Saturday, September 27, 2008

သဘောင်္ပြင်သည် အပိုင်း(၂)

ကျွန်တော် ဟောဒီ သဘောင်္ကျင်းကို ရောက်စကပေါ့ ..
လူတွေတော်တော်များတယ် အသားမဲ၊ အသားဖြူ၊ အသားလတ် တွေစုံလို့ တွေ့ရတယ် ။ အလုပ်ထဲကို အ၀င်အထွက် ချွေးနံ့နံ နေတဲလူအုပ်ကြားမှာ တန်းစီပြီး သွားရတာ တော်တော် စိတ်ပိန်တယ်။ အလုပ်စ ဆင်းခါစက သံချေးနံ့ တော်တော်နံတာပဲ။ သဘောင်္ တစ်စင်းလုံးကို သံနဲချည်း တည်ဆောက်ထားတာ၊ သစ်သားဆို အမည် ပါရုံလောက်သာရယ်။ လော့လာမှု မရှိခဲ့တော့ သိကိုသိဘူး၊
နောက်ပြီး သဘောင်္ အဟောင်းကို ပြင်တာ ဘော်ဒီ သံပြားတွေက ဆေးကို သုံးထပ် တစ်ချို့ဆို ငါးထပ် သုတ်ထားတာ။ ဒါကို ဂတ် စ် မီးနဲ ဖြတ်ကြတယ်. သံပြားကို အရည်ပျော်အောင် လုပ်ပြီးဖြတ်ရတာလေ အရင်က သုတ်ထားတဲ့ ဆေးအဟောင်းတွေက မီးအပူမှာ လောင်ကုန် တယ်။ ဘာပြောကောင်းမလဲ နံလိုက်တဲဖြစ်ခြင်းဗျာ.. ဆီချေးနံ့က နံ ညှော်စော်နံနဲ အသက် ဘယ်မှာ ရှူရမှန်းတောင်မသိဘူး ထူးပါဘူး နှာခေါင်းကို ကြာကြာပိတ် အသက်အောင့် ပြီး ဘယ်လောက်နေ နိုင်မှာမို့လဲ နံနံ စော်စော် ရှူရတာပဲပေါ့။ သိပ်မကြာပါဘူး တစ်လ လောက် လည်းရှိရော သံပြားပေါ်ထိုင်နေတာတောင် သံချေးနံ့ က မရတော့ဘူး၊ နေပူပူထဲမှာ ချွေးတလုံးလုံးနဲ့ ကိုယ့်ချွေးနံ့ သူ့ချွေးနံ့ မသိတော့ပါဘူး။

ရောက်စက စိတ်ပိန်တယ်ဆိုတာ စကားပြောတဲ့နေရာမှာ လည်းပါ တယ်။ ကိုယ့်မိခင်စကားမဟုတ်ပေမယ့် အင်္ဂလိပ်စကားကို ထမင်းစား ရေသောက် ရှေးဟောင်း နှောင်းဖြစ် ကိုယ်ပြောခြင်တာကို ကောင်းကောင်း ပြောနိုင်ပါတယ် ။ ဟောကြည့်-- သဘောကျင်းကို ရွေးချယ်မှု မှား ပြီးရောက်လာ.. ဘာတွေပြောမှန်း ကို သိဘူး. လူပေါင်းစုံ ဘာသာပေါင်းစုံ .. အင်္ဂလိပ်စကား ပြောနေတာမှ ဟုတ်ရဲလား လို့ထင်၇တယ်။ သူတို့ဟာနဲ သူတို့ကျတော့ဟုတ်နေတာပဲ. ကိုယ်ဟန်ပြ စကားပြော နည်းကပါသေးတယ်။ ဒီကြားထဲမှာ ဝေါ်ကီတော်ကီ နဲပြောကြတာ ဟားတော်တော် အံ့သြဖို့ကောင်းတယ်.. ညှောင်တိညှောင်နဲ အသံကို ကျွန်တော်တော့ ဘာမှန်းမသိ တဲ့အပြင် ဟားတိုက် ရယ်မိတာပဲ။ အင်္ဂလိပ်စာက တစ်လုံး မလေးစကားက တစ်လုံး တရုတ်စကားကတစ်လုံး အိန္ဒိယ စကားက တစ်လုံး ပြောချလိုက်တာများ သူတို့ပြော တာပဲ အမှန် ။ ကိုယ့်ကို လာမေးသေးတယ် အင်္ဂလိပ်စကားပြောတတ်လားတဲ့.. နောက်မှ နားလည်မိတယ် အော် အမေဇုန်တောထဲရောက်နေတာကို..

အလုပ်ထဲရောက်စက မိုးပေါ်ကို ထိုးထိုးထောင်ထောင် နဲ အချွန်တက် တွေ အများသားပဲ .. ဘာတွေလည်းသိလား ကရိန်းတွေလေဗျာ.. မြန်မာပြည်နဲ ကွာတာ အဲဒါပေါ့.. ဟိုက်ဒြောလစ် ကို ပိုင်နိုင်တော့ စက်ပစ္စည်းက ပိုပြီး အကျိုးရှိရှိ အသုံးချလို့ရတာပေါ့။ ရောက်စမို့ ဟိုအပေါ်က တစ်ခုခုပြုတ် ကျလာမလား၊ ဟိုကရိန်းက သံပြားကြီးတွေကို သင်္ဘော ပေါ်တင်နေတာ မရောက်ခင် ပြုတ်ကျတော့ မလားနဲ ။ အသက်တောင် ၀အောင်မရှုရဲဘူး၊ မျက်တောင်လဲ မခတ်ရဲ ဘူးဗျာ.. ခေါင်းပေါ်းမှာ ၀ဲဝဲ - ၀ဲဝဲနဲ့။ အဲဒါ ဟိုမော့်ကြည့် ဒီမော့်ကြည့်နဲ ဇက် တောင်ညောင်းတယ်…အဲ အဲ.. အထက်ကိုချည်းမော့်ကြည့်နေလို့ လဲ ဖြစ်သေးဘူး လမ်းပေါ်မှာ ဖော့ကလစ် ကပိုက်တွေတင်လာတယ်.. အစွန်းကို မလွတ်ဘူးဆိုတာ ဒါမျိုးပေါ့ .. အဲဒီမှာ စတွေ့တာပဲဗျာ..

ရာသီဥတုက ပွင့်လင်းရာသီ ပါပဲ မိုးလည်းမရွာဘူး နှင်းလည်းမကျဘူး နေလည်းပူနေတာပဲ ဒါပေမယ့် ၀န်းကျင်တစ်ခုလုံး ကြည့်စမ်းပါဦး အုံဆိုင်းဆိုင်းနဲ့ မြူခိုးတွေဝေနေတာများလား။ မိုးရွခြင်လို့လား၊ သို့လော သို့လော မတွေး လိုက်ပါနဲ.. အဲဒါ သဘောကျင်းနေရာ တိုင်းမှာ ဖြစ်တတ်တဲ သဘောပါ.. သံပြားအဟောင်းများဖြတ်ထုတ်ခြင်းမှလာသောမီးခိုးများ၊ ၀ရိန်ဆော် (welding) ရာမှ လာသောမီးခိုးများ နောက်တစ်ခုက ဂေါက်ချာတွေ (gauging) ထိုးရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များ စုံလို့ပါပဲ.. တကယ် တော့ သဘောင်္ကျင်းဆိုတာ ပိုက်စံရှိရင် မနေသင့်တဲ မလာသင့်တဲ့ အရပ်ထဲမှာ ပါတယ်ဗျာ..

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, September 26, 2008

အပျင်းဖျားမှ အဖျားပြင်းပြီး တုပ်ကွေး ကွေးခြင်း

အခုရက်ပိုင်း ရာသီဥတုက ကျွန်တော့်ကိုနှိပ်ဆက်ပါသည်
အလုပ်များရတဲ အထဲမှာ ဖျားချင်သလိုလို မဖျားချင်သလိုလို ကိုယ့်ကိုယ်အားမရဘူးဖြစ်နေပါသည်
အပျင်းဖျား ရာမှ အခု အဖျားပြင်းလာသည်
စာရေးခြင်းနှင့် လိုက်လံဖတ်၇ှုခြင်းအား ခေတ္တ နားထားပါသည်
လာလည်သူမိတ်ဆွေများ အားအရမ်းကျေးဇူးတင်ပါသည်

Saturday, September 20, 2008

ဘလော့ ဘလော့ (blog)

မနက်စောစောက.. ဘလော့လေးဖွင့်ကြည့်တော့.. လာလည်ကြသူတွေကို ကျေးဖူးတင် ကြောင်းပြောရင်း
မသက်ဇင် ဘလော့မှာ သူတင်ထားတဲ ပို့စ်တွေထဲက တစ်ခု ကို ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်လည်း စိုးရိမ်စိတ်နဲ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်..
အကြောင်းအရာက C box (ဆီပုံး) ပြသနာ လေ.. ကိုယ်ကလည်း မကြာခင် ရက်ပိုင်း ကမှ C box (ဆီပုံး)
ကိုတင်ပြီးတာ.. ဟိုဖတ်ဒီဖတ် ဟိုမေးဒီမေးနဲ့ ဆီပုံးတင်နည်း လမ်းစလေး တွေ့တယ် ၊ C box ဟာ ဘလော့ဂါ အသစ်တွေ အတွက် အရမ်း အကို အဆင်ပြေ ပါတယ်။ တကယ်ဗျာ..အစတုန်းက ဘလော့ကို ဘယ်သူလာလို့
လာမှန်း မသိဘူး။ C box လေး ထားလိုက်တော့ ဟော.. လာလည်တယ် ဘာညာ ဘာညာ ဆို ပြီး ပြောသွားကြ တယ်.. အကြံညဏ်တွေ ပေးသွားကြတယ်၊
ဘလော့ဂါချင်းချင်း နားလည်မှု တွေနဲ့ အားပေးမှုတွေ ရတော့.. တကယ် ဘလော့ရေးရတာ အားရှိတယ်.
ဒါပေမယ့် သူလိုပြသနာ ဖြစ်လာမှာ စိတ်ပူတာပဲ ။ ပြသနာကတော့ ဘယ်သူမှန်မသိ အမည်မဖေါ် အော်သွား တာ၊ ရိုင်းပြတဲ စကားတွေ ရေး သွားတာ တော်တော် ဆိုးပါတယ်.. ဒါထက်ဆိုးတာက ကိုယ့်နာမည် ကိုသုံးပြီး အခြား ဘလော့မှာ သွားအော်တာတို့.. နိုင်ငံရေးနဲ ငြီစွန်းတဲ့ စကားများ လိုက်လံ ပြောဆိုတာ တိုကျတော့ (လုံးဝ) မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ.. ကိုယ့်ဘလော့မှာ ကိုကြိုက်တာရေးပေါ့၊ နည်းပညာကို ကျွမ်းကျင်တဲ့ အကို၊ အမ များကျတော့ အိုင်ပီ တွေ ဘာတွေ နဲ့ ဖေါ်ထုတ်တတ်တယ် ဘယ်နိုင်ငံက. ဘယ်အိုင်ပီ ဘာလာရေးသွားတယ် ဘာတွေကို ကူးသွားတယ် ဆိုတာ သိနိုင်တယ်လေ။ ကိုယ်ကျတော့ ဒီလောက် သိဘူလေ၊ တကယ်ပါ.. ကိုယ်ကိုတိုင် စိတ်ကူးလို့တောင် မကြည့် ဖူးတဲ့ အဖျက်လုပ်ရပ်တွေ ရှိနေတယ်.. ဒါ ဘလော့ဂါအသစ်တွေ အတွက် သင်ခန်းစာတွေပါပဲ.. ပထမတုန်းက ဘလော့လောက ဒီလောက်ကျယ်မှန်း လုံးဝမသိခဲ့ဘူး၊ ဒီလိုရုန်းကန် ရမှန်းလည်း မသိဘူး.. ခုတော့ အခက်ခဲတွေနဲဘလော့ဂါဘ၀ကို နည်းနည်း သဘောပေါက် လာတယ်။

Wednesday, September 17, 2008

အချိန်ကဖြေရှင်းပေးလိမ့်မည်

အဲဒီနေရာမှာ
သူတို့တွေ ရန်ဖြစ်ကြတယ်.
ဘယ်နေရာမှာလည်း
ဂါဂါတွေ. စုံနေကြ
အင်္ဂလိပ် အက္ခရာ သုံးလုံးနဲနေရာပေါ့..

ရန်ပွဲပြီးသွားပြီလား
ဘယ်လိုလုပ်သိမှာလည်း
စစ်အေးကာလတိုက်ပွဲလိုပဲ
သူလျှော့ပါ ငါလျှော့နဲပါ နဲ
ဘေးကနေ လေနဲ့ပင့်သူတွေလဲ အများကြီးပေါ့..

ဘယ်လိုလုပ်ကြမှာလည်း
အချိန်ကနေဖြေရှင်းပေးလိမ့်မယ်.
တစ်နေ့ အမြင်မှန် ရကြမှာပါ..
ကိုယ်က အငယ်လေ ဘာမှပြောခွင့် ရှိဘူး..

ဘယ်လိုလုပ်ကြမှာလည်း
အချိန်ကနေဖြေရှင်းပေးလိမ့်မယ်.
တစ်နေ့ အမြင်မှန် ရကြမှာပါ..

ခုတော့
လူခြေတိတ်တဲ့
အဲဒီနေရာလေးကို..
ကျွန်တော် နေ့တိုင်းရောက်တယ်..
ကျွန်တော့်ရှေ့ကလည်း
တစ်ယောက်စ နှစ်ယောက်စ ခြေရာတွေတွေရတယ်..
တွေးတွေးပြီး ရင်ထဲ တကယ် မကောင်းဘူး ..

Friday, September 12, 2008

ကျေးဇူတင်ကြောင်းပြောလိုသည်

ဒီနေ့..ကျွန်တော့် (office) ကွန်ပျူတာက ပျောက်နေတာ ကြာပြီဖြစ်တဲ့.
Option tools ကိုပြန်ရတယ်ဗျာ… ဖြစ်ပုံကဒီလို.. တော်တော်လေး ကြာပြီ.. သိတဲအတိုင်း ရုံးကွန်ပျူတာ ဆိုတော့ personal ကိုထင်သာ မြင်သာ မထားရဲဘူး။ ကောင်မလေး (ဘယ်သူလဲလို့မေးနဲ့) ပုံတွေပါ တဲ့ personal ဆိုတဲ folder ကို hidden လုပ်ထားတာ.. အဲဒီအချိန် တုန်း က ကွန်ပျူတာ သုံးရတာ..အိုအေပဲ..ကြည့်ချင်တဲ့အခါ.. tool > folder option> view က show hidden file ဆိုတာ လေးကို နှိပ် လိုက်တယ်..ကြည့်လို့ရတယ်.. ဒီကြားထဲ..အလုပ်တွေကများတယ်.. မကြည့်ဖြစ်တာလည်းကြာပြီ။ ဒုက္ခနဲ လှလှနဲတော့ တွေ့ပြီ။ menu bar > folder options တစ်ခုလုံးပျောက် သွားတယ်.. တကယ်ကို ဒုက္ခပါပဲ.. ဒီတိုင်းဆို ဘယ်လိုလုပ်ရပါ့မလဲ။ ကြည့် လို့မရတာကပြသနာ အကြီးကြီးမဟုတ်ဘူ.. ဘယ်လိုပြန်ပြင်ရပါမလဲပေါ့။ စဉ်းစားတယ်..ဒါနဲ့ ကိုမောင်လှ..ဘလော့မှာ ဖတ်ဖူးတယ်ထင်တယ်..ပြန်ရှာ ဖို့ အချိန်ကလည်း..မပေးခြင်ဘူ.. ကိုမောင်လှလား..ကိုညီလင်းဆက်လား ဘယ်သူ့ဘလော့လည်း သိပ်မသေချာဘူး ဒါနဲ့..MBS မှာ ကိုမောင်လှကြီးကို မေးရတယ်..သူ့ကျေးဇူးကြောင့်..ခုတော့..option too ပြန်ရလို့.. ပုံတွေလဲ ပြန်ရပြီ..ကျေးဇူးအထူတင်ကြောင်း လူကိုယ်တိုင်တွေ့ပြီး ပြောလိုက်ခြင်တယ် ဒီကြားထဲမှာ..မေးခွန်းတွေ English လိုမတောက်တခေါက် လေးနဲ မေးမြန်း ပြီး ဒုက္ခပေးမိတဲ့.. သူများ (ဘလော့ဂါ) ကိုလည်း နားလည်းမှုလွဲသော အဖြေများအတွက် ကျေးဇူးတင်ပါကြောင်း…

ကိုမောင်လှဆီက ဖြေကြားပေးတဲ..စာကို comment ကနေ ကူထားတယ်.

*** Folder Options ပျောက်သွားတဲ့ ကိုဆန်းဝင်းရေ... အဲဒါ virus ကြောင့် ဖြစ်ပါလိမ့်မယ်... registry ကို manual ပြင်တတ်မယ် ဆိုရင်လည်း ပြင်လို့ရပါတယ်... မပြင်တတ်ရင်

http://blog.mghla.com/2008/01/remove-restrictions-tool.html

ထဲက ဟာလေး download လုပ်ပြီး ကြိုးစားကြည့်ပါ ခင်ဗျာ ***
သူပြောတဲ့အတိုင်းလုပ်တာ -- အိုကေတယ်..

မိုရွာပြီးစ.အလုပ်ခွင်. မြင်ကွင်း


မနက်စောစော မိုးလေးဖွဲဖွဲ ရွာနေတယ်..အလုပ်ကိုရပ်ပြီး မိုးခိုလို့ မရဘူး ။ ဒီမှာက မိုးကိုအစိုးမရဘူလေ။ အရမ်းကြီးတော့မဟုတ်ဘူး ဖွဲဖွဲ-ဖွဲဖွဲ နဲ့..ရွာနေ တာပဲ။ ရောက်စကတော့ ဒီမိုးကို ကြောက်တယ်။ ခုတော့ ကျင့်သားရသွားပြီ။မိုးရွာပြီးစ..မြင်ရတဲ မြင်ကွင်းကြောင့်..ဘလော့ကို သတိရမိသွားတယ်.. ခုတလော ဘယ်လိုမှန်းကိုမသိဘူး တစ်ခုခု ဆို ဘလော့ကိုပဲ ပြေးပြေး သတိရမိတယ်.. ဒါကြောင့် တင်ဖြစ်သွားတာ.. လက်က စာတွေရေးခြင်နေ တယ်။ အလုပ်က အချိန်တွေ အကုန်စားပစ်တယ်။ လူနဲစိတ်ကတော့ အတူ ရှိနေချိန် နည်းသလိုပဲ။

Saturday, September 6, 2008

သဘောင်္ပြင်သည် အပိုင်း(၁)

နှိုးစက်သံက..“မလွမ်းရဲသေးဘူမောင်ရယ်” ဆိုတဲ့သီချင်းလေးနဲအတူ အိပ်ယာထပါတယ်။ အတူနေတွေထဲမှာ တစ်ယောက်ရှိတယ် နှိုးစက်သံကို အဆိုဝါးဆုံး ပေးထားတယ် ပြီးတစ်ခါမှ ပထမ နှိုးစက်သံ နဲ့ မထဘူ.. နောက်ဆုံးမှအိပ်ယာထတတ်ပါတယ်.. တော်တော်ချင်ဖို့ ကောင်းတယ်။ တန်းစီပြီး-မျက်နှာသစ်..သွားတိုက်…ရေအိပ်ဝင်..ရေချိုး..ဘာညာပေါ့။ ပြီးတာနဲ..အလုပ်ဝတ်စုံဝတ်လိုက်တယ်.. အလုပ်သွားရင် မပါမနေရ..ပါမစ်ရယ်..သဘောင်္ပေါ်
တက်တဲ့ ကဒ်. စုံအောင်ထည့်လိုက်တယ်..ပြီးတော့..နေ့ခင်းစာထမင်းဟင်းကိုဗူးထဲထည့် (မှတ်ချက်..ညထဲကအဆင်သင့် ချက်ပြုတ်ထားလျှင်) နှေးနေလို့မရဘူ.. ထမင်းဗူးယူပြီး..
ဖယ်ရီရှိရာကို အမြန်ပြေးရတယ်..နောက်ကျတဲခြေထောက်..ကတော့..ကိုယ့်ဘာသာ.တက္ကစီ ကိုငှားသွားရတယ်..ဒါမှမဟုတ်ရင်တော့..ပြန်အိပ်တော့..ဖယ်ရီကားဟာ..၆နာရီအတိမှာ ထွက်ပါတယ်..(သိုပေမယ့် - ရံဖန်ရံခါ အပြောင်းလဲရှိသည်)။ နံနက်စောစော ပျားပန်းခတ်နေ တဲ့လူတွေ ကြားမှာ ကိုယ့်ဖယ်ရီကိုရွေးရင်း နဲ့ အလုပ်ရှိရာ (KEPPEL SHIP YARD)ကို ရောက်တယ်ပေါ့ဗျာ.. အလုပ်ထဲကိုမ၀င်ခင်..ခေတ္တမျှတန်းစီရ်ျ စောင့်ဆိုင်းပြီး.. ဂိတ်စောင့်များမှ ၀င်ရန်အချက်ပေးမှ ၀င်ရပါတယ်.. တန်းမစီပဲ ကျော်တက်ရင် စင်္ကပူငွေ ၅၀လခမှဖြတ်ပါတယ်. ဒီတော့ စည်းကမ်းကောင်းတာပေါ့..
(ကျောသား ရင်သား မခွဲခြားပဲ တကယ်ဖြတ်တာ).
Keppel ship yard က တော်တော်ကြီးပါတယ်.တစ်ပြိုင်တည်း သဘောင်္ ၁၀ ဆီးလောက် ပြင်နိုင်တယ်.. အင်း..အဲဒီမှာ..company တွေကလည်းအများကြီး ပေါ့. Keppel main company က section အမျိုးမျိုးနဲ့..လုပ်ကြတယ်..ကျန်တဲ့..sub-contractor ခေါ်တဲ့..labours supply company တွေကလည်းအများကြီးပေါ့။ လစာနည်းတာ..အလုပ်သမားကို ဖိခိုင်းတာ.. လစာကဖြတ်တာ တောက်တာ များတာ အဲဒီ sub-contractor တွေပေါ့. လူညွန့်ခူးစားတာ။ ဘောနပ်စ် ဆိုတာဘာကြီးလဲလို့မေးယူရမှာပါ။
(ခံစားမှု=ရတဲ့လခနဲ့ လုပ်ပေးရတာနဲ့ လုံးဝမတန်ပါကြောင်း)။
yard ထဲကိုရောက်တော့..cantee ရှိတယ်..အိန္ဒိယအစားအစာ၊ မလေးအစားအစာ၊ တရုတ် အစားအစာ တွေရပါတယ်. စင်္ကပူမှာတော့ ဈေးချိုတယ်လို့ပြောလို့ရပါတယ်..ကော်ဖီ နဲ ပေါင်မုန့် လဲရတယ်.. ဆိုင်မှာမ၀ယ်ချင်ရင်..auto machine မှာအကြွေထည့်ပြီးဝယ်လို့ရ ပါတယ်။ တစ်ခါတစ်ခါ ပိုပြီးပြန်အမ်းတတ်ပါတယ် (ဒီဂွင်ကိုစောင့်နေတာ)။
ပြောရဦးမယ် yard ထဲမှာ..မိန်းကလေး..တော်တော်ရှားပါတယ်.. office staff မိန်းကလေးများ သာရှိပါသည်။ ရံဖန်ရံခါ အင်ဂျင်နီယာမိန်းကလေး .. အလုပ်ထဲလာပြီး.. ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်ခြင်း မှ အပ မတွေ့ရပါ.. လာတဲမိန်းကလေးလည်း ခေါ်တောတစ်ထောင်မက နိုင်ငံပေါင်းစုံ မျက်လုံး တွေနဲ တွေ့မှာပဲ။ ပြောရင်းနဲ..ခေါင်းစဉ် လွဲသွားတယ်.. (စောရီး)
မနက်စာ အေးအေးလူလူ စာပြီး..နာရီဝက်လောက် နားလို့ရသေးတယ်.. ကားအခက်ခဲ ကြောင့် စောပြီထွက်တာကို.. ၇း၁၅ နာရီမှာ အလုပ်စဖို့ လူစုပါတယ်..မလေးလူမျိုး ဖိုမင်ချုပ်မှ အလုပ်တွင် ပါးရေနပ်ရေ ရှိဖို့လိုကြောင်း..သူများမသိအောင် ယူတတ်ဖိုလိုကြောင်း..
အန္တရယ်များကြောင်း၊ company မှ ပစ္စည်းများ (ဖျက်ဆီး သို ပျက်ဆီး) တစ်ခုခုဖြစ်ခဲ့လျှင်.. လစာမှ ငွေဖြတ်မည် ဖြစ်ကြောင်း၊ ပြသနာ တက်လျှင် ကိုယ့်ကိက္စ ကိုယ်ရှင်းရမှာဖြစ်ကြောင်း. အလွတ်တည်ကန်ဘောများကန်သွင်း ပြီး အလုပ်အားစတင်ဖို့ လက်ကိုဝှေ့ရမ်းပြီးပြောပါတယ်.
အားလုံးကလည်း ရိုးအီနေသော နေစဉ်ဘ၀ကို..စိတ်ဓာတ်ကျစွာဖြင့် ဖြတ်သန်း စတင်ကြပါတယ်..

နောက်ပို့စ်တွင် ..ဆက်လက်ရေးသားသွားပါမည်…
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, September 1, 2008

စင်္ကပူ လူလိမ်ပွဲစား အကြောင်း

ဒီပိုစ့်လေးကို ကျွန်တော်တို့ မြန်မာက အလုပ်လာရှာတဲ့ သူငယ်ချင်းတွေကို အသိပေးချင်တဲ့ အနေနဲ့ ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါတယ်.. ရေးသားပေးတဲ့ တန်ခူးကို ကျေးဇူးတင်ပါတယ်.. အဲဒီအေးဂျင့်ကိုလည်း ကျွန်တော်ကိုယ်တိုင်ကြုံဖူးပါတယ်.. ကျွန်တော်က ၁၂ကျပ်ပေးလိုက်ရတာမဟုတ်ဘူး.. ၂၀ပေးလိုက်ရတာ..း(မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော်ခံပြင်း ဒေါသထွက်သွားသည်။ အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ် စီးပွားရှာတာတော့ အတော်ရုပ်ဆိုးလွန်းသည်။ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာတည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့က အင်တာဗျူးခေါ်သည့် အီးမေးလ်ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့များတယ်လို့  သတိပေးရသည်။ နောက်နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ်ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပိုကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံးသွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့ မှာလိုက်သေးသည်။ သူ့ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန်ရပါစေလို့  ကိုယ်တောင်ဝင်ဆုတောင်း ပေးလိုက် သေးသည်။နေ့လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခုရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံအလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသောအခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံမပေးရင် သူတို့  အလုပ်ရှာမပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲဆိုပဲ။မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။သူတို့အင်တာဗျူးရှိတယ် ဆိုပြီးကျွန်တော်တို့ဆီကို ပို့လိုက်တဲ့ Email မူရင်းကို ဖော်ပြပေးလိုက်ပါတယ်...
From: jssjs@singnet.com.sg
To: ------@gmail.com
Subject: RE: Application of Auto Cad Draftsman Post
Date: Fri, 7 April 2008 19:45:45 +1000

Hi
Thanks for your application. In this case, can we see u for an interview onWed Fri/4/08 10.00 am? Please advice.
151 Chin Swee Road #14-09 Manhattan House.

Direction:- Take MRT down to Chinatown station and exit from D. U can go to OG taxi stand there and walk towards the direction of some HDB at Chin Swee Road . Go straight until u can see Seng Siong ….We are just behind Seng Siong. U can ask people around there ..:)

(If u have been here or applied with us before, please do not reapply again)

Appreciate that.RegardsVathi

This post is copy from တန်ခူး