Friday, June 18, 2010

ချစ်သူပျော်ပါစေ

ကိုယ့်ရဲ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံ တပ်လို့
တမ်းတခြင်း အလွမ်းတွေ ပွေ့ဖက်
ချစ်သူ့ဆီ ၀ဲပျံခဲ့မယ်။

ချစ်သူ့ သတိရခြင်းမှာ
အဖြူရောင် အတောင်ပံတစုံတပ်လို့
ဝေးကွာခြင်း အလွမ်းတွေယူဆောင်ပြီး
ကိုယ့်ဆီကို ၀ဲပျံခဲ့ပါ။

တိမ်တိုက်တွေကို ထိုးဖောက်
ပြာလွင်လွင် ကောင်းကင်ထက် အတူဆုံ
နေရာင်ခြည်မှာ တွဲခိုနားရင်း
အလွမ်းသင့် ချစ်စကား ဆိုကြမယ်။

တမ်းတခြင်းတွေ ငြင်းခုံနေတုန်း
ယုယစွာ ထွေးပွေ့ ထားမယ်
ရင်ခုံသံတွေ အေးချမ်းလို့
ချစ်သူပျော်ပါစေ။

No comments: