Thursday, October 16, 2008

ကျောင်း သား ဖြစ် ခြင် သည်

တကယ်က တက္ကသိုလ် ကောင်းကောင်းတစ်ခု မတက်ဖြစ်ခဲ့တာ မဟာအမှားကြီးပါပဲ။
ဒါ ဘယ်သူ့ကြောင့်လည်း။ ငယ်ငယ်ကတော့ သူများကို လက်ညှိုးထိုးခဲ့တယ်။
ခေတ်ကိုပုံချခဲ့တယ်။ ဒါတွေကလည်းတကယ် ရင်ဘတ်ကြီးနဲ့ ခံစားခဲ့ရတာပါ။
ရွာကထွက်လာကာစက ဘာမှမသိ ၁၆ နှစ် ၁၇ နှစ် အဖြူထည်လေးပါ။
လောကကြီးရဲ မတရားမှု တွေက အသက်ဆက်ရှင်ဖို့တောင် စိတ်ကုန်စေခဲ့တယ်။
ဘာပဲပြောပြော ဘယ်သူမပြု မိမိမှု ပါပဲ။
ပတ်ဝန်းကျင်ကောင်း မထူထောင်နိုင်တာ၊ အထီးကျန် တစ်ယေက်တည်းနေတတ်တာ။
ဒါတွေ မလိုပါဘူးကွာ၊ အလကားပါကွာ ဆိုတဲ့ အတွေးတစ်ခု နဲတင် တော်တော်ကို
မှားနေပြီ။ ခေတ်ရေစီးကြောင်း တွေ ပြောင်းလည်းစီးဆင်းနေတယ်
ဆိုတာကို ကိုမေ့ထားခဲ့တယ်. စာတွေဘယ်လောက်ဖတ်ဖတ် လောကတက္ကသိုလ်မှာ
ကျနော် စာမတော်ပါဘူး။ကျနော် မြတ်ချေဖြတ်ခဲ့တဲ့ ပတ်ဝန်းကျင်က
အခု ကျနော်ကို ကြည်စားနေပြီ။ငယ်ငယ်ကဘ၀ကို သတိရတယ်..
ကျနော် ဆန်းဝင်း အသက် ၂၆ နှစ် မှာ ကျောင်းစာကို အထူးခြားဆုံး စာကျက်ခဲ့တာ
ဆိုလို့ ဆယ်တန်းတုန်းကပဲရှိတယ်။ အဝေးသင်ကဘွဲ့ ဆိုတာ မေးခြင်တာမေး ရေးခြင်တာ
ရေးဖြေလာတာပါ။ ငယ်ငယ်တုန်းက စွဲခဲ့တဲ့ အကျင့်လေး မပြောက်သေးဘူးအခုထိ။
အလုပ်လုပ်တဲ့နေရာမှာထ ဒုက္ခပေးတယ်။ ဘာလည်းဆိုတော့ ငယ်ငယ်က..
စာကျက်ရင်..မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ်ပံတွဲ၊ ၀ိပ်ဇာတွဲ စာအုပ်တွေ ထပ်ပြီး
အစီစဉ်တိုင်း ကျက်တယ်.စာမေးပွဲဖြေရင်တောင် နံပါတ် (၁)ကနေ စပြီး အစီ စဉ်တိုင်းဖြေတယ် ။
ဒါတော့ အမှတ်များလို့ အရင်ဖြေမယ် ဆိုတာ မရှိဘူး ၊ မရတာလည်း မရှိခဲ့ဘူး၊
အလုပ်ထဲမျာလည်း တစ်ခါတစ်ခါ ဒီအကျင့်က လာလာပြီးဒုက္ခ ပေးနေတယ်။
ကိုယ်ပိုင် အလုပ်မဟုတ်တော့ ကိုယ်လုပ်ခြင်သလို မရဘူး။
ငယ်ငယ်က ကျောင်းစာမှာတော်တယ် ။
ပတ်ဝန်းကျင် လေ့လာမှု မှာ ညံ့တယ် ။
ပတ်ဝန်းကျင် လေ့လာမှု ၊
အပေါင်းသင်း ပညာရပ်၊
mind game လို့ခေါ်တဲ့ ပညာရပ်မှာ ညံ့တယ်။
ခုထိပါပဲ။
ဘာတော်လည်း မေးရင် အဖြေမရမယ့် မေးခွန်းတွေ ပတ်စဉ်းစားတဲ့နေရာမှာ တော်တယ်။
ကိုယ့်ခေါင်းကို ရှုတ်အောင် လုပ်တဲ့နေရာမှာ တော်တယ်။
အခု ကျနော် ကျောင်းသားပြန်ဖြစ်ခြင်နေတယ်။ ဖြစ်ခွင့်ကလည်း ငါးဆယ်ရာခိုင်နှုန်းမက ရှိတယ်။ ကျောင်းတက်ခြင်တယ်။