Saturday, January 31, 2009

အလုပ်ထဲမှာ အဖြစ်ပျက်

သူငယ်ချင်း ရဲ့ ကိုယ်တွေ့ လေး၊ သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အဖြစ်ပျက်လေး ပြောပြမယ်။
မပြောခင် အလုပ်အကြောင်း နည်းနည်းပါးပါး ပြောဦးမယ်။
သဘောင်္ပြင်တဲ့ အလုပ်ဟာ ငွေကုန်ကြေးကျ အရမ်းများတယ်။ သဘောင်္သားများနှင့် ပင်လယ်ပြင်မှာ ပြင်လို့ မရတဲ့ အလုပ်၊ ကိုယ်ထည် အကြမ်းထည်များ ကိုလာရောက်ပြင်ကြတာ။ သဘောင်္သား တွေလည်း များသောအားဖြင့် သဘောင်္ကို ဒေါက်တင် တဲ့ အချိန်ကို တော်တော် ကြောက်ကြတယ်။ သူတို့တွေပါ အငြိမ်းမနေရဘူးလေ။ သံချေးခွာပြီး အပြစ် အနာ ရှာရတယ်။ ပြင်ဖို့ လိုအပ် မလိုအပ် စစ်ဆေးရတယ်။ နိုင်ငံတကာမှာ တော့ မပြောတတ်ဘူး။ စင်္ကပူနိုင်ငံ မှာတော့ အလုပ်ခွင် အန္တရယ်ကင်းမှုကို အရမ်းဦးစား ပေးပါတယ်။ Yard Safety အဖွဲအစည်း ဆိုတာသီးသန့်ထားရှိတယ်။ အလုပ်လုပ်မည့်နေရာ အလိုက် လိုအပ်တဲ့ အကာကွယ် ပြင်ဆင်မှု၊ စစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ ဥပမာ။ အလုပ်သမားများ အန္တရယ်ကင်း ၀တ်စုံ လို့ ခေါ်တဲ့ personal protective equipment များ ဖြစ်တဲ့ ဦးထုပ်၊ မျက်မှန်၊ နားကျပ်၊ ရှူးဖိနပ်၊ လက်အိပ်၊ ခါးပတ် များ ပြည့်စုံမှ သဘောင်္ပေါ်တက် အလုပ်လုပ်ခွင့်ပြုပါတယ်။ လေ့လာရေး အဖြစ် အလည်လာရောက် သူများ လည်း ၀တ်ဆင်ပြီးမှ လိုက်လံ ကြည့်ရှုရပါတယ်။

အလုပ်တစ်ခုမှာ ပြုလုပ်ထားတဲ့ ညဏ်းဟာ ၆ ပေကျော်ရင် ခါးပတ် ချိတ်ရပါတယ်။ မေ့လို့ဖြစ်စေ ၊ ရပါတယ်ကွာ ဆိုပြီး ပြီးစလွယ် အလုပ်ကို လုပ်ရင် အစောက ပြောတဲ့ အန္တရယ်ကင်း အဖွဲ့က ဖမ်းပါတယ် နာမည်နှင့် ပါမစ်နံပါတ် မှတ်ကာ ဒဏ် ငွေ ၅၀ တိတိ ဆောင်စေပါတယ်။ Hot work အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဖိုမင်၊ စူပါဗိုက်စာတွေက က အခုပ်ခွင်ကို သေချာ စစ်ဆေးရပါတယ်။ အလုပ်မှာတော့ ဂတ်စ် ဖြတ်ဂေါက် နဲ့ တပ်ဆင်မှု ကျွမ်းကျင်တဲ့ ဖစ်တာ၊ ဖစ်တာ အကူတစ်ဦး၊ ၀ရိန် သမား တစ်ဦး၊ မီးသတ်သမား တစ်ဦး။ အကြမ်းဖျင်း လေးဦး လိုအပ်ပါတယ်။ မီးသတ်သမားက ပတ်ဝန်းကျင်ကို လေ့လာ စစ်ဆေးပြီး အကာကွယ်တွေ လုပ်ပြီးတာနဲ့ အလုပ်စဆိုတာနဲ့ စလို့ရပါပီ။

ကျနော် ပြောမယ့် အဖြစ်ပျက်လေးက ဒီလိုဗျာ...
အဲဒီနေ့က ထိုင်း ဖစ်တာတစ်ဦး ရယ် မြန်မာ ဖစ်တာအကူ တစ်ဦးရယ် ၊ မြန်မာ မီးသတ်သမား တစ်ဦး အလုပ်အတူ တွဲလုပ်ပါတယ်။ နေရာကတော့ ဟိုး..လူနေတဲ့ အထပ်ရဲ့ အပေါ်ဆုံးက Navigation Bridge Deck လို့ ခေါ်တဲ့နေရာမှာပေါ့။ ဖြတ်ပြီး အသစ်လဲမှာက Antenna Post တစ်ခု (ပိုက်တစ်ခု) ရဲ့ အပေါ်ပိုင်က သံချေးတတ်ပြီး ဆွေးနေတယ်။ အားလုံးပြင်ဆင်ပြီး အလုပ်စတာနဲ့ ထိုင်းဖစ်တာက စဖြတ်ပါတယ်။ ဖြတ်လို့ ကျလာတဲ့ သံမီးခဲ့ အပိုင်းစက အောက်ကခင်းထားတဲ့ Fire clothes ပေါ်မှာ ကျတယ်။ မီးရဲရဲနဲ သံစ က ကျလာပြီး အောက်မှာ မီးထတောက်ပါတယ်။ အဲ ဒီမှာ မြန်မာ ဖစ်တာအကူ က ကြောက်အားလန့်အားနဲ မီးသတ်ဖို့ ပြင်တယ်။ ဘေးနားက ရေသန့်ဗူး ကိုဖွင့်ပြီး ရေနဲ့ပတ်လိုက်တယ်။ အဲဒီမှာ စတွေ့တာ.. ရေနဲ့ပတ်ခါမှ မီးက မငြိမ်းပဲ ၀ုန်းခနဲ ထပြီးတောက်ပါတော့တယ်။ သူပတ်လိုက်တဲ့ ရေသန့်ဗူးက ရေမဟုတ်ဘူး .. တင်ဒါတွေ ဖြစ်နေတယ်။ မီးက အားများလာတယ် ။ လေကလည်း ပင့်လာတော့ မီးခိုးတွေလည်း တော်တော်များတယ်။ အဲဒီမှာ မြန်ာမာ မီးသတ်သမားက မီးသတ်ဗူးကို ဖွင့်ပြီး သတ်လိုက်တော့ ခဏတည်းနဲ့ မီးငြိမ်းသွားပါတယ်။

ဒါပေမယ့် ... အန္တရယ်ကင်း အဖွဲ့ က မြင်သွားတော့ မြန်မာ နှစ်ယောက် ပါမစ်နံပါတ် မှတ်သွားပါတယ်။ သူတို့ နှစ်ဦးလည်း ညစ်တာပေါ့။ ရန်တောင်ဖြစ်ခမန်းပဲ။ မင်းလုပ်တာ၊ ငါနဲ့မဆိုင်ဘူး၊ ငါက မီးသတ်တာ။ ရုံးရောက်ရင် မင်းပြောပြ နဲ့ ငြင်းခုံနေပါတယ်။ အင်းလေ.. တစ်နေ့ကိုမှ ၂၀ ဒေါ်လာလောက်သာ ရတာ ဒဏ်ရိုက်ရင် ၅၀တောင်။ ရုံးကို ခေါ်ပြီး စစ်ဆေး မေးမြန်းတယ်။ မီးက ခဏတည်းနဲ့ ငြိမ်းသွားတော့ အရေးမယူလိုက်ဘူး။ ဘာကြောင့် မီးခိုးတွေ များတာလည်း ဆိုတဲ့မေးခွန်း ဘယ်သူမှ မမေးဘူး။ မြန်မာ မီးသတ်သမား ကို နောက်တစ်နေ့ Safety Metting မှာ Safety Award ဆုချီးမြှင့်ပါတယ်။
(ရေသန့်ဗူး နဲ့ တင်ဒါကတော့ သဘောင်္က ကိုရွှေသဘောင်္သား ဆေးလာသုတ်ပြီး စကားထိုင်ပြောကာ မေ့ကျန်းခဲ့ခြင်းဖြစ်ပါတယ်) ဒါကို ရွှေမြန်မာ က ရေသန့်ပဲဆိုပြီး မီးသတ်ကာမှ မီးက ပိုလောင် မီးခိုးတွေ တလူလူ ဖြစ်ကုန်တာ ။ ရုံးမှာ တင်ဒါ ကိစ္စကို လျို့ဝှက် ထား လိုက်တော့ ရွှေမြန်မာ ဆုရသွားပါတယ်။
အဲဒီနေ့ က ရွှေမြန်မာ များ ကောင်းသော လွဲမှားခြင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

No comments: