Monday, December 29, 2008

စူဇူကီးဖလား ချန်ပီယံ ဗီယက်နမ်

အကောင်ငယ်ပေမယ့် အဆိပ်လေးတွေနဲ့
ဗီယက်နမ်က ထိုင်းအသင်းကို ပထမအကျော့
ထိုင်းနိုင်ငံတွင် ၂ ဂိုး ၁ ဂိုး၊ ဒုတိယ အကျော့ ဗီယက်နမ် နိုင်ငံတွင် ၁ ဂီုးစီ သရေကျ ကာ နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ဂိုးဖြင့် ဗိုလ်ဆွဲသွားပါသည်။ အခုလို ဗိုလ် ဆွဲသွားတဲ့ ဗီယက်နမ်အသင်း မှာ စိတ်ဓာတ်ခိုင်မာခြင်း ၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ ဘောလုံး ပညာကျွမ်းကျင် ခြင်း၊ တွေ အပြင် အသင်းလိုက် စုဖွဲ ကစားခြင်း အထူးကောင်းမွန်ပါတယ်။

ဒီပြိုင်ပွဲကို 1996 ခုနှစ်က စပြီ တိုက်ဂါး ဘီယာ စပွန်စာ နဲအတူ တိုက်ဂါးဖလားလို့ ခေါ်ဆိုခဲ့ပါတယ်။
2004 ခုနှစ်မှာတော့ တိုက်ဂါး ဖလားကနေ အေဆီယံ ဖလား အဖြစ် သတ်မှတ်ခေါ်ဆိုပြီး
ယခုနှစ် စူဇူကီး မှ စပွန်စာနဲအတူ စူဇူကီးဖလား ဟု ပြောင်းလည်း အမည်တွင်စေပါတယ်။

ဒါနဲ့ တို့မြန်မာနိုင်ပီ ဆိုတာ သီချင်းထဲမှာ လားမသိဘူးနော်..
ငယ်ငယ်က ရွာမှာ ရုပ်မြင်သံကြား မရှိသေးဘူး ရေဒီယိုကတစ်ဆင့် ဘောလုံးပွဲ အစီစဉ်ကြေညာ သံကို နားထောင်ခဲ့ရတယ်။ (မြန်မာခင်ဗျ..လိမ်တယ်ခင်ဗျာ..လိမ်တယ် .အနားမှာ ရှိနေတဲ့ လူကိုပေးလိုက်တယ်ခင်ဗျာ.. အဲ.. သူလည်း လိမ်တယ်ခင်ဗျ.. နောက်တစ်ယောက်အပေးမှာ တစ်ဖက်အသင်း ဦးသွားတယ်ခင်ဗျာ.. အခု..လိုက်ဖျက်တယ်..အဲ..အင်း....အဲ... မြန်မာ ပြန်ရ ပါတယ်ခင်ဗျာ..).
ဒီလိုနဲ့ အားပေးကြည့်ရှုခဲ့တာ.. ၂၅နှစ် တိတိ။ သိုပေသော်လည်း အားပေးဆဲ..ထာဝရ မြန်မာ။