Thursday, March 12, 2009
မန်ယူ နိုင်တယ်ဟေ့
၂၄ နာရီ အလင်းပေါက်ဆိုင်မှာ သွားကြည့်ရတာ။
ဒါပေမယ့် ပွဲကြီးပွဲကောင်း
မန်ယူ - အင်တာပွဲ နှစ်ပွဲလုံး ကြည့်ဖြစ်ပါသည်။
အဝေးကွင်း သရေ၊ အိမ်ကွင်း မှာ ၂=၀ နဲ့ မော်ရင်ညိုကို နှုတ်ပိတ်လိုက်ပါသည်။
ထို့ကြောင့် အရမ်းပျော်ပါသည်။
ဆိုင်မှာ ဘောပွဲပရိတ်သတ် ၅၀ လောက်ရှိသည်။ မြန်မာ ၄၅ ယောက်ခန့်ရှိမည်ထင်သည်။
ရွှေမြန်မာများ ဘောလုံးချစ်တာတော့လွန်ကိုလွန်တယ်နော်။
Monday, March 9, 2009
ရွာမှ သဘာဝ ဟင်းလျှာများ
ကြားဖူးအောင်ပေါ့။
၁။ မန်ကျီးရွက် နုနု ကို တောင်ပေါ်ပဲပြုတ် နဲ့ သုတ်တဲ့ အရသာကို လွမ်းတယ်။
၂။ မန်ကျီးရွက် နဲ့ ခရမ်းခေါင်းသီး ချဉ်ဟင်းကို မမေ့နိုင်ဘူး။
၃။ မိုးဦးကျ ထွက်တဲ့ ဆူးပုတ် နုနု နဲ့ ဆန်မုန့် ဟင်းချို ကိုလည်းလွမ်းတယ်။
၎။ မလွှပွင်၊ ကြောင်ရှာပွင့် ၊ ကြောင်ရှာသီး သုတ်စားခြင်တယ် ။
၅။ ဂုဏ် ရွက်နုနု နဲ့ ဆန်မုန့် ဟင်းချို လည်း စားခြင်တယ်။
၆။ သဘာဝ ခွေးတောက်ရွက် ဟင်းချိုချို။
၇။ မိုးဦးကျ ဟင်းနုနွယ်ရွက် ဟင်းချိုချို။
၈။ နွေမိုးဆောင်း လယ် ကန်စွန်းရွက်ကြော်။
၉။ ကိုင်း ချဉ်ပေါင် နဲ့ ဆူးပန်း၊ နံနံ ချဉ်ဟင်း တစ်ခွက်။
၁၀။ ပဲတိုင်ထောင် နဲ့ချဉ်ပေါင်ရွက် ဟင်းရည်ချို။
၁၁။ လက်ပန်ပွင့်ခြောက် (၀က်သားနဲ့မလဲနိုင်ပါ) ဟင်းစားခြင်တယ်။
၁၂။ ငရှာရွက် ဆန်မုန့် ဟင်းချိုကိုလည်း လွမ်းပါ့။
၁၃။ ကြက်ဟင်းခါးရွက် ကြော်ကိုလည်း လွမ်းတယ်။
၁၄။ ခရမ်းခေါင်းသီး မီးဖုတ်သုတ်ကို မေ့နိုင်ဘူး။
၁၅။ ကဆစ်သီး မီးဖုတ် နဲ့ ငရုပ်သီးထောင်းကို စားခြင်တယ်။
၁၆။ ကင်းမုံသီး ဆီပြန်ကြော်။
၁၇။ ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီ ပွင့် ဟင်းချို။
၁၈။ ကြက်သား နဲ့ ဗူးသီး ကာလသားချက်။
၁၉။ အိမ်ထွက် ပုန်းရေကြီး သုတ် စားခြင်တယ်။
၂၀။ ခရမ်းချဉ်သီး ငါးပိချက် ကလအော် ငါရုပ်သီး နဲ့ချက်။
၂၁။ ထန်းရေမှ ရသည့် ထန်းပုန်းရည်ကြီး ချက် ။
၂၂။ ဆောင်းဦးပေါက် နံနက်စောစော မီးပုံဘေးမှာ ကောင်းညှင်းပေါင်းစား ခြင်သေးတယ်။
၂၃။ မြေပဲကြော်ကိုထောင်း ထမင်းပူပူ နဲ့ နယ်၊ နှမ်းမှုန့်ဖြူး ပြီးစားခြင်တယ် (မူပိုင်ဟင်းလျှာ)။
၂၄။ ဖားကင်၊ ထန်း ပင်ကျရည်။
၂၅။ လယ်ကြွက်ကင်၊ ထန်း ပင်ကျရည်။
၂၆။ ဆူးပုတ်ကြီးရွက် နဲ့ ပဲကြီးဟင်းချို လဲ စားခြင်တယ်။
(ဟင်းအားလုံးကို ချက်ပြုတ်ရာတွင် ဆုံကြိတ် နှမ်းဆီ ကိုသာသုံးပြီ မြေအိုးနှင့်ချက်သည်)။
NaTuRal HoNestY
အဲဒါကို စာဖွဲခြင်တာတော့ မဟုတ်ဘူး။ လိုခြင်တာ။ ပြန်လိုခြင်တာ၊ ပြန်ရခြင်တာပါ။
ကလေးငယ်လို ဖြူစင်တဲ့ သဘာဝ ရိုးသားမှု ကိုပေါ့။
ကျနော့်ဆီမှာ အဲဒီ ”သဘာဝ ရိုးသားမှု” ပြောက်ဆုံးနေတာ ကြာပီ။
အပြင်ပန်း ကြည့်မလား။
အသက်ကြီးတာနဲ့ အမျှ မျက်နှာက အရေထူးလာတယ်။
အကြောင်းကြီးငယ်ကြောင့် မျက်နှာပူခြင်းကို တခါတရံ လုံးဝ မမှုတော့ဘူး။
အရေ ထူးတဲ့ မျက်နှာကြီးကို တော်တော်မုန်းတယ်။
ငယ်ငယ်က မျက်လုံးတွေ။
ဟုတ်တယ် ကလေးဘ၀ မျက်လုံးတွေက အမှန်တရား စကားကိုပြောတယ်။
ဟန်ဆောင်မှု ကင်းတယ်။ ဖြူစင်ရိုးသားမှုရဲ့ သင်္ကေတပဲ။ ခု အဲဒီမျက်လုံးတွေ ဘယ်မှာလည်း။
ငါ ပြန်ရခြင်တယ် သဘာဝ ရိုးသားမှု။
ငါပြန်ရခြင်တယ် ငယ်စဉ်ကလေးဘ၀။
Sunday, March 8, 2009
easycalculation.com
ပြောရရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းဖြစ်နေမှာဆိုးတယ်။
ဒါပေမယ့် လေ ဘာဖြစ်လည်း - ရေးလိုက်ပီ။
တခါတခါ ကျနော် သင်္ချာ နဲ့ကျောင်းပြီး ပါတယ်။ သချာင်္ဘွဲ့ ရပါတယ်လို့ ပြောရမှာ ရှက်သဗျာ။
ကိုယ် ဘယ်လောက်လေ့လာခဲ့သလဲ ကိုယ်တိုင်ပဲ အသိ။ နည်းနည်းပါးပါး သိတာလေးတွေကျတော့
ကျောင်းမှာကျန်ခဲ့တယ်။ မြန်မာပြည်မှာ (ရွာ) နေစဉ်တုန်းက ဒီဖော်မြူလာတွေ ဘာလုပ်ဖို့ ဒီလောက် ကျက်နေရတာလည်း။ တကယ်လက်တွေ့ လုပ်မပြပဲနဲ့ ဘယ်လိုလုပ်တတ်မှာလည်း - အဲဒီလို မေးခွန်းများနဲ့ပဲ မှတ်သင့်တာ မမှတ်ခဲ့။ ယူနီဘာစီးတီးမှာ ပိုက်စံလည်း မရ ဆိုင်ကယ် ကယ်ရီ လိုက်ပီး ကျောင်းပြီးခဲ့တယ်။ (အချော အလှ အလကားတင်ပါတယ် ၊ အအေးတောင် တိုက်သေးတယ် .. အဟီး..)
ခုလို အလုပ်ထဲရောက်တော့ မှ နဖူးတွေ့ ဒူးတွေ့ ပက်လက်လန်တော့တာပဲ။ အလုပ်လုပ်နေရင် တစ်စ နှစ်စ ဖော်မြူလာလေးတွေ မြင်ရောင်လာပေမယ့် အတိအကျ မသိဘူး။ ဒွတ်ခ နဲ့ လှလှနဲ့ တွေ့တော့တာပဲ။ ဖော်မြူလာတွေ မသိတော့ ဘာဖြစ်လည်း အချိန်မကုန်သင့်တာ ကုန်တယ်။ ငယ်ငယ်က မြန်မာနိုင်ငံပုံ မဆွဲတတ်ခင်ကပေါ့။ စက္ကူကို ရေနံဆီမီးခိုး မှိုင်းခံပြီး သင်ရိုးစာအုပ်ထဲကပုံမှာ ခဲတံနဲ့ ပုံတူကူးသလိုပဲ လုပ်နေရတယ်။ ဒီလိုလေ.. တန်းပလိတ် လုပ်ပီး နမူနာမှတ်ပီး လုပ်ရတာပေါ့။ ငယ်ငယ်က ပုံတူကူးတဲ့ အကျင့်က ခုထိပါလာတာထင်တယ်။
နောင်လာ နောင်သားများ အား ပြောခြင်သပ။ သင်္ချာ အခြေခံ လေးတွေ ၊ ရူပဗေဒ အခြေခံ ဖော်မြူလာ လေးတွေ ကျောင်းမှာ မထားခဲ့ကြနဲ့လို့ပေါ့။ ထောင့်မှန် နဲ့ပတ်သတ်တဲ့ ပုံသေနည်းများ။ ပိုက်သာဂိုရပ် သီအိုရမ်များ တကယ်အသုံးဝင်တယ်ဗျာ။ ကျောင်းက သင်သမျှ လုံးတာ၊ ၀ိုင်းတာတွေ၊ သုံးထောင့် လေးထောင့် ငါးထောင့် အကုန်လုံး သေချာ မှတ်သားထား ဖြစ်နိုင်ရင် အလွတ်ကျက်။ စက်ဝိုင်း နဲ့ပတ်သတ်တာ ၊ တြိဂံ နဲ့ပတ်သက်တာတွေ မမေ့သင့်ဘူး။
ကျနော်များတော့ အသုံးလိုခါမှ သတိရ ဆိုသလိုဖြစ်နေတော့၊ ဘာပဲလိုလို အင်တာနက်မှာရှာဆိုသလို ဖြစ်နေပါပီ။ အဲဂလို ရှာရင်းနဲ့ easycalculation.com ဆိုတဲ့ ဆိုဒ်လေး တွေ့ပါတယ်။ သင်္ချာနဲ ပတ်သတ်တာ လေးတွေ တော်တော်လေးကောင်းပါတယ်။ ကြည့်နေရင်းနဲ့ ကျောင်းပြန်ရောက်နေသလိုပဲ။ Right Angled Triangle Calculation မှာ Opposite Side , Hypotenuse Side , Adjacent Side အတွက် ပုံသေနည်း အပြင် calculator ပါသုံးလို့ရတာ တွေ့ရတယ်။ စိတ်ဝင်စားတယ် ဆို အမြန်ဆုံးသာ ကလစ်လိုက်ပါ။
စကားမစပ်
မနေ့ညက မြန်မာ ဗီဒီယိုဇာတ်ကား တကားကြည့်ဖြစ်တယ်။ ပြောခြင်တာက ကျောင်းဆရာမ အခန်းမှာ ဆရာမက မြန်မာစာရေးတာ မရေးတတ်ဘူးဗျာ။ (၀) ၀လုံး မ၀ိုင်းတတ်ဘူးဗျာ။ တော်တော်လေး ဆိုးပါတယ်။ နောက်ပီး င သတ် (င်) လည်း မရေးတတ်ဘူး၊ သူငယ်တန်း မနေခဲ့ရဖူးထင်တယ်။
..... အင်း...ဒွတ်ခ.. ဒွတ်ခ.......
Saturday, March 7, 2009
ဂျီမေး မှ ဘလော့ သို့ အစမ်းတင် ကြည့်ခြင်း
ဘယ်လိုလုပ်ရမလည်း ဆိုတာတောင် မလေ့လာဖြစ်ဘူး။
ရွာပြန်ရောက်ရင် အသုံးကျမယ့် နည်းလေး ဆိုတော့ တောင်ပေါ်သားလေး မေးပီး
စမ်းကြည့်တယ်။ ရ၏ မရ၏ တော့ ကြည့်ရမှာပဲ။
ကဲ.....ဟတ်ချလောင်း..................
Sunday, February 8, 2009
ဘလော့ ခြင်းအား ခေတ္တ နားထားပါသည်
ဆန်းဝင်း (ကျောက်ပန်းတောင်း)
ဘလော့ ခြင်းအား ခေတ္တ နားထားပါသည်။
ဘာလို့လည်း ဆိုတော့ အင်း.. ဖြေရခက်ပါတယ်။
စိတ်ညစ်ရင်လည်း ဘလော့မှာပေါ့။ ပျော်စရာရှိရင်လည်း ဘလော့မှာပေါ့။
ခုတော့ ဘာဆိုဘာမှ အာရုံမရ။ အတော်ပင် နေရခက်နေသောကြောင့် ဘလော့ခြင်း၊
ဘလော့ဖတ်ခြင်း အား ယာယီအားဖြင့် နားထားလိုက်ပါသည်။
ဘလော့ဂါ အပေါင်း ကို လေးစား ခင်မင်လျှက်
ဆန်းဝင် (ကျောက်ပန်းတောင်း)
Saturday, January 31, 2009
အလုပ်ထဲမှာ အဖြစ်ပျက်
မပြောခင် အလုပ်အကြောင်း နည်းနည်းပါးပါး ပြောဦးမယ်။
သဘောင်္ပြင်တဲ့ အလုပ်ဟာ ငွေကုန်ကြေးကျ အရမ်းများတယ်။ သဘောင်္သားများနှင့် ပင်လယ်ပြင်မှာ ပြင်လို့ မရတဲ့ အလုပ်၊ ကိုယ်ထည် အကြမ်းထည်များ ကိုလာရောက်ပြင်ကြတာ။ သဘောင်္သား တွေလည်း များသောအားဖြင့် သဘောင်္ကို ဒေါက်တင် တဲ့ အချိန်ကို တော်တော် ကြောက်ကြတယ်။ သူတို့တွေပါ အငြိမ်းမနေရဘူးလေ။ သံချေးခွာပြီး အပြစ် အနာ ရှာရတယ်။ ပြင်ဖို့ လိုအပ် မလိုအပ် စစ်ဆေးရတယ်။ နိုင်ငံတကာမှာ တော့ မပြောတတ်ဘူး။ စင်္ကပူနိုင်ငံ မှာတော့ အလုပ်ခွင် အန္တရယ်ကင်းမှုကို အရမ်းဦးစား ပေးပါတယ်။ Yard Safety အဖွဲအစည်း ဆိုတာသီးသန့်ထားရှိတယ်။ အလုပ်လုပ်မည့်နေရာ အလိုက် လိုအပ်တဲ့ အကာကွယ် ပြင်ဆင်မှု၊ စစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ ဥပမာ။ အလုပ်သမားများ အန္တရယ်ကင်း ၀တ်စုံ လို့ ခေါ်တဲ့ personal protective equipment များ ဖြစ်တဲ့ ဦးထုပ်၊ မျက်မှန်၊ နားကျပ်၊ ရှူးဖိနပ်၊ လက်အိပ်၊ ခါးပတ် များ ပြည့်စုံမှ သဘောင်္ပေါ်တက် အလုပ်လုပ်ခွင့်ပြုပါတယ်။ လေ့လာရေး အဖြစ် အလည်လာရောက် သူများ လည်း ၀တ်ဆင်ပြီးမှ လိုက်လံ ကြည့်ရှုရပါတယ်။
အလုပ်တစ်ခုမှာ ပြုလုပ်ထားတဲ့ ညဏ်းဟာ ၆ ပေကျော်ရင် ခါးပတ် ချိတ်ရပါတယ်။ မေ့လို့ဖြစ်စေ ၊ ရပါတယ်ကွာ ဆိုပြီး ပြီးစလွယ် အလုပ်ကို လုပ်ရင် အစောက ပြောတဲ့ အန္တရယ်ကင်း အဖွဲ့က ဖမ်းပါတယ် နာမည်နှင့် ပါမစ်နံပါတ် မှတ်ကာ ဒဏ် ငွေ ၅၀ တိတိ ဆောင်စေပါတယ်။ Hot work အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဖိုမင်၊ စူပါဗိုက်စာတွေက က အခုပ်ခွင်ကို သေချာ စစ်ဆေးရပါတယ်။ အလုပ်မှာတော့ ဂတ်စ် ဖြတ်ဂေါက် နဲ့ တပ်ဆင်မှု ကျွမ်းကျင်တဲ့ ဖစ်တာ၊ ဖစ်တာ အကူတစ်ဦး၊ ၀ရိန် သမား တစ်ဦး၊ မီးသတ်သမား တစ်ဦး။ အကြမ်းဖျင်း လေးဦး လိုအပ်ပါတယ်။ မီးသတ်သမားက ပတ်ဝန်းကျင်ကို လေ့လာ စစ်ဆေးပြီး အကာကွယ်တွေ လုပ်ပြီးတာနဲ့ အလုပ်စဆိုတာနဲ့ စလို့ရပါပီ။
ကျနော် ပြောမယ့် အဖြစ်ပျက်လေးက ဒီလိုဗျာ...
အဲဒီနေ့က ထိုင်း ဖစ်တာတစ်ဦး ရယ် မြန်မာ ဖစ်တာအကူ တစ်ဦးရယ် ၊ မြန်မာ မီးသတ်သမား တစ်ဦး အလုပ်အတူ တွဲလုပ်ပါတယ်။ နေရာကတော့ ဟိုး..လူနေတဲ့ အထပ်ရဲ့ အပေါ်ဆုံးက Navigation Bridge Deck လို့ ခေါ်တဲ့နေရာမှာပေါ့။ ဖြတ်ပြီး အသစ်လဲမှာက Antenna Post တစ်ခု (ပိုက်တစ်ခု) ရဲ့ အပေါ်ပိုင်က သံချေးတတ်ပြီး ဆွေးနေတယ်။ အားလုံးပြင်ဆင်ပြီး အလုပ်စတာနဲ့ ထိုင်းဖစ်တာက စဖြတ်ပါတယ်။ ဖြတ်လို့ ကျလာတဲ့ သံမီးခဲ့ အပိုင်းစက အောက်ကခင်းထားတဲ့ Fire clothes ပေါ်မှာ ကျတယ်။ မီးရဲရဲနဲ သံစ က ကျလာပြီး အောက်မှာ မီးထတောက်ပါတယ်။ အဲ ဒီမှာ မြန်မာ ဖစ်တာအကူ က ကြောက်အားလန့်အားနဲ မီးသတ်ဖို့ ပြင်တယ်။ ဘေးနားက ရေသန့်ဗူး ကိုဖွင့်ပြီး ရေနဲ့ပတ်လိုက်တယ်။ အဲဒီမှာ စတွေ့တာ.. ရေနဲ့ပတ်ခါမှ မီးက မငြိမ်းပဲ ၀ုန်းခနဲ ထပြီးတောက်ပါတော့တယ်။ သူပတ်လိုက်တဲ့ ရေသန့်ဗူးက ရေမဟုတ်ဘူး .. တင်ဒါတွေ ဖြစ်နေတယ်။ မီးက အားများလာတယ် ။ လေကလည်း ပင့်လာတော့ မီးခိုးတွေလည်း တော်တော်များတယ်။ အဲဒီမှာ မြန်ာမာ မီးသတ်သမားက မီးသတ်ဗူးကို ဖွင့်ပြီး သတ်လိုက်တော့ ခဏတည်းနဲ့ မီးငြိမ်းသွားပါတယ်။
ဒါပေမယ့် ... အန္တရယ်ကင်း အဖွဲ့ က မြင်သွားတော့ မြန်မာ နှစ်ယောက် ပါမစ်နံပါတ် မှတ်သွားပါတယ်။ သူတို့ နှစ်ဦးလည်း ညစ်တာပေါ့။ ရန်တောင်ဖြစ်ခမန်းပဲ။ မင်းလုပ်တာ၊ ငါနဲ့မဆိုင်ဘူး၊ ငါက မီးသတ်တာ။ ရုံးရောက်ရင် မင်းပြောပြ နဲ့ ငြင်းခုံနေပါတယ်။ အင်းလေ.. တစ်နေ့ကိုမှ ၂၀ ဒေါ်လာလောက်သာ ရတာ ဒဏ်ရိုက်ရင် ၅၀တောင်။ ရုံးကို ခေါ်ပြီး စစ်ဆေး မေးမြန်းတယ်။ မီးက ခဏတည်းနဲ့ ငြိမ်းသွားတော့ အရေးမယူလိုက်ဘူး။ ဘာကြောင့် မီးခိုးတွေ များတာလည်း ဆိုတဲ့မေးခွန်း ဘယ်သူမှ မမေးဘူး။ မြန်မာ မီးသတ်သမား ကို နောက်တစ်နေ့ Safety Metting မှာ Safety Award ဆုချီးမြှင့်ပါတယ်။
(ရေသန့်ဗူး နဲ့ တင်ဒါကတော့ သဘောင်္က ကိုရွှေသဘောင်္သား ဆေးလာသုတ်ပြီး စကားထိုင်ပြောကာ မေ့ကျန်းခဲ့ခြင်းဖြစ်ပါတယ်) ဒါကို ရွှေမြန်မာ က ရေသန့်ပဲဆိုပြီး မီးသတ်ကာမှ မီးက ပိုလောင် မီးခိုးတွေ တလူလူ ဖြစ်ကုန်တာ ။ ရုံးမှာ တင်ဒါ ကိစ္စကို လျို့ဝှက် ထား လိုက်တော့ ရွှေမြန်မာ ဆုရသွားပါတယ်။
အဲဒီနေ့ က ရွှေမြန်မာ များ ကောင်းသော လွဲမှားခြင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
Monday, January 26, 2009
ယိုင်နဲ့လာသော ထိုင်ခုံလေး

ဒီအခြေနေတိုင် အတိုင်းဆို ဒီနှစ် ၇ လပိုင်း အပြီး ပြန် ရမလား မပြော တတ်ဘူး ထိုင်ခုံလေး ကတော့ လှုပ်တာ များလို့ထင်တယ် ယိုင်နဲ့ လာတယ်။ မြင်နေရတဲ့ ပုံလေးထဲက ထိုင်ခုံလေး က ကျနော် အလုပ်လုပ် တဲ့ ထိုင်ခုံလေး ပေါ့။ အခန်းငယ်ငယ်ထဲမှာ စာရွက်တွေ နဲ့ လုံးထွေး သတ်ပုတ် ရတာနေ့စဉ် ပဲ။ လက်ကောက်ဝတ်လည်း ညောင်းတယ်။ အနုပညာ ဆန်ခြင်ဆန်မယ် ဗျာ ပန်းချီ ပညာတော့ မဆန်တတ်ဘူး။ မဆွဲတတ်ပါဘူး ဆိုမှ ဆွဲလိုက်ရတဲ့ ပုံတွေ လုပ်ပြမိတာကိုက မှားပါတယ်။ ညနေ လေးနာရီလောက်ဆို လက်ကညောင်း ဇက်က ညောင်း မျက်လုံးက ကြိမ်း ဘာမှ ကို မကျန်ဘူး။ ဒီခန္တာကလည်း အိုမင်းလာပြီထင်ပါ့။ အလုပ်ထဲ မု ၀င်သွားရင် တင်ကလိန်ချိတ် တတ်တဲ့ အကျင့်ကြောင့် ဒူးချွန်ချွန်က ခြေသလုံး သားကို ထိုးမိလို့ ခြေထောက် တစ်ဖက်လည်း နာနေလေရဲ့။ အမှတ်ကို မရှိဘူး။ ဟိုနေ့ က လုပ်ထဲမှာ သဘောင်္ ပေါ်မှာ သွားရင်းနဲ့ ငုံဝင်ပြီး သွားရတဲ့ နေရာတစ်ခုမှာ လွတ်ပြီထင်လို့ မတ်တတ် ရပ်လိုက်ပါတယ်- ဘာပြောကောင်းမလဲ အီသွားတာပဲ။ ညဏ်းဆင်ထားတဲ့ သံပိုက်က ကျွေးလိုက်တာ နောက်ကျော်ကို ပြဲလို့။ ဒါကို ပြတော့ သူများတွေက မင်း အလုပ်မလုပ်ပဲ ဘာဖြစ်တာတည်းတဲ့။ ထိုင်နေတာ လည်း မကောင်းဘူး ထသွားတာလည်း မကောင်းဘူး။ အိပ်နေရင်ရော ဘယ်လိုလည်း။ ဟာ... မကောင်းဘူးဗျာ ကြမ်းပိုးကိုက်တယ်။ အဆင်မပြေမှုများစွာနဲ့ စင်္ကပူမှာ ဒုတိယ ပေါက်ဖေါ် တို့နှစ်ကူး ရောက်ခဲ့ပြန်ပေါ့။
ခုတလော ပါမစ်ကုန်သူများ ပြန်သွားလိုက် တာ တစ်ဖွဲဖွဲပဲ။ ဇူလိုင်ဆိုရင်တော့ အပြီးပြန်ရတော့မယ် ထင်တယ်။
Thursday, January 22, 2009
General Worker in sg
Wednesday, January 21, 2009
အချစ်တဲ့လား
အင်း.. ခံစားဖူးတာပေါ့။
အချစ်။
အင်း..ရူးသွပ်ဖူးတာပေါ့။
အချစ်။
အင်း.. သူ့အကြောင်းတွေးလို့ ပြုံး နေဖူးတာပေါ့။
အချစ် လား။
အင်း.. သူ့နာမည်ကို လက်မှာ ကွန်ပါနဲ့စိုက်လို့ ရေးခဲ့ဖူးတယ်။
အချစ် တဲ့လား။
နှလုံးသားမှာ တွယ်ငြိ ငေးကြည်နေရရင် ကျေနပ်တယ်။