Friday, April 6, 2012

ကြားဖြတ်ရွေးကောက်ပွဲမှ ကြားသတင်းများ။

၁ ။ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် NLD မှ ဒေါက်တာ ဇော်မြင့်မောင်နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးအောင်ဝင်းကြည်တို့ ၀င်ရောက်အရွေးခံကြတယ် .

၂ ။ သာယာအေးရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌ အရက်မူးပြီး မဲဆန္ဒရှင်များနှင့် စကားများပြီးနောက်
၎င်းအား မြို့နယ်ကော်မရှင်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

၃။ အင်တောရွာတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ် သီချင်းများကို အသံချဲ့စက်များနှင့် ဖွင့်နေ ကြောင်း သိရသည်။
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မည်သည့်ပါတီမှ ပါတီသီချင်းဖွင့်ခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ခွင့် မရှိဟု ထုတ်ပြန်ထားသည်။

၎။ တိုက်တိုက်ဆိုင်ဆိုင် ဘာသာရေးကို အသုံးချ မဲရယူဖို့ ကြိုးစားမှု တခုဖြစ်ပွားခဲ့ ။

၅။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အစီအစဉ် ကျန်းမာရေးကြောင့် ဖျက်သိမ်းလိုက်ရ ။ မတ်လ 29 ရက် 30 ရက် ညနေပိုင်း ဆုတောင်းပြည့် မဟာစေတီကြီးမှာ စုပေါင်း ဆုတောင်းပွဲကျင်းပ NLD အင်းအားပြခဲ့ ။

၆။ ကျာက်ပန်းတောင်း DR.ဇော်မြင့်မောင် (NLD) - မဲရုံ ၃၈၃ ရုံရှိသည့်အနက် ၃၆၀ ခန့်တွင် အနိုင်ရနေဟု သိရ ။

၇။ နေပြည်တော်မှ ကျောက်ပန်းတောင်းသူ ကျောက်ပန်းတောင်းသား နိုင်ငံ့ဝန်ထမ်းများ ဇာတိမြေ ပြန်ကာ ဆွေမျိုးတော်သော ကြံခိုင်ရေး အမတ်အား မဲမပေးဘဲ ... NLD အားမဲပေးကြာင်း သိရ။

၈။ မိသားစုအလိုက် မဲစာရင်းကျန်ခဲ့လို့ မဲမပေးရခြင်း ။ သေဆုံးသူများ မဲစာရင်းတွင်ပါရှိနေသောကြောင့် ကျန်ရစ်သူမိသားစုမှ ဒေါသထွက် အပြစ်တင်ခြင်း .. ဘယ်ပါတီမှ မဲမပေးဘဲ ကြားနေများရှိကြောင်းလဲ သိရ ။