Wednesday, November 30, 2011

ကျောက်ပန်းတောင်းမြို့ အထက ၂ အာစရိယ ပူဇော်ပွဲ နှင့် ပညာရည်ချွှန် ဆုချီးမြင့်ပွဲ ။

ကျောက်ပန်းတောင်းမြို့ (ယခင်စံပြကျောင်းဟောင်း) အထက (၂) ကျောင်းသား ကျောင်းသူများ၏ (၁၄)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ၊ (၁၃) ကြိမ်မြောက် ပညာရည်ချွှန် ဆုချီးမြင့်ပွဲ၊ ထာရငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ၊ 2011 ခုနှစ် တက္ကသိုလ်င် စာမေးပွဲ တွင် အမှတ်အများဆုံးနှင့် ဘာသာစုံ ဂုဏ်ထူးရှင် လေးဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ဒီဇင်ဘာလ ၂၄ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီတွင် အဆိုပါ ကျောင်းတွင် ကျင်းပမည် ဖြစ်သည်။

လှူဒါန်းလိုသူများသည် ကိုဌေးလွင် ဖုန်း - 09-5155613 ၊ မသန်းသန်းဝင်းနှင့်ညီမများ ဖုန်း-01-248020 ၊ မအေးမြင့်သန်း (အထက ၂ ) ဖုန်း-061-50586 ၊ ကိုဝင်းမော် (မန္တလေး) ဖုန်း - 09-2026545 ၊ ဗိုည်ကြီး မြသောင်း (နေပြည်တော်) ဖုန်း -09-5191087 ၊ နှင့် ကိုဆန်းထူး (နတ်မောက်) ဖုန်း - 063-69108 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါသည်။ ကြေးမုံသတင်းစာ (30-11-2011) ပါ သတင်းအား နယ်သူနယ်သား များ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။ ။ ကျောက်ပန်းတောင်းအသင်း။

ကြေးမုံသတင်းစာ (30-11-2011) ပါ သတင်းအား နယ်သူနယ်သား များ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။ ။
copy from - ကျောက်ပန်းတောင်းအသင်း။

Sunday, September 25, 2011

မြင်းခြံ သနပ်ဖက် ဆေးပေါ့လိပ် ။


မြင်းခြံမြို့က ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် ဆုံရာ ဧရာဝတီ အရှေ့ဘက် ကမ်းခြေမှာ တည်ရှိတယ်။ ခရိုင်မြို့ ဖြစ်ပါတယ်။ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နထိုးကြီး၊ ငန်းဇွန်း တို့ပါဝင်တယ်။ မြင်းခြံမြို့ရဲ့ အဓိက ထွက်ကုန် ကတော့ ဆေးရွက်ကြီး ဖြစ်ပါတယ်။ မိုးဦးမှာ မြေပဲ ၊ နှမ်း ဆီထွက် သီးနှံများ စိုက်ပျိုး ကြပြီး မိုးနှောင်းမှာ ဆေးရွက်ကြီးကို စီးပွားဖြစ် စိုက်ကြတယ်။ ဆေးရွက်ကြီး စိုက်သူကို ဆေးတောင်သူ လို့ ခေါ်ကြတယ်။ မြင်းခြံမြို့အကြောင်း နဲ့ မြင်းခြံကျေးလက် လူနေမှု အကြောင်းကို မြင်းခြံသူ စာရေးဆရာမ ခင်ခင်ထူးက "အညာသူ အညာသား ကျမ ဆွေမျိုးများ" ဆိုတဲ့ စာအုပ်မှာ ပြည့်စုံစွာ ရေးထားပါတယ်။ ကျွန်တော် အဓိက ပြောချင်တာ မြင်းခြံက ထွက်တဲ့ သနပ်ဖက် ဆေးပေါ့လိပ် အကြောင်းဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ သနပ်ဖက် ဆေးပေါ့လိပ် နာမည်တွေရှိ တယ်။ ရွှေဒေါင်းတောင်၊ ဆောင်းကောက်၊ နေခြည် အစ ရှိသည်ပေါ့ မြင်းခြံမြို့က ထွက်တယ်ထင်ပါတယ်။ အသေချာတော့ မပြောရဲဘူး။ ပဲခူးမြို့ကလဲ သနပ်ဖက် ဆေးလိပ်ခုံတွေ ရှိတယ်။ နောက်ပြီး မန္တလေးကလဲ သနပ်ဖက် ဆေးပေါ့လိပ် ထွက်ပါတယ်။ ဆေးပေါ့လိပ် ဆိုတာ အခုခေတ် စီးကရက် နဲ မတူပါဘူး။ ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုန်း ဘက်က သနပ်ဖက် ထွက်တယ်။ သနပ်ဖက်လှော်ပြီးသား စိမ်းလဲ့နေတဲ့ သနပ်ဖက်နဲ့ မြင်းခြံကထွက်တဲ့ အဓိကထွက်ကုန် ဆေးရွက်ကြီး ဆေးရိုးနဲ့ စနစ်တကျစပ်ကာ လိပ်တယ်။ ဆေး အချိုးအဆ သေချာစပ်မှ အရသာရှိပြီး ရောင်းကောင်းတယ် ပြောတယ်။ အဲဒါကတော့ မြန်မာတွေရဲ့ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ခုံ လုပ်ငန်းအကြောင်းပေါ့။ သနပ်ဖက် ဆေးပေါ့လိပ် ပေါ်တာ သိပ်မကြာလောက်သေးဘူး။ သနပ်ဖက် ဆေးပေါ့လိပ် မပေါ်ခင်ကတည်းက မြန်မာတွေက ဆေးလိပ်သောက်တာပါ။ ကျွန်တော် တို့ ကျောက်ပန်းတောင်းနယ် မှာဆို ပြောင်းဖူး ဖက်ဆေးလိပ်ကို ကိုယ်တိုင် လိပ်သောက်ကြတယ်။ အဘိုးနဲ့အဖွား ဆို ပြောင်းဖူးဖက် ဆေးလိပ် သောက်တယ်။ အဖွားလိပ်တဲ့ ဆေးလိပ်မှ အဘိုးက သောက်တယ်။ တခါတလေ ဆေးများတယ် ဆေးနည်းတယ်နဲ့ ချေးများပေမယ့် အဖွားလက်ရာကိုပဲ သောက်တယ်။ ကျွန်တော်တို့ နယ်ကျတော့ ပုပ္ပါးလွင်က ထွက်တဲ့ ဆေးရွက်ကြီး နဲ့ ကိုယ်တိုင်လုပ် ဆေးရိုးပင်က ဆေးစာနဲ့ ယာတောထဲက ထွက်တဲ့ ပြောင်းဖူးဖက် ကို သုံးတာ။ ဆေးလိုပ်သောက်တာ ကျန်းမာရေးကို ထိခိုက်တယ်လို့ ပြောကြတယ်။ အဘိုးနဲ့ အဖွားတော့ အသက် ၉၀ ဝန်းကျင်ထိ နေသွားကြတယ်။ ဒါပေမယ့် ထူးခြားတာ တခုတွေ့မိတယ်။ အဘိုးနဲ့ အဖွား ငယ်စဉ်က လုံးဝ ဆေးလိပ်မသောက်ပါဘူး။ လူတိုင်း အမျိုးသား အမျိုးသမီး အသက် ၄၅ ကျော်လောက်မှ ဆေးလိပ် စသောက်ကြတယ်။ "ငယ်ငယ်ရွယ်ရွယ် ဆေးလိပ် မသောက်ရဘူး" လို့ ဆုံးမထားတော့ ဆေးလိပ်ဆိုတာ လူကြီးတွေ သုံးတဲ့ အရာလို့ မြင်တယ်။ သနပ်ဖက် ဆေးလိပ်ပေါ်လာတော့ ဆေးလိပ်က လက်ညှိုးလောက် သေးသေးလေး။ လက်ထဲညှပ်လို့ သောက်ချင်စရာလေးပေါ့။ ခေတ်ပေါ်ဆိုတော့ လူကြီးတွေတင်မက လူငယ်တွေပါ သောက်လာကြတယ်။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ် ဆိုတာ သိတော့သိကြပါတယ်။ ဆေးလိပ်သောက်ရင် အရင်ဆုံး နှုတ်ခမ်းတွေညိုမဲနေမယ်၊ အချောင်းဆိုးမယ်၊ ရင်တုန်ပြီး မောမယ်။ ဆေးလိပ်ကို ငယ်ရွယ်စဉ်ကနေ သောက်တဲ့သူက အဆုပ်မှာ မီးခိုးတွေကပ်လို့ အသက်ရှူမဝဖြစ်မယ်။ ပြောင်းဖူးဖက် ဆေးလိပ်၊ သနပ်ဖက် ဆေးလိပ် မြန်မာ့ မိရိုးဖလာ ဆေးလိပ်သောက်ခြင်းက ကောင်းသလားဆိုတော့ လုံးဝမကောင်းပါ။ ဒါပေမယ့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ဘိန်း၊ ကိုကင်း အစရှိတဲ့ မူးရစ်ဆေးဝါးတွေက လူခန္တာက တောင်းဆိုတဲ့ အရာတွေ ဖြစ်နေပြန်ရော။ သုံးတတ်ရင် ဆေးပေါ့။ မသုံးတတ်တော့ ဘေးဖြစ်တယ်။ တရုတ်တွေ၊ ရှမ်းတွေ ဘိန်းစားတယ်တဲ့ ဒါကလဲ မူးရစ်ဆေးပါပဲ။ ကျွန်တော့်အထင် နှစ်ပေါင်း ၄၅ လောက် လှုပ်ရှားလာတဲ့ ခန္တာကိုယ်က ထုံထိုင်းလာတယ်။ ကိုယ်ခန္တာက မလန်းဆန်းတာကြောင့် စိတ်ပါ မရွှင်ဖြစ်လာတယ်။ မိသားစု စီးပွားရေး ပြသနာ ဖိအားတွေဝင်လာတဲ့အခါ လူတွေ အသက်ကြီးလာရင် စိတ်ငြိမ်အောင် မူးရစ်ဆေးတော့ သုံးချင်ကြတယ်။ အဲလိုထင်ပါတယ်။ ဆက်ပြောမယ်။ ပြောင်းဖူးဖက် ဆေးလိပ် ကနေ ၁၉ ရာစုမှာ သနပ်ဖက် ဆေးပေါ့လိပ် အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ အဲဒီကတဆင့် အခုဆိုရင် ဒူးယား၊ လန်ဒန်၊ ဗီးဂက်စ်၊ အစရှိသည် နိုင်ငံခြား နည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်သော စီးကရက် ခေတ်ကိုရောက် လာပါတယ်။ စီးကရက်ခေတ် ရောက်လာတော့ လူငယ်များ ဆေးလိပ်သောက်ခြင်းကို ပိုကို လုပ်ဆောင်လာကြတယ်။ မင်းသား မင်းသမီးတွေက ဆေးလိပ်သောက်ပြ၊ ပိုစတာများဖြင့် ကြေငြာ ဆိုတော့ ဆေးလိပ်ကို ပိုသောက်လာတယ်။ လူငယ်တွေကြားမှာ စီးကရက် နဲ့ စတိုင်မိုက်သလိုလို ၊ စီးကရက် မသောက်တတ်ရင် လူရာမဝင်သလို အထင်မြင်မှားမှုတွေ ရှိလာတယ်။ တကယ်တော့ စီးကရက်ကလဲ ဆေးရွက်ကြီးထက် ပိုတဲ့ ကိုနီဒင်း ထည့်ထားလို့ သောက်မိတာနဲ့ ဆွဲလန်းစေပါတယ်။ ရောဂါလဲ ပိုမိုဖြစ်စေပါတယ်။ ရေရှည်သောက်လို့ ကိုနီဒင်းက သွေးကြောထဲ စိမ့်ဝင်တဲ့အခါ ကင်ဆာ လို့ခေါ်တဲ့ ရောဂါကို ရစေနိုင်ပါတယ်။ လောင်းကစား၊ ဆေးလိပ်၊ အရက် လုပ်ငန်းက စီးပွားဖြစ်လွယ်ပါတယ်။ အဲဒီတော့ လူကြီးတွေ သိပါလျှက် ဆေးလိပ်သောက်တာ မပြောလိုပါ။ ကျွန်တော်လဲ သောက်ပါတယ်။ ဆေးလိပ် အလွယ်ရရင် ပိုသောက်ဖြစ်ပါတယ်။ ဈေးပေါပေါနဲ့ ရရင်လဲ ပိုသောက်ဖြစ်မှာပါပဲ။ ဒါကို နိုင်ငံ အုပ်ချုပ်သူ သမ္မတ အနေနဲ့ သိထားရပါမယ်။ ဆေးလိပ်၊ အရက်၊ လောင်းကစား လုံးဝ မလုပ်ရ တားမြစ်ထားရင် ပိုဆိုးမယ်ထင်ပါတယ်။ အဲတော့ ဒီလုပ်ငန်းတွေကို အခွန်နှုန်းမြင့်စွာ ကောက်ယူ စည်းကြပ် သင့်ပါတယ်။ အခွန်ပေးဆောင်ခ မြင့်တဲ့အခါ ထုတ်လုပ်သူအနေနဲ့ ဈေးမြှင့်ရောင်း ရပါမယ်။ ဆေးလိပ်၊ စီးကရက် ဈေးကြီးချင် ကြီးပါစေ ဒါဟာ ဆန် ဆီ မဟုတ်တဲ့ အတွက် ပြသနာတခု မဟုတ်ပါဘူး။ တခုရှိတာက မှောင်ခိုလုပ်ငန်း လုပ်လာနိုင်ပါတယ်။ ဒါကိုတော့ တင်းကျပ်စွာ ကိုင်တွယ်ရပါမယ်။ နောက်တခု မြန်မာပြည်မှာ ကွမ်းယာဆိုင် ယဉ်ကျေးမှုကို မနှစ်သက်ပါဘူး။ ကွမ်းလဲ ရှေးအစဉ်လာ ဆိုပေမယ့် ကွမ်းဆွဲသည်ထိ မစားသင့်ပါ။ မူးရစ်ဆေး တစ်မျိုးပဲဖြစ်ပါတယ်။ ကွမ်းယာဆိုင်မှ မဖွင့်ရင် ဘာလုပ်စားမလဲ လို့ လာမေးရင် ကျွန်တော်ကတော့ လဲသေလိုက်ပါ လို့ပဲ ဖြေပါ့မယ်။ လူတွေဆိုတာ အလွယ်လိုက် လွန်းပါတယ်။ တောင်းစား ရတာလွယ်တော့ သူတောင်းစားဘဝမှာတောင် ပျော်တတ်ကြပါတယ်။ အလုပ်လုပ်ရပါမယ်။ အနာဂတ်အတွက် လူငယ်၊ လူရွယ်၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ၊ တစ်ယောက်မကျန် အလုပ်လုပ်ရပါမယ်။ အလုပ်လုပ်ဖို့ အတွက် အချိုအချောင် လုပ်ငန်းတွေ သေချာစည်းကျပ်ရပါမယ်။ ကိုယ့်အသိနဲ့ကိုယ် ဆိုပေမယ့် ဒါကို နိုင်ငံ အုပ်ချုပ်သူတွေ နားလည်ရပါမယ်။
ကျွန်တော့် ရေးရင်းနဲ့ အကြောင်းအရာကို ကျော်လွန်သွားတယ်ထင်ပါတယ်။ ဒီမျှပါပဲ.......။ ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

ငါ့သရောက် အိုး ။


ငါ့သရောက် အိုးလုပ်ငန်းဟာ ပုဂံညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး နယ်တခွင်မှာ နာမည်ကြီးပါတယ်။ ဘာကြောင့် နာမည်ကြီးလဲ ဆိုတော့ အထူးသဖြင့် ငါ့သရောက်က လုပ်တဲ့ သောက်ရေအိုးက ပူလွန်း တဲ့ နွေကာလမှာ သောက်ရေကို အေးမြစေတဲ့ အတွက်ဖြစ်ပါတယ်။ ငါ့သရောက် မြေက အိုးလုပ်ငန်းအတွက် အထူးသင့်လျှော်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ပုဂံညောင်ဦး ခရိုင်က ငါ့သရောက် ဟာ မြို့နယ် တခုဖြစ်ပါတယ်။ ရာဇဝင် ထဲမှာ နယ်ချဲ့ အင်္ဂလိမ်ကို တော်လှန်ခဲ့တဲ့ သူရဲကောင်း ပုဂံဗိုလ်ချို ဆိုတာ ငါ့သရောက် နယ်သားဖြစ်ပါတယ်။ ငါ့သရောက်အိုးလုပ်ငန်းက ထွက်တဲ့ အိုးခွက်တွေက ကျွန်တော် သိသလောက် ရေးပြပါမယ်.. တချို့ကို နာမည် မမှတ်မိပါဘူး။ သောက်ရေအိုး၊ ရွက်အိုး၊ ရေအင်တုံ၊ ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရေထည့်တဲ့ မြူအိုး၊ ညောင်ရေအိုး၊ မုန့်ပြားသလက်လုပ်တဲ့ အိုးခင်း၊ စလောင်းဖုံး၊ ပန်းအိုး စသည်ပေါ့ ရှိပါတယ်။ အိုးပုတ် ချိုးရုပ် တွေလဲ ရှိတယ်။ သောက်ရေအိုးကတော့ လူတိုင်းသိပါတယ်။ အခုခေတ်မှာတော့ ရေသန့်ဗူးက နေရာဝင် ယူနေပါပြီ။ ရွက်အိုးကတော့ အပျိုလေးတွေရေခပ်ဆင်းတဲ့ တပိုင်တနိုင် အရွယ်အစား အိုးဖြစ်ပါတယ်။ မိန်းကလေးတွေ ရေအိုးရွက်တာ ခေတ်ကုန်သလောက်ရှိပြီ..။ အခုတော့ သံပုံး ရေထမ်းကို သုံးကြတယ်။ ခေတ်ကာလနဲ့ တစ်ခေါက် တစ်အိုးနဲ့ အလုပ်မဖြစ် ဘူး။ ရေတစ်ထမ်းဆို နှစ်အိုး တခါတည်းရတယ်။ နောက်တခု ရေအင်တုံ ဆိုတာ ယက်ကန်းလုပ်ငန်းတွေမှာ သုံးတယ်။ ဟိုးတုန်းက ကျေးလက် မှာ အိမ်တိုင်း ယက်ကန်းစင်ရှိတယ်။ ယက်ကန်းသုံး ဝါချည်ကို ဗိုင်းငင် ခြည်ချ .. ခြည်ခင်ကို ရေစိမ် ထမင်းလုံးနယ် ၊ ဆေးဆိုး အဲလို အခါမှာ ရေအင်တုံကို သုံးတယ်။ ပီးတော့ ဟင်းချက်အိုးမှာ ပဲဟင်းအိုးက အရွယ်ကြီးတယ်။ အသားငါးချက်တဲ့အိုး အငယ် ဆိုဒ်ကတော့ မျိုးစုံရှိတယ်။ မြေအိုး နဲ့ ချက်တာ ခေတ်ခဏ တိမ်သွားပေမယ့် အခုဆို မြေအိုးမီးရှည် လို အစားအစာတွေမှာ မြေအိုးသုံးချက် တဲ့ အရသာကို ထူးခြားစွာ ဆွဲလန်းနေဆဲ။ မြေအိုးချက်က တကယ် ကောင်းပါတယ်။ အရသာရှိတယ်။ ကောက်ညှင်းပေါင်းတဲ့ အိုးက ပုံစံ တမျိုးဗျ.. မျက်စေ့ထဲမြင်အောင် မပြောပြတတ် ဘူး။ ထားတော့.. ။ ထန်းရေထည့်တဲ့ မြူအိုးကျတော့ အခုထိသုံးဆဲ.. ဒါကျတော့ သိတယ်။ ထန်းရေခံတာ မြူအိုးနဲ့မှ အရသာရှိတယ်။ ညောင်ရေအိုးတော့ အခု သိပ်မသုံးကြတော့ပါဘူး။ ကြွေအိုး၊ ဖန်အိုး ၊အမြောက်စံ တွေ သုံးလာတယ်။ ငါ့သရောက် ညောင်ရေအိုးက သပြေခက်ကို စိမ်းတက်နေအောင် ထိန်းထားနိုင်တယ်။ နှစ်တရာကို အမြစ်ပွားစေတယ်။ ပန်းသည်တွေက ငါ့ပန်းတွေ ငါ့သရောက် အိုးနဲ့ ဘုရားပန်းထိုးကြ လို့ သူတော် ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တယ်ဆိုပဲ။ အိုးပုတ် ချိုးရှုတ်ဆိုတာ သိတယ်မလား။ ငယ်ငယ်က ခွက်တန်း ကစားကြတယ်။ သဲတွေထည့်ပီး ထမင်းချက်တယ်။ မန်ကျီးရွက်တွေခူး ဟင်းချက်တယ်။ ကလေးဘဝ အသုံးဆောင်လေးတွေပါ။ တကူးကူး.. ကူး.. မြည်တဲ့ ချိုးရုပ်လဲ ကြိုက်တယ်။ ငါ့သရောက်က ကျောက်ပန်းတောင်းနဲ့ မြေနီကျောက်ခင်းလမ်းရှိတယ်။ အိုးလှည်းတွေ လာလို့ လမ်းပေါက်တာလဲဖြစ်မယ်ထင်တယ်။ တချိန်က ငါ့သရောက်အိုးက အညာတခွင် နာမည်ကြီးပါပဲ။ အခုထိလဲ နာမည်ကြီးဆဲ........။
သုံးလွန်းတင်မှ ကြိုး.. ဒေါင်ဒေါင်မည်မှ .. ငါ့သရောက်အိုး.. ဆိုရိုး သည်လိုရှိခဲ့ တယ်... လို့ သီချင်း ဆိုလို့ ရောင်းကြတယ်။ ။
ကျွန်တော် သိသလိုရေးပါတယ်။ အမှားပါရင် မှတ်ချက်ပေးပါ။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Saturday, September 24, 2011

ဧရာဝတီ မြစ်တလျှောက် မြို့ရွာများ။

မိတ္ထီလာကန်ကြောင့် မိတ္တီလာမြို့နေလူထု ကောင်းကျိုးခံစားရပါတယ်။
မိတ္တီလာကန်ကို ရေနေစေဖို့ ဆည်ဖို့ကြတယ် ထိန်းသိမ်း လို့ သိရတယ်။
အင်းလေးကန်ကြောင့် အင်းလေးဒေသနေလူထု ကောင်းကျိုးခံစားရပါတယ်။
အင်းလေးကန်တိမ်ကောလာမှုကို ထိန်းသိမ်းဖို့အတွက် ပြင်ဆင်ကြတယ်လို့ သိရပါတယ်။
အင်းလျှားကန် ၊ ကန်တော်ကြီး အလှပတွေကြောင့် ရန်ကုန်မြို့ ကြက်သရေ တိုးပါတယ်။
အင်းလျှားကန်၊ ကန်တော်ကြီး ရေပြင်အတွက် သန့်စင်ဖို့ ပြုပြင်ထိန်းသိမ်းကြတယ်လို့ သိရတယ်။
ထိုနည်းတူ.......
မြန်မာပြည် တောင်မြောက် စီးဆင်းတဲ့ ဧရာဝတီမြစ် ရဲ့ အသုံးဝင်မှု များစွာရှိပါတယ်။
မြန်မာပြည် တစ်ပြည်လုံး လူထုတွေ အကျိုးခံစားကြရတယ်။
အဲဒီ ဧရာဝတီမြစ်ကို ထိန်းသိမ်းဖို့ မလိုအပ်ဘူးလား ။

အကယ်၍ ဧရာဝတီ မြစ်သာ ရေခန်းသွားရင် အောက်မြို့တွေ ရေကြည်ရာ မျက်နုရာရှာ နေရာ ပြောင်းကြရလိမ့်မယ်။

၁။ လပွတ္တာ
၂။ ဘိုကလေး
၃။ ကျုံမငေး
၎။ ဝါးခယ်မ
၅။ မအူပင်
၆။ ရွှေတောင်မှော်
၇။ ပန်းတနော်
၈။ စားမလောက်
၉။ မဲဇလီ
၁၀။ ရန်ကုန်
၁၁။ သန်လျင်
၁၂။ ဒနုဖြူ
၁၃။ ဇကကြီး
၁၄။ အပြောက်
၁၅။ ဘောသွန်
၁၆။ ဇလွန်
၁၈။ ဒေါင်းကြီး
၁၉။ ဟင်္သာတ
၂၀။ သာရဝေါ
၂၁။ ဇီးဖြူကုန်း
၂၂။ ထိန်တော
၂၃။ ပန်းတော
၂၄။ ညောင်ထော်
၂၅။ ရွှေကြွင်း
၂၆။ ကောင်းခလယ်
၂၇။ မြန်အောင်
၂၈။ နတ်စင်ကုန်း
၂၉။ ကြံခင်း
၃၀။ ထုံးဘို
၃၁။ ကြည်းသဲ
၃၂။ ပဒေါင်
၃၃။ ရွှေတောင် (ပြည်)
၃၄။ ဆင်တဲ
၃၅။ ပြည်
၃၆။ ဘိုကုန်း
၃၇။ ကန်မ
၃၈။ ရေနံသာ
၃၉။ ညောင်ပင်ဆိပ်
၄၀။ ဘွက်ကြီး
၄၁။ သရက်
၄၂။ အောင်လံ
၄၃။ ဆင်ပေါင်ဝဲ
၄၄။ မလွန်
၄၅။ မင်းလှ
၄၆။ ဘုရားကုန်း
၄၇။ မကွေး
၄၈။ မင်းဘူး
၄၉။ စကု
၅၀။ စလင်း
၅၁။ ပွင့်ဖြူ
၅၂။ ရေနံချောင်း
၅၃။ စလေ
၅၄။ ဆိပ်ဖြူ
၅၅။ ချောက်
၅၆။ စဥ့်ငူ
၅၇။ လမ်းရွာ
၅၈။ မြစ်ခြေ
၅၉။ ပုဂံ
၆၀။ ညောင်ဦး
၆၁။ ပခုက္ကူ
၆၂။ မြင်းခြံ
၆၃။ ရေစကြို
၆၄။ ဆီမီးခုံ
၆၅။ မြင်းမူ
၆၆။ ဟံသာဝတီ
၆၇။ စကိုင်း
၆၈။ အမရပူရ
၆၉။ မန္တလေး
၇၀။ ပုသိမ်ကြီး
၇၁။ ရွှေဘို
၇၂။ ဝေဘူ
၇၃။ ကသာ
၇၄။ ရွှေဂူ
၇၅။ ဗန်မော်
၇၆။ မြို့သစ်
၇၇။ သမင်ကြီး
၇၈။ စဥ့်ဘို
၇၉။ မြစ်ကြီးနား
၈၀။ ဝိုင်းမော်

ဆန်းဝင်း (ကျောက်ပန်းတောင်း) ။

Wednesday, September 7, 2011

တောင်တော်ရွှေပုပ္ပါး


သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။
သီရိမင်္ဂလာ......။ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ... ။

ထက်ကုန်းမို့မို့မှာ ကြွဖုန်းလို့ ယှဉ်ကာပြိုင် .. အင်တနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် ..
လေးထောင်ကျော် ပေမြင့်မား..ဝင့်ကြွားပေစွ မိုးထက်သို့တိုင်..မြင်းခြံခရိုင် တခုတည်းသော
တောင်တော်ပုပ္ပါး ကဗျည်း ကျောက်စာတိုင်...။

နဂါးလေး ချောစက်က စကားဝါ တောင်တော်ပုပ္ပါးနိုင် . လှမ်းတက်ပါ့မေရယ် ပန်းခက်ကဝေတယ်.
ဘယ်သူပြိုင်လို့ လှပါတော့နိုင်..။

ရေး - မြင်းခြံ ကိုအေးကျော် ဟုသိရပါသည်။

မှတ်ချက် = သီချင်းက ဒီမှာတင် ဆုံးသလား မသိပါ။ ညတုန်းက ဆရာနေဝင်းမြင့် မော်လမြိုင်
စာပေ ဟောပြောပွဲ နားထောင်ဖြစ်တုန်း ချရေးထားတာပါ.. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ..
စုံတော မြိုင်တော ဂနိုင်တော တွေ ဘယ်တော ဘယ်တောင်ဖြင့် ယဉ်ပြိုင်စေဦးတော့ ယှဉ်နိုင်မည့်
တောတောင် မရှိလို့ အရှိကို အရှိတိုင်း ရေးသားထားသည်ကို မှတ်သားရပါသည်။

Sunday, August 7, 2011

ကျွန်တော်ချစ်သော သူမနှင့် မြစ်ဧရာဝတီ ။


သူမဟာ အေးမြမှုပေးတဲ့ ကျွန်တော့်ရဲ့ နှလုံးသား
ကျွန်တော့်ရဲ့ အသက် ဝိညဉ် ဖြစ်တယ်။
သူ့မကို ပိုင်ဆိုင်လိုမှုနဲ့ ရင်ထဲမှာ လှောင်ပိတ် မထားပါဘူး
ထာဝရ လွတ်လပ်စွာ ရှင်သန်ခွင့် ပြုတယ်။

ဒီလိုနဲ့ သူမက အပျော်ကြီးပျော်
မြစ်ဧရာဝတီနဲ့ မိတ်ဆွေဖွဲ့လို့
သူတို့က နေ့နေ့ညည စကားဆိုနေကျတဲ့။

အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ ၊
လှိုင်းကြက်ခွတ်တဲ့ ဂီတသံတွေ၊ သာယာလှတဲ့ သံစဉ်တွေ
ဒီကနေ့ တိပ်ဆိတ်နေပါရောလား ။

အို. ချစ်သော.. ဧရာဝတီ .
အသင့်ရဲ့ ခန်းနားထည်ဝါ လှပလွန်းတဲ့၊
ရွှန်းရွှန်းလဲ့လဲ့ ရွှေရောင်တောက်ပတဲ့ ရောင်စဉ်တန်းတွေ
ဒီကနေ့ ကျွန်ုပ်မမြင်ရပါကလား ။

ချစ်သော မိတ်ဆွေ ဧရာဝတီ .
အသင် ကျွန်ုပ်အား စိတ်ဆိုးနေလေရော့သလား
ကျွန်ုပ်၏ အမေးများ ဖြေပါလှဲ့ အသင်..
မျက်နှာညိုးလို့ ရွှင်မပျော် အဘယ်ကြောင့်ပါနည်း။

အိုဘယ့်..မယ်ပုပ္ပါးရှင်.
နေ့စဉ် နေ့စဉ် ခေါင်းပေါင်းဖြူ သုံးခါပေါင်းတဲ့
အသင်ရဲ့ လှပတဲ့ ခေါင်းပေါင်းဖြူ အဘယ်သူ ခိုးယူသွားသနည်း
သက်တော်ရှည် လှသွေးကြွယ်တဲ့ အသင့်ရဲ့ ခါးရော ဘာကြောင့်ကိုင်းရ၏။

အိုဘယ့်..မယ်ပုပ္ပါးရှင်.
အသင့်ရဲ့ ထာဝရ အေးမြစိမ်းလန်း နေချင်စမ်းတဲ့
တောရိပ်တောင်ရိပ် မြိုင်တွေ ဂနိုင်တွေ သင်နှင့်အတူ ရှိနေပါသလား
ပေးတာလဲယူ မပေးတာလဲယူ ထိုထိုလူ ရန်ဘေး အသင်တွေးမိပါ၏လော။

အို.ချစ်အဆွေ.ပုပ္ပါးမယ့်ရှင်.
ဇရာအို မပျိုတော့သည်ကြောင့်
အချိန်ခါ ပျက်သုန်းဖို့ ရောက်လာသည်ထင့်
တရားသဘောနဲ့ ပြောရရင်ဖြင့် အို..အနိစ္စ သဘောပင်။

အို..ချစ်သော..ဧရာဝတီ.....
ဆိုပါလှည့် .ဘဝတူ .. မယ်ပုပ္ပါးရှင်....

ဒီတနေ မကွယ်ခင် ညနေစောင်း
နေခြည်လျှပ်ပြေး ရောင်စုံသွေးတဲ့ သင့်မျက်နှာလေး
ခါဆန့်လို့ ကြည့်ချင်နေမိသေးတယ် ချစ်တဲ့.ဧရာဝတီရယ်..။

အိုဘယ့်..မယ့်ပုပ္ပါးရှင်...
အို.ချစ်သော. ဘဝတူ. ဧရာဝတီ...

အားမငယ်ပါနှင့်...ဒီတနေမကပါဘူး
နေခြည်ဖြာမယ့် နေ့စဉ်တိုင်း အားရှိသမျှ စီးဆင်းရင်း
သတ္တဝါ အများကို အေးမြခြင်းတွေ ပေးတဲ့ သင့်အတွက်
နားဝင်ချိုတဲ့ ဂီတသံစဉ်တွေ တီခတ်ပေးနေဦးမှာပါ .
မှေးစက်လို့ နားဆင်ရင်း အားအင်သစ်တွေနဲ့ ခေါင်းပေါင်းသစ် ဖြူဖြူဖွေး ငေးချင်စမ်းရဲ့။

ဆန်းဝင်း (ကျောက်ပန်းတောင်း)
မှတ်ချက် = ပုပ္ပါးတောင်သည် တနေ့ သုံးကြိမ် တိမ်ဖွေးဖွေးများဖြင့် ဝန်ရံလျှက် အလှဆင်တတ်သည် ။
ဤသည်ကို ပုပ္ပါး ခမောက်ဆောင်းသည် ဟု ခေါ်ကြလေသည်။
ဂျာနယ်များ ဘလော့ဂ်များ၏ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အကြောင်းရာများအား ဖတ်ရှုပြီး ခံစားမိသလို ရေးပါသည်။

Friday, June 24, 2011

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၃)

အမှန်တကယ်ပါ။ ပထမဆုံးအကြိမ် ထန်းရေ သောက်ဖူးတာ ကျန်းမာရေး အရ ဆေးဖြစ် ဝါးဖြစ်ပါ။ အဲဒီတုန်းက အမြောက်တပ်အတွက် လမ်းခင်း လုပ်အား ပေးတဲ့အချိန်ပေါ့။ ကျွန်တော်တို့ ရွာကနေ ကားကြီးနဲ့ ဆန်၊ ဆီ၊ ဆား၊ ဆနွန်း အပြည့်တင်ကာ ညအိပ် ညနေ ကျောက်ထု လမ်းခင်း လုပ်အား ပေးကြခဲ့ ကြရတယ်။ နွေရာသီ နေက အလွန်ပူတယ်။ လမ်းခင်းတယ် ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူး။ ပထမ တပေလောက်ရှိတဲ့ ကျောက်ခဲကြီးတွေ လှိမ့်သယ် ပြီး ခင်းလိုက်တယ်။ Inspection ရဲဘော်က မကြိုက်ရင် အစက ပြန်စရတာ။ ကျောက်ကြီး ကျောက်သေး ကျောက်နှုတ် အဆင့်ဆင့် ခင်းရတယ်။ အဲဒီကျောက်တွေ ကို ကိုယ်တိုင် ခွဲစိတ်သယ်ယူရတယ်။ ဒါက လမ်းခင်းခြင်း အင်ဂျင်နီးယားရင်း နည်းပညာပေါ့နော် :)

အဲဒီလို ကျောက်ထု ကျောက်သယ် လမ်းခင်းတဲ့ လုပ်အားပေး အဖွဲ့ထဲမှာ ကိုဆန်းဝင်းလဲ တစ်ယောက် အပါအဝင်ပေါ့။ ပြောရဦးမယ် အဲဒီတည်းက အလုပ်ဟူ သမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားပုံ မမှန်ကန်တာ သိလိုက်ရတာပဲ :) ။ ညနေရောက်တော့ အလုပ်သိမ်းကြတယ်။ ထန်းတောစပ်က စမ်းရေ အိုင်လေးမှာ ရေချိုးကြတယ်။ ပြီးတာနဲ့ အနားက ထန်းတဲကို သွားပြီး ထန်းရေသောက် သူလဲရှိရဲ့။ ထမင်းဟင်းချက် အဖွဲ့ကို ဝိုင်းကူသူလဲရှိရဲ့။ ထန်းလက်ခြောက်တွေစုပြီး ညအိပ်ဖို့ ကတ်ယက် တဲ့ သူတွေလဲရှိရဲ့။ ရွာသားတွေဆိုတော့ အလုပ်ပင်ပန်းတာ အနေဆင်းရဲတာတော့ မမှုပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ သူများကို ပြောမပြရဲတဲ့ ပြသနာ တခုကြုံ လာရတယ်။ နေ့ခင်းက အလွန်ပူတာကြောင့် ဆီးအောင့်ပြီး ရှူးပေါက်မရ ဖြစ်နေတယ်။ ပထမတော့ ရှက်တာနဲ့ လူကြီး တွေကို မပြောသေးပဲ ကြိတ်မှိတ် အံတင်းထားတယ်။ ရှူးရှူးက ပေါက်ချင်ပေမယ့် တစက် တစက်ပဲ။ နေလုံး နီနီက နှုတ်ဆက်တော့မယ့် ဟန်ပြင်ချိန် ကျတော့ လုံးဝ မခံစားနိုင်တော့ဘူး။ ဒါနဲ့ အဖွဲ့ ခေါင်းဆောင် ဦးလေးတွေကို ပြောပြ အကူညီတောင်းရတယ်။

ရှူးမထွက်လို့ ရှက်ပါတယ် ဆိုမှ မေးလိုက်ရတာ လူကိုစုံလို့ဗျာ။ ပထမ တစ်ယောက်က ထန်းရေ သောက်လိုက်တဲ့။ နောက်တစ်ယောက်က လဲ ထန်းရေသာ ဆေးအဖြစ် မှီဝဲစရာတဲ့။ နောက်တစ်ယောက်က အသေးစိတ်ရှင်းပြပြန်တယ်။ ဒီလိုရှိတယ် ငါ့တူ။ ဟုတ်..ဟုတ် ကဲ့။ အခု တို့ရောက်နေတာ ရှေ့တန်း စစ်မြေပြင်လိုပဲကွ။ နေကလဲ ဝင်လုပြီ။ ဗမာဆေး ဆရာ၊ အင်္ဂလိပ်ဆေး ဆရာကလဲ အနီးနားမှ မရှိဘူး။ အဲတော့ မီးရိုးဖလာ Sky Beer သာ ဆေးအဖြစ် မှီဝဲလိုက်ပါတဲ့။ သေပြီ ဆရာ။ တခါမှလဲ သောက်ဖူးဘူး။ အနံ့က လဲဆိုးပါဘိ။ ဒါပေမယ့်လဲ ဝေဒနာ သက်သာဖို့ ဆေးခါး တွေတောင် သောက်ရေသေးတာပဲ လို့ တွေးကာ ထန်းတဲဘက် လိုက်သွားတယ်။ တခွက်.. နှစ်ခွက်.. သုံးခွက်.. အင်း မျက်နှာကို ရှုံ့ပိလို့ မျိုချရတယ်။ သုံးခွက်နဲ့တော့ မရသေးဘူး ဆိုတာနဲ့ နားလိုက် သောက်လိုက် ပဲကြီးလှော်စားလိုက် ထပ်သောက်ဖြစ်သေးတယ်။ ထမင်းစားဖို့ ဗိုက်ထဲမှာ နေရာမရှိမှာ ဆိုးလို့ စတည်းချရာ လမ်းဘေး မန်ကျည်းပင်အောက် ပြန်ခဲ့တယ်။ အဟုတ်ဗျာ သိပ်မကြာဘူး။ ရှူးပေါက်တာ အဆင်ပြေလာတယ်။ ဆီးရွှင်လာလို့ ဘဝင်အေးရတယ်။ Sky Beer ကယ်ပေလို့။

ပထမဆုံး ထန်းရေ သောက်ဖူးတာ အဲလို ရာဇဝင်နဲ့ သမိုင်းနဲ့ပါ။ နောက်အကြိမ်တွေကတော့ ရေးလို့ဖြစ်ဘူး ရွာပြန်ရင် ငယ်ပေါင်းတွေက ဝိုင်းသမလိမ့်မယ်။ ရေးလက်စနဲ့ ဆက်ရေးရရင် အမြောက်တပ် အတွက် လမ်းခင်းကျောက်ထုရင်း ၃ ရက်မြောက်နေ့မှာ ကျောက်သေး သယ်နေစဉ် ကျောက်ကြီးထုရာမှ လွင့်စင်လာသော ကျောက်စက ဘယ်ဘက် မျက်ခွံကို လာထိပါတယ်။ လုပ်အား ဆက်ပေးချင်ပေမယ့် :( ဘယ်လိုမှ မလုပ်နိုင်တော့ပါဘူး။ ကံကောင်းတာက ကျောက်စ လွင့်စင် လာတဲ့အချိန်မှာ မျက်စိက မှိတ်ပြီးသား ဖြစ်တော့ မျက်ခွံ ပဲ့သွား ယုံပါပဲ။ အတွင်း မျက်လုံး မပေါက်သွားဘူး။ ညနေပိုင်းမှာပဲ ရွာက လယ်ထွန် စက်ခေါင်းမှာပြီး ပြန်လာခဲ့ ရတယ်။ မြို့တက် ကုသဖို့ မဖြစ်နိုင်တာကြောင့် ရွာက နာမည်ကြီး မြန်မာ ဘိန်းတော ဆေးဆရာဖြင့် ကုသခဲ့တယ်။ တပတ်တိတိ အငြိမ်းစား ရခဲ့ပါတယ်။ ကံကောင်းလို့ ဘယ်ဘက်မျက်လုံးလေ အကောင်း ပကတိ တိမ်ကင်းစင်စွာ ရှိနေတယ်။

အားလုံးက မေ့မေ့ ပြောက်ပြောက် ပေမယ့် ကျွန်တော်ကတော့ တွေးမိတိုင်းနာ (...........) ချင်ရဲ့ဗျာ။ အဲဒါတွေ တွေးမိပြန်တော့ ထန်းပင်ထန်းတောတွေနဲ့ မြို့လေးကို လွမ်းလဲ လွမ်းတယ် အတိတ်က အဖြစ်တွေကြောင့် မောလဲမောပါတယ်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, June 20, 2011

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၂)


ငယ်စဉ်က ကျွန်တော် ထန်းပင် တက်ဖူးပါတယ်။ ဆော့တာလဲ မြောက်ရှုံးလောက်တယ်။ ပထမဆုံး ထန်းပင်တက်တာက ထန်းရေချို ခိုးသောက်တာ။ ထန်းပင်မှာ ရင်းထောင် ရင်းဆွဲ အဆင်သင့် ရှိတယ်။ အပင်ပေါ်က မြူအိုး လေးလုံးမှာ တစ်လုံးက ထန်းရေချိုတွေ ပြည့်လျံကျနေတယ်။ မုတ်ဆိတ် ပျားဆွဲတာပဲ။ ထန်းရေချို ခိုးသောက်ခဲ့ဖူးတယ်။ ဒုတိယအကြိမ် ထန်းပင်တက်တာက မခံချင်စိတ်နဲ့ပါ။ ထန်းပင်ပျိုတန်းမှာ ၁၀ ပင်လောက်က ထန်းရွက်တွေ သုံးလို့ရနေပြီ။ အမေက ထန်းရွက်ချိုင် သမား ငှားတာ မရလို့ ငြီးနေတယ်။ တစ်ပင် ခုတ်ခ နှစ်ရာကျပ်တဲ့။ ဆယ်ပင်ဆို နှစ်ထောင်။ အမေ ဘာမှ မပူနဲ့ ကျွန်တော် တက်ခုတ်မယ်ပေါ့။ အိမ်က ကြက်အိပ်တန်း တင်တဲ့ လှေခါးနဲ့ နွားလှဲပြင်ကာ သွားခုတ်တယ်။ ဆယ်တန်း တစ်နှစ်လုံး အလုပ်ကြမ်း မလုပ်တော့ လူက ဖြူနုသန့် နေတယ် (တကယ်ပြောတာ .. :P )။ တပင်ပဲ တက်ခုတ်ရသေးတယ် အီစလံဝေသွား တာပဲဗျာ။ ဒူးတွေ ပေါင်တွေ လက်တွေ ပွန်းပဲ့လို့။ ဒါပေမယ့် ဘယ်ရမလဲ သူများ အထင်သေးမှာ မခံချငိစိတ်နဲ့ ၁၀ ပင်ပြီးအောင် ထန်းရွက်ချိုင်လိုက်တယ်။ သုံးရက် ကိုယ်လက် ကိုက်ခဲပြီး ဘာမှ မလုပ်နိုင်ဘူး။

ကျွန်တော် ထန်းရွက် တက်ခုတ် တက်ချိုင် တဲ့ ထန်းပင်က ၁၅ ပေလောက်ပဲ မြင်တာ။ ထန်းပင်တွေက အပျိုတွေ ထမီတောင် မကျွတ်သေးဘူး။ ဒါ့ကြောင့် တကိုယ်လုံး ပွန်းပဲ့ရှတာ။ ထန်းရေ ထွက်တဲ့ အပင်တွေကျတော့ ပေ ၃၀ ၊ ပေ ၄၀ လောက်မြင့်တာနော်။ ပြောရဦးမယ်။ ထန်းတောင်သူမိသားစု အကြောင်း။ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သားဖြစ်သူက ဆိုင်ကယ်စီးချင်လို့ သူ့အဖေကို ပူဆာတယ်။ ဆိုင်ကယ်မှ ဒို စီးချင်တာ။ အဖေဖြစ်သူက ငါ့သား မင်း ဒို စီးချင်ရင် သူများတွေလို နိုင်ငံခြား အလုပ်သွားလုပ်တဲ့။ ဒါနဲ့ သားတော်မောင်ကို နိုင်ငံခြား ပို့လိုက်တယ်။ နိုင်ငံခြားကနေ ဖခင်ထံ ပထမအကြိမ် ဖုန်းဆက် အလုပ်အကြောင်း ပြောပြတယ်။ အလုပ်အဆင်ပြေကြောင်း ဆောက်လုပ်ရေးမှာ ငြမ်းဆင်ရကြောင်း ထန်းပင်ထိပ်ဖြားလောက် အမြင့်တက်ရတယ်လို့ ပြောပြတယ်။ အဖေ ဖြစ်သူက ဒါလေးများသားရယ် ဘာဆန်းလို့လဲ။ ကြိုးစားလုပ်ပေါ့လို့ ပြန်ပြောတယ်။ လအနည်းငယ်ကြာတော့ သားဖြစ်သူက ဒုတိယအကြိမ် ဖုန်းဆက်ပြန်တယ်။ အဖေရေ သားတော့ ထန်း နှစ်ပြန်လောက် အမြင့်မှာ တက်လုပ်ရတယ်။ ဟ .. မင်းကလဲ ငါ့သား မဟုတ်တာကျနေတာပဲ။ အဖေလဲ နေ့တိုင်းတက်နေတာပဲ။ အားတင်းထား ၂ နှစ်ဆို မင်းလိုချင်တဲ့ ဒို ရပြီပေါ့ လို့ အားပေးတယ်။ ဒါနဲ့ ဆက်လုပ်ရင်း တတိယအကြိမ် ဖုန်းဆက်တယ်။ အဖေရေ သားတော့ ဒိုလဲ မစီးချင်တော့ဘူး။ ထန်း သုံးလေ ပြန် ရှိတယ်။ ကြာလေ မြင့်လေပဲ။ ပြန်လာတော့မယ်။ အဖေ ဖြစ်သူက မျိုးရိုး ဂုဏ်သိက္ခါ ထိန်းရန် ပြောသော်လဲ မရ။ အညာကျေးလက်များတွင် တယ်လီဖုန်းလိုင်း အား အက်ဖ်အမ် ဖြင့် ခိုးနားထောင်တတ်ကြသည်။ ထိုသားအဖ အကြောင်းကား ဟိုးလေးကျော်သွား၏။ ဒို စီးချင်လား ထန်းပဲ ပုံမှန်တက်ပါ လို့ ပြောကြတယ်။

ထန်ရေကို ကျွန်တော်တို့ ရွာမှာ Sky Beer လို့ ခေါ်ကြတယ်။ ထန်းရေက သောက်လို့ကောင်းတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးပေါ့။ ထန်းရေသမား တို့ ပြောသလို တန်ဆေး လွန်ကောင်း များဗဲရီးဂွတ်တော့ မလုပ်နဲ့ပေါ့။ ဟာသ အကျော်အမော် အကြည်တော်က ရေးဖူးတယ်။ မြန်မာ့အသံက လွှင့်တဲ မြန်မာ့ အစားအစာ နှင့် အဟာရ အစီအစဉ်မှာ ထန်းရေအကြောင်း ဘယ်တော့လွှင့်မလဲ စောင့်ကြည့်နေတယ် ဆိုပဲ။ အဲသလို လွှင့်မလားတော့ မပြောတတ်။ ထန်းသမားဘဝ သရုပ်ဖေါ် ဗွီဒီယိုကို ညောင်ဦးနဲ့ ကျောက်ပန်းတောင်း နယ်တဝိုက်မှာ ရိုက်ကူးမယ်ကြားတယ်။

တကယ်ပါ တကယ်ပါ။ Sky Beer က ဝမ်းမီးကို ငြိမ်းစေတယ်။ ဆီးဝမ်း မှန်စေတယ်။ ဆောင်းရာသီ ထန်းရေသောက်ရင် အသားမပက်ဘူး။ ထန်းရေသောက်ရင် ဆီးရွှင်တော့ ဆီးအောင့်တာ မဖြစ်ဘူး၊ ကျောက်ကပ်ရောဂါကိုလဲ ကာကွယ်နိုင်တယ်။ ထန်းရေမှာ အချို အခါး နှစ်မျိုးရှိတယ်။ ထန်းရေချိုက လူကြီး လူငယ် ကျားမ ပျိုအို မရွေး သောက်သုံးနိုင်တယ်။ ၉၆ ပါးရောဂါတွေ ပြောက် ကင်းစေတယ်...အဲ..အဲ.. ရောင်လို့ဗျ။ ထန်းရေ အခါးကတော့ အချိုကို အလင်နဲ့စပ်ဖောက်ထားတာဖြစ်တယ်။ ပင်ကျရေက အပင်ပေါ်မှာတင် အလင်ခံ လောင်းတာ။ ဒီနေ့ ညနေက မြူအိုးချိတ် လိုက်တယ် နောက်နေ့ မနက်ပိုင်း ထန်းပင်ပေါ်က ကျတာနဲ့ သောက်လို့ရတယ်။ သိပ်မမူးဘူး။ ရီဝေ ရီဝေပေါ့။ ပင်ကျရေ နေကျော်သွားရင် ငှက်ခါးတောင် အရောင်တက်လာတယ်။ အဲဒါ Special Sky Beer ပေါ့ဗျာ။ ထန်းရေချိုကို အပင်အောက်မှာ အလင်နဲ့လောင်းတဲ့ ထန်းရေခါးကတော့ ညနေဆို အိုကေနေပြီ။ အမြုပ်လး တွေကိုဖယ်လိုက်။ ပုဇွန်ဆိတ် ခုန်နေသလိုပဲ ၊ စပါကလင် ပုလင်းထဲက ဂတ်စ် အမြုပ်တက်လာသလို သောက်လိုက်ရင် ရှိန်းတိန်း ဖိန်းတိန်းနဲ့ အရသာ တမျိုးထူးတယ်။ ( အေ့ ဂ် .... အဲ..ဂ်) ။

စာဖတ်သူ ထန်းရေ ချိုခါး ကို သောက်ဖူးပါသလား။ သောက်ဖူးသူတိုင်း ပြောကြတယ်။ အလွန်ကောင်းဆိုပဲ။ ဟီး..ကျွန်တော်လား အဲ.. သောက်ဖူးပါတယ်။ ပထမဆုံးအကြိမ် သောက်ဖူးတာက ကျန်းမာရေး အရ သောက်တာပါ။ အဲဒီတုန်းက မြန်မာ့တပ်မတော် အမြောက်တပ် ကျောက်ပန်းတောင်းမှာ တပ်ဆွဲစကပေါ့။ အမြောက်တပ် အတွက် ကိုယ့်ထမင်းကိုစားပြီး လုပ်အားပေးရတယ်။ မတရား ခိုင်းစေတာ ဟုတ်ပါဘူး။ လုပ်အားပေး မလိုက်နိုင်ရင် သုံးထောင်ကျပ် ထည့်ဝင်ရမှာမို့ လိုက်ရတာပါ့။ အဲလိုပါပဲ.. ကျွန်တော် ထန်းရေ သောက်ဖြစ်တဲ့အကြောင်း နောက်ပိုင်းမှာ ဆက်ရေးမယ်။

ဓာတ်ပုံ - မြန်မာသူငယ်ချင်းများ အဖွဲ့မှ ကူးယူပါသည်။ ဆက်ရန် ။ ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)

ထန်းပင်ထန်းတောတွေနဲ့ လွမ်းမောဖွယ်မြေ (၁)


ပြောရမယ်ဆိုရင် ကျွန်တော်က တောသား တစ်ယောက်ပါ။ တောသားထဲမှာမှ အညာသူ အညာသား အဖေနဲ့အမေက မွေးပြီး အညာမြေ ကျေးလက်ရွာလေးမှာ ကြီးပြင်းခဲ့တယ်။ တချို့က မေးကြတယ် ကိုဆန်းဝင်းက ရန်ကုန်ကလား တဲ့ ။ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် အညာသား စစ်စစ် ရေမရော ပါဘူး။ အညာသားထဲမှာမှ ကျောက်ပန်းတောင်း သားပါလို့ ဒက်ခနဲ ပြန်ဖြေမိတယ်။ ထန်းတောထဲမှာ ကြီးပြင်းခဲ့ပေမယ့် ထန်းတောရုပ်ပေါက် မနေပြန်ဘူး။ ငယ်သူငယ်ချင်းတွေက ခေါ်ကြတယ် တရုတ်ကြီးတဲ့။ အဲလိုပဲ။ အညာသား ဖြစ်ရတာ ဂုဏ်ယူပါတယ်။ သစ်ပင်သစ်တောတွေနဲ့ သဘာဝတရားရဲ့ နွေးထွေး ငြိမ်းချမ်းမှု ကို ငယ်စဉ် တည်းက ခံစားခွင့်ရခဲ့တယ်။ အချိန်များ ပိုထွက်လာရင် အညာမြေ နိုင်ငံရေး၊ အညာမြေ စီးပွားရေး၊ အညာမြေ လူမှုရေး စသည်ဖြင့် စာတွေ ရေးချင်ပါသေးတယ်။

အားလုံးအသိပဲ။ အညာက ပူတယ်။ အညာသူ အညာသား ရွာသူရွာသားတွေ ပင်ပန်း ဆင်းရဲကြ ပါတယ်။ လွှတိုက် လှေထိုး အလုပ်လိုပဲ မြေကြီးနဲ့ ဖက်တွယ်ကာ ထွန်ယက် စိုက်ပျိုးရတာ ပင်ပန်း လွန်းလှတယ်။ ငယ်စဉ်က အကြောင်း တွေထဲမှာ အမှတ်တရတွေ အများကြီးပါပဲ။ အဖေ နဲ့ အမေရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတရားတွေကြောင့် ပညာသင်ခွင့် ရခဲ့တယ်။ တောင်သူ သားသ္မီးဖြစ်တော့ သစ်ပင် ပန်းပင် စိုက်ပျိုးရေးကို ဝါသနာပါတယ်။ မိမိ စိုက်ပျိုးထားတဲ့ အပင် လေးတွေ မနက်မိုးလင်း နေရောင်နဲ့ အတူ ကြည့်ရှုရတာ ပြောမပြတတ်အောင် ပိတိဖြစ်ရပါတယ်။ အပင်ပေါက် အရွယ်၊ အတက်အလက်စုံတဲ့ အပင်ပျိုအရွယ်၊ ဖူးပွင့်တဲ့ အရွယ် အရိပ်တကြည့်ကြည့်နဲ့ ဘာတွေ လိုအပ်မလဲ စောင့်ကြည့် ပျိုးထောင်ရတာ ရင်ထဲမှာ ကြည်နူး စရာပါ။ စိုက်ပျိုးထားတဲ့ မြေပဲနှမ်း အပင်တွေကြား ဖြတ်လျှောက်သွားတဲ့အခါ အပင်လေးတွေက ကိုယ့်ဘက်ကို ကိုင်းညွတ်လို့ အသိမှတ်ပြုကြလား ထင်ရတယ်။ မျိုးစုံ စိုက်ပျိုးသလို အရိပ်ရ အပင် များလဲ လယ်ယာ ကန်သင်းမှာ စိုက်ပျိုးကြတယ်။

လယ်ယာမြေ ကန်သင်း တိုင်းမှာ ထန်းပင်၊ သရက်ပင်၊ ကုက္ကိုပင်၊ ဒဟတ်ပင်တွေ တန်းစီ လို့ စိုက်ပျိုးကြတယ်။ အဘိုး အဖွားတွေ လက်ထက် ကတည်းက လက်ဆင့်ကမ်းကာ စိုက်ပျိုးခဲ့ တာကြောင့် တချို့အပင်တွေက စားလို့ ရနေပြီပေါ့။ တချို့က အကိုင်းအခက် အလက်တွေ ဝေဖြာ လို့ တချို့ကျတော့ ပင်ပျိုသာသာ အရွယ် လေးတွေ ရှိကြတယ်။ လယ်ယာ လုပ်ငန်းတွေ၊ ပေါင်း နှုတ်၊ မြက်ရိပ် အလုပ်တွေ လုပ်ရင်း မောပန်းလို့ အနားယူမယ်ဆိုရင် အေးမြတဲ့ အပင်ရိပ်ရှိတယ်။ ဒီသစ်ပင်တွေ အရိပ်မှာ အနားယူ လိုက်ရင် ကုန်ခန်းသွားတဲ့ အားအင်တွေ ခဏအတွင်း ပြန်ပြည့် လာတယ်။ လူတွေတင်မကပါဘူး ကျွဲ၊ နွား တိရစ္ဆာန် ကျေးငှက် သရကာ တွေလဲ နားခိုလို့ရတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုနိုင်တယ်တဲ့ စကားပုံထဲက အတိုင်းပဲပေါ့။ ၂၁ ရာစုမှာ သစ်ပင်တွေက ကမ္ဘာမြေ အသက်ဆက်ဖို့ မရှိမဖြစ် ဆေးဝါးကဲ့သို့ ဖြစ်နေပြီ။

မှတ်မိသေးတယ် ငယ်စဉ်တုန်းက ကျွန်တော် အဖေ အမေ နဲ့အတူ ယာထဲလိုက်သွားတယ်။ ညီငယ်လဲပါတယ်။ အဲဒီကောင် ဒေါက်တာ ဖြစ်နေပြီ။ အဖေ အမေ နဲ့ အလုပ်သမားတွေက မြေပဲ ခင်း ပေါင်းနှုတ်နေချိန် ကျွန်တော်တို့ ညီအစ်ကိုက ယာတောင်ဘက် ကန်သင်း ထန်းပင်ပျိုတန်း မှာ စော့ကစားကြတယ်။ ပုဇင်းဖင်ထောင် အနီကောင် လေးတွေဖမ်း အပ်ခြည်ကြိုးနဲ့ချည် စွန်လွတ် သလို လွတ်ကာ ကစားကြတယ်။ ပုဇင်းလေးတွေ မောလာမှ ပြန်လွတ်ပေးတာ။ ကစားရတာ မောလာတော့ ထန်းပင်ရိပ်မှာ ဖက်ရွက်တွေခင်း အိပ်ကြတယ်။ ကစားချင်တဲ့အခါ ကစားလိုက်၊ စားချင်တဲ့အခါ စားလိုက်၊ အိပ်ချင် အိပ်လိုက် အပူပင်မရှိ အေးဆေးပဲ။ အဲဒါကြောင့် လူကြီး တွေက ကလေးလေး ဘဝကို ပြန်လိုချင်ကြတာ။ ပြောရရင် ကျွန်တော်လဲ ပါတယ်။ ကာရာအိုကေ ဆိုတာ .. "အပြစ်မသိသေးတဲ့.. ကလေးလေး ဘဝကို တခါပြန်ပြီး ..ရချင်သေး...တယ်..ဟယ်..ဟယ်.." အဲလို. ဟဲ ခဲ့ဖူးတယ်။ ကလေးဘဝပဲ ကောင်းတယ်နော်။ လွတ်လပ်တယ်။ အပူပင်ကင်းတယ် ဖြူစင်တယ်။

နေသာတဲ့ နေ့တွေမှာ ယာကန်သင်း ထန်းပင်ပျိုတန်း အရိပ်မှာ ပက်လက် အိပ်ရင်း တိမ်တွေကို ရေတွက်ကြတယ်။ ဝါဂွမ်းတွေ ဗိုင်းတောင့် တွေ ပုံထားသလို ရဲတိုက်ကြီးတွေလို တိမ်တိုက်တွေများဆို သူပိုင် ငါပိုင် အငြင်းခုန်ဖြစ်လို့။ ကြက်ဥအရောင် ခန့်မှန်ရခက်သလို တိမ်တွေ ဘယ်လိုစတင်ဖြစ်လာပြီး ဘယ်လို ပျယ်ပျက်သွားသလဲ ဆိုတာ စောင့်ကြည့်ရတာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖွေးဖွေး လိပ်လိပ် နဲ့ လှပတဲ့ ကိုယ့်ရဲ့ တိမ်တိုက်ကို တိမ်ညိုမဲမဲတွေက ဝင်တိုက်ရင် နှမြော ဒေါသဖြစ်မိပြန်တယ်။ တနေရာတည်းမှာပဲ တိမ်တွေက ပုံစံ အမျိုးမျိုး ပြောင်းကြပြန်တယ်။ တိမ်တွေကို လိုက်ကြည့် ရေတွက်ရင်း မျက်စိညောင်းလာတော့ အိပ်ပျော်သွားကြတယ်။ အဲဒီလို သဘာဝက ဖန်တီးရေးချယ် ပေးတဲ့ presentation အရသာကို ငယ်စဉ်ကလို ပြန်လည် ခံစားချင် နေမိတယ်။

ထန်းပင်ထန်းတောတွေနဲ့ အညာမြေကိုလဲ လွမ်းတယ်၊အမေ့ကိုလဲ လွမ်းတယ်။ လွမ်းလွန်းလို့ မောတောင်မောတယ်။ အိမ်ပြန်ချင်တယ်။

ဆက်ရန်။ ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)

Monday, April 25, 2011

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၃)

တမာရွက်တို့ မြေသို့ ကြွေကျ နေ၏ ။
ပင်ယံထက်မှ ပြိုင်တူ ခုန်ချနေသည့်နှယ်။ ကြည့်နေရင်းပင် လိုက်ကာ ဖမ်းချင်နေတော့သည်။ နံနက်ခင်း နေသည် အညှိုးကြီးကာ ရက်စက်တော့မည်ထင်၏ ။ အိမ်ရှေ့ ခုံတန်းရှည်၌ ထိုင်နေရင်း တမာရွက်ကြွေများကို ရေတွက် နေမိသည်။ ဒီနေ့ ရေကို အစောကြီးချိုးလိုက်သည်။ အိမ်ရှင်က သဘောကောင်း၍ တော်သေးသည်။ ရေကိုလိုသလောက် သုံးခွင့် ပေးထားသည်။ ။ အပြင်ထွက်စရာမရှိ။ အားလပ်ရက်မို့ အေးဆေးရှိ၏။ သူငယ်ချင်းတွေဆို အိမ်ရှင်သတ်မှတ်သည့်အတိုင်းသာ ရေကို သုံးရသည်။ “ရေချိုးရင် ငါးပုံးထက် မပိုစေနဲ့” ဟု ငှက်ဆိုးထိုးသံကဲ့သို့ ပြောတတ်သည်ဟု သိရ၏။ လူများသည့် အဆောင်များတွင် နောက်ဆုံးကျသူသည် ရေအနှယ်အကပ်ကို သုံးရ၏။ ချိုးရ၏။ မသန့်သောရေကြောင့် ယားနာပေါက်တတ်သည်။ ရေသည် တကိုယ်ရေ သန့်ရှင်းရေး အတွက် အလွန် အရေးကြီးသည်။ လမ်းထိပ်ဘက်ဆီ လှမ်းကြည့်မိတော့ ကြည်ပြာ။ ဘုံပိုင်ဘေး တမာပင်အောက်က ထိုင်ခံမှာ ထိုင်နေသည်။ အခွင့်ရေးကို အကျိုးရှိစွာ အသုံးပြုရမည်။ ကြည်ပြာ့ထံ ထွက်လာခဲ့သည်။ လူတစ်ယောက် အနားရောက် လာတာ မသိလောက်အောင် ကြည်ပြာ ငိုင်နေသည်။

“ကြည်ပြာ . နင်ဘာဖြစ်နေလဲ.”
“ဘာမှ မဖြစ်ဘူး”
“ဟင်..ဘာမှမဖြစ်ဘူးဆိုတယ် မျက်နှာမကောင်းပါလား.”
“နင်မကြားဘူးလား မော်တာသံတွေညံနေတာ.”
“အော်..အဲဒါကြောင့်လား..ဘာဖြစ်လဲ ညံတာ.”
“သိချင်လား. ရေငုတ်ကို သေချာကြည့်.”
“အင်း ကြည့်တယ်. ဘာဖြစ်လဲ.”
“အေး. သေသေချာချာကြည့်. ရေနည်းနည်းပဲကျတယ်တွေ့လား. ဒီနေ့ နေရတပုံးပြည့်ဖို့ ငါအကြာကြီးစောင့်ရတယ်. အဲတော့ ဒီနေ့ ငါတို့ အိမ်အတွက် ရေဝယ်သုံးရတော့မယ်”
“နင်ကလဲ..ရေတစ်စည်မှ ၇၅ ကျပ်ပဲဟာ.. တရက်တလေ ဝယ်သုံးတာ ဘာမှ မဖြစ်ပါဘူး”
“အေးပေါ့.. ဘာမှမဖြစ်ဘူး။ ဒီနေ့ ရေမခပ်တော့ဘူး။ နင် အဲဒီရေပုံးကို ဖင်မှောက်ထားလိုက်စမ်း.။ ငါပြောပြမယ်. ဒီမှာလာထိုင်..”
“အင်း ပြော.. ငါသေချာ နားထောင်နေပါတယ်။ နင်တကယ် ဝမ်းနည်းနေတယ်နော်. ငါစပ်စုမိတာ စိတ်မကောင်းပါဘူးဟာ”
“ထားပါတော့.. နင် လမ်းထိပ်က ရေထမ်းတဲ့ ဒေါ်အေး ကိုသိလား. ”
“အင်း သိတယ်လေ. သူ့သားက ရေလှည်းတွန်းတယ်လေ.”
“အဲဒါပဲပေါ့ . ဒီမြို့ပေါ်မှာ ငါတို့လို ဆင်းရဲတဲ့ မိသားစုတွေ အများကြီးရှိတယ်။ လောကကြီးက မတရားဘူးဟယ်။ ငါမော်တာတွေ မုန်းတယ် ဆိုတာ အဲဒါကြောင့်ဟဲ့ .. စဉ်းစားကြည့်. ငါတို့ ခပ်တဲ့ ဘုံပိုင်မှာ ရေမလာဘူး အဲဒါ သဌေးအိမ်တွေက ရေကို မော်တာနဲ့ စုပ်ယူပြီးတော့ လှောင်ကန်မှာ လှောင်ထားကြလို့လေ။ သူတို့ မော်တာနဲ့ စုပ်ယူထားတဲ့ရေကို ငါတို့က ပြန်ဝယ်သုံးရတယ်။ အဲဒါ တရာသလား ဟင်.. ဒေါ်အေး တို့က ရေထမ်းခ လှည်းတွန်းခ လောက်ပဲရတာ ကိုယ့်ရေ ကိုယ်ရောင်းတာမဟုတ်ဘူး သဌေးအိမ် ရေကန်က ရေကို တဆင့်ဝယ်ရောင်းတာ။”
“အင်း.. အဲဒါတော့ မကောင်းဘူးပေါ့..ငါမှ အစက မသိခဲ့တာ”
“နင် မိဖြူ ကိုသိတယ်နော်”
“အင်း သိတယ်.”
“မိဖြူတို့ အိမ်က ချမ်းသာတယ်. အခု သွားကြည့်လေ. နင်သိလိမ့်မယ်။ ဒိချိန် သူတို့ အိမ်ရှေ့ အိမ်နောက် အေးနေအောင်လို့ ရေဖြန်းတယ်။ တခါတလဆို သူတို့ အိမ်ရှေ့လမ်းကိုတောင် ဖုန်မထအောင် ရေဖြန်းထားတယ်။ ငါ မပြောလိုပါဘူး။ ကိုယ့်ကုသိုလ်နဲ့ကိုပါ.. ရှေးဘဝ ကံနည်းခဲလို့ ဒီဘဝ ဒီလိုနေရာတာ လို့ အမေက သင်ပေးထားတယ်။ ငါလဲ အဲလိုပဲ ယုံကြည်လိုက်တယ်။”
“အင်းပေါ့. စာနာစိတ်နဲ့ မတွေးမိသေးလို့ပါ..”
“ငါ လူတွေမမုန်းပါဘူး။ လမ်းတွေ့ရင် ပြုံးပြနိုင်အောင် လေ့ကျင့်ထားတယ်။ ဒါပေမယ့် ငါရေခပ်ချိန် မှာ ဘေးအိမ်တွေက မော်တာတွေ တလုံးပြီး တလုံး ဖွင့်လို့ အသံတွေ မြိုင်လာရင် တခါတလေ ငါ ငိုတောင်ငိုမိတယ်။ အဲလိုနဲ့ ကြာလာတော့ဟာ မော်တာသံကို မကြားတောင် မကြားချင်တော့ဘူး။ … ကဲ..နင်သိပြီလား..”
“အင်း. သိသွားပြီ...”
“ငါ ဒီနေ့ ရေစောင့်ခပ် မနေတော့ဘူး။ ပြန်တော့မယ်။ အချိန်က အရမ်း တန်ဖိုးရှိတယ်။ အိမ်မှာ ထင်းရှူးသား ခွဲရဦးမယ်..”
ကြည်ပြာတစ်ယောက် ရေမပါတဲ့ ပုံးအခွံတွေဆွဲကာ ပြန်သွားသည်။ ကျွန်တော်မှာတော့ တမာပင်အောက် ထိုင်ခုံ တန်းမှာ ထိုင်လို့ အတွေးနယ်ချဲ့နေမိပြန်သည်။ ကြည်ပြာပြောတာ ဟုတ်နေသည်။ ချမ်းသာတဲ့သူများ ကျတော့လဲ အိမ်ရှေ့ အိမ်နောက် အေးပက်ဖြန်းလို့ ဆင်း၇ဲတဲ့သူတွေ ကျပြန်တော့ ရေဝယ်သုံးနေရ တယ်။ နောက်ပြီး မော်တာ။ ရေဘုံပိုင်ချင် တူရင် ရေရတာချင်း တူမည်။ အခုတော့ မော်တာဖြင့် စုပ်ယူသည်။ ကြည်ပြာ မော်တာတွေ ကို မုန်းတာ မုန်းထိုက်သည်။ ဒေါသထည့်ကာ စဉ်းစားမိပြန်သည်။ နွေနေက အစွမ်းပြလို့ ထိုင်ခုံတခြမ်း နေပူလာမှ သတိထားမိသည်။ အတွေးရပ်ကာ အိမ်ပြန်ခဲ့သည်။ ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

ကြက်မောက်တောင်ဆည်


ကြက်မောက်တောင်ဆည်ဟာ ပုပ္ပါးတောင်ကို အမှီပြုလို့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် (ကျောက်ပန်းတောင်း - မိတ္တီလာကားလမ်းဘေး) မှာ တည်ရှိပါတယ်။ ပုပ္ပါးတောင်ကို မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရဲ့ အိုအေစစ်လို့ ခေါ်ဆိုကြပါတယ်။ ပုပ္ပါးတောင်ပတ်လည် သစ်တော ဝါးတောနဲ့ အေးမြတဲ့ ရေမြေ တောတောင် ကိုအမှီပြုလို့ ရွာပေါင်း ၂၇ ရွာရှိတည်ရှိပါတယ်။ (သမိုင်းအချက်လက်များအရ ဘာသာတရား ကိုင်းရှိုင်း ရိုသေသော ပျူလူမျိုးတို့၏ အဆက်အနွယ်ဝင်များ ဖြစ်နိုင်သည်)။ ပုပ္ပားလွင်ရွာ၊ ငါးရံ့ကုန်းရွာ၊ ကျောက်တံခါးရွာ၊ မြောက်တောရွာ၊ တောင်ပေါ်(တောင်)ရွာ၊ တောင်ပေါ် (မြောက်)ရွာ၊ ရွာသစ်ကလေး၊ ဆင်ဆင်းရွာ၊ နတ်ကန်လည်(နဂါးလည်)ရွာ၊ လယ်ကျင်းကောင်းရွာ၊ ပျဉ်မကြီးရွာ၊ ဆည်ရွာ၊ ရှော်တောရွာ၊ စီးမရွာ၊ ဘိုတဲရွာ၊ လွန်အိုင်ရွာ၊ ဝက်မထောက်ရွာ၊ ကျောက်ပုံရွာ၊ ဒန့်ကျင်းရွာ၊ ကင်ပွန်းခြုံရွာ၊ ညောင်ချိုင်း -၄၊ ညောင် ချိုင်း-၃၊ စုံကုန်းရွာ၊ ညောင်ပင်ဖြူရွာ၊ လဲဂရွရွာ၊ လက်ပံအိုင်ရွာ၊ ဂွေးကုန်းရွာဆိုပြီး အသီးသီ တည်ရှိကြပါတယ်။

ပုပ္ပါးတောင်မှ ဆင်းသက်လာတဲ့ ချောင်းတွေဟာ မိုးညိုလာတာနဲ့ လူဖြတ်မကူးရဲလောက်အောင် ရေစီးကြမ်းပါတယ်။ ပုပ္ပါးတောင် မြောက်ဘက် မှာ ဆင်ထဲဝချောင်း၊ လဲပင်ရိုးချောင်း၊ တောင်ဘက်မှာ တောင်ဆင်းချောင်း၊ ကျောက်ပုံချောင်း၊ ပင်းချောင်း၊ အနောက်ဘက်မှာ ပျဉ်းမချောင်း စသည် ရှိကြပါတယ်။ ကြက်မောက်တောင်ဆည်ဟာ ပုပ္ပါးတောင်မှ တောင်ဘက်ကို စီးဆင်းတဲ့ တောင်ဆင်းချောင်းနဲ့ ကျောက်ပုံချောင်းကို ပိတ်ကာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ (ဆည်တည်ဆောက်သောခုနှစ် နှင့် အင်ဂျင်နီယာရင်းဆိုင်ရာ အချက်လက်ကို သိသူများ ပြောပြပေးကြပါခင်ဗျာ)။ ကျောက်ပန်းတောင်း မြို့နယ် မြိုင်သာယာရွာ၊ စမ်းကုန်းရွာ၊ အိမ်အိုရွာ၊ စည်းကန်ရွာ၊ မုန်ငန်းရွာ၊ သရက်တောရွာ၊ ပေါက်တော (အရှေ့) ရွာ၊ ပေါက်တော (အနောက်)ရွာ ၊ မန်ကျည်းကုန်းရွာ၊ ညောင်ပင်သာ၊ ရှားပင်လှရွာ၊ စည်သာရွာ၊ ချောင်းခြားရွာ၊ မင်းဂေါင်း (တောင်)ရွာ၊ မင်းဂေါင်း (မြောက်) ရွာ၊ အောင်ပဒေသာရွာ၊ အောင်ချမ်းသာရွာ၊ လက်ပန်ကျင်း(သီးကုန်းရွာ+ညောင်ရွာ+အလယ်ရွာ+ တောင်ရွာ)ရွာ၊ လယ်ကြီးရွာ၊ အိုင်မင်းရွာ အစရှိသည့် ရွာများမှ လယ်ယာ ဧကပေါင်းများစွာအတွက် ကြက်မောက်တောင်ဆည်မှ ရေကို အသုံးပြုကြပါတယ်။

ကြက်မောက်တောင်ဆည်တွင် လက်ဝဲ နှင် လက်ယာ ရေလွတ်မြောင်း နှစ်ခုရှိပါတယ်။ ယခုနှစ်များတွင် ကြက်မောက်တောင်ဆည်သည် နွေရာသီများတွင် သီးထပ်စိုက်ပျိုးရန် ရေပေးဝနိုင်မှု နည်းပါလာ ခဲ့ပါတယ်။ အရင် နှစ်တွေက မှတ်မှတ်ရရ ၂၀၀၂-၂၀၀၄ လောက်က တောင်ရေ ရေလှောင် တမံနှင့် ကျောက်တခါး ရေလှောင် တမံအား တည်ဆောက်ကာ ကြက်မောက်တောင် ဆည်အား ရေဖြည့်ရန် စီစဉ်ကြောင်း ကြားဖူးပါတယ်။ သတင်းစာများတွင်လဲ ဖတ်ဖူးပါတယ်။ ၄င်းအပြင် မုန်ငန်းဆည် မှ ရေလွဲရေများ ကြက်မောက်တောင်ဆည်သို့ မြောက်ဖောက်ကာ ရေလွှဲသည်ဟုလဲ ကြားဖူးပါတယ်။ အောင်မြင်မှု ရှိသလား မသိပါဘူး။ (သိရှိသူများ ပြောပြပေးကြပါခင်ဗျာ)။ ယခင့် ယခင်များကလဲ ကြက်မောက်တောင် ဆည် ရေနေရေးအတွက် မိုးကောင်းစေရန် ပုပ္ပါးတောင်မှ စမ်းပေါက်များရေထွက်ကောင်းစေရန် သစ်ပင်အမျိုးစားများစွာ စိုက်ပျိုးခြင်းများ ပြုလုပ်ကြောင်း ဗဟုသုတ အဖြစ် ဖတ်ဖူးပါတယ်။

ကြက်မောက်တောင်ဆည်ဟာ နွေရေ မပေးနိုင်တာ အတော်ကြာပါပြီ။ အရင်တုန်းက အထက်ပါရွာများ အားလုံး ရေရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အစိုးရ စိုင်ခင်းများ နှင့် ဆည်အနီးနားရှိ လယ်ဧကများလောက်သား ရေပေးနိုင်ကြောင်းနှင့် နွေလယ်များ ရေရရန်အတွက် တောင်သူများ အငြင်းပွားရသည်လဲ ကြားဖူးပါတယ်။ လယ်ဧကများစွာ အတွက် နွေရေပေးနိုင်ရေးအတွက် လည်ဆည်ဝန်ကြီးက အထက်ပါ ကဲ့သို့သော တောင်ရေတမံ ကျောက်တခါးတမံများ တည်ဆောက်စဉ်က ကြက်မောက်တောင်ဆည် လက်အောက်ခံမှ လူထုပြောစကားတွေကြားဖူးပါတယ်။ သိပ္ပံနည်းပညာ အထောက်ထားခိုင်လုံမှု မရှိပေမယ့် ဖြစ်နိုင်မယ်လို သုံးသပ်မိပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ကြက်မောက်တောင်ဆည်ဟာ နှစ်အတော်ကြာ ဒေသကို အကျိုးပြဲခဲ့ပြီးပါပြီ။ ကာလကြာရှည်လာတာနဲ့အမျှ ဆည်ရေနေအကျယ်ဝန်း တိမ်ကောလာတာ ရှိကောင်းရှိပါမယ်။ မိုးကောင်းတဲ့နှစ်တွေမှာ ဆည်အောက်ခံက ရွာများ မျက်ခုံးလှုပ်ကြရပါတယ်။ သို့ပေမယ့် ဆည်ဘောင်က လုံးဝခိုင်မာပါတယ်။ နွေရောက်သည်နှင့် ဆည်အတွက် ရေအားနည်း ရသည်ကိစ္စမှာ ပြသနာ ဖြစ်ပါတယ်။ မိုးကောင်းသော်လဲ နွေလယ်ရေပေးနိုင်မှု နည်းပါးခြင်းမှာ ဆည်ရေမနေသောကြာင့် ဖြစ်နိုင်ပါတယ်။ ပထမအချက်ဖြစ်တဲ့ ရေနေဧကမှာ နှုန်းအနည်ထိုင်ကာ ဆည်တိမ်ကောလာခြင်းဟာ အနည်းငယ်သာ ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ဒေသခံတွေပြောတဲ့ အချက်တခုက စဉ်းစားစရာဖြစ်ပါတယ်။ ဆည်ပိတ်ပြီးခါစက ဆည်အောက်မှ ရွာများ ပထမနှစ် ရေရှားပါးခြင်းကြုံခဲ့ရတယ်လို့ သိရပါတယ်။ ငါနှစ်လောက် ကြာတဲ့အခါ ဆည်အောက်က ရွာတွေဖြစ်တဲ့ မင်းဂေါင်း တောင်/မြောက် ရွာတွေမှာ ရေကို လက်ယက် ဖေါ်နိုင်တဲ့ အခြေနေကိုပြန်ရောက်လာပါတယ်။ ဆည်အောက် အနည်းငယ်ဝေးကွာသော ရွာများလဲ ရေရလို့ အဆင်ပြေ နေဖြစ်နေပါတယ်။ ယခုနောက်ပိုင်း ၂၀၀၀ ခုနှစ်ကျော်နှစ်များမှာ ဆည်ရေက နွေရာသီ လယ်ဧက အကုန်ပေးဖို့ မလုံလောက်ဖူးဖြစ်လာတယ်။ ဒေသခံတွေ ထင်ကြတာက ဆည်ဟာ ရေအောက် ရေစီးကြောင်းပေါက်သွားတယ်။ ဆည်ဘောင်ခိုင်မာပေမယ့် ရေအောက်စိမ့်ကြော ဖြစ်ပြီး ဆည်အောက် ညောင်ပင်သာရွာဘက်မှာ အရင်ကမရှိတဲ့ ရေစိမ့်စမ်းတွေပေါ်လာတယ်။ မိုးတွင်းမိုကောင်းလို့ နွေမှာ လယ်ရေ ရနိုင်မယ် မှန်းထားလဲ မရဘူးဖြစ်နေတယ်။ အပြည့်ရှိတဲ့ ဆည်ရေတွေက လူမမြင်နိုင်အောင် မြေအောက် ရေစိမ့်ကြောကနေ ဆည်ထဲက ထွက်သွားကြတယ်လို့ ဒေသခံတွေက ယူဆ ပြောဆိုနေကြတယ်။ မည်သို့ပင်ဆိုစေကာမူ ကြက်မောက်တောင်ဆည်သည် အိုမင်းရင့်ေ၇ာ်မှုကြောင့် လယ်မြေများအတွက် ရေအပြည်အဝ မပေးနိုင်သော်လဲ ပုပ္ပါးတောင်အား စိမ်လန်းစေရန် တဖန်ပြန်လည် အကျိုးပြုနေပေလိမ့်မည်။ အရာအားလုံး မမြဲသော သဘောတရားရှိပေမယ့် ကျွန်နုပ်တို့သည် အညာဒေသ၏ အိုအေစစ်အား တည်မြဲရန် ထိန်းသိမ်းကြဖို့ လိုအပ်ပါသည်။
ဆန်းဝင်း (ကျောက်ပန်းတောင်း)

ကြည်ပြာမုန်းတဲ့မော်တာ (အပိုင်း ၂)

ကြည်ပြာ..နင်တစ်ယောက်တည်း ဘာတွေသဘောကျပြီး ပြုံးနေတာလဲ.
ဒီလိုပါပဲဟာ.. နင်ကလဲ စပ်စုလိုက်တာ.
လမ်းသွားတဲ့ လူတွေက နင့်ကို ကြည့်နေကြတယ်.
ဟင်..ဟုတ်လား..အမလေး ရှက်လိုက်တာ.
တော်သေးတယ်.ရှက်လို့..ဒီမှာ ရေပြည့်တော့မယ်.
အော်..ဟုတ်သားပဲ..ကျေးဇူး.သူငယ်ချင်း တောသားလေး.

ပြောရင်းဆိုရင်းပင် ရေပုံးသစ်နှင့်လဲလှယ်ကာ ရေပြည့်ပုံးအား ဆွဲသွားသည်။ ရေဘုံပိုင်ငုတ်မှ ရေသည် ဖြေးညင်းစွာ ကျနေ၏။ ရာသီဥတုက ပူပေမယ့် တမာရိပ်မှာ ထိုင်စောင့်ရလို့ အပူသက်သာ၏။ နေပူထဲ ရေဘုံပိုင်မှရေကို စောင့်သယ်ရတာ လွယ်တော့ မလွယ်ကူ။ အခန့်မသင့်က ဖျားနိုင်သည်။ ရေသယ်ရလို့ လက်ပျင်အောင့်နိုင်သည်။ ဒါပေမယ့် ကြည်ပြာကတော့ ကျန်းမာသည်။ အဟုတ် သန်မာသည်။ တခုပဲဆိုးတာ လူကို စကားလာလာပြော ပြီးတော့ နင်နားမလည်ပါဘူးနဲ့ လုပ်သွားတာ များနေပြီ. ဒီနေ့တော့ အပြတ်သက် မေးမှဖြစ်မယ်။

မြန်လိုက်တာ..ဖြေးဖြေးသယ်ပါ ခါးနာနေဦးမယ်.
အလဲ..စိတ်ပူတယ်ပေါ့ ဒါဆို လာကူသယ်ပေးလေ.
အင်း . ဖြစ်ပါတယ်. !
လေသံက အားမရှိလိုက်တာ ဖြစ်-ပါ-တယ် တဲ့..ဟွန်း.
နင် ငါမေးတာ မဖြေသေးဘူးနော်.
ဘာလဲ.
အခုန ဘာလို့ တစ်ယောက်တည်း ပြုံးနေတာလဲ.
အော်..ဒါလား.. ဒီနေ့ မော်တာသံ မကြားရဘူးလေ။ အဲဒါ ပျော်လို့ပေါ့.
ကြည့်. နင်ကတော့ .
ဘာလဲ.
အဲဒီ မော်တာ ကိစ္စလေ. ရှင်းဦး ငါ ခေါင်းမူးလာပီ.
အော် ဒါလား. ဒါကိုရှင်းမပြခင် နင် ရေဘုံပိုင်ကို သေချာကြည့် .
ဘာလို့လဲ..
စကားမများနဲ့ သေချာကြည့် ဘာကိုမြင်လဲ..
ဟ. နင်ကလဲ ရေကျနေတာ မြင်တာပေါ့.
အေး ရေကျနေတယ်. ဟာ..!!! ရေပြည့်တော့မှာပါလား. ကဲ .သူငယ်ချင်း တောသားလေး ရေပြည့်နေပီ.
ဘေးကိုဖယ်. ရေသယ်ရမယ်။
အင်းအင်း.. လုပ်လုပ်.. ငါစောင့်နေမယ်။

ခဏနေ ကြည်ပြာ ရေပုံးထောက်ကို ညာလက်နဲ့ ချာလပတ်လည်အောင်ရမ်းကာ ပြန်ရောက်လာသည်။ သူ့ကြည့်ရတာ မမောပန်း။
ကဲ..ပြောတော့..ကြည်ပြာ..
အင်း ပြောမယ်. ဟိုနေ့တည်းက ပြောမလို့ပါ. အချိန်ကမရတာ.ဟဲ့.. ငါတို့ မိသားစုက ဆင်း၇ဲတယ်. အဖေ နဲ့ အမေ ၂ ယောက်လုံးက ဈေးမှာ အလုပ်လုပ်တယ်။ ရတဲ့ပိုက်ဆံနဲ့ စားသောက်တယ်။ ငါတို့ကို ကျောင်းထားတယ်။ အပိုငွေ သိပ်မရှိဘူးလေ။ အိမ်မှာ အားလုံး အလုပ်ကိုယ်စီ ရှိကြတယ်။ ငါက သောက်ရေ သုံးရေ တာဝန်ယူရတယ်။ နိုင်ရာပေါ့နော်။
အင်း.. ဆက်ပြော.။
နင်မြင်တဲ့အတိုင်းပဲလေ... ဒါနဲ့ နင်ရော အိမ်မှာ ဘာလုပ်လဲ ရေသယ်ရလား.။
ဟင့်အင်း. မသယ်ရပါဘူး. ငါတို့အိမ်က အိမ်မှာ အဝီစိတွင်း ရှိတယ်. စက်နိုးလိုက်တာနဲ့ ပိုက်က ရေထွက်လာ တယ်. ရေကန်ထဲရောက်တယ်လေ။ တခါတလေ အိမ်က အုတ်ကန်ရေ အေးလို့ မချိုးနိုင်ရင် ချောင်း ထဲသွားချိုးတယ်။ လက်ပြစ်ကူးလို့ရတယ်လေ။
အင်း..အဲဒါပေါ့ .. ငါ နင်တို့ တောရွာကို အားကျမိတာ. တို့မြို့မှာ နွေရာသီဆို ရေရှားတယ်ဟဲ့. ဒီနေ့ နေသာတယ်. နောက်ပီးတော့ မော်တာသံ မကြားဘူး. ကြည့်လိုက် ဘုံပိုင် ရေငုတ်ကို.. အဲတော့. .ရေပြည့်နေပီ..
အင်း ဟုတ်သားပဲ. ငါကူငယ်ပေးမယ်လေ.
အမလေး မလိုပါဘူး. ကဲ.. နောက်မှ ဆက်ပြောမယ်နော်။
ဒါနောက်ဆုံးအခေါက်ပဲ ဒီနေ့ ရေလုံလောက်သွားပြီ. ရေပြည့်သွားပြီ။ ဘိုင်ဘိုင် သူငယ်ချင်းလေး ။ တောသားလေး။

ဟင်း...... အင်းပါ အင်းပါ..

အဲဒီနေ့က ကြည်ပြာကို မကြေနပ်ဘူး။ ပြောပြမလိုလိုနဲ့ စကားကိုဝှေ့နေတယ်။ စိတ်တိုတိုနဲ့ မလှပတဲ့ သူမ ကျောပြင်ကို မကြည့်ချင်တော့။ ရေဘုံပိုင်မှ လှည့်ထွက်ကာ အိမ်ပြန်လာခဲ့သည်။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက် = ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည်
ကျွန်တော်၏ ဇာတ်ကောင် ဖြစ်ပါသည်) ။

ဝမ်းသာသောနေ့ .. ဒီနေ့

မနက်ကြီးက အိပ်ယာထ နောက်ကျတယ်။
အခန်းမှာ လူကုန်သွားမှ လူးလှိမ့်ထကာ အလုပ်သွားဖို့ အမြန်လှုပ်ရှားပြင်ဆင်ရတယ်။
ဝုန်း ခနဲ အခန်းတခါးကို ပိတ်လို့ အပြေးဆင်းခဲ့တယ်။ ကံကောင်းလို့ ဖယ်ရီမှိတယ်။

အလုပ်ရောက် ကွန်ပျူတာဖွင့် သတင်းပလင်းဖတ် ဒါက နေ့စဉ် နိစ္စဓူဝ။
ဆန်းဝင်း (ကျောက်ပန်းတောင်း) ဘလော့ဂ်ကို ဖွင့်မရတာ ကြာပြီ။ စိတ်လဲ မလန်းတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။
ဖွင့်ကြည့်ပြီး စိတ်လေတယ်။ ဒါတောင် အရဲစွန့်ဖွင့်တာ။ ကိုယ့်ဘလော့ကိုယ်ဖွင့်တာနဲ့ ကွန်ပျူတာပဲ ပျက်တော့မလို ဂူဂဲက သတိပေးစာမျက်နှာ ကြောင့်ပါ။ ကွန်မင့်တွေ အကုန်ဖျက်လိုက်တယ်။ လင့်ချိတ်ထားတာတွေလဲ ဖျက်လိုက်တယ်။ အဆုံးခံလိုက်တော့မယ် စိတ်ကူးသေးတယ်။ တချို့သော ပိုစ်များက ကျောက်ပန်းတောင်းဆိုဒ်မှာ ကော်ပီ ကူးထားသေးတယ်။ ကျန်တာတွေက ပေါက်ကရတွေ။

ပေါက်တတ်ကရ ရေးပေမယ့် ၂၀၀၈ တည်းက ရှိနေတဲ့ ပိုစ်လေးတွေ နှမြောနေပြန်ရော။
ဒီနေ့မှ စိတ်ကူးပေါက်ကာ ကိုယ့်ဘလော့ဂ် ကိုယ်ပြန်ဖွင့်ကြည့်တော့ အိုကေနေတယ်။

ဒါနဲ့ နည်းနည်း ပြင်လိုက်တယ်။

ဆန်းဝင်း (ကျောက်ပန်းတောင်း) ပြန်လည် အသက်ဆက်ရှင်သန်နေလို့ ဒီနေ့ ဝမ်းသာပီတိ ဖြစ်မိတယ်။
နှစ်သစ်မှာ မင်္ဂလာပါ။ တကယ့်ကို မင်္ဂလာပါပဲ။
လမ်းကြုံ လမ်းမှား ဖြစ်ဖြစ် တမင်တကာ ဖြစ်ဖြစ် လာလည်သူ မိတ်ဆွေများ ကျေးဇူးတင်ပါကြောင်း။

အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Monday, March 28, 2011

ကြည်ပြာမုန်းတဲ့မ်ာတာ (အပိုင်း ၁)

ငါ မော်တာ တွေကိုမုန်းတယ်.
ဟင် ! .. ဘာလို့လဲ.
ငါ မော်တာသံကြားရင် ငိုချင်တယ်.
ဟင် ! . လိုက်မမှီတော့ဘူး.
နင်မသိပါဘူး.
ဟာ.. မပြောပြပဲ ငါက ဘယ်လိုလုပ် သိမလဲ.
နင်နားလည်အောင် ပြောပြဖို့ အချိန်မရှိဘူး တောသားရဲ့..
အန်..ဘလိုင်းကြီးပါလား. ရန်မစနဲ့နော်.
ရန်စတာ မဟုတ်ဘူး. အေးဆေးမှ ပြောပြမယ်.
အင်းလေ. နားထောင်ရတာပေါ့။

ကြည်ပြာ ဆိုတဲ့ ကောင်မလေး နဲ့ ဒီစကားတွေ ပြောဖြစ်တုန်းက သူဘာကို ဆိုလိုသလဲ နားမလည်ခဲ့။ အဲဒီတုန်းက ၁၉၉၉ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ကျွန်တော် ဆယ်တန်း တက်နေစဉ် အချိန်။ ကျောင်းမဖွင့်ခင် နွေရက်မှာကတည်းက ကျူရှင်မှာ ဆရာမအတွက် လခ ကောက်ပေးတဲ့ စွာတေးလန်မလေး ကို သတိထားမိ တယ်။ ကြည်ပြာတို့ အိမ်နဲ့ ကျွန်တော် အိမ်ငှားနေတဲ့ အိမ်က တလမ်းထဲ။ ပြီးတော့ အတန်းတူ၊ အခန်းတူ၊ ကျူရှင်တူတူ။ သူပြောပြချက်အရ သူတို့ မိသားစုက ဆင်းရဲတယ်။ တနေ့လုပ်မှ တနေ့စားရတယ်။ အပိုဝင်ငွေက သားသမီးတွေ ကျောင်းစားရိတ်နဲ့ ကုန်ရော တဲ့။ ဆင်းရဲပေမယ့် ကြည်ပြာက ခင်ဖို့ကောင်းတယ် ပွင့်လင်းတယ်။ ဖေါ်ရွေတယ်။ မာနမကြီးပေ။

လမ်းထဲမှာ ကြည့်လိုက်တော့ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တွေ တန်းစီလို့။ လမ်းကတော့ ဖုန်တွေ တလုံးလုံးနဲ့။ အမျိုးအမည် မသိသော အကောင်းစား ကားတစီး ဖြတ်မောင်းသွားရာမှ ထောင်းထောင်းထ နေတဲ့ ဖုန်းလုံးကြားမှာ နှာခေါင်းမိတ် မျက်စိမှိတ်ကာ ခေတ္တရပ်နေလိုက်၏။ လေမှာ ဝဲနေတဲ့ တမာရွက်တွေ မြေပေါ်မကျခင်ဆက်လျှောက် လာခဲ့တယ်။ ရှေ့ဆီသို့ လှမ်းကြည့်လိုက်တော့ လမ်းဘေး တမာပင်အောက်က ရေဘုံပိုင်မှာ ရေစောင့်ခပ်နေတဲ့ ကောင်မလေးတစ်ယောက်။ သူမ ကြည်ပြာ။ ဆံပင်တွေကို သားရေကွင်းနဲ့ ကျက်တောင်စည်းထားတယ်။ နဖူးပေါ်ကျနေတဲ့ ချွေးတွေ၊ နှာခေါင်းမှာ စို့နေတဲ့ချွေးတွေကို ဘယ်လက်ဖမိုးနဲ့ ဆွဲသုတ်နေပုံက ကဗျာ မဆန်လိုက်တာ။ အင်္ကျီလက်မောင်းကို ခေါက်တင်လို့ လက်မောင်း ကြွက်သား ဗလတွေက ယောင်္ကျားလေး တစ်ယောက်ထက်ပင် ပိုမည် ထင်သည်။
ဟေ့..ကြည်ပြာ..
ဘာလဲ..တောသား.
နင့်ပုံစံက ယောင်္ကျားလေးလိုပဲ.
အင်း. ငါက အိမ်မှာ အငယ်ဆုံးသား ယောင်္ကျားလေးပဲ.
အင်းပါ..အင်းပါ.. နင့်နဲ့ပြိုင်ပြောလဲ ငါပဲရှုံးမှာပါ.
သိရင်ပီးရော..ပေါ့.
နင် တစ်နေ့ ရေဘယ်နှစ်ထမ်း သယ်ရလဲ.
သုံးခေါက်ပေါ့..ငါအများကြီးသယ်ချင်လဲ မရဘူး.
ဟင်..ဘာလို့လဲ..
သိချင်လား ..သိချင်ရင် ငါနဲ့ရေလာခပ်..သိလိမ့်မယ်.
ဟာ..နင်ကလဲ.. ငါ ငှားနေတဲ့အိမ်က ရေကန်ရှိတယ် . ရေသယ်စရာ မလိုဘူး
အေး. ဒါဆိုလဲ နင်မသိချင်နဲ့ပေါ့. တောသားရဲ့.. ဒီမှာ ရေပြည့်နေပီ စကားပြောဖို့ အချိန်မရှိဘူး။
အင်းပါဟာ.. ငါလဲ သွားတော့မယ်။
သွားချင်သွား မသွားချင်နေ နင့်သဘော.. ။
အင်းပါ..

ပြောရ ဆိုရ လက်ပေါက်ကပ်လိုက်တာ မြို့သူတွေ။ ဘယ်လို မိန်းကလေးလဲ မသိ။ ပြောပြော ဆိုဆိုနဲ့ ရေပုံးကို ဆွဲကာ ခပ်သွက်သွက်ထွက်သွားသည်။ ကြည့်ရင်းနဲ့ ကြည်ပြာ့ အကြောင်းစဉ်းစားနေမိတယ်။ အခုလဲ စကားကောင်း မပြောဘူး။ ဟိုနေ့ကလဲ မော်တာတွေကို မုန်းတယ်တဲ့။ မော်တာသံ ကြားရင် ငိုချင်တယ်တဲ့။ ဘာတွေလဲမသိ။ စိတ်ဝင်စားစရာပဲ။ နောက်တခါတွေ့မှ သေချာ မေးကြည့်ဦးမည်။

ဆက်ရန် -
ဆန်းဝင်း (ကျောက်ပန်းတောင်း)။ (မှတ်ချက်= ကျွန်တော်သည် ကျွန်တော်ဖြစ်၍ ကြည်ပြာသည် ကျွန်တော်၏ ဇာတ်ကောင် ဖြစ်သည်)။

သောကြာသားပါခင်ဗျာ

ဒီပုံပြင်ကိုရေးတာ သိသွားလို့ကတော့ ကျွန်တော် အဆဲခံရမှာ သေချာတယ်။ ဒါပေမယ့် ရေချင်တာ ကြာနေပြီ။ အဲတော့ နာမည်ပြောင်း ရေးမယ်။ သောကြာသား ပုံပြင်က ဒီက စတယ်။

အဲဒီရွာလေးက နေချင့်စဖွယ် သာယာတယ် (ဘယ်ရွာလဲ မမေးနဲ့ မပြောဘူး)။ တောင်ကျချောင်း ဘေးက ရွာတန်းရှည်လေးပေါ့။ မြသိန်းတန် တောင်ကုန်း ဆိုတာ အစိုးရ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ထားတာ မကြာသေးဘူး။ ယခင့် ယခင်ကဆို နွေရာသီ အလုပ်ပါးချိန် ထင်းခုတ်ချင်တိုင်းခုတ် လို့ရတယ်။ သန်းပင်၊ ဒဟတ်ပင်၊ ရှားပင်၊ ဇီးပင်၊ ဝါးပင်တွေ အိုး.. အညာဒေသ ပေါက်တဲ့ အပင် စုံလို့ပေါ့။ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ပီးကတည်းက မြသိန်းတန် တောင်ကုန်းမှာ ထင်းမခုတ်ရတော့ဘူး။ တောခေါင်းက ချောင်းဖမ်းတယ်။ ဒါပေမယ့် တခါတခါ ခိုးခိုး ခုတ်ကြတယ်။ သိတယ်မလား။ အဲဒီမှာ စတွေ့တာ။

တနေ့တော့ ရွာတန်းရှည် ရွာလေးက ဦးလေးကြီးတွေ ကြိုးဝိုင်းသစ်တော မှာ ထင်းခိုးခုတ်ကြတယ်။ နံနက်ကြီးစောစော ၅ နာရီလောက်တည်းက လှည်း ကိုယ်ဆီနဲ့ ထွက်လာကြပြီး လှည်းနွားများ အရိပ်ကောင်းတွင် ထားကာ ထင်းခုတ်ရန် ပြင်ကြတယ်။ မိုးလင်းတည်းက တိုးတိုး ကြိတ်ကြိတ် ခုတ်ကြ တယ်။ ကံဆိုးချင်တော့ နံနက် ၉ နာရီလောက် ကျတော့ တောခေါင်းက ဖမ်းမိသွားတယ်။ အားလုံးပေါင်း (၇) ယောက်။ ကျောက်ပန်းတောင်း-ချောက် ကားလမ်း ဘေးက သစ်ပင်မှာ “သစ်တစ်ပင်ခုတ် အချုပ်သုံးလ” တဲ့ ရေးထားတာ တွေ့ဖူးတယ်။ ထင်း ခုတ်တာ ဆိုတော့ ဘယ်လောက်ကျခံရမလဲ မသိ။ ဦးလေးကြီးများ ကြောက်ဒူး တုန်နေ၏။

ထင်းခုတ်သူ ဦးလေးကြီးများအား တောခေါင်း၏ တဲသို့ ခေါ်သွား၏။ တောခေါင်း က ဒေါသဖြင့် ပြောသည်။ “ဦးလေးကြီးတို့ ဒီတောဟာ နိုင်ငံတော် အစိုးရ ကြိုးဝိုင်းသစ်တောဖြစ်တယ်။ ထင်းမခုတ်ရဘူး ဆိုတာ မသိကြဘူးလား။ ထင်းခိုးခုတ်ရင် ထောင်ဒဏ်အထိ အပြစ်ပေးလို့ ရတယ် ဆိုတာ ဦးလေးတို့ ရွာသူကြီးက ပြောပြမထားဘူးလား” ဦးလေးကြီးများ အသံပင်မထွက် ဘာမျှ ပြန်မပြောရဲကြ။ တောခေါင်းက ဆက်ပြော၏။ ဦးလေးကြီးတို့ တစ်ယောက်ချင်း ဆီ မေးမယ်။ မဆိုင်တဲ့သူ ဝင်မပြောကြနဲ့ ဟုဆိုကာ တစ်ယောက်ဆီ စစ်မေး၏။

နံပါတ် (၁) ဦးမောင်ပု။ ကဲ.. ဦးလေး ပြော.. ဘာပင်တွေ ခုတ်သလဲ။ ဘာသားတွေ ခုတ်သလဲ။
ဟုတ်ကဲ့ ဆရာလေး ဦးလေးကို မဖမ်းပါနဲ့။
အဲ..ဗျာ.. ဆရာလေးတော့ မခေါ်ပါနဲ့။ ကျွန်တော် မေးတာ အေးဆေး ဖြေပါ။ ဆရာလေး ခေါ်ခံလိုက်ရသောကြောင် တောခေါင်းလေး အနည်းငယ် တင်းသွား၏
ဦးလေး အိမ်က ဆင်းရဲတယ်ကွဲ့။ ခိုင်းနွား ၂ ကောင်၊ နွားမက ၅ ကောင်ရှိတယ်။
ဒီမှာ ဦးလေး အဲဒါနဲ့ ကျွန်တော်မေးတာ ဘာဆိုင်သလဲ..
ဒီလို ဆရာလေး..အဲ. ရောင်လို့ ငါ့တူရဲ့.. ဦးလေး အိမ်က ရွာစည်းရိုးနဲ့ ကပ်နေတယ်။ နွေရာသီမှာ နွားသခိုးက ပူတတ်တယ်။ ဒီတော့ သခိုးရန် မပူရအောင် စည်းရိုးကာဖို့ ဆီးဆူး၊ ရှားဆူး တခက် နှစ်ခက် လာခုတ်တာပါ။ ထင်းခုတ်တာ မဟုတ်ရပါဘူး မောင်ရယ်။ ဒါ့ကြောင့် ဦးလေးကို မဖမ်းပါနဲ့လို့ တောင်းဆိုတာပါ။
အော်..ဒီလိုလား. သေချာရဲ့လား သေချာရင် ဦးလေး လှည်းကို လိုက်ပြပါ။ နောက်မှ လိုက်ကြည့်မယ်။ ကဲ နောက်တစ်ယောက်။

နံပါတ် (၂) ဦးမောင်ကို။ ဘာပင်တွေ ဘာသားတွေ ခုတ်သလဲ ပြောပါဦး ဦးမောင်ကို။
မောင်ရင်ရယ် စဉ်းစားကြည့်စမ်းပါ။ ဦးလေးမှာ အပြစ်မရှိပါဘူး။ အပြစ်ရှိတာ ဦးလေး မိန်းမပါ။ တောခေါင်းလေး မျက်လုံးပြူးသွား၏။ ဦးမောင်ကို ဆက်ပြော၏ ဒီလိုမောင်ရင် ဒီနှစ် မိုးဦးအစက မိုးနည်းနည်းခေါင်းတယ်။ ပဲနှမ်း သိပ်မကောင်းဘူး။ ကံဆိုးတယ် မြေပဲပေါ်တော့ ယာခင်းထဲမှာလဲ မြေပဲတွေ မိုးမိတယ်။ အိမ်ရောက်တော့ လဲ အခြောက်လှမ်းတာ မိုးမိပြန်တယ်။ ပွဲစားနဲ့ တွေ့တော့ ဈေးနှိမ်ခံရပြန်တယ် မောင်ရင်။ တောသူတောင်သား သနားဖို့ ကောင်းပါတယ်။
စိတ်ဝင်စားလာပီ. ဆက်ပါဦး ပုံပြင်က ဘယ်လိုလဲ..(တောခေါင်းက တင်းတင်းနဲ့ ရွဲ့ပြောလိုက်၏)
အဲဒါနဲ့ မိန်းမဖြစ်သူပေါ့ ရွာဦးကျောင်းက ကပ္ပိယကြီးဆီမှာ ဗေဒင်မေးတယ်။ ဗေဒင်အရ အိမ်မှာ ဂျိုလ်ဆိုးဝင်နေတယ်လို့ ပြောပါတယ်။ ဂျိုလ်ဆိုးတွေ ပြောက်အောင် ဘုရားကိုးဆူ ဆွမ်းကြွေးလုပ်ရမယ်။ နေ့တိုင်း နားပူ နားစာ လုပ်လွန်းလို့ ဘုရားကိုးဆူဆွမ်းကြွေး လုပ်ဖို့ ရပ်သတ်မှတ်ပြီး လိုတာလေးတွေ စုဆောင်းရင်း ဆွမ်းချက်ဖို့ ထင်းလေး လိုတာနဲ့ လာခုတ်မိတယ်။ သန်း၊ ဒဟတ်၊ ရှား နည်းနည်းလေးပါ။ ကံကလဲ အခုထိဆိုးတုန်းပါပဲ မောင်ရင်ရယ်။
အော်..အော်.. ဟုတ်ပီ။ သဘောပေါက်သွားပြီ။ ဆွမ်းချက်ဖို့ ထင်းလာခုတ်တယ် ဆိုပါတော့။ ကောင်းလိုက်တဲ့ ဖြေရှင်းချက်။ ကဲ ထားပါတော့ နောက်တစ်ယောက်။
သို့နှင့် နံပါတ် (၃) (၄) (၅) (၆) မေးမြန်း စစ်ဆေးစဉ် ရယ်ရမလို ငိုရမလို ဒေါသထွက်ရမလို နှင့် တောခေါင်းလေး ရူးချင်သွား၏။ နောက်ဆုံးတစ်ယောက်

နံပါတ် (၇) ဦးဟန်ပိုင်။ ဦးဟန်ပိုင်သည် ရိုးသား၏။ တစ်အာရုံသမား သူပြောချင်တာ ပြော၏။ ယခုမူ ကြောက်လွန်းသဖြင့် ဘာကိုမှ မတွေးနိုင်တော့။ သို့သော် အလှည့်ရောက်လာ၏။ ဟန်ပိုင် ဆိုသော နာမည်နှင့်အညီ မေးခွန်းများ ဖြေရတော့မည်ကို ဟန်နှင့် ပန်နှင့် အားမန် အပြည့်ထည့်ထား၏။ ဟန်ကိုယ့်ဖို့ ဟူဆို၏။
တောခေါင်းက မေး၏။ ကဲ..ဦးဟန်ပိုင် ဘာသားလဲ ပြောစမ်းပါဦး။
ဦးဟန်ပိုင် အသံကျယ်ကျယ်ဖြင့် အားရပါးရ “ကျွန်တော် သောကြာသားပါ ခင်ဗျာ” ဟုဖြေ၏။
ဗျာ..သောကြာသား ဟုတ်လား ပြန်ပြောပါဦး
ဟုတ်ကဲ့ ကျွန်တော် သောကြာသားပါ ဗိုလ်လေး။
တောခေါင်း နှင့်တကွ အားလုံးသော ဦးလေးကြီးများ ဝါးခနဲ ဝါးလုံးကွဲ ၇ယ်ချလိုက်လေသည်။ တောခေါင်းလေးသည် ဒေါသစိတ်ထက် ရယ်အား သန်ကာ မေးခွန်းများ ဆက်ကာ မမေးတော့ပေ။

ကဲကဲ.. ဦးလေးတို့ ဒီမှာလာ လက်မှတ်ထိုး။ နောက်တခါ မိရင် ရဲလက်အပ်မယ်။ ကျန်တဲ့ရွာသားတွေရော အနီးနားရွာတွေရော ပြောထားကြ ဟုတ်ပီလား။ ဒီ မြသိန်းတန် တောင်ကုန်းကို ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်တာ အစိုးရ အကြီးကဲတွေက က အပိုင်စီး သစ်ခုတ် ရောင်းစား ချင်လို့ မဟုတ်ဘူး။ ဦးကြီးတို့ သိတဲ့ အတိုင်း ကမ္ဘာကြီးက ပူနွေးလာတယ်။ အညာဒေသမှာ မိုးခေါင် ရေရှား ရာသီဥတုတွေ ပြောင်းလဲလာတယ်။ အဲဒီလို ပြောင်းလဲလာတဲ့ ရာသီ ဥတုကို ထိန်းသိမ်းဖို့ လိုတယ်။ ကြားဖူးကြတယ်မလား ဥတုရာသီ တောကိုမှီတဲ့
သစ်တော ဝါးတော ရှိမှ မိုးမှန်မယ် တောင်သူတွေ အလုပ်ဖြစ်မယ်။ ဝင်ငွေ ကောင်းမယ်။ အဲဒါမှ ဟိုဦးလေး ပြောသလို မိန်းမက နားပူ နစာ မလုပ်တော့ဘူးပေါ့။ သဘောပေါက်ရဲ့လား။

အားလုံးက ပေါက်ပါတယ် ဆရာလေး။ ပေါက်ပါတယ် မောင်ရင်။ ပေါက်ပါတယ် ဗိုလ်လေး။ သဘောပေါက်သွားပြီ ငါ့တူကြီး စသည်ဖြင့် တစ်ယောက် တစ်ပေါက် ပြန်ဖြေကြ၏။ တောခေါင်းလေးသည် ရာသီဥတု ပြောင်းလဲခြင်း နှင့် မည်သို့ မည်ပုံ ထိန်းသိမ်းရမည်များကို ပညာပေး ပြောဆိုကာ ပြန်လွတ်လိုက်၏။

ထိုအချိန်မှစ၍ သောကြာသားသည် နာမည်ကြီးလာ၏။ ဦးဟန်ပိုင်အား မြင်လျှင် အချင်းချင်း တိုးတိုး ကျိတ်ကျတ် သောကြာသားပါခင်ဗျာ ဟုတ် နောက်ကြ၏။ သောကြာသား ဟာသ ပုံပြင် အဖြစ် လူကြီး လူငယ် လက်ဆင့်ကန်းကာ ပြောဆို ဝါးခနဲ ဝါးလုံးကွဲ ရယ်ကြလေသည်။

Thursday, March 24, 2011

နယ်သားဘလော်ဂါများ

ဘလော့ဂ်နာမည်ကို “ရွှေညာသားလေး” လို့ အမည်ပေးထားပါတယ်။ ရေးသူကတော့ မျိုးခန့် (စကားဝါမြေ) ဖြစ်ပါတယ်။ အရေးသား ကောင်းတယ်။ စိတ်ကူးတွေလဲ ကောင်းတယ်။ အညာမြေကို ချစ်ခင်တဲ့ အညာသား စစ်စစ် သွေးတွေနဲ့ ရေးတဲ့စာတွေက စာဖတ်သူကို ဆွဲဆောင်မှု အပြည့်ရှိတယ်။ ဇာတိပုည ဂုဏ်မာန ဆိုတဲ့အတိုင်း ဇာတိမြေအကြောင်း ကမ္ဘာသို့ ဖွင့်ဆို ချပြကာ ဂုဏ်ယူဝံ့ကြွားသူ ဖြစ်တယ်။ အညာမြေ ကျေးလက်ဓလေ့များ အကြောင်း ကိုယ်တိုင် ဘဝဖြတ်သန်းမှု နဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေက စိတ်ဝင်စားဖွယ် ဖတ်လို့ကောင်းတယ်။ http://shwenyartharlay84.blogspot.com/ ရွှေညာသားလေး အား ဇာတိမြေမှ နယ်သား ဘလောက်ဂါ အသစ် မိတ်ဆက် အဖြစ် အဝေးရောက် ကျောက်ပန်းတောင်းအသင်း ဝဘ်ဆိုဒ်မှ မိတ်ဆက်ပေးလိုက်ပါတယ်။

ယခင်က နယ်သား ဘလော်ဂါဆိုဒ်များ တင်ပြဖူးပါတယ်။ ယခု ထပ်မံ ဖေါ်ပြ လိုက်ပါတယ်ခင်ဗျာ။
၁။ ကျောက်ပန်းတောင်းအသင်း ဆိုရှယ်ဆိုဒ် click here.
၂။ ဆရာတော် ဦးကျောက်ပန်းတောင်း click here.
၃။ စကားဝါမြေ စာကြည့်တိုက် wordpress click here.
၎။ စကားဝါမြေ စာကြည့်တိုက် click here.
၅။ အောင်နိမိတ်-သက်နှင်းဆွေ(ပုပ္ပါး) click here.
၆။ အနာဂါတ်သံစဉ် – ညီညီ click here.
၇။ ဆန်းဝင်း(ကျောက်ပန်းတောင်း) click here.
၈။ မောင်မောင်ဆိုလေထီးရိုးရှည် click here.
၉။ ကိုဖိုးလင်း multiply click here.
၁၀။ ရွှေညာသားလေး click here.

နယ်သူနယ်သားများ ဆိုရှယ်နတ်ဝေါ့ဒ် ကွန်ယက်ဖွဲ့ကာ ဇာတိမြေအကျိုး ပိုမို သည်ပိုး နိုင်ကြပါစေ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Tuesday, February 22, 2011

နာမည်ဆိုးတဲ့ အက်စစ်

ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးလက်တောရွာ တရွာမှာ -
ရှေးတုန်းက ယောင်္ကျားများ အသက်ရွယ် ရလာရင် ဒူလာ ရှူနာ ရှိုက်ကုန်း ပိန်တိ ပိန်ညောင်ဖြစ်လာတယ်။ ဒါဟာ ရောဂါကြောင့် ပိန်ခြင်းသာဖြစ်တယ်။ ရှေးဘဝကံ အကျိုးပေးကြောင့် ၉၆ ပါးရောဂါ ဝေဒနာ ခံစားရခြင်းဖြစ်တယ် လို့ မြင်တယ်။ ဘဝကံ အကျိုးပေး မကောင်းလို့ ဒီလိုအဖြစ်ကို သနားကြတယ်။ တစ်ဦးကို တစ်ဦး ဖေးမ လို့ ကူညီကြတယ်။ ရောဂါ ကြောင့် ဘဝ ကူးသွား ခဲ့လျှင်တောင်မှ အသုဘ လိုက်ပို့မည့်သူ မရှားပါ။ ဒီလို အဖြစ်မျိုးတွေဟာ ကမ္ဘာကြီး ရွာတရွာ မဖြစ်ခင်က အမှန်တကယ် ရှိခဲ့တာပါ။

ဒီအယူဆ အတွေး အမြင်ဟာ ပြောင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်က စလို့ ယောင်္ကျား တစ်ယောက် ပိန်တိ ပိန်ညောင် ဝါးခြမ်းပြား အဝတ်ပတ် ထားတဲ့ ပုံစံဆိုရင် အက်စစ် ကိုက်နေတယ် လို့ အပြော ခံရပီသာ မှတ်ပေတော့။ အားလုံးရဲ့ စိတ်မှာ ဆွဲထင်နေတာ တဖြေးဖြေး ပိန်လာရင် အက်စစ်ကိုက် ခံနေရတယ် မကြာခင်မှာ ရှောတော့မယ်တဲ့။ မိဘတွေက သားသမီးတွေကို ဆုံးမကြတယ်။ အဲဒီလူက ကိုယ်ကျင့်တရား ပျက်တဲ့သူ။ ယုတ်မာတဲ့သူ၊ မပေါင်း မသင်းကြနဲ့။ ဝေးဝေး ရှောင်ကြလို့။ ကျေးလက် သားဖွား ဆရာမက အတင်း တုတ် သလိုလို ပညာပေးတော့ လမ်းကြောင်း လွဲမှား သွားတာလဲ ရှိမယ် ထင်ပါတယ်။ မည်သို့ပင် ဖြစ်စေ အက်စစ် ရောဂါကတော့ တောနယ်များ အထိ ရောက်ရှိ နေလေပြီ။

အက်စစ်ကြောင့် ကမ္ဘာကြီး ရွာတစ်ရွာအဖြစ် ပြောင်းလဲ လာတာကို အပြစ် ဆိုရမလို ဖြစ်နေပါပြီ။ တကယ်တော့ ဆင်းရဲခြင်းက အဓိက ပြသနာ တခုပါ။
မိုးခေါင်ရေရှား အညာမှာ နှစ်စဉ် လူဦးရေက များလာတယ်။ အနေ အစား ခြွေတာရတဲ့ဘဝမှာ မိသားစု စားဝတ်နေရး နဲ့ ငွေကြေး အတွက် လူငယ်တွေ မြို့တက် အလုပ်လုပ်ကြ တာ ရှိလာတယ်။ ငယ်ရွယ်သူ စိတ်က ထက်တယ်။ လုပ်ချင် ကိုင်ချင်စိတ် အပြည့်ရှိတယ်။ ဆူးစမ်းတတ်တယ်။ မြို့မှာ အလုပ် လုပ်လို့ လမ်းကြောင်း မှန်ကို ရောက်တဲ့ လူငယ် ရှိသလို လမ်းကြောင်းမှားတဲ့ လူငယ်တွေလဲ ရှိလာတယ်။

လမ်းကြောင်းမှားတဲ့သူက ငွေစလေးတွေနဲ့ ကျေးလက်ရွာကို အပြန် အက်စစ် သယ်လာတယ်။ အက်စစ်ကြောင့် နေ့မြင် ညပြောက် လေးငါးယောက်ရှိတဲ့ အခါ ကြောက်လန့်လာကြတယ်။ အဲဒီကစ သာမန် ကျန်းမာရေးကြောင့် ပိန်လာတဲ့ သူတွေကိုပါ ရောပြီး ယုန်ထင်ကြောင်ထင် ထင်ကြတယ်။ အက်စစ် ကိုက်နေပြီထင်တယ်။ မယုံရင် ကြည့်နေပေါ့။ အက်စစ်က ကြောက်ဖို့ တအား ကောင်းတယ်။ သမားဆရာ တို့ အဆိုရှိတာ အနာသိ ဆေးရှိတဲ့။ အခုတော့ ကုရာနတ္တိ ဆေးမရှိ ဆိုတဲ့ ရောဂါ အက်စစ် ပေါ်လေပြီ။ ကျေးလက်နယ်တွင် အက်စစ်အား ကြောက်လန့် နေသောစိတ်များ လွှမ်းနေ၏။

ဖေးမကူညီ အကြံညဏ်ပေး ကုသရန် စဉ်းစားကြခြင်းထက် ကိုယ့်ကျင့်တရား ဖောက်ဖျက်ခြင်းအမှုကိုသာ ဖိပြောနေကြသည်။ အဆိုး မဆိုသာချေ။ ပြသနာ သည် ခြေတောက်ပေါက်ကာ အလိုလိုရောက်လာခြင်း မဟုတ်။ ပြသနာအား သယ်ဆောင်လာသူသည် အသိတရားလွတ် ဗဟုသုတမဲ့စွာ နေထိုင်ပြုမူခြင်း ကြောင့်ဖြစ်၏။ သို့နှင့် အက်စစ် ကိုက်ခံရသူသည် လူ့အသိုင်းဝိုင်းမှ ဘေးထွက် နေရန်မှတပါး အခြားမရှိ။ ကုသရန် လမ်းကြောင်းကား ပြောက်ဆုံးနေ၏။

ထို့ပြင် အက်စစ်ကြောင့် မိဘ ဆွေမျိုး အသိုင်းဝိုင်း မှာလည်း မျက်မှာ ပျက်ရ၏။ သူတို့သားပေါ့ အက်စစ်ကိုက် သေတာ။ အဲဒီရွာကလူပေါ့ အက်စစ်ကိုက်လို့ သေတာ ၂ ယောက်တောင်ရှိပေါ့။ နေရပ်ဇာတိ နာမည်ကောင်းမရှိပြီ။
ထိုမှတဖန် မြို့နယ် နာမည်ပျက်ရ၏။ ထိုမှတဆင့် …..ရှေးယခင်က သမိုင်းကောင်းသော ကျောက်ပန်းတောင်းနယ်သည် နာမည်ပျက်ရ၏။

အဆိုကောင်း ဒွန်တွဲနေသော သဘောသည်ရှိ၏။ ဘာသာတရား ကိုင်းရှိုင်း သော ရိုးသားသော ဖော်ရွှေသော သူများရှိရာ နယ်မြေသို့ အက်စစ် ရောက် လာသည်။ အထက်ပါ ဥပမာသည် အက်စစ် လမ်းကြောင်းတခုသာဖြစ်၏။ အခြားအကြောင်းများလဲရှိ၏။ သိသလောက်တော့ ရေးဦးမည်။ အေအိုင်ဒီ အက်စ် ကူးဆက်ခံ ဝေဒနာရှင်များ စာရင်းတွင် ကျောက်ပန်းတောင်းက ပါနေ၏။ ဘာကြောင့်လဲ။ HIV AIDS က လူကို ဘယ်လို ကူးဆက်တတ်သလဲ။ မကူးဆက်အောင် ဘယ်လို ဆင်ခြင်ရမလဲ မသိလို့။ အရက်သေစာ သောက်စားကာ အဖေါ်မပါပဲ ခရီးသွားမိလို့ စသဖြင့်။

ကျောက်ပန်းတောင်းမြို့တွင် ဟိုက်ဝေးမောင်း ဆယ်ဘီးကားများ ရှိ၏။ နာမည်ကြီး၏။ ကားသမားသည် နယ်စုံ ရောက်၏။ မိန်းမ လိုက်စား၏။ ကာမတနှာ သွေသားဆန္ဒသည် သတ္တဝါတိုင်းရှိစမြဲပင်။ နယ်စုံရောက်ကာ နယ်စုံမှ ရောဂါများ သယ်လာခြင်းသည် ပြသနာ တရပ်ဖြစ်၏။ ဤသည်မှာ အက်စစ် လမ်းကြောင်းတခု ဖြစ်၏။ ဇာတ်သများ နှင့် နတ်သမာများ သည်လဲ အက်စစ် သယ်ဆောင်ရာ လမ်းကြောင်း ဖန်တီးသူများတွင်ပါဝင်၏။ တသက်လုံး ဒီရွာမှာနေ ဒီရေကို သောက်၊ ဒီလင် ဒီမယား ပေါင်းသင်း နေထိုင် လာတာ ဘာမှ ဖြစ်စရာ အကြောင်း မရှိတာ လူတိုင်းအသိပါ။ နယ်လှည့် နေသူများ သတိထားဖွယ် ဖြစ်ပါသည်။

ကျောက်ပန်းတောင်း ဆရာတော်ငယ်၊ ဆရာတော် ကြီးများသည် အနယ်နယ်အရပ်ရပ်တွင် သာသနာ ပြုကြ၏။ ဒုန်လဘ ကိုရင် ဝတ်လိုသူ များအား သင်တုန်းဓါး အတူရိပ်၏။ ဇာတိပြန် လာခဲ့သော် အက်စစ် သယ်ဆောင် လာနိုင် မလာနိုင် မည်သူငြင်းမည်နည်း။ ကျောင်းသားလူငယ် များလဲ ထည့်တွက်ရမည်။ မြန်မာပြည် အနှံ့ ပညာသွားသင်ကြရာ ဇာတိမြေ သို့ အက်စစ် သယ်လာနိုင်၏။ အက်စစ် ကူးဆက် ပြန့်ပွားခြင်း လမ်းကြောင်း အား ပရော်ဖက်ရှင်နယ်များ ပိုမို ခန့်မှန်းနိုင်လိမ့်မည်။

ဇာတ်သမားတွေတော့ မကောင်းဘူး။ နတ်ကတော် တွေတော့ မကောင်းဘူး။ ဘုန်းကြီးတွေတော့ မကောင်းဘူး။ ကျောင်းသားတွေတော့ မကောင်းဘူးလို့ ပြောလိုသည်မဟုတ်။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေ စဉ်းစားမိခြင်းသာဖြစ်၏။ အက်စစ်ကို ကာကွယ်ဖို့ အဓိကကတော့ ပညာပေးခြင်း နှင့် အကာကွယ် ပစ္စည်းများ ဖြန့်ဝေပေးခြင်းသည် ထိရောက် မည်ထင်၏။ အားလုံးလဲ စဉ်းစားမိ ကြမည် ထင်ပါသည်။ အဲဒီတော့ နာမည်ဆိုးတဲ့ အက်စစ်ကြောင့် ကျောက်ပန်းတောင်း နာမည်မပျက်ရအောင် ပညာပေး လုပ်ငန်းများ လုပ်ကြဖို့ တိုက်တွန်း လိုပါတယ်။

ဇာတိမြေကိုချစ်သော – ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Saturday, February 19, 2011

ထန်း နဲ့ ထန်းလျှက်





ကျွန်တော်ရိုက်ထားတာ။ မဟုတ်ပါ။ ပုဂံညောင်ဦး လာလည်တဲ့ ပြည်ပ ခရီးသည်များ ရိုက်ထားတာပါ။ Flickr.com ကနေ ယူထားတာ လင့်မေ့သွားပီ။ အပေါ်ပုံက Ballons over bagan shoot ပါ။

ကြက်မောက်တောင်ဆည်

Monday, January 31, 2011

ပုပ္ပါးတောင် ရှုခင်းများ

ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)


ပုပ္ပါးတောင် အာရုံဦး ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

ပုပ္ပါးတောင် ရှုခင်း (ကျောက်ပန်းတောင်းမြို့နယ်)

မှတ်ချက် = ကျောက်ပန်းတောင်း နဲ့ ပုပ္ပါးကို google search မှာ တွဲပေါ်အောင် ဓာတ်ပုံ ခေါင်းစဉ် တပ်လိုက်တာပါ။ အထက်ပါ ဓာတ်ပုံများကို filckr.com က နိုင်ငံခြားသား တစ်ဦး ဆီမှ မပြောမဆို အလစ်သုတ်လာခဲ့ပါတယ်။ ကွန်မင့်တော့ ပေးခဲ့တယ်။

Sunday, January 23, 2011

ပန်းလက်ဆောင်





















မတွေ့ရတာ ကြာပီဖြစ်တဲ့ ဘလော့ဂ်က ဘော်ဘော် တွေအတွက် ပုပ္ပါးမြေက စကားဝါပန်း လက်ဆောင်...

တခါတလေ သတိရပါတယ်

ဘလော်ဂါတွေထဲမှာ မိတ်ဆွေနည်းပါတယ်။ တော်တော်များများလဲ အနားယူသွားကြတယ်။

ဝါသနာအပြည့် ဇွဲနဘဲနဲ့ ရေးနေဆဲ အကို အစ်မ များလဲ တွေ့ရတယ်။

နောက်ထပ်ပေါ်လာတဲ့ ဘလော်ဂါတွေလဲ တွေ့ရတယ်။

ဒီဘလော့ဂ်မှာ စာမရေးဖြစ်ပေမယ့် ကျောက်ပန်းတောင်းအသင်း မှာ အနည်းအပါး မဆိုစလောက် ရေးဖြစ်သေးတယ်။

တခါတလေ သတိရပါတယ်။ ဘော်ဘော်တွေကို........

We are Theravada

တနင်္ဂနွေနေ့တုန်းက မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကို ရောက်ဖြစ်ခဲ့တယ်။ အရှေ့ဘက်မုခ်ကစလို့ မပြောင်းလဲသေးတာတွေကို ပြန်တွေ့ရတယ်။ ကြွပ်ကြွပ်အိတ်ပေးပြီး မုန့်ဖိုးတောင်းတဲ့ ကလေးတွေ ပေါ့လေ။ သူတို့လေးတွေကို ငြင်းဆန်ကျော်ဖြတ်ရင်း ရင်ပြင်တော်ပေါ် ရောက်သွားတယ်။ တန်ဆောင်းတစ်လျှောက်က (နိဗ္ဗာန်ဈေးဆိုင်) လို့ အမည်တပ်ထားတဲ့ ဗေဒင်၊ နတ်ရုပ်၊ ဘိုးတော်အပါအ၀င် သာသနာတွင်း/ပ အကုန်ရတဲ့ဆိုင်တွေကိုလည်း အရင်အတိုင်း တွေ့ရသေးတယ်ပေါ့။ ဒါနဲ့ပဲ ရင်ပြင်တော်ပေါ် ရောက်တယ်ဆိုပါတော့လေ . . . ။

ပျားပန်းခပ် လူးလာခေါက်တုံ့နေတဲ့ မြန်မာပြည်သူတွေရဲ့ တစ်ကိုယ်ရေ အမွှေးနံ့သာနံ့တွေရယ်၊ လှူဒါန်းပူဇော်ထားကြတဲ့ ပန်း၊ အမွှေးနံ့သာတိုင်နံ့တွေ၊ မီးခိုးတွေကြားမှာ ကျွန်တော်လည်း အရင်လိုပဲ စူးစမ်းရင်း လျှောက်လာခဲ့ တယ်။ စေတီတော်ယဉ်ကျေးမှုက အရင်အတိုင်းပါပဲ။ အုန်းသီး၊ ငှက်ပျောသီးနဲ့ တံခွန်၊ ကုက္ကားတွေ အဖွေးသား၊ အရဲသား၊ တချွန်ချွန်၊ တပြောင်ပြောင်နဲ့ ရှိတုန်းပဲ၊ မွေးနေ့ဂြိုဟ်တိုင် ရှေ့ရောက်တော့ ဘာရယ်မဟုတ် ရပ်မိနေတယ်။ (အကျင့်ပါနေလို့လည်း ဖြစ်နိုင်ပါတယ်) ဂြိုဟ်တိုင်ကို ကြည့်လိုက်၊ စေတီတော် ကို မော့ကြည့်လိုက်လုပ်နေုတုန်း

” ပန်းလှူမလား၊ ရေသပ္ပာယ်ရင်းနဲ့ ဂြိုဟ်ပြေ၊ နာမ်ပြေ၊ ယတြာချေလို့ရတယ်” ဆိုတဲံ စေတီတော်ကြီးကို အမှီပြုပြီး အသက်မွေးနေတဲ့ အရောင်းအ၀ယ် လုပ်သူရဲ့ စကားသံက ကျွန်တော့်နားထဲရောက်လာတယ်။ ဒါနဲ့ သူ့ကို ပြုံးပြီး “မလုပ်သေးဘူးနော်”လို့ ငြင်းလိုက်ရတယ်။ သူလည်း လှည့်အထွက် ကျွန်တော့်အနားက မြန်မာလိုဝတ်ထားတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုမေးတာ အလုပ်မဖြစ်တော့ မြင်ရတဲ့ နိုင်ငံခြားသားစုံတွဲကို ဂြိုဟ်တိုင်မှာ ရေသပ္ပာယ်လို့ရတဲ့ အကြောင်း၊ ပန်းလှူ လို့ရတဲ့အကြောင်း အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ပိုင်း၊ ခြေဟန်လက်ဟန်နဲ့ ပြောပါတယ်။

အဲဒီအခါမှာ အမျိုးသားကြီးက ပြုံးပြီး ပြန်ပြောပါတယ်။ “No! We are Theravada”တဲ့ တစ်ခွန်းတည်းပါပဲ။ ကျွန်တော်လည်း သေသေချာချာ ကြားလိုက်ရပါတယ်။ ပြီးတော့ အဲသည့်စုံတွဲက ဆက်ထွက်သွားတယ်။ ပန်းကပ်ဖို့၊ ရေသပ္ပာယ်ဖို့ ပြောတဲ့ အမျိုးသမီးက နောက်လူတွေနဲ့ သူ့အလုပ်ကို ဆက်လုပ်ဖို့ ထွက်သွားတယ်။ ကျွန်တော်သာ အဲသည့်ဂြိုဟ်တိုင်ရှေ့မှာပဲ ရေသပ္ပာယ်နေတဲ့သူတွေကို ကြည့်ပြီး ရပ်ကျန်ရစ်ခဲ့တယ်။ နားထဲမှာတော့ အမျိုးသားကြီးပြောသွားတဲ့ စကားသံကို ပြန်ကြားယောင်မိတုန်း။ ဘယ်လောက် အားရစရာကောင်းသလဲဗျာ။
ကျွန်တော်က “မလုပ်သေးဘူးနော်”လို့ ငြင်းတာ။ နောင်လုပ်ချင်လုပ်မယ်ဆိုတဲ့ သဘောပါနေပြီး သူငြင်းတဲ့ “No! We are Theravada” ဆိုတာကတော့
ပြတ်သားမှုအပြည့်နဲ့ဗျ။ ဒါကို ရေးရတာကတော့ သူငယ်ချင်းတို့လည်း နောင်မှာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ပြတ်သားနိုင်ဖို့ပါ။
သင့်တာရာ (မေတ္တာတံခွန်)

ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာတော် ဥပဒေသငါးရပ်
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အပေါ်၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။)

၂။ စောင့်ထိန်းမှု သီလရှိရမည်။ (ဤနေရာတွင် ဗုဒ္ဓသာသနာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကို စောင့်ထိန်းသူဖြစ်ရပါမည်။)

၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ရ။ (ဤနေရာတွင် ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ ပြဿဒါး၊ နေကြတ်၊ လကြတ်စသော
စိတ်ကူးယဉ်အတွေးတို့၌ ယုံကြည်နေမှုကို ဆိုလိုပါသည်။)

၎။ ကံကိုသာ ယုံကြည်နေသူဖြစ်ရပါမည်။ (ဤနေရာတွင် မိမိ၏ကံနှင့်ကံ၏အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟု ဆိုလိုသည်။)

၅။သာသနာတော်ပြင်ပ ကိုးကွယ်မှုကို မရှာမှီးရ။ (ဤနေရာတွင် သာသနာ တော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှုခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍ မဆည်းကပ်ရပါ။ နတ်၊ သိကြား၊ ဗြဟ္မာ၊ ဂြိုဟ်နတ်၊ ထွက်ရပ်ပေါက်၊ ဘိုးတော်၊ မယ်တော်၊ ၀ိဇ္ဖာ စသော သာသနာ့ပြင်ပကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟု ဆိုလိုပါသည်။)
ရေစကြို အရှင်ဧသိက၏ ‘ ထေရ၀ါဒဗုဒ္ဓဘာသာ’ စာအုပ် စာမျက်နှာ ၁၇၂၊၁၇၃ မှကောက်နှုတ်ချက်။

ဖိတ်ခေါ်ခြင်း

အသင်းဝင်များ၊ နယ်သူနယ်သားများနှင့် ပြည်တွင်းပြည်ပ မိတ်ဆွေများ အားလုံး မင်္ဂလာပါ -

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် ဇာတိ မြေနှင့်သက်ဆိုင်သော ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ၊ သတင်းအချက်လက်များ ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

http://kyaukpadaung.com အင်တာနက် ဝဘ်ဆိုဒ်တွင် ဖေါ်ပြရန် စာရေးခြင်းအား နှစ်ခြိုက်သော စာပေဝါသနာရှင်းများသို့ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္တုတို၊ ဝတ္တုရှည်၊ သမိုင်းမှတ်တမ်းများ ပါဝင်ရေးသား ပေးပို့ပေးကြရန် – ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် = admin@kyaukpadaung.com သို့ အီးမေး ပေးပို့ခြင်း နှင့် Contact Us မှ အဖွဲ့ဝင်များ၏ အီးမေးမှ တဆင်လည်း ပေးပို့နိုင်ပါသည်။

http://kyaukpadaung.com ဝဘ်ဆိုဒ်သည် ဇာတိမြေ ကျောက်ပန်းတောင်း မြို့၏ ကိုယ်ပွား ပုံရိပ်ဖြစ်သည်။

ကျောက်ပန်းတောင်းသို့ စာအုပ်လှူမည်

ကျွန်တော် ငယ်စဉ်ကတည်းက အားလပ်သော အချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေ၏။ နွေကာလများတွင် ရွာဓလေ့အတိုင်း တောပစ်၊ ကြက်တိုက်၊ အာဝါဒေးပွဲများသို့ မရောက်ဖြစ်ခဲ့။ အဘိုး၏ တရားစာအုပ် ပုံတိုပတ်စ အကုန် ဖတ်ဖြစ်သည်။ ငါးပိ ငါးခြောက်ထုတ်သော သတင်းစာကအစ ဖတ်သည်။ အတန်းကြီး အတန်းငယ် သင်ခန်းစာ စာအုပ် အကုန်ဖတ်သည်။ ရွာမှ အတန်းကြီး အကိုအမ များထံမှ စာအုပ် (ရုပ်ပြ ကာတွန်း ဝတ္ထု) များငှားကာ ဖတ်ဖြစ်သည်။ စာဖတ်များလွန်း၍ ကောင်းတာရှိသည် မကောင်းတာလဲ ရှိသည်။ မည်သည့်စာပေကို ဖတ်သင့်သည် လမ်းညွန်ပေးမည့်သူမရှိ။

ယခုအရွယ်မှ ပြန်လည်စဉ်းစားမိသောအခါ မကောင်းသည့်အချက်ကိုတွေ့ ရသည်။ ဖတ်စရာမရှိ- ရှိတာဖတ်သော ကျွန်တော် အချစ်ဝတ္တု စာအုပ်များနှင့် ရင်းနီးခဲ့သည်။ ဖတ်ပါများလာသောအခါ ဝါသနာထုံလာသလို အချစ်ဝတ္တု ဇာတ်ကောင်များ၏ စိတ်များကူးစက်ခြင်း မသိမသာ ခံလာရသည်။ ယခုမူ ရသစာပေ အချစ်ဝတ္တု (အဆိပ်စာပေ) ကို မုန်းတီးမိလာသည်။ အကယ်၍သာ ငယ်စဉ်အချိန် စာဖတ်ချင်စိတ်များသော အရွယ်က လမ်းကြောင်းမှန်ဖြင့် နည်းပညာ စာအုပ်များ လက်တကမ်းတွင် ရှိခဲ့ပါမူ။

စာဖတ်ဝါသနာပါလာ၏။ သို့သော် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်ခဲ့စဉ် အချိန်အထိ စာကြည့်တိုက် ဆိုတာ ဘာလဲ ကျွန်တော် နားမလည်ခဲ့ပါ။ ကျောင်းတွင် စာကြည့်တိုက်ရှိသည်ဟု သိသော် လည်း မရောက်ဖြစ်ခဲ့။ တစ်ယောက်တည်းနေ၍ ပတ်ဝန်းကျင်နှင့် အလှမ်းကွာလှသော ကျွန်တော် သည် စာအုပ်စာပေ အလကားရသော နေရကိုမသိခဲ့။ မဖြစ်စလောက် အပိုငွေလေးဖြင့် လင်းဦးတာယာ စာပေ ၊ မျိုးဆက်သစ်စာပေ အစရှိသော ဆိုင်မှားမှ ဝယ်ယူ ဖတ်ရှုခဲ့ရသည်။

ပထမဆုံး စာကြည့်တိုက် အသင်းဝင်ဖြစ်သည်မှာ မကွေးတက္ကသိုလ်တွင် အဝေးသင် နောက်ဆုံးနှစ်တက်ခဲ့စဉ်က နိုင်ငံတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော E-library တွင်ဖြစ်သည်။ စာအုပ်စင် စာကြည့်တိုက်မှ အီလက်ထရောနစ် စာကြည့်တိုက်စနစ်သို့ မြေစမ်း ခရမ်းပြိုးကာလဖြစ်သည်။ စာအုပ်များကို စီဒီ ကူးထားပြီး ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။ အီးမေး အင်တာနက် ဆိုတာ အစာအစာ နာမည်တခုမဟုတ်ဟု ပြည်သူများသို့
စတင် အသိပေးချိန်ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ကျွန်ပျူတာ အသုံးပြု တတ်သူ လက်ချိုး ရေ၍ ရသေးသည်။ (ဆိုလိုသည်မှ ကွန်ပျူတာ သုံးတတ်သူ နည်း၏)။ ယခုလို ၂၀၁၁ နှစ်များတွင် E-library သည် အတော် အသုံးဝင် လိမ့်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှ စီမံကိန်းများအား မဝေဖန်လိုပြီ။ ပြောစရာကတော့ ရှိနေသေးသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းမှ လမ်းဘေးတွင် ပုံအောထားသော စာပေ အဟောင်းဆိုင်မှ ဝယ်ယူရရှိသော စာကြည့်တိုက် နှင့်ပတ်သက်သည့် စာအုပ်တအုပ် ဖတ်ခဲ့ဖူးသည်။ စာကြည့်တိုက်သည် ကျေးလက် စာကြည့်တိုက်များ မှ မြို့နယ်စာကြည့်တိုက်များ ထိုမှတဆင့် နိုင်ငံတော် အဆင့် စာကြည့်တိုက် အဆင့်သို့ ချိတ်ဆက် တည်ရှိပုံ များပါဝင်သည်။ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ကာ စာအုပ်စာပေ စီးဆင်းခြင်း မြစ်တဆင်း ဖတ်တီးကြရမည်။ (လဲလှယ်ကာ ဖတ်ရှုစေခြင်း)။ ယခုအခါ ကျေးလက်စာကြည့်တိုက် အစီ အစဉ်များဖြင့် စာကြည့်တိုက်များ ဖွင့်လှစ် ပေးနေသည်ကို သတင်းစာများတွင် ဖတ်ရသည်။ ပညာဖြင့် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် အတွက် အုပ်ချုပ်သူ အစိုးရချည်း အားကိုး နေ၍ မဖြစ်ခြေ။ တမျိုးသားလုံးအတွက် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ရန် လူတိုင်း လူတိုင်းတွင် တာဝန်ရှိဟု ကျွန်ုပ်ယူဆသည်။

ဒုတိယအကြိမ် အဝေးရောက် ကျောက်ပန်းတောင်း သူ/သားများ တွေ့ဆုံပွဲတွင် ဇာတိမြေ ကျောက်ပန်းတောင်းမြို့ စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းမည် ဟု သိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသည်။ ဒေသတိုင်း ဒေသတိုင်း တပိုင်တနိုင် စာကြည့်တိုက်များ စည်ပင်ဖွင့်ဖြိုးလာလျှင် တမြို့နယ်နှင့် တမြို့နယ် စာကြည့်တိုက် အချင်းချင်း သဘောတူမှုရယူ ချိတ်ဆက်ကာ စာအုပ်များအား မျှဝေ ဖတ်ရှုစေခြင်းဖြင့် ပညာဘဏ်တိုက်ကြီး ဖြစ်လာပေလိမ့်မည်။ သို့ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ရန် မခက်ခဲ့တော့ပေ။ ထို့ထက်ပိုကာ တွေးရလျှင်ဖြင့် အစိုးရ စာကြည့်တိုက်များ၊ ဒေသတွင်း တပိုင်တနိုင် စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ၊ ဘာသာရေး စာကြည့်တိုက်များ မှ စာကြည့်တိုက်မှုးများ တွေ့ဆုံညှိနိုင်းကာ စာအုပ်စာပေး စီးဆင်းမှု လွတ်လပ်ခြင်းအား ဖန်တီးကြပါလျှင် အတိုင်းထက်လွန်ဖြစ်တော့၏။

ဆန်းဝင်း (ကျောက်ပန်းတောင်း)။

Sunday, January 9, 2011

ပုပ္ပါးတောင်

တခြမ်းစိမ်း တခြမ်းဝါ
တခြမ်းပူ တခြမ်းအေး
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမှာ
သင်ခံစားနေရတာတွေ အံ့သြမသွားလိုက်ပါနဲ့ဦး.....

ဒီမှာ စကားဝါပန်းတွေ ရှိတယ်
မျောက်မျက်ကွင်းဖြူတွေ ရှိတယ်
ချစ်စဖွယ် ခပ်ရိုးရိုးပျံဝဲနေတဲ့
ရှားရှားပါးပါး ရွှေလိပ်ပြာကြီးတွေလည်း ရှိတာပေါ့.....

စာဖွဲ့ကြတယ် "အညာမြေရဲ့ အိုအေစစ်" တဲ့
အပူပိုင်းဇုန်ထဲ ရေထွက်ပေါင်း ၁၀၃
သုံးမကုန် ဖြုန်းမကုန် မဟုတ်ဘူး
ဖြုန်းရင်တော့ ကုန်မှာပဲ
တောပြုန်း တောင်ပြုန်းရေတွေ ပြုန်းပြီး
အခွင့်အရေးအားလုံး ဆုံးရှုံးသွားလိမ့်မယ်.....

အခုတော့
ရှင်သန်နေတဲ့ သဘာဝတရားဟာ မမုန်းနိုင် မမေ့နိုင်စရာ
သင့်မျက်လုံးအစုံကို မှိတ်ထားပြီး စဉ်းစားကြည့်လိုက်စမ်းပါ
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းလောက်က
ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့ မီးတောင်သေ
ယဉ်ကျေးမှုအယူတွေအရ ဒေဝတို့ ပျော်စရာတောင်
သီးချင်းမှတ်တမ်းထဲက ကျောက်နွားသိုး ၉ ကောင်ရော
ဘယ်မှာ ရှောင်ပုန်းနေလေသလဲကွဲ့.....

အရုဏ်ဦးအလင်းရောင်ဟာ ဇော်ဂျီယောင်ဆောင်လို့
မြူတိမ်တိုက်ထဲက တိုးထွက်ဖြာဆင်းလာပုံ
ဘယ်လောက်ဂုဏ်ကျက်သရေရှိ လှပလိုက်သလဲ.....

ခင်ဗျားတို့ ကျွန်တော်တို့အားလုံး
မိုက်မဲလို့တော့ မဖြစ်ချေဘူး.....

မင်းထက်မောင်