Wednesday, December 30, 2009

ဆယ်နှစ်

ဆယ်နှစ်..
ဘာလိုလိုနဲ့ ဆယ်နှစ်ရှိပြီ။

လုပ်ချင်တာတွေများ
ငါ ဘာလဲ...
ငါ ဘယ်လဲ.. ငါမသိ။

ရှေ့ဆက်ဖို့ခြေလှမ်းတွေ
နောက်ပြန်ဆွဲချခံနေရတယ်။

ရှေ့နောက်ဘယ်ညာ
မကြည့်ချင်ဘူး မတွေ့ချင်ဘူး။

တခါတခါ
ဘာကိုမှ မသိတတ်ချင်ဘူး။

ငါ့ခြေလှမ်းတွေ
ဘယ်သူဆွဲချတာလဲ...

စိတ်တွေရှေ့ရောက်ပြီး
ခြေလှမ်းတို့ နောက်ကျနေဆဲ...
ငါမောတယ်... ဟူး...............။

Monday, December 14, 2009

ထန်းတက်သမား



နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။



ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။



ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ချောက်သော့ခါ၊
ပတက်ယုန်ခါ၊ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ၊ ဝံပုလွေ၊
မနေထွက် လှာကြသည်တည့်လေး။



ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ ချသည်နှင့်လေး။



သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
အိုးခင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။



နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ၊
သမီးးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဘက်ဟာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်စေ၊
စားပေသာလှ အုန်းခွက် ကယ်နှင့်လေး။

ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။


ဝန်ကြီးပဒေသရာဇာ

Tuesday, November 17, 2009

ဘ၀နဲ့ အခွင့်အရေး

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Copy form >> http://www.ourmandalay.net/

Tuesday, November 10, 2009

မှတ်သားဖွယ် ကွန်ပျူတာ ဝေါဟာရများ

်Motherboard = အမေ့အပြားကြီး
Hard Disk = အမာဝိုင်းပြား
Monitor = အတန်းခေါင်းဆောင်
်key board = သော့ပြားကြီး
windows= ပြူတင်းပေါက်
Open Source = တံခါးမရှိ ဓါးမရှိ စူးစမ်းရှာဖွေရေး

မြန်မာအိုင်တီပရို က မအိဝေဖြိုး ရေးသားခြင်းဖြစ်ပါသည် ။
မူရင်းလင့်က ဒီမှာပါ http://ewphyo.co.cc/?cat=23

အင်း..... ရီရမလား ငိုရမလား မသိတော့ပါဘူး။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။

Wednesday, October 28, 2009

ဘလော့ဂ်၊ ဘလော်ဂါ

အို.. ဘလော်ဂါ အပေါင်းတို့…
အွန်လိုင်း မြန်မာ့ စွယ်စုံကျမ်းတွင် ပင့်ကူအိမ်မှတ်တမ်းဟု အများသိထားသော “blog ကို ဘလော့ဂ်” ၊ blogger ကို ဘလော်ဂါ ဟိုဖေါ်ပြ သုံးနှုန်းသည်။ ယနေ့အခါဝယ် လေးစားထိုက်သော မြန်မာဘလော်ဂါတို့၏ ရပ်တည်ချက် လုပ်ဆောင်ချက်များကြောင့် ဘလော့ဂ်အား လူထုက လက်ခံယုံကြည်လာကြသည်။

ယမန်နေ့က ဖတ်လိုက်ရသော ဘိုင်ဝိကလီး ဂျာနယ်တွင် သတင်းတပုဒ်ထူး၏။
စာရေးဆရာ ဆူဒိုနင်က blog ခေါ် ပင့်ကူအိမ်မှတ်တမ်း ကို ခေတ်နှင့်အညီ “blog = ကူမှတ်တမ်း” ဟု မြန်မာမှုပြု ချင်သည်။
ဆောင်းပါး အပြည့်စုံအား http://www.first-11.com/bdet.php?id=23 ဤ မှာ ဖတ်ကြကုန်လော့ ???
မှတ်ချက်= ကျွန်တော်၏နားထဲတော့ ကြားရတာ တစ်မျိုးကြီးပင်။

Sunday, October 18, 2009

လိုအပ်နေတာဘာလဲ။




တိုက်တိုက်ဆိုင်ဆိုင်ပဲ -
အခုရက်ပိုင်း ကျွန်တော် ဖတ်နေတာက “အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ်” ဆိုတဲ့ တက္ကသိုလ် နောက်ခံ ၀တ္တတိုပေါင်းချုပ်ပါ။

မနေ့က စီတီးဟော ပင်နီစူလာ ရောက်တယ် Bi Weekly Eleven ဂျာနယ် ၀ယ်ဖတ်တယ်.
စိတ်ဝင်စားဖွယ် သတင်းတခု ဖတ်ရတယ် - “တခါတုန်းက တက္ကသိုလ်” ဆိုတဲ့ ဆရာနွမ်ဂျာသိုင်း ၀တ္တု ခေါင်းစဉ် ကို စာရေးဆရာ မျိုးကိုမျိုး (တအုပ်မှ မဖတ်ဖူးပါ) က ယူသုံးပြီး နာမည်တူ ဇာတ်လမ်းကွဲ ထုတ်ပါတယ်။
မူပိုင်ခွင့် ပြသနာပေါ့ဗျာ -
အဟမ်း...သိသိကြီးနဲ့လား မသိနိုးနားလား ခိုးတာလား ယူတာလား ဘုံပိုင်လား သိချင် စိတ်ဝင်စားရင် - ဖတ်ကြပါကုန် ?????

ဆရာ မျိုးကိုမျိုးအား ဆနပ်ရှုမှ မေးမြန်းချက်များ
http://www.snapshot-news.com/snapshot/2_51/28.htm

ဆရာ နွမ်ဂျာသိုင်း ၏ ပြောကြားချက်
http://www.first-11.com/bdet.php?id=20

Thursday, October 15, 2009

Tag post by ညီညီ

မည်သူက စတင်၍ တည်ထွင်ဆန်းသစ်လိုက်သည်မသိ။
ဘလော့ဂါ မြစ်ဘေး၌ ငြိမ်းညောင်းသာယာသော အလွမ်းငွေ့ရောင်သန်း လွမ်းဖွဲ့စီးသံ နားဆင်ရင်း
အိပ်ပျော်နေသော ကျွန်တော် မောင်ဆန်းဝင်း လှုပ်နိုးခံလိုက်ရသည်။ ဘယ်သူလဲ ဆိုတော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဇာတိမြေ ကျောက်ပန်းတောင်းက ချစ်ညီညီ ပင်ဖြစ်တော့သည်။ ချစ်ညီညီရေ မြန်မာလို တစ်ခုပဲဖြေမယ်နော်။ ဖြေတတ်သလို ဖြေလိုက်ပီ။


1. What is your name : ဆန်းဝင်း (ကျောက်ပန်းတောင်း)။
2. A four Letter Word : ဆန်းသစ်စိတ်ကူး။
3. A boy's Name : ဆန်းဝင်းမောင်ကိုကိုချစ်
4. A girl's Name : ဆန်းသော်တာလ၀န်းစံပယ်ဖြူ။
5. An occupation : ဆန်းပြားထွေလာ မြစ်ဘလော့ဂါနံဘေး ထိုင်ကာငေးလို့ လွမ်းဖွဲ့စီးသံ နားဆင်ခြင်း။
6. A color : ဆန်းလဆည်းဆာ နေချည်ဆွတ်ဖျန်း အလွမ်းငွေ့ရောင်သန်း။ (စဉ်းစားကြည့်)။
7. Something you'll wear : ဆန်းလှသည်မဟုတ် လန်းရမည်အစဉ် မေတ္တာဖြန်းသည့်နှလုံးသားဝိညဉ်။
8. A food : ဆန်းဆန်းဝင်းဝါ ငွေသော်တာ ရွှေလမင်းဆီက ရွှေလင်ဘန်းနဲ့ထမင်းဆီဆန်းတစ်ပွဲ။
9. Something found in the bathroom : ဆန်းလှသည့် ချစ်စိတ်ရယ် နတ်သမီးလေလားသူလေလား ၀ိုးတ၀ါး။
10. A place : ဆန်းပြားထွေလာ မြစ်ဘလော့ဂါနံဘေးက ထိုင်ခုံလေး။
11. A reason for being late : ဆန်းဆန်းလေးတွေ ရေးဖို့ စဉ်းစားရင် ပိုစ်မတင်ဖြစ်ပဲ နောက်ကျသွားတာပါ။
12. Something you'd shout : ဆန်းဝင်းရေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ။
13. A movie title : ဆန်းဆန်းပြားပြား ဖိုက်တင်ကား သားလာမှသိမယ် (သီဟနဲ့တင်စိုး၊ စိုးမြတ်နဲ့သူဇာ အခွေသွားငှားနေလို့)။
14. Something you drink : ဆန်းသစ်ဖို့မလိုပါဘူး သဘာဝအရသာ သစ်သီးဖျောရည်တခုခု ဆိုဖြစ်တယ်။
15. A musical group : ဆန်းဝင်း (ကျောက်ပန်းတောင်း) မြူးစစ်ကယ် ဂလု။ (ဘလော့ဂါမြစ်ဘေးမှာ ဖျော်ဖြေဖူးတယ်လေ)။
16. An animal: ဆန်းဝင်း ရဲ့ အချစ်ငှက် (စံပယ်ဖြူဆိုတဲ့ကောင်မလေး ရင်ခွင်မှာနားနေတယ်)။
17. A street name : ဆန်း စကားလုံးပါတဲ့လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)။
18. A type of car : ဆန်းသစ် ဒီဇိုင်းနဲ့ ကုန်းပေါ် ရေပေါ် မောင်လို့ရရမယ်ပေါ့ (ဘလော့ဂါမြစ်ထဲမောင်းမလို့ပါ)။
19. The title of a song : ဆန်းလဆည်းဆာ နေချည်ဆွတ်ဖျန်း အလွမ်းငွေ့ရောင်သန်း။ (ဒါ အရောင်နာမည်လဲရှိတယ်)။
20. A verb : ဆန်းလပမာရွှေမြန်မာဘလော့ဂါတို့လန်းကြသည်။ (သည်နဲ့ဆုံးတယ်နော်)။

Monday, October 12, 2009

အဖေ လုပ်တာ မှန်ပါတယ်

ကျွန်တော် ငယ်ကယ်က အတော်ဆိုးပါတယ်။ ရွာမှာ ငါးနှိုက်တယ် ဖားနှိုက်တယ်။ နေ့တိုင်း အဖေက ရိုက်တယ်။
မလုပ်ရလို့ တားဖြစ်ထားတဲ့ကြားက လုပ်တယ်။ ခြေသလုံးမှာလဲ အရှိုးတွေပြည့်လို့ပေါ့။ တင်ပါးမှာလဲ အဆင်းကြောင်းတွေထင်လို့။

အဖေက ရိုက်တယ် အမေက ချော့တယ်။ အမေက ပိုချစ်တယ်လို့ထင်တယ်။ အဖေ့ကို မုန်းခဲ့တယ်။ တကယ် ကျွန်တော် အဖေ့ကို မုန်းခဲ့တယ်။ အဖေ စာရင်းတွက်လို့ ရှိရင် ဘေးနားကနေ အမြောက်အလီဆိုပေးရတယ်။ မေးလိုက်တာနဲ့ တက်ခနဲ မဖြေနိုင်ရင် ဒက်ခနဲ အခေါက် ခံရတယ်။ အဖေ့ကို မုန်းတဲ့အထဲမှာ အဲဒါတွေလဲပါတယ်။

ကျွန်တော် လူပျိုပေါက် အရွယ်လောက်မှာ အိမ်က အလုပ်ကို အရမ်းလုပ်ပါတယ်။ ခေတ်သစ်နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို လုပ်ပစ်ချင်တယ်။ စပါးစိုက်မယ်။ ပဲစိုက်မယ်။ နှမ်းစိုက်မယ်။ ယာထဲသွားပါ။ လယ်ထဲသွားပါ။ ဒါတွေအားလုံး အဖေက ချုပ်ကိုင် ထားတယ်။ သွားဆိုသွား မသွားလို့မရဘူး။ အဖေက ဒါဆိုဒါမှ။ အဖေ့ကို စီးပွားရေး လဒ်မမြင်ဘူးလို့ ထင်ခဲ့တယ်။ ခေတ် နောက်ကျတယ်လို့ မြင်တယ်။

တကယ်တော့ သားသမီး ၇ ယောက်ကို ကျောင်းထားလို့ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစုရတဲ့ စားရိတ်တွေ မနည်းဘူး ပေါ့။ နေဖို့ညာစာ ဆိုသလို နောင်ရေးအတွက် ကြည့်ကါ ပုံအောလို့ စီးပွား မလုပ်နိုင်တာ သားသမီးသံယောဇဉ်ကြောင့်ဆိုတာ ကျွန်တော် အရင် က မတွေးမိပါဘူး။ လူငယ်စိတ်နဲ့ ဖြစ်ချင်တာ လုပ်ချင်တာ တခုပဲတွေးမိတယ်။

အခု ကျွန်တော်ကိုယ်တိုင် အရွယ်ရောက်လို့ အလုပ်လုပ်နေပါတယ်။ တစ်ကိုယ်ရေ ဆန္ဒပြည့်ဝဖို့ တောင် မနည်းလုပ်နေရတယ်။ မိသားစု တွေ တစ်ပုံကြီးနဲ့ အဖေမှာ သားသမီးအရေးထက် အဖေ့ကိုယ်တိုင် ဖြစ်ချင်တာတွေ ရှိမှာပဲလို့ အခုမှ တွေးမိတယ်။ အဖေကိုယ်တိုင် ဖြစ်ချင်တဲ့ ဆန္ဒတွေကို စွန့်လို့ သားသမီးအပေါ် အချစ်တွေပုံခဲ့တယ်။ ငယ်ငယ်က သားကို ရိုက်ခဲ့တာ မုန်းလို့ မဟုတ်ဘူး ချစ်လို့ဆိုတာ သားနားလည်လာပါပီအဖေ။

သားသိပါပြီအဖေ။ အဖေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ မှန်ပါတယ် အဖေ။

Wednesday, September 30, 2009

ဇာတိမြေမှ ဆရာတော်။

ကျွန်တော်သိသော ဇာတိမြေ ကျောက်ပန်းတောင်းမြို့မှ ထင်ရှားတဲ့ ဆရာတော် တပါးရှိပါတယ်။ ဘွဲ့တော်အမည် အရှင်တေဇနိယ လို့မည်တွင်ပါတယ်။ ဦးဇင်း တိုးတက် သို့မဟုတ် ဦးကျောက်ပန်းတောင်း လို့လဲ အမည်တွင်ပါ တယ်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဒန်ကျင်းကျေးရွာ ဇာတိဖြစ်ပါတယ်။
ယခုလက်ရှိ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်ုစကရစ် တက္ကသိုလ် Sanskrit University တွင် ၂၀၀၈ ခုနှစ် (MA) ဘွဲ့ရရှိပြီး။ ယင်း တက္ကသိုလ်တွင် (Ph-D ) ဒေါက်တာဘွဲ့ (ဆန်ခရစ်ဘာသာရပ် နှင့် ပါဠိဘာသာ) ဆင်လက်သင်ယူလျှက်ရှိပါတယ်။
ဆရာတော်၏ ဘလော့ဆိုဒ်အား သွားရောက်ကာ မြတ်ဗုဒ္ဓ၏ သာသနာတော် အမွေနစ် ဓာတ်ပုံများစွာကို ကြည်ရှု နိုင်ပါတယ်။ ထို့အပြင် Sanskrit University အကြောင်းများ ဆရာတော်ရေးသားသော တရားစာ ပေများ ဖတ်ရှုနိုင်ပါတယ်။
ဒီကနေ သွားပါ. - http://ukyaukpadaung.wordpress.com/
ဆန်းဝင်း (ကျောက်ပန်းတောင်း)