Thursday, September 17, 2009

mountain story

အခုမှ ဖတ်ဖူးပါတယ်။ ဖတ်လေ ဖတ်လေ အဓိပ္ပါယ်ပေါ်လွင်လေပဲ။
ဘာသာမပြန်တော့ဘူး။ ဖတ်ကြည့်ကြည့်လိုက်....... :)

Mountain Story
"A son and his father were walking on the mountains.
Suddenly, his son falls, hurts himself and screams: "AAAhhhhhhh!!!"
To his surprise, he hears the voice repeating, somewhere in the mountain: "AAAhhhhhhh!!!"
Curious, he yells: "Who are you?"
He receives the answer: "Who are you?"
And then he screams to the mountain: "I admire you!"
The voice answers: "I admire you!"
Angered at the response, he screams: "Coward!"
He receives the answer: "Coward!"
He looks to his father and asks: "What's going on?"
The father smiles and says: "My son, pay attention."
Again the man screams: "You are a champion!"
The voice answers: "You are a champion!"
The boy is surprised, but does not understand.
Then the father explains: "People call this ECHO, but really this is LIFE.
It gives you back everything you say or do.
Our life is simply a reflection of our actions.
If you want more love in the world, create more love in your heart.
If you want more competence in your team, improve your competence.
This relationship applies to everything, in all aspects of life;
Life will give you back everything you have given to it.
"YOUR LIFE IS NOT A COINCIDENCE. IT'S A REFLECTION OF YOU!"
By --- Unknown Author

Wednesday, September 16, 2009

သဲပြင် နဲ့ ကျောက်တုန်း

ဒီပုံပြင်လေးဟာ ကန္တာရကို ဖြတ်ပြီး ခရီးသွားကြတဲ့ သူငယ်ချင်း နှစ်ယောက် အကြောင်း ဖြစ်ပါတယ်။

အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ဦး ခရီးနှင်လာကြရင်းနဲ့ တစ်နေရာ အရောက်မှာ စကားများကြတယ်။

သူငယ်ချင်း တစ်ယောက်က စိတ်မြန် လက်မြန်နဲ့ ပါးရိုက်ပစ်လိုက်တယ်။

ပါးရိုက်ခံရတဲ့ သူဟာ နာကျင်သွားပေမယ့် ဘာမှ ပြန်မပြောဘဲ သဲပြင်မှာ စာတစ်ကြောင်း ရေးတယ်။

" ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကိုပါးရိုက် ခဲ့တယ်".

သူငယ်ချင်းနှစ်ယောက် စကားမဆိုတိတ်ဆိတ်လို့ ခရီးဆက်ကြရင်း မထင်မှတ်ဘဲ အိုအေစစ်လေး ကိုတွေ့ရှိခဲ့တယ်။ အဲဒီမှာ သူတို့နှစ်ယောက် ရေချိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ရေချိုးရင်းနဲ့ လမ်းခရီးမှာ စကားများလို့ ပါးရိုက်ခံရတဲ့ တစ်ယောက်ဟာ စိမ့်စမ်းနွံထဲကို ကျလို့ နစ်သွားတယ်။ တဖြေးဖြေး နဲ့ လှုပ်လေ မြုတ်လေ ဖြစ်နေလေတယ်။

အဲဒီအချိန်မှာ သူ့ငယ်ချင်းက ကယ်တင်ခဲ့တယ်။

နွံထဲကနေ လွတ်လာတဲ့အခါ သူဟာ ဘေးမှာရှိနေတဲ့ ကျောက်းတုန်းမှာ စာတစ်ကြောင်း ရေးတယ်။

"ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်"

အဲဒီမှာ ပါးရိုက်တဲ့သူတဖြစ် သူ့ကိုကယ်တဲ့သူငယ်ချင်းက စဉ်းစားလျှက် သူ့ကိုမေးတယ် -

"ငါမင်းကို နာကျင်စေခဲ့တုန်းက သဲပြင်မှာ ရေးတယ် အခု မင်းကိုကယ်တော့ ကျောက်တုန်းမှာရေးတယ် အဲဒါ ဘာကြောင့်လဲ"

ပါးရိုက်ခံရသူတဖြစ် နွံနစ်သူက ပြန်ပြောတယ်။

တစ်စုံတစ်ယောက်က ငါတို့ကို နာကျင်စေတဲ့အခါ လေဖြင့် ဖျက်ရလွယ်တဲ့ သဲပြင်ပေါ်မှာ ရေးမှတ်သင့်တယ်။

အေး .. တကယ်လို့… တစ်စုံတစ်ယောက်က ငါတို့အပေါ် ကူညီဆောင်မတဲ့အခါ ငါတို့ဟာ ကျေးဇူးသိတတ်ပြီး လေအားနဲ့ ပြောက်ပျက်မသွားနိုင်တဲ့ ကျောက်တုန်းမှာ ရေးထွင်းလို့ မှတ်တမ်းတင်သင့်တယ်။

မင်း ငါ့အပေါ် နာကျင်စေခဲ့တာ သဲပြင်မှာ ငါရေးခဲ့တဲ့စာသားပျက်သွားသလို ငါ့ရင်မှာ မရှိဘူး သူငယ်ချင်း။

အခု မင်းငါ့ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားကတော့ ကျောက်တုန်းထက်က စာသားလို နောင်နှစ်ပေါင်းများစွာ တိုင်ပေါ့ကွာ။

မူရင်းလင့်

Monday, September 14, 2009

သတိရပါတယ်။

ဘလောဂါ အကို၊ အမ၊ ညီ၊ ညီမ တွေကို.... သတိရပါတယ်.

တကယ် တကယ်.. ညက အိမ်မက်မက်လို့ .. ရေးလိုက်တာဗျ..

ဆရာကိုသူရိန် က မေးတယ်.. ဘလော့ကို စိတ်ကုန်သွားပီလားတဲ့။

အဲလို မဟုတ်ဘူး.. မဟုတ်ဘူး.. လုံးဝ မဟုတ်ဘူး..

ကိုယ်တိုင် မရေးဖြစ်လို့ပါ.. သူငယ်ချင်းတွေဆီက .. စာတွေခိုးခိုး ဖတ်နေတာ သူမသိရှာဘူး..

ဘလော့ဆိုတာ သတင်းမှန် ရပ်ကွက်လို့ ကျွန်တော်ယုံကြည်တယ်. တစ်ဦး တစ်ယောက် အာဘော်ထက် ကွန်မင့်တွေကို ဖတ်ချင်တယ်လေ။

ကျွန်တော်လဲ.. ရေးပါမယ်.. ရေးမယ်... စိတ်ကူးရှိတယ်.. (ElephanT ကြံ ကြံနေတယ် မထင်စေလိုပါ).


သတိရလျှက်..
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Thursday, August 20, 2009

ကန္တာရ လမင်း ။


ကန္တာရ
သဲမုန်တိုင်းတွေနဲ့
မိုးခေါင် ရေရှား
နေပူပူ လူအရောက်နည်းတဲ့နေရာ
အဲဒါ ငါ့ကမ္ဘာ။

ငါ့ကမ္ဘာလေးမှာ
အာရုံတက် နေမင်းကို ကြည့်ပြီး
ငါ့ခြေထောက်တဖက် ချနိုင်သေးရင်
ငါအသက်ရှင်လို့ရတယ်။

ထာဝရ ထွန်းလင်းမယ့်
လမင်းတစ်စင်း မဖြစ်တောင်မှ
ငါ့အသက်ရှင်နေသမျှ
ကန္တာရကို စိမ်းမြစေမယ်။

Saturday, August 15, 2009

ချစ်ခြင်းတို့ထပ်တူကျ တဲ့နေရာ။

ကျောက်ပန်းတောင်းမြို့နဲ့ အမှတ်တရလေးတွေ ရေးမယ်လို့ စိတ်ကူးရှိသော်လည်း မရေး ဖြစ်ဘူး။ ဒီနေ့ စိတ်ကူးလေးရတာနဲ့ နည်းနည်းရေးလိုက်တယ်။ ကိုယ့်မြို့ ကိုယ့်ဒေသ အကြောင်း တွေးနေတဲ့ အခါ မှာလဲ ငယ်ငယ်က အကြောင်းလေးတွေနဲ့ ပြန်ပြီး နွေးထွေး လာတယ်။ တကယ်ဆို ဟိုး .. လွန်ခဲ့တဲ ၁၀ နှစ်လောက်က ကျောက်ပန်းတောင်မြို့ဟာ ကျွန်တော့်အဖို့ အနည်းငယ် စိမ်းနေသေးတယ်။


ကျွန်တော် န၀မတန်းနှစ်က မန်ကျီးကုန်း အထက်တန်းကျောင်းမှာ တက်ခဲ့တယ်။ ဆယ်တန်းနှစ်မှာ ကျောက်ပန်းတောင်း မြို့လေးက အထက (၁) ကိုရောက်ခဲ့တယ်။ ကျောင်းမှာ အခန်းက (H) အခန်း. သင်္ချာ ဦးငြိမ်းရွှေ၊ အင်္ဂလိပ်စာ ဒေါ်ခင်မြ၀င်း ၊ သိပ္ပံတွဲ သင်တဲ့ ဒေါ်တင်တင်အေး တို့ အဲဒီလို ကျူရှင်လောက နာမည်ရ ဆရာ ဆရာမတွေ နဲ့ သင်ခဲ့ရပါတယ်။


ကျူရှင်တက်တော့ ဆရာ ဦးမောင်မောင်၊ ဦးထွန်းထွန်း ဒေါ်ခင်မြ၀င်း တို့ဆီမှာပဲ။ ဆရာမ ဒေါ်ခင်မြ၀င်း ဆီမှာ တော့ ကျွန်တော်က ကျူရှင်ခ အခမဲ့တက်ခဲ့ ရတယ်။ ဦးမောင်မောင်ဆီမှာလဲ ကျူရှင်ခကို ပေးတလှည့် မပေး တလှည့်ပါပဲ။ ဆရာကလဲ ပြောတယ် လေ "ငါ့ တပည့် ကျူရှင်ခကို ပေးနိုင်မှ ပေး ၊ အတန်းချိန်တော့ မပျက်နဲ့တဲ့" ကွက်တိပဲပေါ့ဗျာ။ ကျွန်တော့် မိဘတွေ ကလဲ မိုးလေ၀သ သိပ်မမှန်တော့ စီးပွားရေးတွက်ချေမကိုက်ဘူးကို။


ဆရာ ဆရာမတွေ ကျူရှင်မှာ ထိုင်တော့လဲ အရှေဆုံးခုံက။ တောက်တိုမယ်ရ လုပ်တော့လဲ ဆန်းဝင်း ပဲပေါ့။ ဘော်ဒါတွေလဲ မရှိသေးဘူး။ ၀ိုင်းနဲ့ ကျူရှင်ပဲရှိတယ်။ "ထူးခြားတာက ဆရာ ဆရာမတွေက ငွေကြေးထက် ပညာကို ပိုပြီးတန်ဖိုးထားကြတယ်။ ကျောင်းသားတွေ အပေါ်မှာ စေတနာထားတယ်။ အမုန်းခံ ဆုံးမကြတယ်။ ဆရာတွေနဲ့ လမ်းမှာတွေ့သည်။ ဈေးမှာတွေ့သည်။ ၀င်းဝင်း စီနီမာမှာ တွေ့သည်။ ထိန်ကန်ဘက် မှာတွေ့ သည်။ စေတီကြီးမှာ တွေ့သည်။ ဘယ်နေရာ ဖြစ်ဖြစ် မမြင်မတော်တာကို ပြောဆိုဆုံးမ ကြတယ်"


အဲဒီနေ့က တနင်္လာနေ့။ ကျွန်တော် အိပ်ယာထ နောက်ကျတယ်။ မျက်နှာသစ်ြပီး ကျူရှင်ကို အပြေး သွားရတယ်။ ကျူရှင်က ပြန်လာတော့ ထမင်းချက်။ ညဦးက မိုးရွာထားတော့ မီးသွေးအိတ်က မိုးမိသွား တယ်ဗျာ။ မီးမွေးဖို့ ထင်းရှူးသားကခွဲရသေး။ ထမင်းကျက်တော့ ရေးမိုးချိုး။ ထမင်းပူပူ ကို ရယ်ဒီမိတ် အိမ်က ချက်ပေးတဲ့ ဟင်းနဲ့ အမြန်လွှေးရတယ်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီ။ ကျောင်းဝတ်စုံ ပုဆိုးအစိမ်းလေးနဲ့ အဖျြူရောင် ရယ်ဒီမိတ် ရှပ်အင်္ကျီလေး အမြန်ဝတ်ကာ ကျောင်းကြီးအတွက် စာအုပ်တွေ ထည့်ပြီး စက်ဘီးကို အမြန်နင်းလို့ အိမ်ကထွက်ခဲ့တယ်။


ဗိုလ်ချုပ်လမ်းအတိုင်း စက်ဘီးနင်းအလာ ဈေးနားရောက်တော့ ဈေး စခင်းနေပြီ။ အိုး … များလိုက်တဲ့ လူတွေ ဈေးရောင်း ဈေး ၀ယ်တွေ စုံလို့။ မြင်းလှည်း ဆရာရဲက လှည်းဘီးကြားကို နှင်တံလေး နဲ့ထိုးလို့ (တောက်.. တောက် တောက်) နဲ့ အချက်ပြ သံ။ "ထုန်းထုန်း ထိုင်းထိုင်း" နဲ့ ထော်လာဂျီ သံတွေ မရိုးနိုင် တဲ့ မြင်ကွင်းတွေ ဖြတ်ရင်း။ ဈေးခေါင်းရုံးနား အရောက်မှာ …


ဈေးဘန်းရွက်လာတဲ့ အဒေါ်ကြီး တစ် ယောက် နဲ့ ကျွန်တော် ထိပ်တိုက် တိုးတာပဲဗျာ။ ပျံကျဈေးမှာ နေရာ တစ်ခုရဖို့ အပြေးနှင် လာတယ် ထင်တယ်။ ကျွန်တော် ကလဲ ကျောင်းတံခါး မပိတ်ခင် ကျောင်းထဲရောက်ဖို့။ အရေးနဲ့အကြောင်း ဆို ကျွန်တော် စက်ဘီးဘရိပ်အုပ်ဖို့ မေ့နေတယ်။ တစ်ဦးကို တစ်ဦးရှောင်ဖို့အရေး ဘယ်ညာ ပြိုင်တူ ရွေ့လို့ ထုပ်စီးတိုးပွဲ တစ်ခုလိုဖြစ်နေတယ်။ ကျွန်တော်က စက်ဘီးနဲ့ အဒေါ်ကြီးက ဈေးဘန်းနဲ့။ မျက်စေ့ထဲမြင်ကြည့်ကြပါဗျာ။ အဒေါ်ကြီး ခြေနှစ်ချောင်း ကြားကို ရှေ့ဘီးရောက်သွားပီ။ အဒေါ်ကြီးလဲ ဈေးဘန်းကို လွှတ်ကာ နောက်ကို ပက်လက်လန် လဲသွားပါ လေရော။ စက်ဘီးလဲကျသွားကာ ကျွန်တော့် အပေါ်ကို ပိလို့ အဒေါ်ကြီးရဲ့ ဈေးဘန်းက ဘယ်လိုဖြစ်ပြီး ကျွန်တော့် လက်ထဲ ရောက်လာလဲ မသိလိုက်ဘူး။


ဘေးနားက လူတွေက ၀ိုင်းကူကြတယ်။

တော်သေးတယ် အဒေါ်ကြီး ဘာမှ မဖြစ်လို့။ "မောင်ကျောင်းသားရယ် အဒေါ်တောင်းပန်ပါတယ် ဈေးထွက်ဖို့ နောက်ကျနေလို့ အဒေါ့် အမှားပါကွယ်" အဲဒီစကား ကိုအဒေါ်ကြီး ဆီက ကြားလိုက်ရစဉ် ကျွန်တော့် ရင်ထဲမှာ အရမ်း အားနာ သွားမိတယ်။ တကယ်ဆို ကျွန်တော်က ၀င်တိုက်မိတာပါ။ ၀ိုင်းကူကြတဲ့ လူတွေကလဲ ကျွန်တော့်ကို ဂရုတစိုက်နဲ့ပေါ့။ ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာဖြစ်မိပါတယ်။


အဲဒီနေ့ကစလို့ ကျောက်ပန်းတောင်းမြို့လေးရဲ့ နွေးထွေးမှုကို ကျွန်တော်ရရှိခဲ့တယ်။ မြို့သူ မြို့သားတွေက ကျောင်းဝတ်စုံ အစိမ်း အဖြူလေးနဲ့ အထက်တန်း ကျောင်းသားလေးတွေ ဆို ဦးစား ပေးကာ ပညာရေးကို တန်ဖိုးထား အားပေးကြတာ ကျွန်တော်သိ လိုက်ရတယ်။ ဒီအဖြစ်ပျက်လေးကို စက်ဘီးလဲပြီး ဘယ်ဘက် ခြေထောက်မှာ ပွန်းသွားတဲ့ ဒဏ်ရာလေးကို မြင်တိုင်း သတိရနေမိတယ်။ မြို့သူ မြို့သားတွေ ၀ိုင်းချစ်ကြတဲ့ ကျောက်းပန်းတောင် မြို့ကို ကျွန်တော်လဲ ချစ်တတ်လာခဲ့တယ်။ "ပညာမြှင့်မှ လူမျိုးမြင့်မယ်" ဆိုတဲ့ စကားပုံကို ယုံကြည်ထားတဲ့ ကျောက်ပန်းတောင်း မြို့သူမြို့သားတွေ နဲ့အတူ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ကျွန်တော့် နှလုံးသားမှာ ယနေ့ထိ ရှင်သန်ဆဲ့ပါပဲ။

နောင်နှစ်ပေါင်းများစွာတိုင် ကျောက်ပန်းတောင် မြို့သူ မြို့သားတွေရဲ့ ထပ်တူကျတဲ့ ချစ်ခြင်းတွေ ရှင်သန်ပါစေ လို့ ဆန္ဒပြုရင်း ……

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Wednesday, August 5, 2009

အားနာပါးနာ စကားလေးပြောပါမယ်။

ကျွန်တော် ဘလော့လေးကို ကျွန်တော် ချစ်ပါတယ်။ ဘလော့ဂါလောကကို ဖြူသလား မဲသလား သိအောင် ဘလော့လေးနဲ့ ဘလော့တွေကို စိတ်ဝင်စားတဲ့စိတ်က နိုးစွပေးခဲ့ပါတယ်။ စာတွေရေးသားချင်အောင် အားပေး တဲ့ ညီကိုမောင်နှမ ဘလော့ဂါ အပေါင်းကိုလဲ လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း။ ယခု လောလောဆယ် အခြေနေအရ ဘလော့မရေးဖြစ်သည်က တစ်ကြောင်း၊ ရုံးမှာ အရင်လို မလစ်တော့သည်မှာလဲ တစ်ဖုံ၊ ကိုယ်ပိုင် ကွန်ပျူတာ တစ်လုံးမ၀ယ်နိုင်သေးသည်က တစ်လင့်။ အာရုံကျက်စားရာ နေရာပြန့်ကျဲမှု နှင့် ဘ၀ အခြေကျမှု တို့က တစ်မည်။ သို့ကလို အကြောင်းကြောင်းများ (ဆင်ခြေ ဆင်လက် ဆင်နားရွက်များ) မရေးဖြစ်သေးပါ ခင်ဗျာ။ Eမေးမှ ပို့စ်များ ရံဖန်ရံခါ တင်သွားမည် ဖြစ်ပါသည်။ လူမတွေ့သော်လည်း ကျောက်ပန်းတောင်းသားလေး မောင်ဆန်းဝင်း ဘလော့လေးမှ ကြိုဆိုလျှက် ပါခင်ဗျာ။

မှတ်ချက် = ဒီနေရာလေးမှာတော့ ရှိနေဦးမယ်။
အမြဲတန်းလိပ်စာကတော့ = sanwin26@gmail.com and sannwinn@yahoo.com ဖြစ်ပါတယ်ခင်ဗျာ။

လေးစားလျှက် >>> ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Saturday, August 1, 2009

အညာပုံရိပ် ။

ရုံးဘေးမှာ ပွင့်နေတဲ့ ဘဒုံမာ ပန်းပင်ကို ကြည့်လို့ အညာကို သတိရသွားမိတယ်။ ဒီပန်းလေးတွေက ကျွန်တော်တို့ အညာမှာတော့ ခြံစည်းရိုး မှာ စိုက်လို့အသုံးပြုပါတယ်.. ဒီစင်္ကပူမှာတော့ အလှပန်းအဖြစ် နေရာရနေတာပေါ့။ အပွင့်က ချက်စားလို့ရတယ်။ အသီက လဲ ကြက်မောက်သီးလိုပဲ အနီရောင် အလုံးပြောင်ချော ပုံရှိတယ်။ အပင်က ဆူးပင်ဖြစ်ပေမယ့် ဆိတ် အလွန်ကြိုက်တယ်။ ရေရှားတဲ့ နေရာမှာလဲ ရှင်သန်နိုင်တယ်။
မမြင်ဖူးရင် ကြည့်ထားပေါ့။ အညာပုံရိပ်တခုပါပဲ။

Friday, July 24, 2009

ကွန်ပျူတာစနစ်သုံး ဘာသာပြန်ခြင်း။

အားအားရှိတော့ ဒါလေးတွေ ဖတ်ဖြစ်ပါတယ်..
Machine Translation ဆိုသည်မှာ ကွန်ပျူတာ (သို့) စက်ကို အသုံးပြုပြီး ဘာသာစကား တစ်မျိုးမှ တစ်မျိုးသို့ အလိုအလျောက် ဘာသာပြန်ဆိုစေသော စနစ်ကို ဆိုလိုသည်။

မူရင်း ကိုညီလင်းဆက် ဆိုဒ်မှာ စုံပါတယ် ။
ဒီလင့်ကနေသွားပေါ့ ။ http://blog.nyilynnseck.com/search/label/NLP
ဗဟုသုတပေါ့.. မြန်မာဘာသာ အနေနဲ့ အဲဒီလို ကွန်ပျူတာသုံး ဘာသာပြန်ခြင်း စနစ် ပေါ်လာမယ်ဆို ဘာသာပေါင်းစုံက ၀တ္တုတွေ ၊ နည်ပညာ ဆောင်းပါးတွေ စက်နဲ့ဘာသာပြန်ပီး ထိုင်ဖတ်ပစ်လိုက်မယ် ။

ဒါက လက်ဆောင်ပေးတာပါ။
၁။ မြန်မာ - အင်္ဂလိပ် - မြန်မာ ဇောဂျီဖောင့် ဒေရှင်နရီ http://www.ornagai.com/
၂။ ရဟူး ဘာသာပြန်တဲ့ စနစ်လေး ဘာသာပေါင်းစုံ http://babelfish.yahoo.com/အဲဒီမှာ Use correct spelling, grammar, and punctuation for the highest quality translations. အဲလိုရေးထားတယ်။

Saturday, July 18, 2009

အာဇာနည်နေ့ အမှတ်တရ ။

ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် အပေါင်းအား လေးစားဂုဏ်ယူလျှက် ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, July 17, 2009

ရှုတိုင်းလှသည့် အညာဒေသ သဘာဝ။

ညနေခင်း
စိမ်းမြမြ တမာပင်ထက်မှာ
“တကူကူး ခါးခါး” … “တကူကူး ခါးခါး” တဲ့
ငှက်တစ်ကောင်က ရော့ဂီတ ဟစ်ဆိုတယ်။

နေညိုညိုအောက်က
ထနောင်းပင် ထိပ်မှာ
“တကူကူး….ကူး…” “တကူကူး…..ကူး…” တဲ့
စလိုးရော့ ဂီတကို ချိုးငှက်က ဖန်တီးတယ်။

လူသူ အလစ်မှာ ဟိုဒီ ပျံသန်းရင်း
“ရွှီး……....ပြုံ..” “ရွှီး……....ပြုံ..” တဲ့
ငှက်ငယ်လေးက လေတမြမြ ချွန်လို့
လစ်ဟာနေတဲ့ ဂီတစီးချက်ကို ဖြည့်စွက်လိုက်ပြန်တယ်။

လက်ပန်ပင်ထက်မှာ
များလှတဲ့ ဇရက် ငှက်ငယ်တို့ရယ်
ကျလိ. ကျလိ. ကျွိကျွိကျွိ …ကျလိ. ကျလိ. ကျွိကျွိကျွိ … တဲ့
ခေတ်သစ် ဟစ်ဟော့ လေလား ထင်မိမှား၏ ။

တမာပင်တန်း မမောတန်းလျှောက်
မန်ကျီး ပင်တို့ စိမ်းညို့ညို့
ထန်းပင်တော နှင့် ခင်တန်းငယ်
ရှစ်ခွင် မှိုင်းမြ ရှုတိုင်းလှသည့်

အညာဒေသ သဘာဝ။ ။