီးပြီ။ ငါ့သရောက် အိုး ၊ မြင်းခြံ သနပ်ဖက် ဆေးပေါ့လိပ် ။  အခုရေးမှာ က ဂွေးချိုမြို့အကြောင်းပေါ့။ ကိုယ့်နယ်က လူတွေကတော့ သိပီးသား ပါ။ မြန်မာပြည် ဒေသ အသီးသီးက မိတ်ဆွေများအတွက် ဗဟုသုတပေါ့။  ဂွေးချိုမြို့ လို့ နာမည် ဘာကြောင့်တွင်လဲ မသိပါဘူး။ အနီးနားမှာ ဂွေးပင် ဆိုတဲ့ ၇ွာလဲရှိတယ်။ ဂွေးချိုသီး ပင်တွေ ရှိပုံပေါ်တယ်။ ဂွေးချိုမြို့က ကျောက်ပန်းတောင်းမြို့ နဲ့ ၇ မိုင် ကွာဝေးပါတယ်။ ကျောက်ပန်းတောင်း -ချောက်-ရေနံချောင်း လမ်း ၃ ခု ဆုံတဲ့မြို့ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျောက်ပန်းတောင်း -ဂွေးချို-ချောက်-ဆိပ်ဖြူ လမ်း။ ကျောက်ပန်းတောင်း-ဂွေးချို- ရေနံချောင်း-မကွေးလမ်း စသည်ဖြင့်သွားလို့ရပါတယ်။ ရန်ကုန်-မကွေး-ရေနံချောင်း-ဂွေးချို-ကျောက်ပန်းတောင်း - ညောင်ဦး အိတ်စပရပ် ကားတွေ ဂွေးချိုမှာ ဆီဖြည့် ခေတ္တနားကြတယ်။

ဂွေးချိုတောင်တန်းက အမြင့်ကြီး မဟုတ်ဘူး။ တောင်တန်းက တောင်မြောက်ရှည်ပါ တယ်။ ရေနံချောင်းက လာတဲ့လမ်း၊ ချောက်က လာတဲ့လမ်း၊ ကျောက်ပန်းတောင်းက လာတဲ့လမ်း ၃ ခု ဆုံတဲ့နေရာက အနိမ့်မြေဖြစ်တယ်။ ဂွေးချိုက နာမည်ကြီးတဲ့ အထူးသဖြင့် ပန်းချီဆရာများ၊ ဓာတ်ပုံ ဆရာများအတွက် သဘောကျ နှစ်သက်ဖွယ် ဂွေးချိုကန်က လမ်းဆုံ အနီးမှာ တည်ရှိတယ်။  ဂွေးချိုကန်က ရေမြင်ကျယ်တယ်။ ကန်ရေပြင် နေရာ တခုလုံးမှာ ထန်းပင်တွေနဲ့ ပြည့်နက် နေတယ်။ အဲဒါ အညာ၇ဲ့ ထူးခြားမှုတခုပဲ။ မိုးတွင်းမှ ရေပြည့်တဲ့ ကန်ဖြစ်တယ်။ မိုးအခါ ဘတ်စ်ကားပေါ်ကနေ မြင်ရတဲ့ ကန်ရေပြင်ကျယ်မှာ ထန်းပင်တွေနဲ့ ပြည့်နေတဲ့ မြင်ကွင်း က ဘယ်မှာမှ မရှိနိုင်ဘူး။ လမ်းဆုံ လမ်းခွမြို့ဖြစ်လို့ လူသိများတယ်။ နောက်တခုက ဂွေးချိုကန်ကြောင့် လူသိများတယ်။ နောက်ထပ်ရှိသေးတယ်.. ဂွေးချိုတောင်တန်းက ထွက်တဲ့ နံ့သာသွေး ကျောက်ပြင် က နာမည်ကြီးတယ်။ မြန်မာပြည် အနှံက သနပ်ခါးချစ်သူတိုင်း ဂွေးချို ကျောက်ပြင်ကို သုံးကြတယ်။ နောက်ပြီး မီးဖိုးချောင်သုံး ငရုတ်ဆုံ၊ ဘိန်းတော ဆေးဆရာများအတွက် ဆေးငရုတ်ဆုံ များကိုလဲ ဂွေးချိုက ထွက်တယ်။

လမ်းမကြီး ဘေးမှာ  ကျောက်ပြင်၊ ကျောက်ငရုတ်ဆုံ တွေနဲ့ ဒေသထွက်ကုန်တွေ ရောင်းတဲ့ ဆိုကြီးတွေရှိတယ်။ မြန်မာပြည်အနှံက ခရီးသွားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ဝယ်ယူ အားပေး ကြည့်ရှုကြတယ်။ အညာဒေသ ဖြစ်တော့ ထုံးစံအတိုင်း ဆီးသီးပင်ေ ပါတယ်။ ဆီးသီး ထွက်ပါတယ်။ ဂွေးချိုက ထွက်တဲ့ ဖီးကို ဇီးယို ဇီးထုတ် လုပ်ကာ မြန်မာပြည် အနှံစားသုံးကြတယ်။ အခြား ဒေသထွက် ကုန်တွေအနေနဲ့ မန်ကျည်းသီး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ  တွေထွက်သေးတယ်။ သောက်ရေ သုံးရေ အတွက် ဂွေးချိုကန်ကို အမှီသဟဲ ပြုနေကြရတယ်။ ကန်ရေက လူတွေအတွက်ရော၊ ခိုင်းနွားတွေအတွက်ပါ အသုံးဝင်တယ်။  တောင်ကုန်းပေါ်မှာ သန်း၊ ဒဟတ်၊ ရှား၊ ဆူးခြစ်၊ ဝါး၊ ထနောင်း ပင်တွေကြောင့် အပူသက်သာတယ်။ ဒါပေမယ့်လဲ နွေအခါမှ ပူပါတယ်။  တစ်ချို့ ပိုက်ဆံ ချမ်းသာသူတို့ ကိုယ်ပိုင် စက်ရေတွင်းတူးလို့ ရေအတွက် သောက အေးရတယ်။ ငယ်စဉ်က ချောက်မြို့ အသွားအပြန် ဂွေးချိုမှာ ကားခဏ နားတဲ့အခါ ငုံးဥ၊ ပြောင်းဖူးပြုတ်၊ ရေခဲထုတ်၊ ဆတ်သားခြောက်တွေ ဝယ်စားဖြစ်တယ်။ ကျောင်းဝတ်စုံ ဖြူစိမ်း၊ သနပ်ခါးဘဲကျားနဲ့ ကလေးမတွေ ဈေးရောင်းနေ တာ တွေ့ဖူးတယ်။ သနပ်ခါး ပါးမှာပုံလို့ ဆံပင်ကို ကြက်တောင်စီး ဆီးထားတဲ့ အညာက ကလေးတွေရဲ့ ဒီဇိုင်းက သဘာဝအတိုင်းကို ချစ်စရာ ကောင်းပါတယ်။ ရိုးသားတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။

အဲဒီ လမ်းဆုံ လမ်းခွ မြို့ကလေး ဂွေးချိုမြို့က တချိန်မှာ လူနေထူထပ် စီးပွားရေး ကောင်းတဲ့ မြို့လေး ဖြစ်လာပါဦး မယ်။ ဘေးနားပတ်ပတ်လည်မှာ ရွာတွေများစွာရှိတယ်။ ရောက်ဖူးသူတိုင်း သိကြတယ်။ ဂွေးချို ကန်ကြီးနဲ့ ဂွေးချိုတောင်တန်းကြိးကို သက်သေတည်လို့ ပြောရဲပါတယ်။             ။

ဆန်းဝင်း (ကျောက်ပန်းတောင်း) ။