Tuesday, April 9, 2013

သင်္ကြန်ဝိညာဉ် ။ ပိတောက်ဝိညာဉ် ။

သင်္ကြန်ဝိညာဉ်
အသံ... အသံလေးတွေ ၀ိုးတ၀ါး နားထဲကြားနေသလား ..
အသံ... သင်္ကြန်ဝိညာဉ် နိုးထဖြိုးဖျ တို့ရင်မှာ..
သင်္ကြန်... အသံလေးတွေ အဝေးမှ တန်ခူးလေ ဆောင်ကြဉ်းလာ..
အိုး... သင်္ကြန် ချစ်သူ ကြိုဆိုနေပီလား.... ။

တေးသံလေးတွေ ကြားပါစလေ .. ချစ်သူရေ...
ဆန်းနွေဦးမလေ ပန်းတွေဖူးဝေ ခူးချင်စရာ့အခြေ..
လောကကြီးတစ်ခွင် အလှဆင်လို့လေ စိမ်းလန်းဆိုပြေ..
သင်္ကြန်ခါတော် ရောက်လာပြီလေ... ။

တစ်နှစ်တစ်ခါနွှဲ ချစ်စရာပွဲ ပွဲတော် မဟာပေ..
ပိတောက်ဝါလေးတွေ ပွင့်ပီချစ်ရေ.. မင်းပန်ဖို့လေ..
ပန်းလိုဖွေး စမ်းလိုအေး အေးတဲ့ အတာရေ...
လောင်းပါလေ ကိုယ့်အသဲတွေ အေးအောင်လေ.. ။


တေးရေး ။ ဆန္ဒရား လှထွတ်
တေးဆို ။ ဂရေဟမ် 


Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

Padauk ပိတောက်ပန်း

1 comment:

ဒေါ်စိုး said...

ကိုဆန်းဝင်းရဲ့
(လိုတာရှိရင် ပြောပါ ကူညီနိုင်က ကူညီပါမယ် ခင်ဗျာ )။ ဆိုတဲ့လက်ဆောင်က ဒီနှစ် အတွက်အဖိုးအတန်ဆုံးနဲ့အစောဆုံးလက်ဆောင်မို့ကျေးဇူးအထူးတင်ရှိပါတယ်။
ဆရာတော်ဦးဇောတိက ကဟောဖူးတယ်။ လက်ဆောင်တွေထဲမှာ ပစ္စည်းလက်ဆောင်ထက်
မှတ်သားဖို့ကောင်းတဲ့ စကားတစ်ခွန်းက အဖိုးအတန်ဆုံးပဲတဲ့။ ပစ္စည်းဆိုတာသုံးလို့ကုန်သွားနိုင်တယ်။
အသုံးဝင်ချင်မှလည်းဝင်မယ်။ ဒါပေမဲ့ မှတ်သားဖို့ကောင်းတဲ့ စကားတစ်ခွန်းကတော့ တစ်သက်လုံးအသုံးဝင်တယ်တဲ့။
ကိုဆန်ုးဝင်းရဲ့ ကူညီနိုင်က ကူညီပါမယ်ဆိုတာက date limit မရှိဘူးထင်ပါတယ်နော်။

တောင်ကြီးမှာ အလုပ်သင်ဆရာဝင် အတွက်သွားရောက်စဉ်က ဆေးရုံအုပ်ကြီး ကလေးအထူးကုဒေါက်တာဦးဝင်းမြင့် (ကွယ်လွန်) ကဆေးကုသရာမှာ အကောင်းဆုံးလုပ်ဖို့၊ စိတ်ကောင်းစေတနာထားဖို့၊ အလုပ်ကိုရိုသေဖို့။ တကယ်လို့အမှားအယွင်းဖြစ်သွားရင်တောင် သူတတ်နိုင်သလောက် ကူညီမယ်လို့သြ၀ါဒပေးပါတယ်။ အလုပ်သင်တာဝန်ပြီးလို့ရန်ကုန်ပြန်မယ်ဆိုတော့ သူက ငါပြောခဲ့တဲ့စကားမှတ်မိလားတဲ့။ အဲ့ဒီတုန်းက ကူညီမယ်ဆိုတာမှာ သူတတ်နိုင်သလောက် ဆိုတဲ့ clause ထဲ့ထားတယ်နော်တဲ့။
ငါမကညီချင်ရင် မတတ်နိုင်တဲ့အကူအညီထဲ ထဲ့လိုက်မှာပေါ့တဲ့။ စိတ်မဆိုးနဲ့နော်။ Blogger ချင်း စ တာပါ။
ကျမက ငယ်ငယ်ကထဲက စကားနည်းတယ်။ ဒါပေမဲ့ စမီရင်လည်းရပ်လို့မရတော့ဘူး။ အခုလည်း comment ပေးလေ့မရှိဘူး။
အဲ စမိရင်လည်း မဆုံးတော့ဘူး။
ပိတောက်ပန်းတွေလှလို့ အကုန်ခူးသွားတယ်နော်။