Tuesday, June 15, 2010

ဆယ်တန်းအောင်တဲ့ တူတော်မောင်


အချိန်တွေ ဘာလိုလိုနဲ့ အစ်မကြီးသား တူတော်မောင် ပြည့်ဖြိုးအောင် ဆယ်တန်းအောင်ပြီ..
ကိုယ် ဆယ်တန်းတုန်းက ဂဇက် မကြည့်ခဲ့ရဘူး။ သူများတွေ မြို့ကို ဂဇက် သွားကြည့်ကြတယ်။ ပျော်စရာကြီး။ ကိုယ့်မှာတော့ နွားတရှင်းနဲ့ မြေပဲခင်း ကြားခွဲနေရတယ်။ ဆန်းဝင်း ၂ ဒီ နဲ့ အောင်တယ်တဲ့။

ဂဇက် ကြည့်ပြီး ပျော်ရတဲ့ ဖီလင် မရခဲ့ဖူးပါဘူး။ တူတော်မောင် အောင်တော့ ပျော်တယ်။
အစ်မကြီး မိသားစု အတွက် ပျော်တယ်။ ညီမ ၀မ်းကွဲ တစ်ယောက်လဲ အောင်တယ်။ ဒီနှစ် တော်တော် များများ အောင်တယ်ထင်တယ်။ ဒီလိုပါပဲလေ...