Sunday, January 23, 2011

ပန်းလက်ဆောင်





















မတွေ့ရတာ ကြာပီဖြစ်တဲ့ ဘလော့ဂ်က ဘော်ဘော် တွေအတွက် ပုပ္ပါးမြေက စကားဝါပန်း လက်ဆောင်...

တခါတလေ သတိရပါတယ်

ဘလော်ဂါတွေထဲမှာ မိတ်ဆွေနည်းပါတယ်။ တော်တော်များများလဲ အနားယူသွားကြတယ်။

ဝါသနာအပြည့် ဇွဲနဘဲနဲ့ ရေးနေဆဲ အကို အစ်မ များလဲ တွေ့ရတယ်။

နောက်ထပ်ပေါ်လာတဲ့ ဘလော်ဂါတွေလဲ တွေ့ရတယ်။

ဒီဘလော့ဂ်မှာ စာမရေးဖြစ်ပေမယ့် ကျောက်ပန်းတောင်းအသင်း မှာ အနည်းအပါး မဆိုစလောက် ရေးဖြစ်သေးတယ်။

တခါတလေ သတိရပါတယ်။ ဘော်ဘော်တွေကို........

We are Theravada

တနင်္ဂနွေနေ့တုန်းက မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကို ရောက်ဖြစ်ခဲ့တယ်။ အရှေ့ဘက်မုခ်ကစလို့ မပြောင်းလဲသေးတာတွေကို ပြန်တွေ့ရတယ်။ ကြွပ်ကြွပ်အိတ်ပေးပြီး မုန့်ဖိုးတောင်းတဲ့ ကလေးတွေ ပေါ့လေ။ သူတို့လေးတွေကို ငြင်းဆန်ကျော်ဖြတ်ရင်း ရင်ပြင်တော်ပေါ် ရောက်သွားတယ်။ တန်ဆောင်းတစ်လျှောက်က (နိဗ္ဗာန်ဈေးဆိုင်) လို့ အမည်တပ်ထားတဲ့ ဗေဒင်၊ နတ်ရုပ်၊ ဘိုးတော်အပါအ၀င် သာသနာတွင်း/ပ အကုန်ရတဲ့ဆိုင်တွေကိုလည်း အရင်အတိုင်း တွေ့ရသေးတယ်ပေါ့။ ဒါနဲ့ပဲ ရင်ပြင်တော်ပေါ် ရောက်တယ်ဆိုပါတော့လေ . . . ။

ပျားပန်းခပ် လူးလာခေါက်တုံ့နေတဲ့ မြန်မာပြည်သူတွေရဲ့ တစ်ကိုယ်ရေ အမွှေးနံ့သာနံ့တွေရယ်၊ လှူဒါန်းပူဇော်ထားကြတဲ့ ပန်း၊ အမွှေးနံ့သာတိုင်နံ့တွေ၊ မီးခိုးတွေကြားမှာ ကျွန်တော်လည်း အရင်လိုပဲ စူးစမ်းရင်း လျှောက်လာခဲ့ တယ်။ စေတီတော်ယဉ်ကျေးမှုက အရင်အတိုင်းပါပဲ။ အုန်းသီး၊ ငှက်ပျောသီးနဲ့ တံခွန်၊ ကုက္ကားတွေ အဖွေးသား၊ အရဲသား၊ တချွန်ချွန်၊ တပြောင်ပြောင်နဲ့ ရှိတုန်းပဲ၊ မွေးနေ့ဂြိုဟ်တိုင် ရှေ့ရောက်တော့ ဘာရယ်မဟုတ် ရပ်မိနေတယ်။ (အကျင့်ပါနေလို့လည်း ဖြစ်နိုင်ပါတယ်) ဂြိုဟ်တိုင်ကို ကြည့်လိုက်၊ စေတီတော် ကို မော့ကြည့်လိုက်လုပ်နေုတုန်း

” ပန်းလှူမလား၊ ရေသပ္ပာယ်ရင်းနဲ့ ဂြိုဟ်ပြေ၊ နာမ်ပြေ၊ ယတြာချေလို့ရတယ်” ဆိုတဲံ စေတီတော်ကြီးကို အမှီပြုပြီး အသက်မွေးနေတဲ့ အရောင်းအ၀ယ် လုပ်သူရဲ့ စကားသံက ကျွန်တော့်နားထဲရောက်လာတယ်။ ဒါနဲ့ သူ့ကို ပြုံးပြီး “မလုပ်သေးဘူးနော်”လို့ ငြင်းလိုက်ရတယ်။ သူလည်း လှည့်အထွက် ကျွန်တော့်အနားက မြန်မာလိုဝတ်ထားတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုမေးတာ အလုပ်မဖြစ်တော့ မြင်ရတဲ့ နိုင်ငံခြားသားစုံတွဲကို ဂြိုဟ်တိုင်မှာ ရေသပ္ပာယ်လို့ရတဲ့ အကြောင်း၊ ပန်းလှူ လို့ရတဲ့အကြောင်း အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ပိုင်း၊ ခြေဟန်လက်ဟန်နဲ့ ပြောပါတယ်။

အဲဒီအခါမှာ အမျိုးသားကြီးက ပြုံးပြီး ပြန်ပြောပါတယ်။ “No! We are Theravada”တဲ့ တစ်ခွန်းတည်းပါပဲ။ ကျွန်တော်လည်း သေသေချာချာ ကြားလိုက်ရပါတယ်။ ပြီးတော့ အဲသည့်စုံတွဲက ဆက်ထွက်သွားတယ်။ ပန်းကပ်ဖို့၊ ရေသပ္ပာယ်ဖို့ ပြောတဲ့ အမျိုးသမီးက နောက်လူတွေနဲ့ သူ့အလုပ်ကို ဆက်လုပ်ဖို့ ထွက်သွားတယ်။ ကျွန်တော်သာ အဲသည့်ဂြိုဟ်တိုင်ရှေ့မှာပဲ ရေသပ္ပာယ်နေတဲ့သူတွေကို ကြည့်ပြီး ရပ်ကျန်ရစ်ခဲ့တယ်။ နားထဲမှာတော့ အမျိုးသားကြီးပြောသွားတဲ့ စကားသံကို ပြန်ကြားယောင်မိတုန်း။ ဘယ်လောက် အားရစရာကောင်းသလဲဗျာ။
ကျွန်တော်က “မလုပ်သေးဘူးနော်”လို့ ငြင်းတာ။ နောင်လုပ်ချင်လုပ်မယ်ဆိုတဲ့ သဘောပါနေပြီး သူငြင်းတဲ့ “No! We are Theravada” ဆိုတာကတော့
ပြတ်သားမှုအပြည့်နဲ့ဗျ။ ဒါကို ရေးရတာကတော့ သူငယ်ချင်းတို့လည်း နောင်မှာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ပြတ်သားနိုင်ဖို့ပါ။
သင့်တာရာ (မေတ္တာတံခွန်)

ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာတော် ဥပဒေသငါးရပ်
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အပေါ်၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။)

၂။ စောင့်ထိန်းမှု သီလရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓသာသနာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကို စောင့်ထိန်းသူဖြစ်ရပါမည်။)

၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ရ။ (ဤနေရာတွင် ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ ပြဿဒါး၊ နေကြတ်၊ လကြတ်စသော
စိတ်ကူးယဉ်အတွေးတို့၌ ယုံကြည်နေမှုကို ဆိုလိုပါသည်။)

၎။ ကံကိုသာ ယုံကြည်နေသူဖြစ်ရပါမည်။ (ဤနေရာတွင် မိမိ၏ကံနှင့်ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟု ဆိုလိုသည်။)

၅။သာသနာတော်ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ။ (ဤနေရာတွင် သာသနာ တော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှုခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ။ နတ်၊ သိကြား၊ ဗြဟ္မာ၊ ဂြိုဟ်နတ်၊ ထွက်ရပ်ပေါက်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဖာ စသော သာသနာ့ပြင်ပကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟု ဆိုလိုပါသည်။)
ရေစကြို အရှင်ဧသိက၏ ‘ ထေရ၀ါဒဗုဒ္ဓဘာသာ’ စာအုပ် စာမျက်နှာ ၁၇၂၊၁၇၃ မှကောက်နှုတ်ချက်။

ဖိတ်ခေါ်ခြင်း

အသင်းဝင်များ၊ နယ်သူနယ်သားများနှင့် ပြည်တွင်းပြည်ပ မိတ်ဆွေများ အားလုံး မင်္ဂလာပါ -

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် ဇာတိ မြေနှင့်သက်ဆိုင်သော ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ၊ သတင်းအချက်လက်များ ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် စာရေးခြင်းအား နှစ်ခြိုက်သော စာပေဝါသနာရှင်းများသို့ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္တုတို၊ ဝတ္တုရှည်၊ သမိုင်းမှတ်တမ်းများ ပါဝင်ရေးသား ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် = admin@kyaukpadaung.com သို့ အီးမေး ပေးပို့ခြင်း နှင့် Contact Us မှ အဖွဲ့ဝင်များ၏ အီးမေးမှ တဆင်လည်း ပေးပို့နိုင်ပါသည်။

http://kyaukpadaung.com ဝဘ်ဆိုဒ်သည် ဇာတိမြေ ကျောက်ပန်းတောင်း မြို့၏ ကိုယ်ပွား ပုံရိပ်ဖြစ်သည်။

ကျောက်ပန်းတောင်းသို့ စာအုပ်လှူမည်

ကျွန်တော် ငယ်စဉ်ကတည်းက အားလပ်သော အချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေ၏။ နွေကာလများတွင် ရွာဓလေ့အတိုင်း တောပစ်၊ ကြက်တိုက်၊ အာဝါဒေးပွဲများသို့ မရောက်ဖြစ်ခဲ့။ အဘိုး၏ တရားစာအုပ် ပုံတိုပတ်စ အကုန် ဖတ်ဖြစ်သည်။ ငါးပိ ငါးခြောက်ထုတ်သော သတင်းစာကအစ ဖတ်သည်။ အတန်းကြီး အတန်းငယ် သင်ခန်းစာ စာအုပ် အကုန်ဖတ်သည်။ ရွာမှ အတန်းကြီး အကိုအမ များထံမှ စာအုပ် (ရုပ်ပြ ကာတွန်း ဝတ္ထု) များငှားကာ ဖတ်ဖြစ်သည်။ စာဖတ်များလွန်း၍ ကောင်းတာရှိသည် မကောင်းတာလဲ ရှိသည်။ မည်သည့်စာပေကို ဖတ်သင့်သည် လမ်းညွန်ပေးမည့်သူမရှိ။

ယခုအရွယ်မှ ပြန်လည်စဉ်းစားမိသောအခါ မကောင်းသည့်အချက်ကိုတွေ့ ရသည်။ ဖတ်စရာမရှိ- ရှိတာဖတ်သော ကျွန်တော် အချစ်ဝတ္တု စာအုပ်များနှင့် ရင်းနီးခဲ့သည်။ ဖတ်ပါများလာသောအခါ ဝါသနာထုံလာသလို အချစ်ဝတ္တု ဇာတ်ကောင်များ၏ စိတ်များကူးစက်ခြင်း မသိမသာ ခံလာရသည်။ ယခုမူ ရသစာပေ အချစ်ဝတ္တု (အဆိပ်စာပေ) ကို မုန်းတီးမိလာသည်။ အကယ်၍သာ ငယ်စဉ်အချိန် စာဖတ်ချင်စိတ်များသော အရွယ်က လမ်းကြောင်းမှန်ဖြင့် နည်းပညာ စာအုပ်များ လက်တကမ်းတွင် ရှိခဲ့ပါမူ။

စာဖတ်ဝါသနာပါလာ၏။ သို့သော် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်ခဲ့စဉ် အချိန်အထိ စာကြည့်တိုက် ဆိုတာ ဘာလဲ ကျွန်တော် နားမလည်ခဲ့ပါ။ ကျောင်းတွင် စာကြည့်တိုက်ရှိသည်ဟု သိသော် လည်း မရောက်ဖြစ်ခဲ့။ တစ်ယောက်တည်းနေ၍ ပတ်ဝန်းကျင်နှင့် အလှမ်းကွာလှသော ကျွန်တော် သည် စာအုပ်စာပေ အလကားရသော နေရကိုမသိခဲ့။ မဖြစ်စလောက် အပိုငွေလေးဖြင့် လင်းဦးတာယာ စာပေ ၊ မျိုးဆက်သစ်စာပေ အစရှိသော ဆိုင်မှားမှ ဝယ်ယူ ဖတ်ရှုခဲ့ရသည်။

ပထမဆုံး စာကြည့်တိုက် အသင်းဝင်ဖြစ်သည်မှာ မကွေးတက္ကသိုလ်တွင် အဝေးသင် နောက်ဆုံးနှစ်တက်ခဲ့စဉ်က နိုင်ငံတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော E-library တွင်ဖြစ်သည်။ စာအုပ်စင် စာကြည့်တိုက်မှ အီလက်ထရောနစ် စာကြည့်တိုက်စနစ်သို့ မြေစမ်း ခရမ်းပြိုးကာလဖြစ်သည်။ စာအုပ်များကို စီဒီ ကူးထားပြီး ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။ အီးမေး အင်တာနက် ဆိုတာ အစာအစာ နာမည်တခုမဟုတ်ဟု ပြည်သူများသို့
စတင် အသိပေးချိန်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွန်ပျူတာ အသုံးပြု တတ်သူ လက်ချိုး ရေ၍ ရသေးသည်။ (ဆိုလိုသည်မှ ကွန်ပျူတာ သုံးတတ်သူ နည်း၏)။ ယခုလို ၂၀၁၁ နှစ်များတွင် E-library သည် အတော် အသုံးဝင် လိမ့်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှ စီမံကိန်းများအား မဝေဖန်လိုပြီ။ ပြောစရာကတော့ ရှိနေသေးသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းမှ လမ်းဘေးတွင် ပုံအောထားသော စာပေ အဟောင်းဆိုင်မှ ဝယ်ယူရရှိသော စာကြည့်တိုက် နှင့်ပတ်သက်သည့် စာအုပ်တအုပ် ဖတ်ခဲ့ဖူးသည်။ စာကြည့်တိုက်သည် ကျေးလက် စာကြည့်တိုက်များ မှ မြို့နယ်စာကြည့်တိုက်များ ထိုမှတဆင့် နိုင်ငံတော် အဆင့် စာကြည့်တိုက် အဆင့်သို့ ချိတ်ဆက် တည်ရှိပုံ များပါဝင်သည်။ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ကာ စာအုပ်စာပေ စီးဆင်းခြင်း မြစ်တဆင်း ဖတ်တီးကြရမည်။ (လဲလှယ်ကာ ဖတ်ရှုစေခြင်း)။ ယခုအခါ ကျေးလက်စာကြည့်တိုက် အစီ အစဉ်များဖြင့် စာကြည့်တိုက်များ ဖွင့်လှစ် ပေးနေသည်ကို သတင်းစာများတွင် ဖတ်ရသည်။ ပညာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် အတွက် အုပ်ချုပ်သူ အစိုးရချည်း အားကိုး နေ၍ မဖြစ်ခြေ။ တမျိုးသားလုံးအတွက် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် လူတိုင်း လူတိုင်းတွင် တာဝန်ရှိဟု ကျွန်ုပ်ယူဆသည်။

ဒုတိယအကြိမ် အဝေးရောက် ကျောက်ပန်းတောင်း သူ/သားများ တွေ့ဆုံပွဲတွင် ဇာတိမြေ ကျောက်ပန်းတောင်းမြို့ စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းမည် ဟု သိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသည်။ ဒေသတိုင်း ဒေသတိုင်း တပိုင်တနိုင် စာကြည့်တိုက်များ စည်ပင်ဖွင့်ဖြိုးလာလျှင် တမြို့နယ်နှင့် တမြို့နယ် စာကြည့်တိုက် အချင်းချင်း သဘောတူမှုရယူ ချိတ်ဆက်ကာ စာအုပ်များအား မျှဝေ ဖတ်ရှုစေခြင်းဖြင့် ပညာဘဏ်တိုက်ကြီး ဖြစ်လာပေလိမ့်မည်။ သို့ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ရန် မခက်ခဲ့တော့ပေ။ ထို့ထက်ပိုကာ တွေးရလျှင်ဖြင့် အစိုးရ စာကြည့်တိုက်များ၊ ဒေသတွင်း တပိုင်တနိုင် စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ ဘာသာရေး စာကြည့်တိုက်များ မှ စာကြည့်တိုက်မှုးများ တွေ့ဆုံညှိနိုင်းကာ စာအုပ်စာပေး စီးဆင်းမှု လွတ်လပ်ခြင်းအား ဖန်တီးကြပါလျှင် အတိုင်းထက်လွန်ဖြစ်တော့၏။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။