Monday, March 9, 2009

NaTuRal HoNestY

သဘာဝ ရိုးသားမှု။
အဲဒါကို စာဖွဲခြင်တာတော့ မဟုတ်ဘူး။ လိုခြင်တာ။ ပြန်လိုခြင်တာ၊ ပြန်ရခြင်တာပါ။
ကလေးငယ်လို ဖြူစင်တဲ့ သဘာဝ ရိုးသားမှု ကိုပေါ့။
ကျနော့်ဆီမှာ အဲဒီ ”သဘာဝ ရိုးသားမှု” ပြောက်ဆုံးနေတာ ကြာပီ။

အပြင်ပန်း ကြည့်မလား။
အသက်ကြီးတာနဲ့ အမျှ မျက်နှာက အရေထူးလာတယ်။
အကြောင်းကြီးငယ်ကြောင့် မျက်နှာပူခြင်းကို တခါတရံ လုံးဝ မမှုတော့ဘူး။
အရေ ထူးတဲ့ မျက်နှာကြီးကို တော်တော်မုန်းတယ်။

ငယ်ငယ်က မျက်လုံးတွေ။
ဟုတ်တယ် ကလေးဘ၀ မျက်လုံးတွေက အမှန်တရား စကားကိုပြောတယ်။
ဟန်ဆောင်မှု ကင်းတယ်။ ဖြူစင်ရိုးသားမှုရဲ့ သင်္ကေတပဲ။ ခု အဲဒီမျက်လုံးတွေ ဘယ်မှာလည်း။

ငါ ပြန်ရခြင်တယ် သဘာဝ ရိုးသားမှု။
ငါပြန်ရခြင်တယ် ငယ်စဉ်ကလေးဘ၀။

No comments: