
Saturday, April 7, 2012
NLD party won 2012 April 1 election
Friday, April 6, 2012
ကြားဖြတ်ရွေးကောက်ပွဲမှ ကြားသတင်းများ။
၂ ။ သာယာအေးရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌ အရက်မူးပြီး မဲဆန္ဒရှင်များနှင့် စကားများပြီးနောက်
၎င်းအား မြို့နယ်ကော်မရှင်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
၃။ အင်တောရွာတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ် သီချင်းများကို အသံချဲ့စက်များနှင့် ဖွင့်နေ ကြောင်း သိရသည်။
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မည်သည့်ပါတီမှ ပါတီသီချင်းဖွင့်ခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ခွင့် မရှိဟု ထုတ်ပြန်ထားသည်။
၎။ တိုက်တိုက်ဆိုင်ဆိုင် ဘာသာရေးကို အသုံးချ မဲရယူဖို့ ကြိုးစားမှု တခုဖြစ်ပွားခဲ့ ။
၅။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အစီအစဉ် ကျန်းမာရေးကြောင့် ဖျက်သိမ်းလိုက်ရ ။ မတ်လ 29 ရက် 30 ရက် ညနေပိုင်း ဆုတောင်းပြည့် မဟာစေတီကြီးမှာ စုပေါင်း ဆုတောင်းပွဲကျင်းပ NLD အင်းအားပြခဲ့ ။
၆။ ကျာက်ပန်းတောင်း DR.ဇော်မြင့်မောင် (NLD) - မဲရုံ ၃၈၃ ရုံရှိသည့်အနက် ၃၆၀ ခန့်တွင် အနိုင်ရနေဟု သိရ ။
၇။ နေပြည်တော်မှ ကျောက်ပန်းတောင်းသူ ကျောက်ပန်းတောင်းသား နိုင်ငံ့ဝန်ထမ်းများ ဇာတိမြေ ပြန်ကာ ဆွေမျိုးတော်သော ကြံခိုင်ရေး အမတ်အား မဲမပေးဘဲ ... NLD အားမဲပေးကြာင်း သိရ။
၈။ မိသားစုအလိုက် မဲစာရင်းကျန်ခဲ့လို့ မဲမပေးရခြင်း ။ သေဆုံးသူများ မဲစာရင်းတွင်ပါရှိနေသောကြောင့် ကျန်ရစ်သူမိသားစုမှ ဒေါသထွက် အပြစ်တင်ခြင်း .. ဘယ်ပါတီမှ မဲမပေးဘဲ ကြားနေများရှိကြောင်းလဲ သိရ ။
Thursday, April 5, 2012
ပုပ္ပါးမြတ်တောင်တော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် အမြန်ဆုံး ကျန်းမာလာစေရန် စုပေါင်း ဆုတောင်းပွဲ
ဒေါက်တာဇော်မြင့်မောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်ပန်းတောင်းမြို့နယ်(ကိုယ်ရေး ရာဇဝင် အကျဉ်း)
ဒေါက်တာဇော်မြင့်မောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်ပန်းတောင်းမြို့နယ်
မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
ပညာအရည်အချင်း - M.B;B.S
ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် - ကျောက်ပန်းတောင်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ မန္တလေးဆေးတက္ကသိုလ် သပိတ်ကော်မတီတွင် အတွင်းရေးမှူး၊
အထက်မြန်မာနိုင်ငံ ဆရာဝန်များ သပိတ်ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့။
၁၉၉၀ တွင် အမရပူရ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့။
ယင်းနှစ်တွင် ပုဒ်မ ၁၂၂(၁)အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရပြီး ၁၉၉၃ တွင် လွတ်ငြိမ်းချမ်းသာခွင့် အရ ၁၀ နှစ် သို့ပြောင်းခဲ့။
၂၀၀၉ တွင် ထောင်မှ လွတ်မြောက်ပြီးနောက်
မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။
ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ
ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင် မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး သေဆုံးသူများမှာမူ မဲစာရင်းတွင် ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ ပြည်သူများ သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင် ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင် ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့် ကော်မရှင်ရုံးသို့ သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန် နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။
“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။ ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့ မဲစာရင်းထဲမှာပါနေတယ်။ ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာတယ်။ မဲ စာရင်းကိုတော့ လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့ မဲမပေးရတော့ဘူး။ အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ မအေးအေးခိုင်က ပြောပြခဲ့သည်။
“အန်တီတို့ကတော့ မိသားစု (၇) ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့ ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။ အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။ အန်တီက အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇) ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ တစ်ပုံလောက်က မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မိသားစုလည်း မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။ အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။
Sunday, March 4, 2012
မုဒိတာ လူမှုရေးအသင်း
မုဒိတာ လူမှုရေးအသင်း
အသင်းဆောင်ပုဒ် ☣
ဖြူစင်မေတ္တာ
ဂရုဏဖြင့်
နာသူကိုတွဲ
လဲသူကိုထူ
ချမ်းသာဆင်းရဲ
မခွဲတူကွ
နှလုံးလှဖြင့်
သုခပေးဝေ
ဒုက္ခပြေအံ့
*မေတ္တာဖြင့် ကုသပေးသည့်ဆရာဝန်များ*
၁။ ဒေါက်တာ ကံမင်းအောင်
၂။ ဒေါက်တာ ကျော်သူဝင်း
၃။ ဒေါက်တာ ဇော်မင်းလတ်
၎။ ဒေါက်တာ ဟန်ဇော်လင်း
၅။ ဒေါက်တာ လှိုင်မျိုးအောင်
၆။ ဒေါက်တာ ဖြိုးကျော်သူ
၇။ ဒေါက်တာ ခင်မြင့်မြင့်စံ
၈။ ဒေါက်တာ ချစ်ချစ်ထူး
၉။ ဒေါက်တာ ဇင်မာဦး
၁၀။ ဒေါက်တာ ဆုမွန်ပန်
၁၁။ ဒေါက်တာ ယဉ်မာဌေး
၁၂။ ဒေါက်တာ လဲ့ယဉ်ဝေဖြိုးသူ
၁၃။ ဒေါက်တာ ခိုင်ဇာယုရှိန်
ဆေးဝါးကျွမ်းကျင် - ဦးမြင့်ဦး၊ မနှင်းဟေမာန်၊ မနွယ်နီဝင်း၊ မသန္တာဆွေ။
လူမှုရေးလုပ်ငန်းများ အကူအညီတောင်းခံရန်နှင့် လှူဒါန်းငွေများ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ-
ကိုဌေးအောင် (၀၉-၄၃၀၀၈၄၆၅)၊
ကိုအောင်ကျော်စိုး (၀၉-၄၃၁၄၃၉၁၃)၊
ကိုကျော်ဇင် (၀၉-၅၁၉၆၅၉၂)၊
ကိုဇော်တိုး (၀၆၁-၅၁၈၂၆)
မုဒိတာ ပရဟိတလူမှုရေးအသင်းသို့ သီးခြားလှူဒါန်းလိုပါက-
၁။ ဆေးကုသမှု တစ်ရက်ပျမ်းမျှ - ၂၀၀၀၀/ ကုန်ကျငွေ
၂။ ဆေးဝါးပစ္စည်းများအတွက် ငွေပဒေသာပင်စိုက်ထူ လှူဒါန်းခြင်း
၃။ ဆေးဝါးပစ္စည်းများ၊ ပညာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ
၎။ စာကြည့်တိုက်အတွက် စာအုပ်အမျိုးမျိုး၊ စာစောင်များနှင့် ဂျာနယ်များလည်း လှူဒါန်းနိုင်ပါသည်။
အသင်းရုံးတည်နေရာ-
ကျောက်ပန်းတောင်းမြို့၊
လွတ်လပ်ရေးရပ်ကွက်၊
မဉ္ဇူသကလမ်း၊
ထိန်ကန်ရိုးကူးတံတားအရှေ့ဘက်။
ဖုန်း - ၀၉-၄၃၁၃၇၄၀၈





