Monday, November 24, 2008
Saturday, November 22, 2008
အမှတ်တရ ငယ်ငယ်က
ကျနော်ငယ်ငယ်က လက်ပန်းကျင်း ဆိုတဲ့ ရွာလေးက အလယ်တန်းကျောင်း
(ယခင်အခြေခံပညာ မူလတန်းကျောင်း၊ ယခု အခြေခံပညာအလယ်တန်းကျောင်း)
မှာ ပညာသင် ကြားခဲ့ပါတယ် ။ (ကျနော်တို့ ဆရာ ဦးကြည်ဝင်း ပြောသလိုဆိုရင်
ပညာရည်နို့ သောက်စို့ခဲ့တယ်ပေါ့ဗျာ) အဲဒီရွာ လေးမှာ နန်းထိုက် ခေါ် နန်းကြီးကိုက်၊
မင်းညွန့် ခေါ် ဟံသာပု ၊ ဆန်းဝင်း ခေါ် ငနီ ဆိုပြီး သူငယ်ချင်း သုံးယောက်ရှိတယ် ။
ဒီအမည်နာမ များကို ဆရာကြီး ဦးရွှေမန်း မှပေးခဲ့ပါတယ် ။ ဆရာကြီးဦးရွှေမန်း
ကိုတော့ ဆရာဦးကြည်ဝင်းကပဲ လက်ပန်ကျင်းရွှေမြို့တော်ရဲ့ ပညာရေးဖခင် လို့
အမည်ပေးပါတယ် ။ ဘာလို့လည်းဆိုတော့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြား
ရေးမှ အစိုးရအသိမှတ်ပြု လက်ပန်ကျင်း အခြေခံပညာမူလတန်းကျောင်း အဖြစ်
ကျိုးစား တည်ထောင်သူ၊ နောက်ဆုံး အလယ်တန်း ခွဲဖက် ပွင့်တဲ့ အထိ ကျောင်း
အုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ပြီး ဒီရွာလေးရဲ့ ပညာရေးကို ဖွံ့ဖြိုး စေခဲ့သူမို့ပါ။
ကျနော်တို့ သူငယ်ချင်း တစ်တွေလည်း မူလတန်း (ပုဆိုးလွယ်သိုင်း အရွယ်) မှစ
အဌမတန်း (လူပျိုပေါက် အရွယ်) အထိ လည်တွဲ ညီညီ အတူသွား အတူစား
(အစားဆက်တူ) နေလာခဲ့ကြတယ် ။ အခုတော့ သူတို့တွေက ရွာမှာ (တို့တစ်တွေက
တို့ရွာမှာနေ) ဆိုသလိုပေါ့။ အခြားသူငယ်ချင်းများဖြစ်တဲ့ ပထမဆုံးပဲခွဲစက်နှင့်
အ၀ီစိတွင်းပိုင်ရှင် ဦးကျော်ငြိမ်း၏သား စိုးငြိမ်းအောင် ခေါ် ပိုးစိ ၊ ဦးဆန်းမောင်သမီး
ဥမ္မာချော၊ ဖုန်းဖုန်းမှာ ကျောက်ထုတ်ရှိတယ် ယုံပါကွယ် ဆိုတဲ့ သိချင်းနဲ့ ရွာဇာတ်
မှာ နာမည် ကြီးတဲ့ ဦးသန်းရှိန် သမီး ဖြူတင်၊ အခုတော့ ဆရာမ လုပ်နေတဲ့ မြင့်မြင့်ခိုင်၊
နေထက်လင်းကို အရမ်းကြိုက်တဲ့ တင်မြင့်ခိုင် ခေါ် ကြွက်မ ၊ ၇ တန်း ၈ တန်း ၉ တန်း
၁၀ တန်း နဲ့ ဘွဲ့ရသွားသော ယခု ကလေးကိုယ်စီ နှင့် သူငယ်ချင်းများကို
သတိရလိုက်တာ ။ အမှတ်တရ ငယ်ငယ်က မေ့မရနိုင်ပါ။
လက်ပန်ကျင်းဆိုတာ ရွာတန်းရှည် ရွာအမျိုးစားထဲမှာ ပါပါတယ် ။
ကျောက်ပန်းတောင်း မြို့ ကနေ ၁၂ မိုင် လောက်ဝေးတယ်လို့ ပြောကြတာပဲ ။
ရွာကနေ နောက်တွဲပါထွန်စက် (မြို့ပြတွင် အမှိုက်ကား) ကိုစီး ပြီး သွားရင်
ကျောက်ပန်းတောင်းမြို့ကို ၄ နာရီလောက်မောင်းရတယ် ။ (ကားတာယာဖိနပ်
၂ ရံတော့မကုန်ပါ)။ ကျနော်တို့ရွာရဲ့ အရှေ့ ဖက်မှာ အေးမြကြည်လင်တဲ့
(ငယ်ငယ်က ငါးဖမ်းနေကြ) တောင်ကျ ချောင်းလေး ရှိတယ်။ အများသိတဲ့
မန္တလေးတိုင်း ကြက်မောက်တောင်ဆည်ကြီးမတည်ဆောက်ခင်က ဒီတောင်ကျ
ချောင်းဟာ ရေစီး အလွန်သန်တယ်လို့ အသက် ၈၀ ရှိ လူကြီး သူမ များက
ပြောပါတယ် ။ ၂၁ ရာစုထိ ဒီချောင်းကလေး ရှိနေပါတယ်။ ရွာရဲ့ အသက်သွေးကြော
ဆိုရင်လည်း မမှားပါဘူး ။ ပြောဦးမယ်ဗျာ အခုန ဆရာ ဦးကြည်ဝင်း ကိုသတိရတာနဲ တစ်ဆက်တည်းဆရာ့အကြောင်း ပြောရဦးမယ် ။ ယခင်က ဆရာဟာ ရွာမှာ
တယ်လီဗီးရှင်း ခေါ် တီဗွီပြတယ်။ များမကြာခင် ခေတ္တ် ရေစီးကြောင်း အတိုင်းပေါ့
ဗွီဒီယို သို့ ပြောလဲပြသပါတယ်) ယခုအခါ ကျောက်ပန်းတောင်း မြို့သို့ ပြောင်းရွှေ့
ကာ ၉တန်း၊ ၁၀တန်း ကျောင်းသားများ အား ဘော်ဒါ ဖွင့်ရ်ျ စာပြပါတယ်။
ဆရာက ရပ်ရေး ရွာရေး ဆိုလော်စပီကာ (ဓာတ်စက်) ကိုဖွင်ပြီး ဟန်ပါပါ ဟစ်ပါ
တယ်(ရပ်ရေးရွာရေးဆို မိုက်ခဲမယ်ဆိုတာ ဆရာပေါ့) အခုတောင် နားထဲမှာ
ဆရာ့အသံ ကြားရောင် နေပါတယ် “လက်ပန်ကျင်းရွှေမြို့ တော်မှာ နေထိုင်ကြ
ကုန်သော ရွာမိ ရွာဖ အပေါင်းတို့ ခင်မျာ့...” ဒီလို ဒီလို။ ငယ်ငယ်က ကျောင်းမှာ
နှစ်စဉ် မိဘဆရာ တွေ့ဆုံညှိနိုင်းပွဲနဲ့ တစ်နှစ်တာ ပညာရည်ချွန်ဆုပေးပွဲတွေမှာ
လည်း ဆရာက အစီစဉ် ကြေညာ သူပါ ။ ဒီလောက် ဝေးလံခေါင်းပါတဲ့ အရမ်မှာ
ဒီလို အစီစဉ်များကို ဆရာကဦးစီး ဦးရွက် ပြုခဲ့ကာ နှစ်စဉ်မပြတ် ကျင်းပခဲ့ပါတယ်။
တကယ်တော့ ဆရာဟာ ရွာအတွက် ပေးဆပ်သွား တာတွေကို လူတော်တော်
များများ မသိကြပါဘူး ။ မြို့ပြ လေလှိုင်းဝေးတဲ့ ဒေသလေးက လေးတန်း ငါးတန်း
လောက်သာ ပညာသင်ခဲ့ရရှာ တဲ့ ကျနော်တို့ မိဘတွေရဲ့ ခေါင်းထဲကို ပညာရေး
ဆိုတဲ့ စကားလုံး အကြီးကြီးတွေ ပစ်ထည့်တာ ဆရာပါ ။ ကနော်တို့ကို
“ယနေလူငယ် နောင်ဝယ် လူကြီး ၊ အနာဂတ်မှာ တိုင်းပြည်တာဝန် ပခုံးပြောင်း
ထမ်းဆောင်ရမယ့် နိုင်ငံသားကောင်းတွေ” လို့ တစ်ဖွဖွပြောခဲ့တာ ဆရာပါ။
စာသင်နေရင်းနဲ နိုင်ငံခြားကို ကိုယ်တိုင်သွားရ သလိုခံစားရအောင် ပြောပြတတ်
တာ ဆရာပါ ။ ဆရာဟူသည် စာကိုလည်းသင် လူကိုလည်းပြင် ဆိုတဲ့ ဆောင်
ုပုတ် နဲအညီ ကျောင်းစည်းကမ်း ရွာစည်းကမ်း ကောင်းအောင် ငါတို့ လွတ်လပ်ရေး
ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို မှာခဲ့တာ၊ နိုင်ငံကြီးသား တွေက ဘယ်လို
ဘာကြောင့် ဆိုပြီး ပြောပြနိုင်အောင် စာပေနဲ ဗဟုသုတ ပြည့်စုံပါတယ်။
ရွာသားဆိုပြီး အားငယ်မနေရအောင် ပညာဆိုတာဘယ်လို လက်နက် ဖြစ်တယ်
ဆိုတာ တစ်ဖွဖွ ပြောပါတယ် ။ ၅ တန်းကနေ ၈ တန်းနှစ် အထိ ဆရာ လက်အောက်
မှာ ကြီးပြင်းခဲ့တာ အရမ်း တန်ဖိုးရှိပါတယ်။ ဆရာပြောတဲ့ လက်ပန်ကျင်း ရွှေမြို့
တော်ကြီး တိုးတက်ဖို့ တပည့် စဉ်းစားတတ်နေပါပြီဆရာ။ ဆရာကျန်းမာပါစေ ။
ဆန်းဝင်း(ကျောက်ပန်းတောင်း)

Sunday, November 16, 2008
သဘောင်္ပြင်သည် အပိုင်း (၄)

အခုမြင်ရတာ Dry Dock ဒေါက်ထဲက သဘောင်္ပါ ။ သဘာဝကန်းခြေ ကို အားပြုပြီး
တည် ဆောက်ထားတဲ့ Dry Dock ။ ပင်လယ်ဖက်ခြမ်းမှာ Dock Gate ခေါ်တဲ့
ရေတခါး ရှိတယ် ။ ရေတံခါးကိုဖွင့် ရေသွင်း ပြီးရင် သဘောင်္ကို Air winch နဲဆွဲတယ်
Boat လေးတွေနဲ တွန်းပြီး Guite line အတိုင်း ဒေါက်ထဲကို သွင်းပါတယ် ။ သေဘာၤ
ဒေါက်ထဲေ၇ာက်တော့ရေတခါး ကိုပြန်ပိတ် ရေကို Pump နဲ ပြန်ဆုပ် ထုတ်ပါတယ် ။
အခုမြင်နေရတဲ့ သဘောင်္က Tanker အမျိုးစား၊ ဆီတင် တဲ့သဘောင်္ ။ ၂၀၀၃ ခုနှစ်က
လုပ်တာဆိုတော့ အားလုံး အကောင်းတိုင်း ပဲရှိ သေးတယ်။ ရက်ကလည်း သိပ်မကြာဘူး
၁၅ ရက်လောက်ပဲ ။ ဒေါက်ထဲကို သဘောင်္ရောက်တာနဲ အလုပ်များပြီပဲ ။ Painting
Company က ဆေးအဟောင်းခွာ ဆေးသုတ်တယ် ။ Steel Repairing company က အဟောင်းများဖြတ်တောက် ကာ အသစ်ပြုပြင်။ Mechanery က စက်တွေ မော်တာ
တွေပြင်တယ် ။ သဘောင်္ကို မောင်းနှင်တဲ့ Engine တွေပြင်တယ် ။ ဆီ ထုတ်သွင်းတဲ့
Pump တွေ ။ သဘောင်္ကိုပင်လယ်ပြင်မှာLevel ချိန်ညှိတဲ့ ရေထုတ်သွင်း တဲ့ pump
တွေပြင်တယ် ။ Piping Company က Oil line, Gas line, Air line, Hydraulic line
တွေ ဖြုတ်တပ် ပြင်ဆင်တယ် ။ ပျားပန်းခတ်နေတဲ အလုပ် သမားတွေ Company
ပေါင်းစုံက အမြန်ဆုံးပြီးအောင် တွန်းအားပေး ပြီးလုပ်ခိုင်းကြတာပေါ့ ။ ဒီတော့ လည်း
အန္တရာယ်အရမ်း များတယ်။ ဒါပေမယ့် Safety ဆိုပြီး အနီဝတ်စုံနဲ အဖွဲ့ ရှိ တယ် ။
Work place safety အကြောင်း မနက်အလုပ်မစခင် မှာ ပြောတယ် ။ လိုက်နာ ရမယ့်
စည်းကမ်းချက်များ နဲ ဆုပေး ဒဏ်ပေး စနစ်ကိုလည်း သုံးပါတယ် ။ အလုပ်မှာ Personal
Protective Equipment ဆိုတဲ့ helmet, Safety glass/spec, Safety Boot/shore,
Body harness, Ear plug စုံနေတာပဲ အဲဒါတွေ ပြည့်စုံမှ အလုပ်လုပ်ရတယ် ။
သနားစရာကောင်းတဲ့ မြန်မာပြည် က အလုပ်သမားများကျတော့ Grinding သမားလည်း
ဘာ အကာမှမပါဘူး ။ Welding သမားလဲ ဒီတိုင်း ဆော်တာပဲ ။
အော်... ကိုယ်ဖြစ်ကိုယ်ခံစနစ် နဲ့တူတယ် ။
စက်ပစ္စည်းနဲပတ်သက်ပြီး >
အလုပ်တော်တော်များများကို Air Pressure လေအားကိုသုံးတယ် ။
winch ၀န်ချီစက် တွေ၊ Crane ကရိန်းတွေ လည်ပတ်ရာမှာ လေအားကို သုံးတယ်။
Welding ၀ရိန် ကို ညီအောင် တိုက်စားရာမှာ သုံးတဲ့ Grnding mechane တွေလည်း
Air pressure ပဲ ။ သဘောင်္မှာ ဆေးအဟောင်းများ ၊ သံချေးခွာချ ရာမှာ လည်း
Air pressure ကိုပဲ သုံးတယ် ။
မိုးပေါ်ကို ထိုးထွက်နေတဲ့ ကရိန်းတွေ ၊ ကုန်ပစ္စည်း တန်ချိန် အများပြီးတင်နိုင်တဲ့
Hydraulic နဲမောင်နင်တဲ့ ကားကရိန်းများ စက်မှု အခြေခံ ပစ္စည်းတွေ ပေါများတော့
အလုပ်လုပ်ရတာအရမ်းကောင်းတယ် ။ မနိုင်မနင်းသယ်၇တာ တစ်ခုမှာ မရှိဘူး ။
များလိုက်တဲ့ အလုပ်သမားတွေ ကလားတွေ ။ ဘင်္ဂလားတွေ ၊ ဖိလစ်ပိုင်တွေ ၊
တရုတ်တွေ ရိုက်သတ်လို့မကုန်ဘူး ။
တစ်ခါတစ်လေများ တွေးမိပါတယ် မြန်မာပြည်မှာ ဒီလိုလုပ်ငန်းခွင် ရှိရင်
ကျနော်တို့လို မြန်မာတွေ သူများနိုင်ငံထွက် အလုပ်လုပ် စရာ မလိုတော့ဘူးပေါ့ ။
အဲဒီလို ကြီးမားတဲ့ နိုင်ငံခြားရင်နှီးမြုတ်နှံမှု တွေ ရရှိဖို့ မျှော်လင့်ပါတယ် ။
ကမ္ဘာနဲ ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေး
ခိုင်မာ မှန်ကန်တဲ့ ဥပဒေ ၊ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင် ကောင်းပေါ်ပေါက်
ဖို့ မျော်လင့်မိပါတယ် ။
ဟား ဟား ...
ရေးရင်နဲ လမ်းလွဲသွားလို့ တော်ပြီ.......ရပ်လိုက်ပြီ ။
Tuesday, November 11, 2008
လက် ကျ ရာ ရေး လိုက် တယ်
ဒီရက်ပိုင်း ဘာလုပ်ဖြစ်လဲဆိုတော့..
gtalk မှာ စကားပြောတာ ကို လျှောချဖြစ်တယ် .
ဘလော့ကို ဖွင့်ကြည့်တဲ့ အရေ အတွက်လဲ လျှော့ကျသွားတယ် ။
ဟိုလိုလို ဒီလိုလို အတွေးတွေလည်း သိပ်မရှိတော့ဘူး ။
မယ်လိုဒီမောင်ရဲ ပိုစ်တစ်ခု ကလည်း အင်အားတွေ နဲ အမြင်ကို ရှင်းလင်းစေတယ် ။
အိမ် (ရွာ) ကို ဖုန်ခေါ်ဖြစ်သွားပြီ အမေနဲ စကားပြာဖြစ်တယ် ။
အမေ့အသံကြားရရုံနဲ အမေ့ရင်ခွင်ထဲ ရောက်နေ သလို ခံစားရတယ် ။ အေးမြတယ် ။
ညီငယ်ကိုလည်း လမ်းကြောင်းတစ်ခု ချပြနိုင်ခဲ့တယ် ။
ဒီနေ့..ဘာလုပ်ဖြစ်လဲဆိုတော့..
လက်ရှိ ကုမ္မဏီက ကျနော့် အလုပ်တွေ တစ်ဝက်လောက် ပြီးသွားတယ်..
ဒီတော့ နည်းနည်း ခေါင်းအေးသွားတယ်.
ဒါနဲ ဘလော့လစ်ထဲက အပေါ်ဆုံးက ဘလော့ကို ဖတ်ကြည့်တယ်..
သတင်းတစ်ခု.. စိတ်မကောင်းစရာသတင်းတစ်ခု ကို ဖတ်မိတယ် ။
တွေးတွေးပြီး ရင်ထဲ နင့်ခနဲ နေသွားတယ် ။ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ လို့လည်း ခံစားရတယ် ။
ညနေရောက်တော့
မစ်(စ်) သွန်းသွန်း ဘလော့ကို ကြည့်တယ် ။ ဖတ်လို့မရဘူး ။
နောက်ပြီး တောင်ပေါ်သားလေး ဘလော့ကို သွားကြည့်တယ် ။ ဖတ်လို့မရဘူး ။
မခိုင်ဖြူဇော် ဘလော့ကို ဖွင့်ကြည်တယ် ။ ပိုစ်အသစ်တွေဖတ်လို့မရဘူး ။ ဘာလို့လည်း မသိ ။
မြန်မာ ၀ီကီကိုေ၇ာက်တယ် ။ မက်ထရိုပိုလိတန် ဘလော့ကိုရောက်တယ် ဗဟုသုတစုံတဲ့ ဘလော့တစ်ခုပဲ ။
အခု အလုပ်မှာ ၉ နာရီ အိုတီယူတယ် ၀ီကီ ကို နည်းနည်ပါးပါး ကြည့်တယ် ။စိတ်ထဲ တစ်ခုခု ဖြစ်တော့နေတယ် ။ ပြန်တော့မယ် ။

Friday, October 31, 2008
ချစ်သော ဘလော့ (Blog)
ကျ နော် လေ ဘ လော့ တွေ ထဲ မှာ ဆန်း ၀င်း ဆို တဲ့ ကျ နော့် ဘ လော့ လေး ကို အ ချစ် ဆုံး အ ကြိုက် ဆုံး ပါ ။ ဘာ လို့ လည်း ဆို တော့ ဒီ ဘ လော့ လေး ဖြစ် မြောက် လာ ဖို့ နား မ လည် ပါး မ လည် အ လုပ် ပျက် အ ကိုင်ပျက် ရူး သွပ် ခဲ့ တာ လေ ။ သူ များ တွေ ရေး သ လို ရေး ခြင် တာ ။ မြန်မာ ပြည် သူ /သား တွေ နောင် လာ နောင် သား တွေ အတွက် GENERAL information ပေး ခြင် တဲ့ ဘ လော့ ဂါ အကို အစ်မ တွေ ရဲ့ မေတ္တာ စေတနာ ရောင် ပြန် ဟပ် ပြီး ရ လာ တဲ ဘလော့ လေး မို့ ပါ ။
ကျ နော့် ဘ လော့ လေး ကို - အ မြဲ မ ပြတ် အား ပေး သော - မည် သူ မှန်း မ သိ ခင် က တည်း က အကိုကြီး လို့ ခေါ် ဝေါ် နှုတ် ကျိုး ခဲ့ သော၊ မ အား လပ် တဲ့ ကြား က လာ ရောက် လည် ပတ် အား ပေး သော Dr.Nyan . တစ် ဖြေး ဖြေး နှင့် မည် သူ မည် ၀ါ မှန်း သိ လာ သော အစ်မ ဒေါ် ၀ါဝါ ခိုင်မင်း (လေး စား မှု ဖြင့် ခေါ် ပါ သည်)။ ဘ လော့ နှင့် ပတ် သက် လာ ရင် မေး ခြင် တာ မေး နိုင် သော MBS က ကို ပီ ကေ ၊ တောင် ပေါ် သား လေး ကို စိုး မင်း ထိုက် ၊ အမြဲ အ လည် လာ အား ပေး သော အစ်မ မသက်ဇင် ၊ ဘ လော့ အ စ က အ ခက် ခဲ များ ကူ ပြော ပေး သော မစ် (စ်) သွန်း သွန်း၊ နောက် ထပ် အ များ ကြီး ပဲ ဗျာ - အ ခြား ဘ လော့ ဂါ သူ ငယ် ချင်း များ အား လုံး လဲပါပါတယ် ဒီကနေ ကျေး ဇူး တင် ကြောင်း ပြော ပါ ရ စေ ။
ကိုယ် တိုင် ဘလော့လေး ဖြစ်မြောက် လာမှ တော်ရုံ တန်ရုံနဲ့ ပိုစ် တစ်ခု ဖြစ်လာဖို့ မလွယ်ဘူး ဆိုတာ သိလိုက် ရတယ် ။ ပေးလိုက် ရတဲ အချိန်တွေ လေ ။ ကျနော်တော့ ဒီနေထိ ပိုစ် တစ်ခုကို နှစ်ရက် သုံးရက် မရေးဖူး သေးဘူး ။ ကိုယ်ပိုင် ကွန်ပျူတာ မရှိတာကို အကြောင်း ပြထားတာပါ ။ ဆိုင် တော့ မဆိုင်ပါဘူး နော်။ လာ ခြင် ရင် အနီးလေး ရယ်နော် ။ ဒါပေမယ့် ရင်ထဲမှာ ဘလော့ရှိတယ် ။ ဘလော့ကို ချစ်တယ် ။ ဘလော့ လော့က ကိုချစ်တယ် ။ အဲဒါ တစ်ကယ်ပါ ။
အခု ကျနော် --
အ လုပ် လုပ် ရင်းနဲ့ part time ကျောင်း တက် ခြင် လို့ ပြင် ဆင် စ ရာ လေး တွေ ပြင် ရ ဦး မယ် ။ ကျောင်း ကို apply လုပ် ဖို့ ရယ် ဘာတွေ ဘယ်လို ဆိုတာ ဂဃနဏ သိအောင် လုပ်ရ ဦးမယ် ။ အခု လာမယ့် april မှာ တက်ဖြစ်ခြင်တယ် ။ အလုပ် ကို လည်း ဖိလုပ် ပေးလိုက် ဦးမယ် သဌေး သဘောကျအောင် ။
အလုပ်များ ကြောင်း၊ အမှန် တကယ် မအား ကြောင်း ကြို တင် အသိပေး ခြင်းလည်း တစ်မျိုး ပေါ့ဗျာ. နောက်ပီး စိတ်ကူး တစ်ခုရှိ သေးတယ်။ ကွန်ပျူတာ ၀ယ်ပြီး မှ အားရပါ့းရ ၊ မအိပ်ပဲ ဘလော့ပစ် ဦးမယ် ။ ဂါဂါ တို့ ဘယ်ခြေ လှမ်းရင် ဘယ်ခြေ ၊ ညာခြေလှမ်းရင် ညာခြေ ၊ ဘလော့ရေစီး ရဲ့ သံစဉ်နဲ အတိုင်း ချီတက် မယ် ။

Sunday, October 26, 2008
လက်တွေ့ ဘ၀ က ဒီလိုပါ.

နောက် က မြင် နေ ရ တာ ကမ်း နား ပင် လယ် ပါ ။ အ ပြော ကျယ် တဲ့ ပင် လယ် ရဲ တစ် ပိုင်း တစ် စ ပေါ့ ။ ဘ ၀ ခ ရီး သွား နေ သူ ဟာ ပင် လယ် ပြင် ခ ရီး ထွက် တဲ့ သူ လို ပဲ ။ ပင် လယ် ပြင် ကို ဖြတ် ရင် လှိုင်း ကြမ်း တွေ ၊ မုန် တိုင်း တွေ မ လွဲ မ သွေ ရင် ဆိုင် ကြုံ တွေ့ ရ မှာပါ ။ မုန် တိုင်း ပြီး ရင် လေ ပြေ လေ ညင်း ကို လည်း ရှူ ရှိုက် ခွင့် ရ မယ် ။ သိ ထား ရ မှာ က သ တိ တစ် ချက် လွတ် ရင် ကမ္ဘာ ကျော် တိုက် တန်း နစ် လို ရေ ခဲ တောင် နဲ တိုက် မိ ပြီး ဒုက္ခ နဲ လှ လှ နဲ့ တွေ့ တတ် တယ် ။ မုန် တိုင်း ကို အံ တု ၊ ဇ န က ထုံး မူ ပြီး ဘ ၀ ခ ရီး ကို ကူး ခတ် မယ် ။
Thursday, October 23, 2008
စတီးကလစ် တပ်ရာတွင် သုံးသည်.

ဒီ နေ့ Heli deck မှာ safety wire netting ဟယ် လီ ကော် ပ တာ ဆင်း တဲ့ အ ခါ ဘေး ကင်း အောင် ကာ ကွယ် တဲ့ ၀ါ ယာ ပိုက် ကွန် တွေ တပ် တဲ့ အ လုပ် ကို သွား ကြည့် ရင်း လက် လှည့် စက် က လေး ကို ဓါတ် ပုံ ရိုက် လာ တယ် ။ ပုံ ထဲ မှာ မြင် ရ တာ က Steel Bandage က လစ် ပါ၊ ၀ါ ယာ ပိုက် ကွန် ကို ပိုက် ဖ ရိန် နဲ ထိမ်း ရာ မှာ ၀ါ ယာ နဲ ပိုက် ကို က လစ် နဲ ဖမ် ချုပ် ပါ တယ် ။ အဲဒီကလစ် ကို တပ်ဆင်ရာမှာ အခုမြင်၇တဲ့ လက်လှည့် စက်ကလေး ကို အ သုံး ပြု ပါ တယ်။ သူ မှာ က လစ် စ တီး ပြား လမ်း ကြောင်း ၊ က လစ် စ တီး ပြား ကို ချော် မ ထွက် အောင် ထိမ်း တဲ့ အ ထိန်း ခ လုပ်၊ ၀က် အူ လမ်း ကြောင်း နဲ ဆွဲ ပြီး တင်း ကြပ် ဖို့ မူ လီ ၊ လက် ကိုင် နတ် ခေါင်း အ လှည့် နဲ စ တီး က လစ် ပြား ကို ဖြတ် တဲ ဓါး ပါ ပါ တယ် ။ မြန် မာ အ ကို ကြီး အ လုပ် လုပ် နေတဲ့ ပုံ ကို ကြည့် ရင် ပို ရှင်းပါတယ် ။ ဘာ ရယ် မ ဟုတ် ဘူး Sample mechanic ပ ညာ ရပ် ကလေး ပါ ။
Subscribe to:
Posts (Atom)