Tuesday, November 11, 2008

လက် ကျ ရာ ရေး လိုက် တယ်

ဒီရက်ပိုင်း ဘာလုပ်ဖြစ်လဲဆိုတော့..
gtalk မှာ စကားပြောတာ ကို လျှောချဖြစ်တယ် .
ဘလော့ကို ဖွင့်ကြည့်တဲ့ အရေ အတွက်လဲ လျှော့ကျသွားတယ် ။
ဟိုလိုလို ဒီလိုလို အတွေးတွေလည်း သိပ်မရှိတော့ဘူး ။
မယ်လိုဒီမောင်ရဲ ပိုစ်တစ်ခု ကလည်း အင်အားတွေ နဲ အမြင်ကို ရှင်းလင်းစေတယ် ။
အိမ် (ရွာ) ကို ဖုန်ခေါ်ဖြစ်သွားပြီ အမေနဲ စကားပြာဖြစ်တယ် ။
အမေ့အသံကြားရရုံနဲ အမေ့ရင်ခွင်ထဲ ရောက်နေ သလို ခံစားရတယ် ။ အေးမြတယ် ။
ညီငယ်ကိုလည်း လမ်းကြောင်းတစ်ခု ချပြနိုင်ခဲ့တယ် ။

ဒီနေ့..ဘာလုပ်ဖြစ်လဲဆိုတော့..
လက်ရှိ ကုမ္မဏီက ကျနော့် အလုပ်တွေ တစ်ဝက်လောက် ပြီးသွားတယ်..
ဒီတော့ နည်းနည်း ခေါင်းအေးသွားတယ်.

ဒါနဲ ဘလော့လစ်ထဲက အပေါ်ဆုံးက ဘလော့ကို ဖတ်ကြည့်တယ်..
သတင်းတစ်ခု.. စိတ်မကောင်းစရာသတင်းတစ်ခု ကို ဖတ်မိတယ် ။
တွေးတွေးပြီး ရင်ထဲ နင့်ခနဲ နေသွားတယ် ။ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ လို့လည်း ခံစားရတယ် ။

ညနေရောက်တော့
မစ်(စ်) သွန်းသွန်း ဘလော့ကို ကြည့်တယ် ။ ဖတ်လို့မရဘူး ။
နောက်ပြီး တောင်ပေါ်သားလေး ဘလော့ကို သွားကြည့်တယ် ။ ဖတ်လို့မရဘူး ။
မခိုင်ဖြူဇော် ဘလော့ကို ဖွင့်ကြည်တယ် ။ ပိုစ်အသစ်တွေဖတ်လို့မရဘူး ။ ဘာလို့လည်း မသိ ။
မြန်မာ ၀ီကီကိုေ၇ာက်တယ် ။ မက်ထရိုပိုလိတန် ဘလော့ကိုရောက်တယ် ဗဟုသုတစုံတဲ့ ဘလော့တစ်ခုပဲ ။

အခု အလုပ်မှာ ၉ နာရီ အိုတီယူတယ် ၀ီကီ ကို နည်းနည်ပါးပါး ကြည့်တယ် ။စိတ်ထဲ တစ်ခုခု ဖြစ်တော့နေတယ် ။ ပြန်တော့မယ် ။