Wednesday, August 1, 2012

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူ့ဘောင်စခန်းကို လှမ်းစို.. တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။

အရှေ့ဘက်တလျှောက်မှာ
တောင်ကျရေများ စီးဆင်းသာယာ
ချောင်းရေလျင် ကြည်ကြည်အေးလို့ပါ ။

ဟိုး..ဟိုး တောင်လယ်ပြင်ဆီမှာ
လယ်ပြင်မို့မို့ စိမ်းညို့ညို့
စပါးပင်တွေ ယိမ်းနွဲ့လို့သာ ။

မြောက်ဆီကို လှမ်းမျှော်ကြည့်တဲ့အခါ
ရှင်မကြွယ်လူး တောင်တော် သာသာယာယာ
ကိုးတောင်ပြည့် စေတီဘုရားကို ဖူးတွေ့ရမှာ ။

ရွှေညောင်ပင် အနောက်ဘက် စခန်းထိ
လှမ်းကြည့်မျှော်တဲ့ အခါ..
တို့..ပြည်သူ့စိုက်ပျိုးရေးအတွက်..
ပြည်သူ့ ယာခင်းတွေက သာ.....။

လာလည်ပါ လေးရွာတစ်တန်း စခန်းသာ..
ပျော်ရွှင်စွာ ဖိတ်ခေါ်နေလျှက် သွေမပျက်ပါ..
သာယာတဲ့ လူဘောင်စခန်းကို လှမ်းစို တူမကွာ..
လက်ပန်ကျင်းခေါ် လေးရွာတစ်တန်းကိုလာရောက်လို့ လေ့လလည် စမ်းပါ…။

ငယ်စဉ်က ရွာမှာ ဒိုးပတ်နဲ့ ဆိုခဲ့တဲ့ သီချင်း (သိပ်မမှတ်မိတော့သလို သံစဉ်လဲ သိပ်မရတော့ဘူး) မှတ်မိသလောက် ချရေးထားတာ ။