Tuesday, August 14, 2012

အညာမြေက ထာဝရ အိုအေစစ် အတွက် စိတ်ကူးသစ် ။


အညာမြေ ကျောက်ပန်းတောင်းမြို့ သောက်ရေ သုံးရေ ဖူလုံရေးအတွက် ဧရာဝတီမြစ်မှ မြစ်ရေတင် စီမံကိန်း စိတ်ကူးထားပါတယ် ။ အစီအစဉ်ကား. ယခင် အင်္ဂလိပ်လက်အောက်ခံ ဘဝတည်းက ပုပ္ပါး ဗိုလ်နတ်ကျော် နှင့် ငါ့သရောက် ဗိုလ်ချို တို့ လူသူလက်နှက် စည်းရုံးရေးဆင်းသော လမ်းဖြစ်သည့် မြေနီကျောက်ခင်းလမ်း ကျောက်ပန်းတောင်း - ငါ့သရောက် လမ်း မိုင် ၂၀ ခန့် ( မြေပုံတွင် ကြည့်ပါ) အား ထပ်မံတိုးချဲ့ ဖောက်လုပ်မည်ဖြစ်သည် ။ ၄င်းမှတဆင့် မြန်မာနိုင
်ငံ အရှည်ဆုံး မြစ်ကူးတံတားဖြစ်သော လက်ပန်ခြေပေါ် ပခုက္ကူ မြစ်ကူးတံတား သို့ (၁၀ မိုင်ခန့်) လမ်းဖောက်လုပ်မည်ဖြစ်သည် ။ ယင်းလမ်း (ကျောက်ပန်းတောင်း-ငါ့သရောက
်-ပခုက္ကူတံတား) မှတဆင့် ချင်းတွင်းဧရာ မြစ်ဆုံ ရေအား ကျောက်ပန်းတောင်းမြို့သို့ မြစ်ရေတင် စီမံကိန်း ပြုလုပ်မည်ဖြစ်သည် ။ မိုးရေကို အားကိုးထား သောက်သုံးနေ ရသော မြို့နယ်သူ မြို့နယ်သားများအတွက် .. ရေမရရှိသောေ ကြာင့် ဖြစ်ပွားတတ်သော ၉၆ ပါး ရောဂါဘယ မျိုးစုံ ကင်းဝေးကာ ရေအရေး စိတ်အေးစေဖို့ အတွက် စီမံကိန်းဖြစ်ပါတယ် ။ ဧရာဝတီ မြစ်ရေ၏ 0.000000000000001 သာ အသုံးပြုမည်ဖြစ်သည်။ 2015 မှာ ကျွန်တော် တသီး တပင် အမတ်အဖြစ် ဝင်ပြိုင်တဲ့အခါ လွှတ်တော်မှာ တောင်းဆိုပါမယ် ။ မဲပေးကြပါလို့....... :)

No comments: