Friday, March 20, 2009

ကျနော့်ခေါင်းကို ရိုက်ခတ်သောကမ္ဘာ။

အခုရက်ပိုင်း -
အလုပ်လုပ်ရတာ စိတ်မပါဘူး။ ဘာလို့လည်းဆိုတာ့ လုပ်စရာကိုမရှိလို့။ လုံးဝ လုပ်စရာမရှိတာတော့ မဟုတ်ဘူး။ ၂ နာရီလောက် လုပ်ရင်ပြီးတဲ့ အလုပ်ကို တစ်နေကုန် လုပ်နေရတာကို က ပျင်းစရာရာကြီးဗျာ။ ကျနော်ဆိုတဲ့ကောင်က အလုပ်တွေနဲ့လုံးနေမှ ကိုဖြစ်မှာ။ အလုပ်ထဲမှာ စိတ်ကို နှစ်ထားခြင်တယ်။

ဟိုတစ်နေ့က -
မြန်မာပြည်ကို ဖုန်းခေါ်ပါတယ်။ ဘာမှ လည်းမပြောရပဲ ပိုက်စံကို စားစားသွားတယ်။ ဒီလိုကြုံရတာလည်း ခဏခဏပဲ။ ဈေးကလည်း ကြီးလိုက်တာမှ ပြော မပြောခြင်ဘူး။ ဘယ်နိုင်ငံနဲ့ပဲ ယှဉ်ယှဉ် ပေါ့ဗျာ ဖုန်းကဒ်ဈေး နှုံးကတော့ ထိပ်ဆုံးကပဲ။ အိန္ဒိယတွေ။ ဘင်္ဂလားတွေ ကို ကြည့်ကြည့် သူတို့တွေ နိုင်ငံက မိသားစု နဲ့ ဆက်သွယ် ရေး တော်တော်လေး အဆင်ပြေတယ်။ တို့များ ရွှေမြန်မာများမှာတော့......

သုံးလေးရက်ရှိပြီ -
အခန်းက အကိုကြီးတစ်ယောက် မြန်မာ ဗွီဒီယိုဇာတ်ကားတွေ တစ်ထုတ်ကြီး ငှားလာတာကို ထိုင်ကြည်
့ဖြစ်တယ်။ ဇာတ်အိမ်ဖွဲ့တာတွေက တခါလာလည်း စင်္ကပူ အလုပ်လုပ်သွားမယ်။ နိုင်ငံခြားမှာ အလုပ်လုပ်မယ် ။ ဒါတွေပဲထပ်နေတယ်။ မှတ်မိသေးတယ် ငယ်ငယ်တုန်းက ဇာတ်ကားတွေ ကျောက်တူးသွားမယ်။ မိုင်းရှူး သွားမယ်။ ဖားကန့်သွားမယ်၊ မိုးကုတ်သွားမယ် အဲဒီလိုတွေလေ။ အခု မြန်မာပြည်မှာ ကျောက်တွေ တူးစရာ မရှိတော့ဘူးလားမသိဘူး။ အေးလေ... ဘယ်အရာမှ မတည်မမြဲတာ.....

တော်တော်ကြာပြီ-
ဟုတ်တယ် တော်တော်ကို ကြာပီ။ အနှစ် ၂၀ နီးပါပဲ။ ကျနော် ခေါင်းကို အရိုက်ခတ်ဆုံးက လူသားတွေနေတဲ့ ကမ္ဘာကြီး။ ထုထည်ကြီးမားတဲ့ ကမ္ဘာကြီးက ကျနော့်ခေါင်းကို ရိုက်ခတ်တာဗျာ.. စဉ်းစားသာကြည့်တော့..
ဦးသန့် က ကမ္ဘာကြီးကို အုပ်ချုပ်ရသူပါ။ ကျနော်က ဘာလည်း - ကမ္ဘာကြီးကို အေးချမ်းစေခြင်သူပါ။ အထူးသဖြင့် ကျနော့် မိခင်တိုင်းပြည် မြန်မာပြည်ကို အေးချမ်းစေခြင်သူပေါ့......