Saturday, November 22, 2008

အမှတ်တရ ငယ်ငယ်က

ကျနော်ငယ်ငယ်က လက်ပန်းကျင်း ဆိုတဲ့ ရွာလေးက အလယ်တန်းကျောင်း
(ယခင်အခြေခံပညာ မူလတန်းကျောင်း၊ ယခု အခြေခံပညာအလယ်တန်းကျောင်း)
မှာ ပညာသင် ကြားခဲ့ပါတယ် ။ (ကျနော်တို့ ဆရာ ဦးကြည်ဝင်း ပြောသလိုဆိုရင်
ပညာရည်နို့ သောက်စို့ခဲ့တယ်ပေါ့ဗျာ) အဲဒီရွာ လေးမှာ နန်းထိုက် ခေါ် နန်းကြီးကိုက်၊
မင်းညွန့် ခေါ် ဟံသာပု ၊ ဆန်းဝင်း ခေါ် ငနီ ဆိုပြီး သူငယ်ချင်း သုံးယောက်ရှိတယ် ။
ဒီအမည်နာမ များကို ဆရာကြီး ဦးရွှေမန်း မှပေးခဲ့ပါတယ် ။ ဆရာကြီးဦးရွှေမန်း
ကိုတော့ ဆရာဦးကြည်ဝင်းကပဲ လက်ပန်ကျင်းရွှေမြို့တော်ရဲ့ ပညာရေးဖခင် လို့
အမည်ပေးပါတယ် ။ ဘာလို့လည်းဆိုတော့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြား
ရေးမှ အစိုးရအသိမှတ်ပြု လက်ပန်ကျင်း အခြေခံပညာမူလတန်းကျောင်း အဖြစ်
ကျိုးစား တည်ထောင်သူ၊ နောက်ဆုံး အလယ်တန်း ခွဲဖက် ပွင့်တဲ့ အထိ ကျောင်း
အုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ပြီး ဒီရွာလေးရဲ့ ပညာရေးကို ဖွံ့ဖြိုး စေခဲ့သူမို့ပါ။
ကျနော်တို့ သူငယ်ချင်း တစ်တွေလည်း မူလတန်း (ပုဆိုးလွယ်သိုင်း အရွယ်) မှစ
အဌမတန်း (လူပျိုပေါက် အရွယ်) အထိ လည်တွဲ ညီညီ အတူသွား အတူစား
(အစားဆက်တူ) နေလာခဲ့ကြတယ် ။ အခုတော့ သူတို့တွေက ရွာမှာ (တို့တစ်တွေက
တို့ရွာမှာနေ) ဆိုသလိုပေါ့။ အခြားသူငယ်ချင်းများဖြစ်တဲ့ ပထမဆုံးပဲခွဲစက်နှင့်
အ၀ီစိတွင်းပိုင်ရှင် ဦးကျော်ငြိမ်း၏သား စိုးငြိမ်းအောင် ခေါ် ပိုးစိ ၊ ဦးဆန်းမောင်သမီး
ဥမ္မာချော၊ ဖုန်းဖုန်းမှာ ကျောက်ထုတ်ရှိတယ် ယုံပါကွယ် ဆိုတဲ့ သိချင်းနဲ့ ရွာဇာတ်
မှာ နာမည် ကြီးတဲ့ ဦးသန်းရှိန် သမီး ဖြူတင်၊ အခုတော့ ဆရာမ လုပ်နေတဲ့ မြင့်မြင့်ခိုင်၊
နေထက်လင်းကို အရမ်းကြိုက်တဲ့ တင်မြင့်ခိုင် ခေါ် ကြွက်မ ၊ ၇ တန်း ၈ တန်း ၉ တန်း
၁၀ တန်း နဲ့ ဘွဲ့ရသွားသော ယခု ကလေးကိုယ်စီ နှင့် သူငယ်ချင်းများကို
သတိရလိုက်တာ ။ အမှတ်တရ ငယ်ငယ်က မေ့မရနိုင်ပါ။

လက်ပန်ကျင်းဆိုတာ ရွာတန်းရှည် ရွာအမျိုးစားထဲမှာ ပါပါတယ် ။
ကျောက်ပန်းတောင်း မြို့ ကနေ ၁၂ မိုင် လောက်ဝေးတယ်လို့ ပြောကြတာပဲ ။
ရွာကနေ နောက်တွဲပါထွန်စက် (မြို့ပြတွင် အမှိုက်ကား) ကိုစီး ပြီး သွားရင်
ကျောက်ပန်းတောင်းမြို့ကို ၄ နာရီလောက်မောင်းရတယ် ။ (ကားတာယာဖိနပ်
၂ ရံတော့မကုန်ပါ)။ ကျနော်တို့ရွာရဲ့ အရှေ့ ဖက်မှာ အေးမြကြည်လင်တဲ့
(ငယ်ငယ်က ငါးဖမ်းနေကြ) တောင်ကျ ချောင်းလေး ရှိတယ်။ အများသိတဲ့
မန္တလေးတိုင်း ကြက်မောက်တောင်ဆည်ကြီးမတည်ဆောက်ခင်က ဒီတောင်ကျ
ချောင်းဟာ ရေစီး အလွန်သန်တယ်လို့ အသက် ၈၀ ရှိ လူကြီး သူမ များက
ပြောပါတယ် ။ ၂၁ ရာစုထိ ဒီချောင်းကလေး ရှိနေပါတယ်။ ရွာရဲ့ အသက်သွေးကြော
ဆိုရင်လည်း မမှားပါဘူး ။ ပြောဦးမယ်ဗျာ အခုန ဆရာ ဦးကြည်ဝင်း ကိုသတိရတာနဲ တစ်ဆက်တည်းဆရာ့အကြောင်း ပြောရဦးမယ် ။ ယခင်က ဆရာဟာ ရွာမှာ
တယ်လီဗီးရှင်း ခေါ် တီဗွီပြတယ်။ များမကြာခင် ခေတ္တ် ရေစီးကြောင်း အတိုင်းပေါ့
ဗွီဒီယို သို့ ပြောလဲပြသပါတယ်) ယခုအခါ ကျောက်ပန်းတောင်း မြို့သို့ ပြောင်းရွှေ့
ကာ ၉တန်း၊ ၁၀တန်း ကျောင်းသားများ အား ဘော်ဒါ ဖွင့်ရ်ျ စာပြပါတယ်။
ဆရာက ရပ်ရေး ရွာရေး ဆိုလော်စပီကာ (ဓာတ်စက်) ကိုဖွင်ပြီး ဟန်ပါပါ ဟစ်ပါ
တယ်(ရပ်ရေးရွာရေးဆို မိုက်ခဲမယ်ဆိုတာ ဆရာပေါ့) အခုတောင် နားထဲမှာ
ဆရာ့အသံ ကြားရောင် နေပါတယ် “လက်ပန်ကျင်းရွှေမြို့ တော်မှာ နေထိုင်ကြ
ကုန်သော ရွာမိ ရွာဖ အပေါင်းတို့ ခင်မျာ့...” ဒီလို ဒီလို။ ငယ်ငယ်က ကျောင်းမှာ
နှစ်စဉ် မိဘဆရာ တွေ့ဆုံညှိနိုင်းပွဲနဲ့ တစ်နှစ်တာ ပညာရည်ချွန်ဆုပေးပွဲတွေမှာ
လည်း ဆရာက အစီစဉ် ကြေညာ သူပါ ။ ဒီလောက် ဝေးလံခေါင်းပါတဲ့ အရမ်မှာ
ဒီလို အစီစဉ်များကို ဆရာကဦးစီး ဦးရွက် ပြုခဲ့ကာ နှစ်စဉ်မပြတ် ကျင်းပခဲ့ပါတယ်။
တကယ်တော့ ဆရာဟာ ရွာအတွက် ပေးဆပ်သွား တာတွေကို လူတော်တော်
များများ မသိကြပါဘူး ။ မြို့ပြ လေလှိုင်းဝေးတဲ့ ဒေသလေးက လေးတန်း ငါးတန်း
လောက်သာ ပညာသင်ခဲ့ရရှာ တဲ့ ကျနော်တို့ မိဘတွေရဲ့ ခေါင်းထဲကို ပညာရေး
ဆိုတဲ့ စကားလုံး အကြီးကြီးတွေ ပစ်ထည့်တာ ဆရာပါ ။ ကနော်တို့ကို
“ယနေလူငယ် နောင်ဝယ် လူကြီး ၊ အနာဂတ်မှာ တိုင်းပြည်တာဝန် ပခုံးပြောင်း
ထမ်းဆောင်ရမယ့် နိုင်ငံသားကောင်းတွေ” လို့ တစ်ဖွဖွပြောခဲ့တာ ဆရာပါ။
စာသင်နေရင်းနဲ နိုင်ငံခြားကို ကိုယ်တိုင်သွားရ သလိုခံစားရအောင် ပြောပြတတ်
တာ ဆရာပါ ။ ဆရာဟူသည် စာကိုလည်းသင် လူကိုလည်းပြင် ဆိုတဲ့ ဆောင်
ုပုတ် နဲအညီ ကျောင်းစည်းကမ်း ရွာစည်းကမ်း ကောင်းအောင် ငါတို့ လွတ်လပ်ရေး
ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို မှာခဲ့တာ၊ နိုင်ငံကြီးသား တွေက ဘယ်လို
ဘာကြောင့် ဆိုပြီး ပြောပြနိုင်အောင် စာပေနဲ ဗဟုသုတ ပြည့်စုံပါတယ်။
ရွာသားဆိုပြီး အားငယ်မနေရအောင် ပညာဆိုတာဘယ်လို လက်နက် ဖြစ်တယ်
ဆိုတာ တစ်ဖွဖွ ပြောပါတယ် ။ ၅ တန်းကနေ ၈ တန်းနှစ် အထိ ဆရာ လက်အောက်
မှာ ကြီးပြင်းခဲ့တာ အရမ်း တန်ဖိုးရှိပါတယ်။ ဆရာပြောတဲ့ လက်ပန်ကျင်း ရွှေမြို့
တော်ကြီး တိုးတက်ဖို့ တပည့် စဉ်းစားတတ်နေပါပြီဆရာ။ ဆရာကျန်းမာပါစေ ။
ဆန်းဝင်း(ကျောက်ပန်းတောင်း)