Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောက်ပန်းတောင်းမြို့ ။

ဒီကနေ့ နေ့လယ် အမေစုနဲ့၊ လူထု တွေ့ဆုံဟောပြောဖို့အတွက် ရွှေနဒီကွင်းမှာ ဒီလို ဒီလို ပြင်ဆင်ထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောက်ပန်းတောင်းမြို့ ။

Friday, December 7, 2012

အထက(၁) ကျောက်ပန်းတောင်း (28-12-2012) ဆရာကန်တော့ပွဲ ။


တအူထုံတကယ်မဆင်းကြပေမဲ့၊ အတူဆုံသူငယ်ချင်းတွေနဲ့..
အထက(၁) ကျောက်ပန်းတောင်း မှာ ခဏလေးဖြစ်ဖြစ်.. အတူတက်ရောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ..တို့တစ်တွေကို ပညာသင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ.. ကံမကုန်လို့ ပြန်အဆုံ..တပည့်တွေလည်း..ဆံပင်ဖြူ၊ အသွင်မတူ ဇရာဖက် အသက်တွေအရွယ်ရပေမဲ့...

ငယ်ဘ၀ကစာသင်ခန်းတွေကို
မြင်လိုက်ရတဲ့အခါ.. ငယ်ဘ၀ကို လွမ်းမိပါရဲ့..
(28-12-2012)တွင် အထက(၁) ကျောက်ပန်းတောင်း ရဲ့ (၁၈)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပပါမည်..။)
ကျောင်းသား/သူဟောင်းများအနေဖြင့် ဦးစုံမောင်(09-2220442)၊ ဦးစန်းလွင်ဦး (09-5001163)၊ ဦးစံလင်းမောင်(09-43209378)၊ အထက(၁)ကျောက်ပန်းတောင်း (061-50583)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း........ နှိုးဆော်တိုက်တွန်းအပ်ပါသည်......။