Sunday, March 4, 2012

မုဒိတာ လူမှုရေးအသင်း






မုဒိတာ လူမှုရေးအသင်း
အသင်းဆောင်ပုဒ် ☣
ဖြူစင်မေတ္တာ
ဂရုဏဖြင့်
နာသူကိုတွဲ
လဲသူကိုထူ
ချမ်းသာဆင်းရဲ
မခွဲတူကွ
နှလုံးလှဖြင့်
သုခပေးဝေ
ဒုက္ခပြေအံ့

*မေတ္တာဖြင့် ကုသပေးသည့်ဆရာဝန်များ*

၁။ ဒေါက်တာ ကံမင်းအောင်
၂။ ဒေါက်တာ ကျော်သူဝင်း
၃။ ဒေါက်တာ ဇော်မင်းလတ်
၎။ ဒေါက်တာ ဟန်ဇော်လင်း
၅။ ဒေါက်တာ လှိုင်မျိုးအောင်
၆။ ဒေါက်တာ ဖြိုးကျော်သူ
၇။ ဒေါက်တာ ခင်မြင့်မြင့်စံ
၈။ ဒေါက်တာ ချစ်ချစ်ထူး
၉။ ဒေါက်တာ ဇင်မာဦး
၁၀။ ဒေါက်တာ ဆုမွန်ပန်
၁၁။ ဒေါက်တာ ယဉ်မာဌေး
၁၂။ ဒေါက်တာ လဲ့ယဉ်ဝေဖြိုးသူ
၁၃။ ဒေါက်တာ ခိုင်ဇာယုရှိန်
ဆေးဝါးကျွမ်းကျင် - ဦးမြင့်ဦး၊ မနှင်းဟေမာန်၊ မနွယ်နီဝင်း၊ မသန္တာဆွေ။

လူမှုရေးလုပ်ငန်းများ အကူအညီတောင်းခံရန်နှင့် လှူဒါန်းငွေများ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ-
ကိုဌေးအောင် (၀၉-၄၃၀၀၈၄၆၅)၊
ကိုအောင်ကျော်စိုး (၀၉-၄၃၁၄၃၉၁၃)၊
ကိုကျော်ဇင် (၀၉-၅၁၉၆၅၉၂)၊
ကိုဇော်တိုး (၀၆၁-၅၁၈၂၆)

မုဒိတာ ပရဟိတလူမှုရေးအသင်းသို့ သီးခြားလှူဒါန်းလိုပါက-
၁။ ဆေးကုသမှု တစ်ရက်ပျမ်းမျှ - ၂၀၀၀၀/ ကုန်ကျငွေ
၂။ ဆေးဝါးပစ္စည်းများအတွက် ငွေပဒေသာပင်စိုက်ထူ လှူဒါန်းခြင်း
၃။ ဆေးဝါးပစ္စည်းများ၊ ပညာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ
၎။ စာကြည့်တိုက်အတွက် စာအုပ်အမျိုးမျိုး၊ စာစောင်များနှင့် ဂျာနယ်များလည်း လှူဒါန်းနိုင်ပါသည်။

အသင်းရုံးတည်နေရာ-
ကျောက်ပန်းတောင်းမြို့၊
လွတ်လပ်ရေးရပ်ကွက်၊
မဉ္ဇူသကလမ်း၊
ထိန်ကန်ရိုးကူးတံတားအရှေ့ဘက်။
ဖုန်း - ၀၉-၄၃၁၃၇၄၀၈

Tuesday, February 14, 2012

A villager Farmer

my native (kyaukpadaung)

farm at my native (kyaukpadaung)

kyaukpadaung

လုပ်ငန်းခွင်တွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး


ဤစာ ရေးသားချိန်တွင် ကျွန်တော်သည် ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေပါသည်။ နိုင်ငံရပ်ခြား တိုင်းပြည်တွင် အလုပ်လုပ်ရင်း သတင်းဂျာနယ်များမှ မြန်မာပြည်အကြောင်း သတင်းများ ဖတ်ဖြစ်သည်။ အထူးသဖြင့် Eleven Media မှ ထားဝယ် ရေနက်ဆိပ်ကမ်း အကြောင်း ဆောင်းပါးများ ဖတ်ရသောအခါ ကျွန်တော်၏ လုပ်ငန်းခွင်မှ အတွေ့အကြုံများအား ရေးသားမျှဝေလိုသည်။ ရေနက် ဆိပ်ကမ်း ကဲ့သို့သော ပင်လယ်ရေကြောင်း ဆိုင်ရာ လုပ်ငန်း ပရောဂျက်များသည် ကျွန်တော်နှင့် မစိမ်းလှပေ။ ကျွန်တော်သည် ကမ္ဘာပေါ်တွင် နာမည်ကြီး စီးပွားရေး လုပ်ငန်းစုဖြစ်သော Keppel group ၏ လက်အောက်တွင် အလုပ်လုပ်နေသည်။ လုပ်ငန်းခွင်တွင် မြင်တွေ့ ထိတွေ့နေရသော လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းမှု လုပ်ငန်းဆိုင်ရာများအား ပြည်တွင်း စာဖတ်သူတို့ သိရှိစေရန် ရေးသားမျှဝေ လိုက်ပါသည်။

နှစ်ရှည်စီမံကိန်း လုပ်ငန်း လုပ်ဆောင်ရာတွင် လုပ်ပိုင်ခွင့်ထားသော ကုမ္မဏီသည် တာဝန်လွန်ကြီး၏။ တာဝန်ယူရသည့် အပိုင်းများစွာရှိ၏။ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တတ်သိ နားလည်သော ပညာရှင်များဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့များဖွဲ့ကာ အလုပ်သမားများ၊ စက်ပစ္စည်း များ အန္တရာယ်ကင်းရေး လုပ်ဆောင်ရသည်။ အလုပ်ရှင်မှ လိုအပ်သည်များ တာဝန်ယူ ဖြည့်ဆည်း ပေးရ သည်။ ပြည်တွင်း ဆောက်လုပ်ရေး၊ လမ်း တံတား စီမံကိန်း လုပ်ငန်းများတွင် ကျွန်တော် အလုပ်မလုပ် ခဲ့ဖူးပါ။ သို့သော် ယခု ကျွန်တော် လုပ်ကိုင် နေရသော လုပ်ငန်းခွင်မှ နိုင်ငံတကာ စံနှုန်းရှိ လုပ်ငန်း အတွေ့အကြုံများအား ဗဟုသုအဖြစ် မျှဝေလိုပါသည်။

နှစ်ရှည် စီမံကိန်း လုပ်ငန်းခွင် လုပ်ကိုင်ခွင့်ရှိသူ၊ ပိုင်ဆိုင်သူသည် အောက်ပါ အခြေနေများအား တာဝန်ယူ ဖြေရှင်း လုပ်ဆောင်ပေးရသည်။

၁။ လူဦးရေ ထူထပ်မှု။ ။ နှစ်ရှည် စီမံကိန်း လုပ်ငန်းခွင်၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းများတွင် လူဦးရေ ထူထပ်စွာ လုပ်ကိုင်ခြင်းသည် အန္တရာယ်ရှိသော အခြေနေ တစ်ခု ဖြစ်သည်။ တစ်နေရာတည်း၌ လူဦးရေ များစွာ လုပ်ကိုင်စေခြင်း (သို့) နေထိုင်စေခြင်းကြောင့် (အောက်စီဂျင် မလုံလောက်ခြင်း) ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် ရှိလာနိုင်သည်။ ထို့ကြောင့် မလိုအပ်ဘဲ အလုပ်သမားများအား ထူထပ်စွာ လုပ်ကိုင်ခြင်းအား ထိန်းချုပ်ရန် တာဝန်ရှိသည်။

၂။ လေဝင်လေထွက် ကောင်းမွန်မှု။ ။ နှစ်ရှည် စီမံကိန်း လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရသော အလုပ် သမား များအတွက် လုပ်ငန်းခွင် နေရာသည် လေဝင်လေထွက် ကောင်းမွန်ရန် လိုအပ်သည်။ အချိန်ကြာမြင့် စွာ လုပ်ကိုင်ရသော နေရာများတွင် လေကောင်းလေသန့် ရှိရန် သဘာဝအလျှောက်ဖြစ်စေ၊ စက်ပစ္စည်း အကိုညီ များဖြင့် ဖြစ်စေ လေဝင်လေထွက် ကောင်းမွန်ရန် Blower Vent, Exhaust Vent များထားရှိပေးရမည်။ သို့မှသာ လုပ်ငန်းခွင်သည် ကျန်းမာရေးနှင့်ညီညွတ်ကာ အလုပ်သမားများအတွက် ရေရှည် လုပ်ကိုင်ရန် သင့်တော် ပေမည်။

၃။ အလင်းရောင် ကောင်းစွာရရှိမှု။ ။ လုပ်ငန်းခွင်နေရာသည် အလင်းရောင် ကောင်းစွာ ရရှိရန် လိုအပ်ပါသည်။ သဘာဝ အလင်းရောင် သို့မဟုတ် လျှပ်စစ်မီး အလင်းရောင်များ တပ်ဆင်ပေးထားရမည်။ အလင်းရောင် ကောင်းစွာရရှိမှ လုပ်ငန်းခွင်တွင် အလုပ်သမားများ တနေရာမှ တနေရာသို့ သွားလာ လုပ်ကိုင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမည် ဖြစ်သည်။

၎။ တုန်ခါမှုအား ထိန်းချုပ်ခြင်း။ ။ လုပ်ငန်းခွင်တွင် စွမ်းအားမြင့် အင်ဂျင်စက်များ အသုံးပြုရ ခြင်းကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများအား ထိန်းချုပ်ရန်လိုအပ်ပါသည်။ လွန်ကဲစွာ တုန်ခါမှုကြောင့် လူသို့ အန္တရာယ်ဖြစ်စေမှုအား ကြိုတင်ကာကွယ်ထားရန် အရေးကြီးသည်။ တုန်ခါသော စက်များဖြင့် နှစ်ရှည် လုပ်ကိုင်မှုကြောင့် လူ၏ခန္တာကိုယ်တွင်း ဖွဲ့စည်းမှုအား အန္တရာယ် ဖြစ်စေတတ်သည်။ ထို့အပြင် ဆူညံသော အသံများ ဖြစ်စေသော အင်ဂျင်၊ ဂျင်နရေတာစက်များအား အင်ဂျင်နီယာနည်းပညာဖြင့် ထိန်းချုပ်ရမည်။ ဆူညံသော အသံများကြောင့် နား အကြားအာရုံ ချို့ယွင်းမှု ဖြစ်စေနိုင်သည်။

၅။ အပူဒဏ် အအေးဒဏ် အကာကွယ်ပစ္စည်းများ။ ။ပူသော ပစ္စည်းများ ကိုင်တွယ်ရန်၊ အေးသော ပစ္စည်းများ ကိုင်တွယ်ရန်၊ အဆိသင့် ဓါတုပစ္စည်းများ ကိုင်တွယ်ရန်၊ သက်ဆိုင်ရာ အကာကွယ်ပစ္စည်းများ ထားရှိပေးရမည်။ စနစ်တကျ ကိုင်တွယ် အသုံးပြု နိုင်ရန် သင်တန်းပေးရန် အလုပ်ရှင်တွင် တာဝန်ရှိသည်။

၆။ အိမ်သာ သန့်စင်ခန်းများ။ ။ လုပ်ငန်းခွင်တွင် အလုပ်သမား များအတွက် သင့်တင်သော သန့်စင်ခန်းများ လုံလောက်စွာ ထားရှိပေးရမည်။ ၄င်းသန့်စင်ခန်း များအား သန့်ရှင်းမှုအတွက် နေ့စဉ် ထိန်းသိမ်းမှု ပြုလုပ်ရန် လိုအပ်ပါသည်။ အညစ်ကြေး စွန့်ပစ်မှု ကောင်းမွန်သော သန့်စင်ခန်းမှာ ရှိမှသာ အလုပ်သမားများအတွက် ဝမ်းနှင့်ပတ်သက်သော ကျန်းမာရေး ပြသနာများ မှ ကင်းဝေး မည်။

၇။ စွန့်ပစ်ပစ္စည်းများ ရေနှုတ်မြောင်းများ။ ။ လုပ်ငန်းခွင်မှ စွန့်ပစ်ပစ္စည်များ စနစ်တကျ စွန်ပစ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ဓါတုဆေးဝါးဓာတ်သတ္တိပါသော ရေဆိုးများအား စနစ်တကျ စွန့်ပစ်ရန်လိုသည်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု မဖြစ်စေရန် ရေရှည်အတွက် စဉ်းစားကာ စွန့်ပစ်ရမည်။ လုပ်ငန်းခွင်တွင် ရေနှုတ်မြောင်းများလဲ ကောင်းမွန်ရန်လိုအပ်သည်။ ရေဝတ်လျှင် ခြင်များ ပေါက်ပွား လာနိုင်သည်။


အထက်ပါ အချက်လက်များသည် စာရေးသူ လုပ်ကိုင်နေသော လုပ်ငန်းခွင်မှ မြင်သိ တွေ့ထိမှုအား အခြေခံ ရေးသားခြင်းဖြစ်ပါသည်။ လိုအပ်သည်များရှိပါက အားမနာတမ်း မှတ်ချက်ပေးခြင်းဖြင့် ကူညီကြပါ ခင်ဗျာ။

Wednesday, November 30, 2011

ကျောက်ပန်းတောင်းမြို့ အထက ၂ အာစရိယ ပူဇော်ပွဲ နှင့် ပညာရည်ချွှန် ဆုချီးမြင့်ပွဲ ။

ကျောက်ပန်းတောင်းမြို့ (ယခင်စံပြကျောင်းဟောင်း) အထက (၂) ကျောင်းသား ကျောင်းသူများ၏ (၁၄)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ၊ (၁၃) ကြိမ်မြောက် ပညာရည်ချွှန် ဆုချီးမြင့်ပွဲ၊ ထာရငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ၊ 2011 ခုနှစ် တက္ကသိုလ်င် စာမေးပွဲ တွင် အမှတ်အများဆုံးနှင့် ဘာသာစုံ ဂုဏ်ထူးရှင် လေးဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ဒီဇင်ဘာလ ၂၄ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီတွင် အဆိုပါ ကျောင်းတွင် ကျင်းပမည် ဖြစ်သည်။

လှူဒါန်းလိုသူများသည် ကိုဌေးလွင် ဖုန်း - 09-5155613 ၊ မသန်းသန်းဝင်းနှင့်ညီမများ ဖုန်း-01-248020 ၊ မအေးမြင့်သန်း (အထက ၂ ) ဖုန်း-061-50586 ၊ ကိုဝင်းမော် (မန္တလေး) ဖုန်း - 09-2026545 ၊ ဗိုည်ကြီး မြသောင်း (နေပြည်တော်) ဖုန်း -09-5191087 ၊ နှင့် ကိုဆန်းထူး (နတ်မောက်) ဖုန်း - 063-69108 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါသည်။ ကြေးမုံသတင်းစာ (30-11-2011) ပါ သတင်းအား နယ်သူနယ်သား များ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။ ။ ကျောက်ပန်းတောင်းအသင်း။

ကြေးမုံသတင်းစာ (30-11-2011) ပါ သတင်းအား နယ်သူနယ်သား များ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။ ။
copy from - ကျောက်ပန်းတောင်းအသင်း။

Sunday, September 25, 2011

မြင်းခြံ သနပ်ဖက် ဆေးပေါ့လိပ် ။


မြင်းခြံမြို့က ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ဆုံရာ ဧရာဝတီ အရှေ့ဘက် ကမ်းခြေမှာ တည်ရှိတယ်။ ခရိုင်မြို့ ဖြစ်ပါတယ်။ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နထိုးကြီး၊ ငန်းဇွန်း တို့ပါဝင်တယ်။ မြင်းခြံမြို့ရဲ့ အဓိက ထွက်ကုန် ကတော့ ဆေးရွက်ကြီး ဖြစ်ပါတယ်။ မိုးဦးမှာ မြေပဲ ၊ နှမ်း ဆီထွက် သီးနှံများ စိုက်ပျိုး ကြပြီး မိုးနှောင်းမှာ ဆေးရွက်ကြီးကို စီးပွားဖြစ် စိုက်ကြတယ်။ ဆေးရွက်ကြီး စိုက်သူကို ဆေးတောင်သူ လို့ ခေါ်ကြတယ်။ မြင်းခြံမြို့အကြောင်း နဲ့ မြင်းခြံကျေးလက် လူနေမှု အကြောင်းကို မြင်းခြံသူ စာရေးဆရာမ ခင်ခင်ထူးက "အညာသူ အညာသား ကျမ ဆွေမျိုးများ" ဆိုတဲ့ စာအုပ်မှာ ပြည့်စုံစွာ ရေးထားပါတယ်။ ကျွန်တော် အဓိက ပြောချင်တာ မြင်းခြံက ထွက်တဲ့ သနပ်ဖက် ဆေးပေါ့လိပ် အကြောင်းဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ သနပ်ဖက် ဆေးပေါ့လိပ် နာမည်တွေရှိ တယ်။ ရွှေဒေါင်းတောင်၊ ဆောင်းကောက်၊ နေခြည် အစ ရှိသည်ပေါ့ မြင်းခြံမြို့က ထွက်တယ်ထင်ပါတယ်။ အသေချာတော့ မပြောရဲဘူး။ ပဲခူးမြို့ကလဲ သနပ်ဖက် ဆေးလိပ်ခုံတွေ ရှိတယ်။ နောက်ပြီး မန္တလေးကလဲ သနပ်ဖက် ဆေးပေါ့လိပ် ထွက်ပါတယ်။ ဆေးပေါ့လိပ် ဆိုတာ အခုခေတ် စီးကရက် နဲ မတူပါဘူး။ ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုန်း ဘက်က သနပ်ဖက် ထွက်တယ်။ သနပ်ဖက်လှော်ပြီးသား စိမ်းလဲ့နေတဲ့ သနပ်ဖက်နဲ့ မြင်းခြံကထွက်တဲ့ အဓိကထွက်ကုန် ဆေးရွက်ကြီး ဆေးရိုးနဲ့ စနစ်တကျစပ်ကာ လိပ်တယ်။ ဆေး အချိုးအဆ သေချာစပ်မှ အရသာရှိပြီး ရောင်းကောင်းတယ် ပြောတယ်။ အဲဒါကတော့ မြန်မာတွေရဲ့ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ခုံ လုပ်ငန်းအကြောင်းပေါ့။ သနပ်ဖက် ဆေးပေါ့လိပ် ပေါ်တာ သိပ်မကြာလောက်သေးဘူး။ သနပ်ဖက် ဆေးပေါ့လိပ် မပေါ်ခင်ကတည်းက မြန်မာတွေက ဆေးလိပ်သောက်တာပါ။ ကျွန်တော် တို့ ကျောက်ပန်းတောင်းနယ် မှာဆို ပြောင်းဖူး ဖက်ဆေးလိပ်ကို ကိုယ်တိုင် လိပ်သောက်ကြတယ်။ အဘိုးနဲ့အဖွား ဆို ပြောင်းဖူးဖက် ဆေးလိပ် သောက်တယ်။ အဖွားလိပ်တဲ့ ဆေးလိပ်မှ အဘိုးက သောက်တယ်။ တခါတလေ ဆေးများတယ် ဆေးနည်းတယ်နဲ့ ချေးများပေမယ့် အဖွားလက်ရာကိုပဲ သောက်တယ်။ ကျွန်တော်တို့ နယ်ကျတော့ ပုပ္ပါးလွင်က ထွက်တဲ့ ဆေးရွက်ကြီး နဲ့ ကိုယ်တိုင်လုပ် ဆေးရိုးပင်က ဆေးစာနဲ့ ယာတောထဲက ထွက်တဲ့ ပြောင်းဖူးဖက် ကို သုံးတာ။ ဆေးလိုပ်သောက်တာ ကျန်းမာရေးကို ထိခိုက်တယ်လို့ ပြောကြတယ်။ အဘိုးနဲ့ အဖွားတော့ အသက် ၉၀ ဝန်းကျင်ထိ နေသွားကြတယ်။ ဒါပေမယ့် ထူးခြားတာ တခုတွေ့မိတယ်။ အဘိုးနဲ့ အဖွား ငယ်စဉ်က လုံးဝ ဆေးလိပ်မသောက်ပါဘူး။ လူတိုင်း အမျိုးသား အမျိုးသမီး အသက် ၄၅ ကျော်လောက်မှ ဆေးလိပ် စသောက်ကြတယ်။ "ငယ်ငယ်ရွယ်ရွယ် ဆေးလိပ် မသောက်ရဘူး" လို့ ဆုံးမထားတော့ ဆေးလိပ်ဆိုတာ လူကြီးတွေ သုံးတဲ့ အရာလို့ မြင်တယ်။ သနပ်ဖက် ဆေးလိပ်ပေါ်လာတော့ ဆေးလိပ်က လက်ညှိုးလောက် သေးသေးလေး။ လက်ထဲညှပ်လို့ သောက်ချင်စရာလေးပေါ့။ ခေတ်ပေါ်ဆိုတော့ လူကြီးတွေတင်မက လူငယ်တွေပါ သောက်လာကြတယ်။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုတာ သိတော့သိကြပါတယ်။ ဆေးလိပ်သောက်ရင် အရင်ဆုံး နှုတ်ခမ်းတွေညိုမဲနေမယ်၊ အချောင်းဆိုးမယ်၊ ရင်တုန်ပြီး မောမယ်။ ဆေးလိပ်ကို ငယ်ရွယ်စဉ်ကနေ သောက်တဲ့သူက အဆုပ်မှာ မီးခိုးတွေကပ်လို့ အသက်ရှူမဝဖြစ်မယ်။ ပြောင်းဖူးဖက် ဆေးလိပ်၊ သနပ်ဖက် ဆေးလိပ် မြန်မာ့ မိရိုးဖလာ ဆေးလိပ်သောက်ခြင်းက ကောင်းသလားဆိုတော့ လုံးဝမကောင်းပါ။ ဒါပေမယ့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ဘိန်း၊ ကိုကင်း အစရှိတဲ့ မူးရစ်ဆေးဝါးတွေက လူခန္တာက တောင်းဆိုတဲ့ အရာတွေ ဖြစ်နေပြန်ရော။ သုံးတတ်ရင် ဆေးပေါ့။ မသုံးတတ်တော့ ဘေးဖြစ်တယ်။ တရုတ်တွေ၊ ရှမ်းတွေ ဘိန်းစားတယ်တဲ့ ဒါကလဲ မူးရစ်ဆေးပါပဲ။ ကျွန်တော့်အထင် နှစ်ပေါင်း ၄၅ လောက် လှုပ်ရှားလာတဲ့ ခန္တာကိုယ်က ထုံထိုင်းလာတယ်။ ကိုယ်ခန္တာက မလန်းဆန်းတာကြောင့် စိတ်ပါ မရွှင်ဖြစ်လာတယ်။ မိသားစု စီးပွားရေး ပြသနာ ဖိအားတွေဝင်လာတဲ့အခါ လူတွေ အသက်ကြီးလာရင် စိတ်ငြိမ်အောင် မူးရစ်ဆေးတော့ သုံးချင်ကြတယ်။ အဲလိုထင်ပါတယ်။ ဆက်ပြောမယ်။ ပြောင်းဖူးဖက် ဆေးလိပ် ကနေ ၁၉ ရာစုမှာ သနပ်ဖက် ဆေးပေါ့လိပ် အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ အဲဒီကတဆင့် အခုဆိုရင် ဒူးယား၊ လန်ဒန်၊ ဗီးဂက်စ်၊ အစရှိသည် နိုင်ငံခြား နည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်သော စီးကရက် ခေတ်ကိုရောက် လာပါတယ်။ စီးကရက်ခေတ် ရောက်လာတော့ လူငယ်များ ဆေးလိပ်သောက်ခြင်းကို ပိုကို လုပ်ဆောင်လာကြတယ်။ မင်းသား မင်းသမီးတွေက ဆေးလိပ်သောက်ပြ၊ ပိုစတာများဖြင့် ကြေငြာ ဆိုတော့ ဆေးလိပ်ကို ပိုသောက်လာတယ်။ လူငယ်တွေကြားမှာ စီးကရက် နဲ့ စတိုင်မိုက်သလိုလို ၊ စီးကရက် မသောက်တတ်ရင် လူရာမဝင်သလို အထင်မြင်မှားမှုတွေ ရှိလာတယ်။ တကယ်တော့ စီးကရက်ကလဲ ဆေးရွက်ကြီးထက် ပိုတဲ့ ကိုနီဒင်း ထည့်ထားလို့ သောက်မိတာနဲ့ ဆွဲလန်းစေပါတယ်။ ရောဂါလဲ ပိုမိုဖြစ်စေပါတယ်။ ရေရှည်သောက်လို့ ကိုနီဒင်းက သွေးကြောထဲ စိမ့်ဝင်တဲ့အခါ ကင်ဆာ လို့ခေါ်တဲ့ ရောဂါကို ရစေနိုင်ပါတယ်။ လောင်းကစား၊ ဆေးလိပ်၊ အရက် လုပ်ငန်းက စီးပွားဖြစ်လွယ်ပါတယ်။ အဲဒီတော့ လူကြီးတွေ သိပါလျှက် ဆေးလိပ်သောက်တာ မပြောလိုပါ။ ကျွန်တော်လဲ သောက်ပါတယ်။ ဆေးလိပ် အလွယ်ရရင် ပိုသောက်ဖြစ်ပါတယ်။ ဈေးပေါပေါနဲ့ ရရင်လဲ ပိုသောက်ဖြစ်မှာပါပဲ။ ဒါကို နိုင်ငံ အုပ်ချုပ်သူ သမ္မတ အနေနဲ့ သိထားရပါမယ်။ ဆေးလိပ်၊ အရက်၊ လောင်းကစား လုံးဝ မလုပ်ရ တားမြစ်ထားရင် ပိုဆိုးမယ်ထင်ပါတယ်။ အဲတော့ ဒီလုပ်ငန်းတွေကို အခွန်နှုန်းမြင့်စွာ ကောက်ယူ စည်းကြပ် သင့်ပါတယ်။ အခွန်ပေးဆောင်ခ မြင့်တဲ့အခါ ထုတ်လုပ်သူအနေနဲ့ ဈေးမြှင့်ရောင်း ရပါမယ်။ ဆေးလိပ်၊ စီးကရက် ဈေးကြီးချင် ကြီးပါစေ ဒါဟာ ဆန် ဆီ မဟုတ်တဲ့ အတွက် ပြသနာတခု မဟုတ်ပါဘူး။ တခုရှိတာက မှောင်ခိုလုပ်ငန်း လုပ်လာနိုင်ပါတယ်။ ဒါကိုတော့ တင်းကျပ်စွာ ကိုင်တွယ်ရပါမယ်။ နောက်တခု မြန်မာပြည်မှာ ကွမ်းယာဆိုင် ယဉ်ကျေးမှုကို မနှစ်သက်ပါဘူး။ ကွမ်းလဲ ရှေးအစဉ်လာ ဆိုပေမယ့် ကွမ်းဆွဲသည်ထိ မစားသင့်ပါ။ မူးရစ်ဆေး တစ်မျိုးပဲဖြစ်ပါတယ်။ ကွမ်းယာဆိုင်မှ မဖွင့်ရင် ဘာလုပ်စားမလဲ လို့ လာမေးရင် ကျွန်တော်ကတော့ လဲသေလိုက်ပါ လို့ပဲ ဖြေပါ့မယ်။ လူတွေဆိုတာ အလွယ်လိုက် လွန်းပါတယ်။ တောင်းစား ရတာလွယ်တော့ သူတောင်းစားဘဝမှာတောင် ပျော်တတ်ကြပါတယ်။ အလုပ်လုပ်ရပါမယ်။ အနာဂတ်အတွက် လူငယ်၊ လူရွယ်၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ၊ တစ်ယောက်မကျန် အလုပ်လုပ်ရပါမယ်။ အလုပ်လုပ်ဖို့ အတွက် အချိုအချောင် လုပ်ငန်းတွေ သေချာစည်းကျပ်ရပါမယ်။ ကိုယ့်အသိနဲ့ကိုယ် ဆိုပေမယ့် ဒါကို နိုင်ငံ အုပ်ချုပ်သူတွေ နားလည်ရပါမယ်။
ကျွန်တော့် ရေးရင်းနဲ့ အကြောင်းအရာကို ကျော်လွန်သွားတယ်ထင်ပါတယ်။ ဒီမျှပါပဲ.......။ ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

ငါ့သရောက် အိုး ။


ငါ့သရောက် အိုးလုပ်ငန်းဟာ ပုဂံညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး နယ်တခွင်မှာ နာမည်ကြီးပါတယ်။ ဘာကြောင့် နာမည်ကြီးလဲ ဆိုတော့ အထူးသဖြင့် ငါ့သရောက်က လုပ်တဲ့ သောက်ရေအိုးက ပူလွန်း တဲ့ နွေကာလမှာ သောက်ရေကို အေးမြစေတဲ့ အတွက်ဖြစ်ပါတယ်။ ငါ့သရောက် မြေက အိုးလုပ်ငန်းအတွက် အထူးသင့်လျှော်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ပုဂံညောင်ဦး ခရိုင်က ငါ့သရောက် ဟာ မြို့နယ် တခုဖြစ်ပါတယ်။ ရာဇဝင် ထဲမှာ နယ်ချဲ့ အင်္ဂလိမ်ကို တော်လှန်ခဲ့တဲ့ သူရဲကောင်း ပုဂံဗိုလ်ချို ဆိုတာ ငါ့သရောက် နယ်သားဖြစ်ပါတယ်။ ငါ့သရောက်အိုးလုပ်ငန်းက ထွက်တဲ့ အိုးခွက်တွေက ကျွန်တော် သိသလောက် ရေးပြပါမယ်.. တချို့ကို နာမည် မမှတ်မိပါဘူး။ သောက်ရေအိုး၊ ရွက်အိုး၊ ရေအင်တုံ၊ ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရေထည့်တဲ့ မြူအိုး၊ ညောင်ရေအိုး၊ မုန့်ပြားသလက်လုပ်တဲ့ အိုးခင်း၊ စလောင်းဖုံး၊ ပန်းအိုး စသည်ပေါ့ ရှိပါတယ်။ အိုးပုတ် ချိုးရုပ် တွေလဲ ရှိတယ်။ သောက်ရေအိုးကတော့ လူတိုင်းသိပါတယ်။ အခုခေတ်မှာတော့ ရေသန့်ဗူးက နေရာဝင် ယူနေပါပြီ။ ရွက်အိုးကတော့ အပျိုလေးတွေရေခပ်ဆင်းတဲ့ တပိုင်တနိုင် အရွယ်အစား အိုးဖြစ်ပါတယ်။ မိန်းကလေးတွေ ရေအိုးရွက်တာ ခေတ်ကုန်သလောက်ရှိပြီ..။ အခုတော့ သံပုံး ရေထမ်းကို သုံးကြတယ်။ ခေတ်ကာလနဲ့ တစ်ခေါက် တစ်အိုးနဲ့ အလုပ်မဖြစ် ဘူး။ ရေတစ်ထမ်းဆို နှစ်အိုး တခါတည်းရတယ်။ နောက်တခု ရေအင်တုံ ဆိုတာ ယက်ကန်းလုပ်ငန်းတွေမှာ သုံးတယ်။ ဟိုးတုန်းက ကျေးလက် မှာ အိမ်တိုင်း ယက်ကန်းစင်ရှိတယ်။ ယက်ကန်းသုံး ဝါချည်ကို ဗိုင်းငင် ခြည်ချ .. ခြည်ခင်ကို ရေစိမ် ထမင်းလုံးနယ် ၊ ဆေးဆိုး အဲလို အခါမှာ ရေအင်တုံကို သုံးတယ်။ ပီးတော့ ဟင်းချက်အိုးမှာ ပဲဟင်းအိုးက အရွယ်ကြီးတယ်။ အသားငါးချက်တဲ့အိုး အငယ် ဆိုဒ်ကတော့ မျိုးစုံရှိတယ်။ မြေအိုး နဲ့ ချက်တာ ခေတ်ခဏ တိမ်သွားပေမယ့် အခုဆို မြေအိုးမီးရှည် လို အစားအစာတွေမှာ မြေအိုးသုံးချက် တဲ့ အရသာကို ထူးခြားစွာ ဆွဲလန်းနေဆဲ။ မြေအိုးချက်က တကယ် ကောင်းပါတယ်။ အရသာရှိတယ်။ ကောက်ညှင်းပေါင်းတဲ့ အိုးက ပုံစံ တမျိုးဗျ.. မျက်စေ့ထဲမြင်အောင် မပြောပြတတ် ဘူး။ ထားတော့.. ။ ထန်းရေထည့်တဲ့ မြူအိုးကျတော့ အခုထိသုံးဆဲ.. ဒါကျတော့ သိတယ်။ ထန်းရေခံတာ မြူအိုးနဲ့မှ အရသာရှိတယ်။ ညောင်ရေအိုးတော့ အခု သိပ်မသုံးကြတော့ပါဘူး။ ကြွေအိုး၊ ဖန်အိုး ၊အမြောက်စံ တွေ သုံးလာတယ်။ ငါ့သရောက် ညောင်ရေအိုးက သပြေခက်ကို စိမ်းတက်နေအောင် ထိန်းထားနိုင်တယ်။ နှစ်တရာကို အမြစ်ပွားစေတယ်။ ပန်းသည်တွေက ငါ့ပန်းတွေ ငါ့သရောက် အိုးနဲ့ ဘုရားပန်းထိုးကြ လို့ သူတော် ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တယ်ဆိုပဲ။ အိုးပုတ် ချိုးရှုတ်ဆိုတာ သိတယ်မလား။ ငယ်ငယ်က ခွက်တန်း ကစားကြတယ်။ သဲတွေထည့်ပီး ထမင်းချက်တယ်။ မန်ကျီးရွက်တွေခူး ဟင်းချက်တယ်။ ကလေးဘဝ အသုံးဆောင်လေးတွေပါ။ တကူးကူး.. ကူး.. မြည်တဲ့ ချိုးရုပ်လဲ ကြိုက်တယ်။ ငါ့သရောက်က ကျောက်ပန်းတောင်းနဲ့ မြေနီကျောက်ခင်းလမ်းရှိတယ်။ အိုးလှည်းတွေ လာလို့ လမ်းပေါက်တာလဲဖြစ်မယ်ထင်တယ်။ တချိန်က ငါ့သရောက်အိုးက အညာတခွင် နာမည်ကြီးပါပဲ။ အခုထိလဲ နာမည်ကြီးဆဲ........။
သုံးလွန်းတင်မှ ကြိုး.. ဒေါင်ဒေါင်မည်မှ .. ငါ့သရောက်အိုး.. ဆိုရိုး သည်လိုရှိခဲ့ တယ်... လို့ သီချင်း ဆိုလို့ ရောင်းကြတယ်။ ။
ကျွန်တော် သိသလိုရေးပါတယ်။ အမှားပါရင် မှတ်ချက်ပေးပါ။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Saturday, September 24, 2011

ဧရာဝတီ မြစ်တလျှောက် မြို့ရွာများ။

မိတ္ထီလာကန်ကြောင့် မိတ္တီလာမြို့နေလူထု ကောင်းကျိုးခံစားရပါတယ်။
မိတ္တီလာကန်ကို ရေနေစေဖို့ ဆည်ဖို့ကြတယ် ထိန်းသိမ်း လို့ သိရတယ်။
အင်းလေးကန်ကြောင့် အင်းလေးဒေသနေလူထု ကောင်းကျိုးခံစားရပါတယ်။
အင်းလေးကန်တိမ်ကောလာမှုကို ထိန်းသိမ်းဖို့အတွက် ပြင်ဆင်ကြတယ်လို့ သိရပါတယ်။
အင်းလျှားကန် ၊ ကန်တော်ကြီး အလှပတွေကြောင့် ရန်ကုန်မြို့ ကြက်သရေ တိုးပါတယ်။
အင်းလျှားကန်၊ ကန်တော်ကြီး ရေပြင်အတွက် သန့်စင်ဖို့ ပြုပြင်ထိန်းသိမ်းကြတယ်လို့ သိရတယ်။
ထိုနည်းတူ.......
မြန်မာပြည် တောင်မြောက် စီးဆင်းတဲ့ ဧရာဝတီမြစ် ရဲ့ အသုံးဝင်မှု များစွာရှိပါတယ်။
မြန်မာပြည် တစ်ပြည်လုံး လူထုတွေ အကျိုးခံစားကြရတယ်။
အဲဒီ ဧရာဝတီမြစ်ကို ထိန်းသိမ်းဖို့ မလိုအပ်ဘူးလား ။

အကယ်၍ ဧရာဝတီ မြစ်သာ ရေခန်းသွားရင် အောက်မြို့တွေ ရေကြည်ရာ မျက်နုရာရှာ နေရာ ပြောင်းကြရလိမ့်မယ်။

၁။ လပွတ္တာ
၂။ ဘိုကလေး
၃။ ကျုံမငေး
၎။ ဝါးခယ်မ
၅။ မအူပင်
၆။ ရွှေတောင်မှော်
၇။ ပန်းတနော်
၈။ စားမလောက်
၉။ မဲဇလီ
၁၀။ ရန်ကုန်
၁၁။ သန်လျင်
၁၂။ ဒနုဖြူ
၁၃။ ဇကကြီး
၁၄။ အပြောက်
၁၅။ ဘောသွန်
၁၆။ ဇလွန်
၁၈။ ဒေါင်းကြီး
၁၉။ ဟင်္သာတ
၂၀။ သာရဝေါ
၂၁။ ဇီးဖြူကုန်း
၂၂။ ထိန်တော
၂၃။ ပန်းတော
၂၄။ ညောင်ထော်
၂၅။ ရွှေကြွင်း
၂၆။ ကောင်းခလယ်
၂၇။ မြန်အောင်
၂၈။ နတ်စင်ကုန်း
၂၉။ ကြံခင်း
၃၀။ ထုံးဘို
၃၁။ ကြည်းသဲ
၃၂။ ပဒေါင်
၃၃။ ရွှေတောင် (ပြည်)
၃၄။ ဆင်တဲ
၃၅။ ပြည်
၃၆။ ဘိုကုန်း
၃၇။ ကန်မ
၃၈။ ရေနံသာ
၃၉။ ညောင်ပင်ဆိပ်
၄၀။ ဘွက်ကြီး
၄၁။ သရက်
၄၂။ အောင်လံ
၄၃။ ဆင်ပေါင်ဝဲ
၄၄။ မလွန်
၄၅။ မင်းလှ
၄၆။ ဘုရားကုန်း
၄၇။ မကွေး
၄၈။ မင်းဘူး
၄၉။ စကု
၅၀။ စလင်း
၅၁။ ပွင့်ဖြူ
၅၂။ ရေနံချောင်း
၅၃။ စလေ
၅၄။ ဆိပ်ဖြူ
၅၅။ ချောက်
၅၆။ စဥ့်ငူ
၅၇။ လမ်းရွာ
၅၈။ မြစ်ခြေ
၅၉။ ပုဂံ
၆၀။ ညောင်ဦး
၆၁။ ပခုက္ကူ
၆၂။ မြင်းခြံ
၆၃။ ရေစကြို
၆၄။ ဆီမီးခုံ
၆၅။ မြင်းမူ
၆၆။ ဟံသာဝတီ
၆၇။ စကိုင်း
၆၈။ အမရပူရ
၆၉။ မန္တလေး
၇၀။ ပုသိမ်ကြီး
၇၁။ ရွှေဘို
၇၂။ ဝေဘူ
၇၃။ ကသာ
၇၄။ ရွှေဂူ
၇၅။ ဗန်မော်
၇၆။ မြို့သစ်
၇၇။ သမင်ကြီး
၇၈။ စဥ့်ဘို
၇၉။ မြစ်ကြီးနား
၈၀။ ဝိုင်းမော်

ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Wednesday, September 7, 2011

တောင်တော်ရွှေပုပ္ပါး


သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။
သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။

ထက်ကုန်းမို့မို့မှာ ကြွဖုန်းလို့ ယှဉ်ကာပြိုင် .. အင်တနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် ..
လေးထောင်ကျော် ပေမြင့်မား..ဝင့်ကြွားပေစွ မိုးထက်သို့တိုင်..မြင်းခြံခရိုင် တခုတည်းသော
တောင်တော်ပုပ္ပါး ကဗျည်း ကျောက်စာတိုင်...။

နဂါးလေး ချောစက်က စကားဝါ တောင်တော်ပုပ္ပါးနိုင် . လှမ်းတက်ပါ့မေရယ် ပန်းခက်ကဝေတယ်.
ဘယ်သူပြိုင်လို့ လှပါတော့နိုင်..။

ရေး - မြင်းခြံ ကိုအေးကျော် ဟုသိရပါသည်။

မှတ်ချက် = သီချင်းက ဒီမှာတင် ဆုံးသလား မသိပါ။ ညတုန်းက ဆရာနေဝင်းမြင့် မော်လမြိုင်
စာပေ ဟောပြောပွဲ နားထောင်ဖြစ်တုန်း ချရေးထားတာပါ.. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ..
စုံတော မြိုင်တော ဂနိုင်တော တွေ ဘယ်တော ဘယ်တောင်ဖြင့် ယဉ်ပြိုင်စေဦးတော့ ယှဉ်နိုင်မည့်
တောတောင် မရှိလို့ အရှိကို အရှိတိုင်း ရေးသားထားသည်ကို မှတ်သားရပါသည်။