Monday, January 26, 2009

ယိုင်နဲ့လာသော ထိုင်ခုံလေး



ဒီအခြေနေတိုင် အတိုင်းဆို ဒီနှစ် ၇ လပိုင်း အပြီး ပြန် ရမလား မပြော တတ်ဘူး ထိုင်ခုံလေး ကတော့ လှုပ်တာ များလို့ထင်တယ် ယိုင်နဲ့ လာတယ်။ မြင်နေရတဲ့ ပုံလေးထဲက ထိုင်ခုံလေး က ကျနော် အလုပ်လုပ် တဲ့ ထိုင်ခုံလေး ပေါ့။ အခန်းငယ်ငယ်ထဲမှာ စာရွက်တွေ နဲ့ လုံးထွေး သတ်ပုတ် ရတာနေ့စဉ် ပဲ။ လက်ကောက်ဝတ်လည်း ညောင်းတယ်။ အနုပညာ ဆန်ခြင်ဆန်မယ် ဗျာ ပန်းချီ ပညာတော့ မဆန်တတ်ဘူး။ မဆွဲတတ်ပါဘူး ဆိုမှ ဆွဲလိုက်ရတဲ့ ပုံတွေ လုပ်ပြမိတာကိုက မှားပါတယ်။ ညနေ လေးနာရီလောက်ဆို လက်ကညောင်း ဇက်က ညောင်း မျက်လုံးက ကြိမ်း ဘာမှ ကို မကျန်ဘူး။ ဒီခန္တာကလည်း အိုမင်းလာပြီထင်ပါ့။ အလုပ်ထဲ မု ၀င်သွားရင် တင်ကလိန်ချိတ် တတ်တဲ့ အကျင့်ကြောင့် ဒူးချွန်ချွန်က ခြေသလုံး သားကို ထိုးမိလို့ ခြေထောက် တစ်ဖက်လည်း နာနေလေရဲ့။ အမှတ်ကို မရှိဘူး။ ဟိုနေ့ က လုပ်ထဲမှာ သဘောင်္ ပေါ်မှာ သွားရင်းနဲ့ ငုံဝင်ပြီး သွားရတဲ့ နေရာတစ်ခုမှာ လွတ်ပြီထင်လို့ မတ်တတ် ရပ်လိုက်ပါတယ်- ဘာပြောကောင်းမလဲ အီသွားတာပဲ။ ညဏ်းဆင်ထားတဲ့ သံပိုက်က ကျွေးလိုက်တာ နောက်ကျော်ကို ပြဲလို့။ ဒါကို ပြတော့ သူများတွေက မင်း အလုပ်မလုပ်ပဲ ဘာဖြစ်တာတည်းတဲ့။ ထိုင်နေတာ လည်း မကောင်းဘူး ထသွားတာလည်း မကောင်းဘူး။ အိပ်နေရင်ရော ဘယ်လိုလည်း။ ဟာ... မကောင်းဘူးဗျာ ကြမ်းပိုးကိုက်တယ်။ အဆင်မပြေမှုများစွာနဲ့ စင်္ကပူမှာ ဒုတိယ ပေါက်ဖေါ် တို့နှစ်ကူး ရောက်ခဲ့ပြန်ပေါ့။

ခုတလော ပါမစ်ကုန်သူများ ပြန်သွားလိုက် တာ တစ်ဖွဲဖွဲပဲ။ ဇူလိုင်ဆိုရင်တော့ အပြီးပြန်ရတော့မယ် ထင်တယ်။