Saturday, September 27, 2008

သဘောင်္ပြင်သည် အပိုင်း(၂)

ကျွန်တော် ဟောဒီ သဘောင်္ကျင်းကို ရောက်စကပေါ့ ..
လူတွေတော်တော်များတယ် အသားမဲ၊ အသားဖြူ၊ အသားလတ် တွေစုံလို့ တွေ့ရတယ် ။ အလုပ်ထဲကို အ၀င်အထွက် ချွေးနံ့နံ နေတဲလူအုပ်ကြားမှာ တန်းစီပြီး သွားရတာ တော်တော် စိတ်ပိန်တယ်။ အလုပ်စ ဆင်းခါစက သံချေးနံ့ တော်တော်နံတာပဲ။ သဘောင်္ တစ်စင်းလုံးကို သံနဲချည်း တည်ဆောက်ထားတာ၊ သစ်သားဆို အမည် ပါရုံလောက်သာရယ်။ လော့လာမှု မရှိခဲ့တော့ သိကိုသိဘူး၊
နောက်ပြီး သဘောင်္ အဟောင်းကို ပြင်တာ ဘော်ဒီ သံပြားတွေက ဆေးကို သုံးထပ် တစ်ချို့ဆို ငါးထပ် သုတ်ထားတာ။ ဒါကို ဂတ် စ် မီးနဲ ဖြတ်ကြတယ်. သံပြားကို အရည်ပျော်အောင် လုပ်ပြီးဖြတ်ရတာလေ အရင်က သုတ်ထားတဲ့ ဆေးအဟောင်းတွေက မီးအပူမှာ လောင်ကုန် တယ်။ ဘာပြောကောင်းမလဲ နံလိုက်တဲဖြစ်ခြင်းဗျာ.. ဆီချေးနံ့က နံ ညှော်စော်နံနဲ အသက် ဘယ်မှာ ရှူရမှန်းတောင်မသိဘူး ထူးပါဘူး နှာခေါင်းကို ကြာကြာပိတ် အသက်အောင့် ပြီး ဘယ်လောက်နေ နိုင်မှာမို့လဲ နံနံ စော်စော် ရှူရတာပဲပေါ့။ သိပ်မကြာပါဘူး တစ်လ လောက် လည်းရှိရော သံပြားပေါ်ထိုင်နေတာတောင် သံချေးနံ့ က မရတော့ဘူး၊ နေပူပူထဲမှာ ချွေးတလုံးလုံးနဲ့ ကိုယ့်ချွေးနံ့ သူ့ချွေးနံ့ မသိတော့ပါဘူး။

ရောက်စက စိတ်ပိန်တယ်ဆိုတာ စကားပြောတဲ့နေရာမှာ လည်းပါ တယ်။ ကိုယ့်မိခင်စကားမဟုတ်ပေမယ့် အင်္ဂလိပ်စကားကို ထမင်းစား ရေသောက် ရှေးဟောင်း နှောင်းဖြစ် ကိုယ်ပြောခြင်တာကို ကောင်းကောင်း ပြောနိုင်ပါတယ် ။ ဟောကြည့်-- သဘောကျင်းကို ရွေးချယ်မှု မှား ပြီးရောက်လာ.. ဘာတွေပြောမှန်း ကို သိဘူး. လူပေါင်းစုံ ဘာသာပေါင်းစုံ .. အင်္ဂလိပ်စကား ပြောနေတာမှ ဟုတ်ရဲလား လို့ထင်၇တယ်။ သူတို့ဟာနဲ သူတို့ကျတော့ဟုတ်နေတာပဲ. ကိုယ်ဟန်ပြ စကားပြော နည်းကပါသေးတယ်။ ဒီကြားထဲမှာ ဝေါ်ကီတော်ကီ နဲပြောကြတာ ဟားတော်တော် အံ့သြဖို့ကောင်းတယ်.. ညှောင်တိညှောင်နဲ အသံကို ကျွန်တော်တော့ ဘာမှန်းမသိ တဲ့အပြင် ဟားတိုက် ရယ်မိတာပဲ။ အင်္ဂလိပ်စာက တစ်လုံး မလေးစကားက တစ်လုံး တရုတ်စကားကတစ်လုံး အိန္ဒိယ စကားက တစ်လုံး ပြောချလိုက်တာများ သူတို့ပြော တာပဲ အမှန် ။ ကိုယ့်ကို လာမေးသေးတယ် အင်္ဂလိပ်စကားပြောတတ်လားတဲ့.. နောက်မှ နားလည်မိတယ် အော် အမေဇုန်တောထဲရောက်နေတာကို..

အလုပ်ထဲရောက်စက မိုးပေါ်ကို ထိုးထိုးထောင်ထောင် နဲ အချွန်တက် တွေ အများသားပဲ .. ဘာတွေလည်းသိလား ကရိန်းတွေလေဗျာ.. မြန်မာပြည်နဲ ကွာတာ အဲဒါပေါ့.. ဟိုက်ဒြောလစ် ကို ပိုင်နိုင်တော့ စက်ပစ္စည်းက ပိုပြီး အကျိုးရှိရှိ အသုံးချလို့ရတာပေါ့။ ရောက်စမို့ ဟိုအပေါ်က တစ်ခုခုပြုတ် ကျလာမလား၊ ဟိုကရိန်းက သံပြားကြီးတွေကို သင်္ဘော ပေါ်တင်နေတာ မရောက်ခင် ပြုတ်ကျတော့ မလားနဲ ။ အသက်တောင် ၀အောင်မရှုရဲဘူး၊ မျက်တောင်လဲ မခတ်ရဲ ဘူးဗျာ.. ခေါင်းပေါ်းမှာ ၀ဲဝဲ - ၀ဲဝဲနဲ့။ အဲဒါ ဟိုမော့်ကြည့် ဒီမော့်ကြည့်နဲ ဇက် တောင်ညောင်းတယ်…အဲ အဲ.. အထက်ကိုချည်းမော့်ကြည့်နေလို့ လဲ ဖြစ်သေးဘူး လမ်းပေါ်မှာ ဖော့ကလစ် ကပိုက်တွေတင်လာတယ်.. အစွန်းကို မလွတ်ဘူးဆိုတာ ဒါမျိုးပေါ့ .. အဲဒီမှာ စတွေ့တာပဲဗျာ..

ရာသီဥတုက ပွင့်လင်းရာသီ ပါပဲ မိုးလည်းမရွာဘူး နှင်းလည်းမကျဘူး နေလည်းပူနေတာပဲ ဒါပေမယ့် ၀န်းကျင်တစ်ခုလုံး ကြည့်စမ်းပါဦး အုံဆိုင်းဆိုင်းနဲ့ မြူခိုးတွေဝေနေတာများလား။ မိုးရွခြင်လို့လား၊ သို့လော သို့လော မတွေး လိုက်ပါနဲ.. အဲဒါ သဘောကျင်းနေရာ တိုင်းမှာ ဖြစ်တတ်တဲ သဘောပါ.. သံပြားအဟောင်းများဖြတ်ထုတ်ခြင်းမှလာသောမီးခိုးများ၊ ၀ရိန်ဆော် (welding) ရာမှ လာသောမီးခိုးများ နောက်တစ်ခုက ဂေါက်ချာတွေ (gauging) ထိုးရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များ စုံလို့ပါပဲ.. တကယ် တော့ သဘောင်္ကျင်းဆိုတာ ပိုက်စံရှိရင် မနေသင့်တဲ မလာသင့်တဲ့ အရပ်ထဲမှာ ပါတယ်ဗျာ..

ဆန်းဝင်း (ကျောက်ပန်းတောင်း)