Friday, October 10, 2008

လက် ရှိ စိတ် ကူး

ကျ နော် … အ လုပ် ကို စိတ်ပါ လက် ပါ မ လုပ် ပဲ ပစ် ထား တာ ကြာ ပြီ ။ ကွန် ပျူ တာ မှာ အင် တာ နက် ရ ပြီး နောက် ပိုင်း ပေါ့ ။ အင် တာ နက် ကောင်း လည်း ကောင်း တယ်၊ မ ကောင်း လည်း မ ကောင်း ဘူး။ ကောင်း တာ က သိ ချင် တာ သိ ရ တယ် ဒီ ဘ လော့ လေး ဖြစ် လာ တယ် ။ အ လုပ် က - အင် တာ နက် မ သုံး ရ email မှ အပ ဆို ပြီး တား မြစ် ထား တဲ့ ကြား က လုပ် နေ တာ ဒီ ဘ လော့ ပေါ့ ။ မ ကောင်း တာ က ကျ နော် စိတ် - နှစ် ပိုင်း မ ခွဲ တတ် ဘူး - စိတ် က အ လုပ် ထဲ ကို မ ရှိ ဘူး ။

ပုံ လည်း မ စွဲ ချင် တော့ ဘူး ၊ လက် လည်း ငြိမ် ဘူး ။ စိတ် မ ငြိမ် တာ လည်း ပါ တယ်။ အာ ရုံ ကို နှစ် လို့ မ ရ ဖြစ် နေ တယ် ။ အ ရင် က အ လုပ် တစ် ခု ကို လုပ် ရင် print ထုတ် ပြီး စစ် စ ရာ ကို မ လို ဘူး - ခု တော့ နှစ် ခါ သုံး ခါ လောက် ထုတ် စစ် နေ ရ တယ် ။ စာ ရွက် အ ကြမ်း တွေ လည်း သူ များ မ သိ အောင် ၀ဲ ပစ် ရ တယ် ။ ချွန် တွန်း တွေ က ရှိ သေး တယ် ။ စိတ် ၀င် တ စား အာ ရုံ မ စိုက် ရင် တစ် နေ့ နည်း နည်း ပဲ ပြီး တယ်။ လုပ် ဟ လုပ် ဟ ဆို ပြီး faster , faster ပြော မယ့် သူ လည်း မ ရှိ ဘူး ။ ကိုယ့် အ လုပ် ကိုယ့် ဘာ သာ ဆုံး ဖြတ် ပြီး ကိုယ့် လှေ ကိုယ် ထိုး ဆို သ လို ပဲ ။ တစ် ခါ တစ် ခါ လည်း အ ရမ်း ပျင်း တဲ့ ကျ နော် ကို အ လုပ် က တွန်း တယ်၊ ဒီ လို မျိုး ဆို ယား လို့ တောင် ကုတ် ကြား မ ရှိ ပါ ဘူး ။ တ ကယ် ပါ ကိုယ့် လုပ် ရပ် ကို မ ကြိုက် တာ။ အကြွေး ထား တာ ကြာ တော့ အ ခု အ လုပ် တွေ ပိ နေ ပြီ ။ အာရုံ ကို မရ - ရ အောင် နှစ် ပစ် လိုက် မယ်။

ဘ လော့ အ တွက် စ တင် ပြု လုပ် စဉ်က စိတ် ကူး ထဲ မှာ တော့ သ ဘောင်္ ကျင်း အ ကြောင်း နဲ့ လုပ် ငန်း အ ခြေ နေ ရေး မယ် စိတ် ကူး ပြီး တ ကယ် တန်း ရေး တော့ ခို လို ငြီး တဲ့ အသံ နဲ ပိုစ် တွေ ဖြစ် နေ တာ သ တိ ထား မိ တယ် ။ ခု တော့ အ လုပ် ထဲ အာ ရုံ စိုက် ဦး မယ်။ ဘ၀အ တွက် လည်း လုပ် စ ရာ တွေ အ များ ကြီး ရှိ သေး တယ်။
သ တိ ရ လို့ မ ဗေ ဒါ ရဲ့ ဝေ ဖန် ချက် က တော် တော် ကောင်း တယ် ဗျာ။ လက် ရှိ ဘ ၀ လေး မှာ ငြိမ် နေ တာ တော့ မ ဟုတ် ပါ ဘူး ။ ကျောင်း တက် ဖို့ လုပ် နေ တယ် ။ ပြင် ဆင် နေ တယ် ဆို ရင် ပို မှန် လိမ့် မယ် ။ ဘွဲ လက် မှတ် တစ် ခု ရဲ့ အ သုံး ၀င် မှု ကို သ ဘော ပေါက် တယ်။ စ င်္က ပူ က မ လေး တ ရုတ် တွေ ရဲ့ စီး ပွား ရှာ အ မြတ် ထုတ် မှု ကို လည်း သ ဘော ပေါက် တယ် ။ အင်.. ငါ မှာ လုပ် စ ရာ တွေ အများ ကြီး ပါ လား .. နောက် တစ် ခါ ပိုစ် တင် ရင် သ တိ ထား ပြီး စာ ကို စာ လို ရေး တော့ မယ် ။

Monday, October 6, 2008

နောက် ကျ နေ သော ကျွန် တော်

မ နေ့ က မ သက် ဇင် ဘ လော့ က နေ open engineering for Myanmar ကို ရောက် တယ်။ ဆိုဒ် ကောင်း တစ် ခု ဖြစ် တော့ စိတ် ၀င် စား တယ်။ တစ် နာ ရီ လောက် ဖတ် ဖြစ် တယ် ထင် ပါ့။ ဆီ ပုံး မှာ ဘာ ညာ ဘာ ညာ ရေး ခဲ့ တယ်။ သူ ငယ် ချင်း ၁၀ ယောက် လောက် ကို လည်း http://www.engineer4myanmar.com/ လိပ် စာ လေး ပေး လိုက် ပါ သေး တယ်။

ဒီနေ့ ကျွန် တော့် ဆီ ပုံးမှာ ကြည့် တော့ ကို ဘ လူး ဖီး နစ် လာ ပြန် လည် တာ တွေ့ ရ တယ်။ နေ့ ခင်း ရောက် တော့ အဲ ဒီ open engineering for Myanmar တစ် ခေါက် ပြန် သွား ဖြစ် တယ် ။ နဲ နဲ ပါး ပါး ကြည့် ပြီး ၊ အဲ ဒီ က နေ တစ် ဆင့် ဘယ် ကို ရောက် တယ် မှတ် လည်း ဗျ။ ၀ီ ကီ မြန် မာ http://www.wikimyanmar.org/ ဆိုတဲ့ မြန် မာ အွန် လိုင်း ဆွယ် စုံ ကျမ်း ကို ရောက် တယ် ။

တ ကယ် နောက် ကျ တယ် ပြော ရ မှာ ပဲ ။ ၀ီ ကီ မြန် မာ မှာ ပိုစ် တစ် ထောင် ကျော် ပြီ ခု မှ ကျွန် တော် သိ တယ်။ အင်း ပြော ရ ဦး မယ် မ သိ တာ မျာ တော့ တော် တော် ဆိုး တယ်။ ၀ီ ကီ ဆို တာ ပါ လို့ သာ ရယ်။ နို့ မို့ ဆို ဘာ များ ပါ လိမ့် လို့ တွေး နေ ဦး မှာ။ ဒါ ပေ မယ့် ၀ီ ကီ အ ကြောင်း သိပ် မ သိ ဘူး။ ၀ီ ကီ မြန် မာ ဘာ လည်း ဘယ် လည်း ဆို တာ လေ့ လာ ရ ဦး မယ် ။ တစ်နာရီလောက် ဟိုကြည့် ဒီကြည့် နဲ နေ ရာ သစ် တစ် ခု ကို စုံ စမ်း တဲ့ ပုံ စံ ပေါ့ ဗျာ။ ဘယ် သူ တွေ ရေး တာ လည်း ဘာ တွေ ရေး တာ လည်း သိ ချင် တာ တယ်။ ရှာ ရန် နေ ရာ လေး က နေ ပြီး တော့ လည်း မြန် မာ လို ရိုက် ပြီး စန်း ကြည့် လိုက် သေး တယ်။ သူ တို့ များ သိ ရင် တော့ ရယ် ကြ တော့ မှာ ပဲ။ ရှာ ချင် လို့ ဟုတ် ဘူ လေ စမ်းကြည့် တာ။

ပို့စ် တစ် ထောင် မှာ ပါ တာ တော့ ရှာ လို့ ၇ မယ် ဆို တာ တွေး မိ ပါ တယ်။ ရှာ ရန် နေ ရာလေး မှာ ရန် ကုန် လို့ ရိုက် ထည့် ပြီး ရှာ ကြည့် တယ်။ အင်း တယ် ဟုတ် ပါ လား .. ရန် ကုန် အ ကြောင်း ပေါ် လာ တယ်။ ဒါ နဲ ကျောက် ပန်း တောင်း လို့ ရိုက် ကြည့် တယ်။ မ ပေါ် လာ ဘူး။ ကျောက် ပန်း တောင်း ဆို တဲ့ ပိုစ် မ ရှိ ပါ ဘူး တဲ့။ သင် ခ ရီ ရိတ် လုပ် နိုင် ပါ တယ် တဲ့။ အဲ ဗျာ.. ကျွန် တော့် ကျောက် ပန်း တောင်း သား ကို ရေး ခိုင်း နေ သ လို ပဲ။ စိတ် ထဲ တွေး မိ တယ်။ နောက် ထပ် အ ထင် က ရ နာ မည် တွေ ရိုက် ထည့် ပြီး ရှာ ကြည့် တယ်။ ရ တာ ရှိ သ လို မ ရ တာ တွေ လည်း ရှိ တာ ပေါ့။

ကို ဘ လူး ဖီး နစ် က ပြော ခဲ့ သေး တယ် ဆောင်း ပါး ရေး ပါ ဦး တဲ့။ အင်း စမ်း ကြည့် ရ ဦး မှာ ပဲ။ ဒါ ပေ မယ့် ကျွန် တော် ကိုယ့် အ ကြောင်း ကို တောင် အ စီ စဉ် တည့် အောင် မ ရေး တတ် ဘူး။ အ ခု ဒီ ဘ လော့ လေး http://sanwinkpg.blogspot.com/ က ကျွန် တော် ကို တွဲ ခေါ် နေ တယ်။ ဘာ မှ မ ဟုတ် သေး ဘူး မွေး ကင်း စ ဘ လော့ လေး က ကျွန် တော့် ရဲ မျက် စေ့ လို ပဲ လို့ ခံ စား ရ တယ်။ အ ဆုံး သတ် မှာ သုံး သပ် ကြည့် တော့ ကျွန် တော် တော် တော် နောက် ကျ ကျန် ခဲ့ ပါ လား ဆို တာ စဉ်း စား ရင်း မင်း တော် တော် အ သုံး မ ကျ ပါ လား လို့ ကြိမ် ဆဲ ရင်း ဒီ ပို့စ် ကို ရေး ဖြစ် ပါ တယ်။

Saturday, October 4, 2008

ကွန်ပျူတာထဲက သရဲ..

စိတ်က .. ဘလော့ရေးဖို့ပဲ စိတ်ကူးရောက်နေတယ်.. တကယ်တန်း .. စာရေးခြင်နေပေမယ့် မရေးအားဖူးဖြစ်နေတယ်. နောက်ပြီး.. ဖတ်နေကျ ၊ အလည်မခေါ် ပဲသွားနေကျ တူနယ်ချင်း တွေဆီ ကိုသွားခြင်းပေမယ့် လည်း မရောက်ဖြစ်ဘူး.
ဒီနေ့ မနက်စောက ဘလော့ကို ဖွင့်ပြီး ဘယ်သူတွေများ မျက်စေ့ လည် လမ်းမှားရောက် လာမလဲလို့ သိခြင်စိတ်နဲ ကွန်ပျူတာကို ဖွင့်တယ်..
ဘာဖြစ်နေလည်း မသိဘူး ကျွန်ပျူတာက အရမ်းလေးနေတယ် window တစ်ခု file တစ်ခုကို အကြာကြီး ဖွင့်နေရတယ်.. ဒါနဲ ကွန်ပျူတာထဲက အသုံးမ၀င်တော့တဲ့ နှစ်ကြာတဲ့ ဖိုင်တွေ ဖျက်ပစ်တယ်
နောက်ပြီး ယာယီအင်တာနက်.(temporary internet file) ဖိုင်ထဲက ဖိုင်တွေ ပုံတွေ ဖျက်ပစ်လိုက်တယ်..
အဲဒီမှာဗျာ.. ပုံတစ်ပုံ ကိုသွားတွေ့တယ်.. bitmap ပုံလေး ငယ်ငယ်လေးဆိုတော့ သိပ်မြင်ရဘူး ပုံကတော့ ကောင်မလေး ပုံလေးပဲ..
ဒါနဲ zoom လုပ်ကြည့်လိုက်တယ်.. ဟာ..အောင်မလေး…ဗျ.. ကြောက်စရာကောင်းလိုက်တာ.. သရဲ..ဗျ..သရဲ.. screen အပြည့်တက်လာပြီး . မျက်လုံးပြူးပြနေသလို … တကယ်..ကြက်သီးထတယ် ..
လူကို ရင်တုန်သွားတာပဲ အပြာရောင်ဝတ်ထားတယ်. ပုံက သရဲမကို ခေါင်းပေါ်က ရိုက်ထားတာ. အပေါ်ကိုမော့်ကြည့်နေတဲ့ပုံ .. အနီးကပ် မျက်နှာကို မြင်ပြီး လန့်လိုက်တာ..ကြောက်လိုက်တာဗျာ…ကျွန်တော် သရဲကြောက်တယ်..
ဘေးမှာလည်း ဘယ်သူမှရောက်သေးဘူး.. ဒါနဲ .. မြန်မြန်ပိတ်ပြီး delete လုပ်ပစ် တယ်. ဘလောကိုဖွင့် ကြည့်မှာ တောင် မဖွင့်ရဲတော့ဘူး ဘယ်ကဘယ် လိုရောက်နေတာပါလိမ့်ဗျာ… ကျွန်တော်လည်း သရဲ ဆိုဒ်တွေ မကြည့်ပါဘူးတခါတည်းနဲ့ လန်သွားပြီ နောက်ဆို ဘေးနားမှာ လူမရှိရင် ကွန်ပျူတာကို မဖွင့်ရဲတော့ဘူး…

ဒီကျောင်းကို တက်ချင်တယ်

http://www.np.edu.sg/soe/me/courses/mot/Pages/mot.aspx

Diploma in Marine & Offshore Technology (MOT)

Introduction
Remember the carefree childhood days of building toy ships with Lego bricks? Have you ever dreamt of building ships, streamlined like a shark’s body to reduce water resistance?

Now, you can realise your dreams and pursue a career in the maritime industry, with our Diploma in Marine & Offshore Technology (MOT)!

With the MOT diploma, you will possess the only and the highest level of qualification in naval architecture and offshore technology in Singapore.

Unique to MOT is the availability of many scholarships. They include the MOT-ASMI Scholarship at S$10,000 annually over three years. You can also vie for other scholarships like KC Lee, ASMI and those from shipyards like Keppel Offshore & Marine.
Career Prospects

With our MOT diploma, you will land a job quickly and enjoy an attractive pay package. You can find employment in the marketing, purchasing, designing, constructing and testing of marine vessels, oil rigs and semi submersibles. MOT graduates need not sail on board ships as seafarers.

Entry Requirements
To be eligible for consideration, candidates must have the following GCE ‘O’ Level examinations (or equivalent) results:

Subject 'O' Level Grade

English 1-7*
Mathematics (Elementary/Additional) 1–6
Science (with Physics or Chemistry or Biology component) or Design & Technology 1–6

The aggregate computation for selection is based on grades obtained for English, Mathematics, Science or Design & Technology and two other subjects.

** Candidates with English as a second language (EL2) must have attained a minimum grade of 6.
Candidates with hearing deficiency should not apply for the course.

Saturday, September 27, 2008

သဘောင်္ပြင်သည် အပိုင်း(၂)

ကျွန်တော် ဟောဒီ သဘောင်္ကျင်းကို ရောက်စကပေါ့ ..
လူတွေတော်တော်များတယ် အသားမဲ၊ အသားဖြူ၊ အသားလတ် တွေစုံလို့ တွေ့ရတယ် ။ အလုပ်ထဲကို အ၀င်အထွက် ချွေးနံ့နံ နေတဲလူအုပ်ကြားမှာ တန်းစီပြီး သွားရတာ တော်တော် စိတ်ပိန်တယ်။ အလုပ်စ ဆင်းခါစက သံချေးနံ့ တော်တော်နံတာပဲ။ သဘောင်္ တစ်စင်းလုံးကို သံနဲချည်း တည်ဆောက်ထားတာ၊ သစ်သားဆို အမည် ပါရုံလောက်သာရယ်။ လော့လာမှု မရှိခဲ့တော့ သိကိုသိဘူး၊
နောက်ပြီး သဘောင်္ အဟောင်းကို ပြင်တာ ဘော်ဒီ သံပြားတွေက ဆေးကို သုံးထပ် တစ်ချို့ဆို ငါးထပ် သုတ်ထားတာ။ ဒါကို ဂတ် စ် မီးနဲ ဖြတ်ကြတယ်. သံပြားကို အရည်ပျော်အောင် လုပ်ပြီးဖြတ်ရတာလေ အရင်က သုတ်ထားတဲ့ ဆေးအဟောင်းတွေက မီးအပူမှာ လောင်ကုန် တယ်။ ဘာပြောကောင်းမလဲ နံလိုက်တဲဖြစ်ခြင်းဗျာ.. ဆီချေးနံ့က နံ ညှော်စော်နံနဲ အသက် ဘယ်မှာ ရှူရမှန်းတောင်မသိဘူး ထူးပါဘူး နှာခေါင်းကို ကြာကြာပိတ် အသက်အောင့် ပြီး ဘယ်လောက်နေ နိုင်မှာမို့လဲ နံနံ စော်စော် ရှူရတာပဲပေါ့။ သိပ်မကြာပါဘူး တစ်လ လောက် လည်းရှိရော သံပြားပေါ်ထိုင်နေတာတောင် သံချေးနံ့ က မရတော့ဘူး၊ နေပူပူထဲမှာ ချွေးတလုံးလုံးနဲ့ ကိုယ့်ချွေးနံ့ သူ့ချွေးနံ့ မသိတော့ပါဘူး။

ရောက်စက စိတ်ပိန်တယ်ဆိုတာ စကားပြောတဲ့နေရာမှာ လည်းပါ တယ်။ ကိုယ့်မိခင်စကားမဟုတ်ပေမယ့် အင်္ဂလိပ်စကားကို ထမင်းစား ရေသောက် ရှေးဟောင်း နှောင်းဖြစ် ကိုယ်ပြောခြင်တာကို ကောင်းကောင်း ပြောနိုင်ပါတယ် ။ ဟောကြည့်-- သဘောကျင်းကို ရွေးချယ်မှု မှား ပြီးရောက်လာ.. ဘာတွေပြောမှန်း ကို သိဘူး. လူပေါင်းစုံ ဘာသာပေါင်းစုံ .. အင်္ဂလိပ်စကား ပြောနေတာမှ ဟုတ်ရဲလား လို့ထင်၇တယ်။ သူတို့ဟာနဲ သူတို့ကျတော့ဟုတ်နေတာပဲ. ကိုယ်ဟန်ပြ စကားပြော နည်းကပါသေးတယ်။ ဒီကြားထဲမှာ ဝေါ်ကီတော်ကီ နဲပြောကြတာ ဟားတော်တော် အံ့သြဖို့ကောင်းတယ်.. ညှောင်တိညှောင်နဲ အသံကို ကျွန်တော်တော့ ဘာမှန်းမသိ တဲ့အပြင် ဟားတိုက် ရယ်မိတာပဲ။ အင်္ဂလိပ်စာက တစ်လုံး မလေးစကားက တစ်လုံး တရုတ်စကားကတစ်လုံး အိန္ဒိယ စကားက တစ်လုံး ပြောချလိုက်တာများ သူတို့ပြော တာပဲ အမှန် ။ ကိုယ့်ကို လာမေးသေးတယ် အင်္ဂလိပ်စကားပြောတတ်လားတဲ့.. နောက်မှ နားလည်မိတယ် အော် အမေဇုန်တောထဲရောက်နေတာကို..

အလုပ်ထဲရောက်စက မိုးပေါ်ကို ထိုးထိုးထောင်ထောင် နဲ အချွန်တက် တွေ အများသားပဲ .. ဘာတွေလည်းသိလား ကရိန်းတွေလေဗျာ.. မြန်မာပြည်နဲ ကွာတာ အဲဒါပေါ့.. ဟိုက်ဒြောလစ် ကို ပိုင်နိုင်တော့ စက်ပစ္စည်းက ပိုပြီး အကျိုးရှိရှိ အသုံးချလို့ရတာပေါ့။ ရောက်စမို့ ဟိုအပေါ်က တစ်ခုခုပြုတ် ကျလာမလား၊ ဟိုကရိန်းက သံပြားကြီးတွေကို သင်္ဘော ပေါ်တင်နေတာ မရောက်ခင် ပြုတ်ကျတော့ မလားနဲ ။ အသက်တောင် ၀အောင်မရှုရဲဘူး၊ မျက်တောင်လဲ မခတ်ရဲ ဘူးဗျာ.. ခေါင်းပေါ်းမှာ ၀ဲဝဲ - ၀ဲဝဲနဲ့။ အဲဒါ ဟိုမော့်ကြည့် ဒီမော့်ကြည့်နဲ ဇက် တောင်ညောင်းတယ်…အဲ အဲ.. အထက်ကိုချည်းမော့်ကြည့်နေလို့ လဲ ဖြစ်သေးဘူး လမ်းပေါ်မှာ ဖော့ကလစ် ကပိုက်တွေတင်လာတယ်.. အစွန်းကို မလွတ်ဘူးဆိုတာ ဒါမျိုးပေါ့ .. အဲဒီမှာ စတွေ့တာပဲဗျာ..

ရာသီဥတုက ပွင့်လင်းရာသီ ပါပဲ မိုးလည်းမရွာဘူး နှင်းလည်းမကျဘူး နေလည်းပူနေတာပဲ ဒါပေမယ့် ၀န်းကျင်တစ်ခုလုံး ကြည့်စမ်းပါဦး အုံဆိုင်းဆိုင်းနဲ့ မြူခိုးတွေဝေနေတာများလား။ မိုးရွခြင်လို့လား၊ သို့လော သို့လော မတွေး လိုက်ပါနဲ.. အဲဒါ သဘောကျင်းနေရာ တိုင်းမှာ ဖြစ်တတ်တဲ သဘောပါ.. သံပြားအဟောင်းများဖြတ်ထုတ်ခြင်းမှလာသောမီးခိုးများ၊ ၀ရိန်ဆော် (welding) ရာမှ လာသောမီးခိုးများ နောက်တစ်ခုက ဂေါက်ချာတွေ (gauging) ထိုးရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များ စုံလို့ပါပဲ.. တကယ် တော့ သဘောင်္ကျင်းဆိုတာ ပိုက်စံရှိရင် မနေသင့်တဲ မလာသင့်တဲ့ အရပ်ထဲမှာ ပါတယ်ဗျာ..

ဆန်းဝင်း (ကျောက်ပန်းတောင်း)

Friday, September 26, 2008

အပျင်းဖျားမှ အဖျားပြင်းပြီး တုပ်ကွေး ကွေးခြင်း

အခုရက်ပိုင်း ရာသီဥတုက ကျွန်တော့်ကိုနှိပ်ဆက်ပါသည်
အလုပ်များရတဲ အထဲမှာ ဖျားချင်သလိုလို မဖျားချင်သလိုလို ကိုယ့်ကိုယ်အားမရဘူးဖြစ်နေပါသည်
အပျင်းဖျား ရာမှ အခု အဖျားပြင်းလာသည်
စာရေးခြင်းနှင့် လိုက်လံဖတ်၇ှုခြင်းအား ခေတ္တ နားထားပါသည်
လာလည်သူမိတ်ဆွေများ အားအရမ်းကျေးဇူးတင်ပါသည်

Saturday, September 20, 2008

ဘလော့ ဘလော့ (blog)

မနက်စောစောက.. ဘလော့လေးဖွင့်ကြည့်တော့.. လာလည်ကြသူတွေကို ကျေးဖူးတင် ကြောင်းပြောရင်း
မသက်ဇင် ဘလော့မှာ သူတင်ထားတဲ ပို့စ်တွေထဲက တစ်ခု ကို ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်လည်း စိုးရိမ်စိတ်နဲ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်..
အကြောင်းအရာက C box (ဆီပုံး) ပြသနာ လေ.. ကိုယ်ကလည်း မကြာခင် ရက်ပိုင်း ကမှ C box (ဆီပုံး)
ကိုတင်ပြီးတာ.. ဟိုဖတ်ဒီဖတ် ဟိုမေးဒီမေးနဲ့ ဆီပုံးတင်နည်း လမ်းစလေး တွေ့တယ် ၊ C box ဟာ ဘလော့ဂါ အသစ်တွေ အတွက် အရမ်း အကို အဆင်ပြေ ပါတယ်။ တကယ်ဗျာ..အစတုန်းက ဘလော့ကို ဘယ်သူလာလို့
လာမှန်း မသိဘူး။ C box လေး ထားလိုက်တော့ ဟော.. လာလည်တယ် ဘာညာ ဘာညာ ဆို ပြီး ပြောသွားကြ တယ်.. အကြံညဏ်တွေ ပေးသွားကြတယ်၊
ဘလော့ဂါချင်းချင်း နားလည်မှု တွေနဲ့ အားပေးမှုတွေ ရတော့.. တကယ် ဘလော့ရေးရတာ အားရှိတယ်.
ဒါပေမယ့် သူလိုပြသနာ ဖြစ်လာမှာ စိတ်ပူတာပဲ ။ ပြသနာကတော့ ဘယ်သူမှန်မသိ အမည်မဖေါ် အော်သွား တာ၊ ရိုင်းပြတဲ စကားတွေ ရေး သွားတာ တော်တော် ဆိုးပါတယ်.. ဒါထက်ဆိုးတာက ကိုယ့်နာမည် ကိုသုံးပြီး အခြား ဘလော့မှာ သွားအော်တာတို့.. နိုင်ငံရေးနဲ ငြီစွန်းတဲ့ စကားများ လိုက်လံ ပြောဆိုတာ တိုကျတော့ (လုံးဝ) မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ.. ကိုယ့်ဘလော့မှာ ကိုကြိုက်တာရေးပေါ့၊ နည်းပညာကို ကျွမ်းကျင်တဲ့ အကို၊ အမ များကျတော့ အိုင်ပီ တွေ ဘာတွေ နဲ့ ဖေါ်ထုတ်တတ်တယ် ဘယ်နိုင်ငံက. ဘယ်အိုင်ပီ ဘာလာရေးသွားတယ် ဘာတွေကို ကူးသွားတယ် ဆိုတာ သိနိုင်တယ်လေ။ ကိုယ်ကျတော့ ဒီလောက် သိဘူလေ၊ တကယ်ပါ.. ကိုယ်ကိုတိုင် စိတ်ကူးလို့တောင် မကြည့် ဖူးတဲ့ အဖျက်လုပ်ရပ်တွေ ရှိနေတယ်.. ဒါ ဘလော့ဂါအသစ်တွေ အတွက် သင်ခန်းစာတွေပါပဲ.. ပထမတုန်းက ဘလော့လောက ဒီလောက်ကျယ်မှန်း လုံးဝမသိခဲ့ဘူး၊ ဒီလိုရုန်းကန် ရမှန်းလည်း မသိဘူး.. ခုတော့ အခက်ခဲတွေနဲဘလော့ဂါဘ၀ကို နည်းနည်း သဘောပေါက် လာတယ်။

Wednesday, September 17, 2008

အချိန်ကဖြေရှင်းပေးလိမ့်မည်

အဲဒီနေရာမှာ
သူတို့တွေ ရန်ဖြစ်ကြတယ်.
ဘယ်နေရာမှာလည်း
ဂါဂါတွေ. စုံနေကြ
အင်္ဂလိပ် အက္ခရာ သုံးလုံးနဲနေရာပေါ့..

ရန်ပွဲပြီးသွားပြီလား
ဘယ်လိုလုပ်သိမှာလည်း
စစ်အေးကာလတိုက်ပွဲလိုပဲ
သူလျှော့ပါ ငါလျှော့နဲပါ နဲ
ဘေးကနေ လေနဲ့ပင့်သူတွေလဲ အများကြီးပေါ့..

ဘယ်လိုလုပ်ကြမှာလည်း
အချိန်ကနေဖြေရှင်းပေးလိမ့်မယ်.
တစ်နေ့ အမြင်မှန် ရကြမှာပါ..
ကိုယ်က အငယ်လေ ဘာမှပြောခွင့် ရှိဘူး..

ဘယ်လိုလုပ်ကြမှာလည်း
အချိန်ကနေဖြေရှင်းပေးလိမ့်မယ်.
တစ်နေ့ အမြင်မှန် ရကြမှာပါ..

ခုတော့
လူခြေတိတ်တဲ့
အဲဒီနေရာလေးကို..
ကျွန်တော် နေ့တိုင်းရောက်တယ်..
ကျွန်တော့်ရှေ့ကလည်း
တစ်ယောက်စ နှစ်ယောက်စ ခြေရာတွေတွေရတယ်..
တွေးတွေးပြီး ရင်ထဲ တကယ် မကောင်းဘူး ..