Monday, March 9, 2009

ရွာမှ သဘာဝ ဟင်းလျှာများ

ဒီဟင်းလျှာလေးတွေကတော့ ကျနော် ဘယ်တွေရောက်ရောက် တမ်းတ လွမ်းရသော အမေ့လက်ရာ စစ်စစ် အညာဟင်းများဖြစ်ပါတယ်။ ကျနော် ရွာက ဟင်းလျှာတွေ၊ စားစရာတွေ နဲ့ပတ်သတ်လာရင် အနံ့လေးတွေက အစ မှတ်မိနေတယ်။ အခု ရေးပြတဲ့ ဟင်းလျှာများကို မကြားဖူး မမြင်ဖူးသူတွေ များမယ်လို့ထင်ပါတယ်။
ကြားဖူးအောင်ပေါ့။

၁။ မန်ကျီးရွက် နုနု ကို တောင်ပေါ်ပဲပြုတ် နဲ့ သုတ်တဲ့ အရသာကို လွမ်းတယ်။
၂။ မန်ကျီးရွက် နဲ့ ခရမ်းခေါင်းသီး ချဉ်ဟင်းကို မမေ့နိုင်ဘူး။
၃။ မိုးဦးကျ ထွက်တဲ့ ဆူးပုတ် နုနု နဲ့ ဆန်မုန့် ဟင်းချို ကိုလည်းလွမ်းတယ်။
၎။ မလွှပွင်၊ ကြောင်ရှာပွင့် ၊ ကြောင်ရှာသီး သုတ်စားခြင်တယ် ။
၅။ ဂုဏ် ရွက်နုနု နဲ့ ဆန်မုန့် ဟင်းချို လည်း စားခြင်တယ်။
၆။ သဘာဝ ခွေးတောက်ရွက် ဟင်းချိုချို။
၇။ မိုးဦးကျ ဟင်းနုနွယ်ရွက် ဟင်းချိုချို။
၈။ နွေမိုးဆောင်း လယ် ကန်စွန်းရွက်ကြော်။
၉။ ကိုင်း ချဉ်ပေါင် နဲ့ ဆူးပန်း၊ နံနံ ချဉ်ဟင်း တစ်ခွက်။
၁၀။ ပဲတိုင်ထောင် နဲ့ချဉ်ပေါင်ရွက် ဟင်းရည်ချို။
၁၁။ လက်ပန်ပွင့်ခြောက် (၀က်သားနဲ့မလဲနိုင်ပါ) ဟင်းစားခြင်တယ်။
၁၂။ ငရှာရွက် ဆန်မုန့် ဟင်းချိုကိုလည်း လွမ်းပါ့။
၁၃။ ကြက်ဟင်းခါးရွက် ကြော်ကိုလည်း လွမ်းတယ်။
၁၄။ ခရမ်းခေါင်းသီး မီးဖုတ်သုတ်ကို မေ့နိုင်ဘူး။
၁၅။ ကဆစ်သီး မီးဖုတ် နဲ့ ငရုပ်သီးထောင်းကို စားခြင်တယ်။
၁၆။ ကင်းမုံသီး ဆီပြန်ကြော်။
၁၇။ ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီ ပွင့် ဟင်းချို။
၁၈။ ကြက်သား နဲ့ ဗူးသီး ကာလသားချက်။
၁၉။ အိမ်ထွက် ပုန်းရေကြီး သုတ် စားခြင်တယ်။
၂၀။ ခရမ်းချဉ်သီး ငါးပိချက် ကလအော် ငါရုပ်သီး နဲ့ချက်။
၂၁။ ထန်းရေမှ ရသည့် ထန်းပုန်းရည်ကြီး ချက် ။
၂၂။ ဆောင်းဦးပေါက် နံနက်စောစော မီးပုံဘေးမှာ ကောင်းညှင်းပေါင်းစား ခြင်သေးတယ်။
၂၃။ မြေပဲကြော်ကိုထောင်း ထမင်းပူပူ နဲ့ နယ်၊ နှမ်းမှုန့်ဖြူး ပြီးစားခြင်တယ် (မူပိုင်ဟင်းလျှာ)။
၂၄။ ဖားကင်၊ ထန်း ပင်ကျရည်။
၂၅။ လယ်ကြွက်ကင်၊ ထန်း ပင်ကျရည်။
၂၆။ ဆူးပုတ်ကြီးရွက် နဲ့ ပဲကြီးဟင်းချို လဲ စားခြင်တယ်။
(ဟင်းအားလုံးကို ချက်ပြုတ်ရာတွင် ဆုံကြိတ် နှမ်းဆီ ကိုသာသုံးပြီ မြေအိုးနှင့်ချက်သည်)။

NaTuRal HoNestY

သဘာဝ ရိုးသားမှု။
အဲဒါကို စာဖွဲခြင်တာတော့ မဟုတ်ဘူး။ လိုခြင်တာ။ ပြန်လိုခြင်တာ၊ ပြန်ရခြင်တာပါ။
ကလေးငယ်လို ဖြူစင်တဲ့ သဘာဝ ရိုးသားမှု ကိုပေါ့။
ကျနော့်ဆီမှာ အဲဒီ ”သဘာဝ ရိုးသားမှု” ပြောက်ဆုံးနေတာ ကြာပီ။

အပြင်ပန်း ကြည့်မလား။
အသက်ကြီးတာနဲ့ အမျှ မျက်နှာက အရေထူးလာတယ်။
အကြောင်းကြီးငယ်ကြောင့် မျက်နှာပူခြင်းကို တခါတရံ လုံးဝ မမှုတော့ဘူး။
အရေ ထူးတဲ့ မျက်နှာကြီးကို တော်တော်မုန်းတယ်။

ငယ်ငယ်က မျက်လုံးတွေ။
ဟုတ်တယ် ကလေးဘ၀ မျက်လုံးတွေက အမှန်တရား စကားကိုပြောတယ်။
ဟန်ဆောင်မှု ကင်းတယ်။ ဖြူစင်ရိုးသားမှုရဲ့ သင်္ကေတပဲ။ ခု အဲဒီမျက်လုံးတွေ ဘယ်မှာလည်း။

ငါ ပြန်ရခြင်တယ် သဘာဝ ရိုးသားမှု။
ငါပြန်ရခြင်တယ် ငယ်စဉ်ကလေးဘ၀။