Mbs ကို..မန်ဘာဝင်ကတည်းက..ကိုယ့်ဘလော့လို့သဘောထားပါ တယ်.. ကိုယ့်အဖွဲ့စည်းလို့လည်းသဘောထားတာပါ.. ဘယ်သူမှ မဖိတ်ခေါ်ပဲေ၇ာက်လာခဲ့တာပါ.. စရောက်စက မန်ဘာ ၂၀၀ ၀န်းကျင် လောက်ရှိမယ်ထင်တယ်… ခုဆို ၆၀၀ ကျော်လာပြီ.. ကျွှန်တော် နာမည်ကြီး ဘလော့ဂါ တော်တော်များများပေါ့ တွေ့ဖူးပြီး ပါပြီ.. ဘာလို့နာမည်ကြီးတာလည်း.. အများအကျိုးသယ်ပိုးလို့.. စေတနာထားကြလို့.. ဒီ mbs မှာ နာမည်ရ အများကျိုးဆောင် ဘလော့ဂါတွေများသလောက်.. လေးနက်တဲ့အတွေးနဲ တွေနဲ့.. တိုင် ပင်ဆွေးနွေး ကြတာလည်းရှိပါတယ်…. လက်လှမ်းမှီရာကို ဆွေးနွေး ဖြစ်ပါတယ်..၀င်ရောက်ဆွေးနွေး ပညာရှာရတာကိုလည်း အဖွဲ့ဝင် ဖြစ်ရခြင်းအတွက်..ဂုဏ်ယူမိပါတယ်..
မနက်က..မနေတတ်တော့.. ၀င်ငြင်းမိတယ်.. မိန်မ နဲ့ ယောင်္ကျား ဘယ်သူမြတ်သလဲတဲ့..ကိုယ့်ထင်မြင်ချက်ကို ၀င်ပြောမိပါတယ်.. အမှန်တကယ်က..စကားစဲစေခြင်တာရယ်.. အလုပ်မရှိအလုပ်ရှာပြီး ငြင်းနေကြတာ.. မဖြစ်စေခြင်တာရယ် .. ၀င်ပြောမိတယ် ။ ငယ်ငယ်က အက္ခရာ က ကြီးကို.. သူငယ်ချင်နှစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ကြည့် ပြီး ကကြီးကွ.. ယပက်လက်ကွ… ငြင်းနေသလို ရှင်းတာကိုရှုပ်အောင် လုပ်ပြီး ခေါင်းစဉ်ထူပြီး ပြောနေကြတာ မကောင်းပါဘူး .. ၀င်ပြောမိတဲ့ကိုယ့်ကိုကိုယ် လည်း ဒေါကန်မိပါတယ်.. MBS မှာ …ဘလော့အတုလုပ်ပြီးမန်ဘာဝင်တာတွေကို..လုံးဝမကြိုက် ပါဘူး..
Wednesday, August 27, 2008
Friday, August 22, 2008
အညာ ချဉ်ပေါင် ကို လွမ်းတယ်
သဘောင်္ပြင်သည်..
ပြောသာပြောသာရယ်… ရွာမှာတုန်းက.. ဒီလောက်ကြီးတဲ့သဘော .. မမြင်ဖူးဘူး. အညာသား ဆိုတော့လေ…ဆည် နဲ့ ချောင်း ပဲ မြင်ဖူးတာကို .. အလုပ်က ပင်ပန်းတယ်ဆိုပြီး အသက် အန္တရယ်များ တယ် ဆိုပြီး မလုပ်ပဲကြတော့ နေလို့မှမရတာ… ပင်ပန်းသမျှ…ရသမျှ အေးဂျင့်ကို ပေးခဲ့ရတဲ့ မိဘချွေးနည်းစာ လေး ပြန်ရအောင်လုပ်ရတာပဲ။ မလုပ်လဲ အိမ်က ရှာပေးတဲ့ အရင်းအနှီး ဘယ်လိုလုပ် ပြန်ရပါမလဲနော.. အထင်နဲ့ မမြင်တော့ တက်တက် စင်အောင် လွဲတာပဲ.. ကုန်ဈေးနှုန်း ကလည်း ကြီးမှကြီး.. ဆန်ဈေးတွေဆို ခုန်တက်သွားတာ နှစ်ဆတောင်မကဘူ… ဒီရောက်မှ အညာမှာလို ချဉ်ပေါဟင်းစားချင်တာ လည်း ဈေးကြီးလို့မစားနိုင်ဘူး… ကြက်သားနဲ့ကြက်ဥ တော့ မဆိုးဘူး ဈေး ကိုပြောတာ.. စားလို့ကျတော့ မကောင်းပါဘူး…ပြောရဦးမယ် .. အညာက ချဉ်ပေါင်ဟင်းကို လွမ်းတယ်ဗျာ…
အလုပ်ကြတော့…
သဘောင်္တွေ.. ကားဝက်လျှော့မှာ .. ကားတွေ တစ်စင်းပြီးတစ်စင်း.. ပြင်ကြ.. ပြီးတဲ့အစင်းက ထွက်သွား.. အဲဒီအတိုင်ပဲ… မတူတာက.. သဘောင်္ပြင်ရင်.. အနံ့အသက် လုံးဝမကောင်းဘူး..
သဘောင်္ဆေးနံ့..ဆီချေး (ဂျီး)နံ့.. ဓာတ်ငွေ့နံ့.. စုံလို့ပဲ.. ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ဘူး..
ကိုယ်နီင်ငံမှာ.. ဒီလိုများလုပ်ရင်.. ဟွန်း… သဌေးဖြစ်တာကြာပေါ့… ဒါပေမယ့် .. ဘယ်မှာလည်း အလုပ်… တောင်သူ တွေ တောင် လယ်ယာလေးတွေရှီနေလို့… ပြောကိုမပြောချင်ဘူ..
စင်္ကပူမှာ…အချိန်ပို..ဆိုတာ ဘာလည်းလို့တောင်..မေးရမယ်..သူ့နိုင်ငံသားတွေ အတွက်တော့ ကောင်းမှကောင်း…သူများနိုင်ငံသား..တွေကြတော့…(အလုပ်သမား-အလုပ်ပါမစ်) အချိန်ပို မရှိအောင်..ပဲ..
စိတ်ကူရလို စင်္ကပူကိုလာမယ်ဆိုရင်…အက်စ်ပါ့စ် နဲ့တော့ လာဖြစ်အောင်လာပါ…
အလုပ်ပါမစ်နဲတော့..မလာသင့်တဲ့ စင်္ကပူပါ… နေရတာ..အခန်းတစ်ခန်းကို..၁၈ ယောက်..
အိပ်ရတော့ နှစ်ထပ်စင်အိပ်ယာ.. မနက်မနက်ဆို ..စိတ်ညစ်လွန်းလို့.. အစောကြီးထရတာက တမှောင့်.. ထမင်ဟင်ချက်ခန်းမှာ လူကပြည့်လို့.. ရေချိုးခန်းမှာ တန်းစီလို့.. အလုအယက် လုပ်ရတယ်.. နောက်ကျရင်..ဖယ်ရီ..မမှီတော့ဘူး .. တက်ဆီ ငှားပြီးအလုပ်သွားမှာလား..
အိပ်မှာလား တစ်ခုခုသာရွေး.
စင်္ကပူမှာ .. တန်းစီရတဲ ဒုက္ခကလည်းမသေးဘူး.. ဘာလုပ်လုပ်တန်းစီ… ဘဏ်ငွေထုပ်ချင်ရင်..တန်းစီ.. ဘတ်စ်ကားစီးမယ်ဆိုတန်းစီ.. ဈေးဝယ်မယ်ဆိုတန်းစီ.. မဂွတ်ဘူးး…..

Saturday, August 16, 2008
စင်္ကပူ သဘောင်္ကျင်း အလုပ်သမား ဘဝ
သဘောင်္ကျင်းကို.. လမ်းမှားပြီးရောက်လာတယ်. ငယ်ငယ်က..ပေခဲ့တေခံတာလည်းတာပေါ့. ပညာကိုလေ့လာရကောင်မှန်း မသိတာလေ… တစ်လကို ငွေလေး လေးငါး သိန်း လောက်ရဖို့ အရေး.. မနက် ငါးနာရီခွဲ ထရ.. ညနေ ခြောက်နာရီခွဲထိ လုပ်ရတယ်… အိုတီ ဆိုတာကလည်း ဆယ်တစ်နာရီထိ တခါခါလုပ်ရသေး .. ဒါတင်ဘယ်ကမလဲ.. စနေ၊ တနင်္ဂနွေလဲ မနားရဘူးလေ..
စင်ကာပူရောက်ပါတယ် တကယ် ကျွန်မှ ကျွန် အစစ်ပဲ…
ဒီကြားထဲမှာ အန္ဒိယကလားရယ် ဘင်္ဂလားကလား ရယ် က ကြီးစိုးသေးတယ်…
တရုတ်ကြီးက လဲ… နေရာတကာ…ဗိုလ်ကျ … မလေးတရုတ်က စိတ်ဓာတ် ရုတ်ညံ့တယ်… အလုပ်သမားခြင်းတူတူ တောင်….မြန်မာ ကဘာကြောင့်များ အောက်ကျရပါလိမ့်…… သိတော့သိ တယ် မပြောတော့ဘူး……
အလုပ်ထဲမှာလား.. ပြောကို မပြောခြင်ပါဘူ.. ဒါပေမယ့် ပြောရဦးမယ်..
သဘောင်္အဟောင်းတွေပြင်ကြတာလေ.. ဆီသေဘာၤေတြ၊ ဂတ္စ္သေဘာၤေတြ… ကားသေဘာၤေတြ.. အဆုတ် တွေ စုံလို့ပဲ။ သဘောင်္တစ်စီးလုံးကို သံပြားတွေနဲ့ လုပ်ထားတာ…
သံပြားကို ဂတ်စ်နဲ့ ဖြတ်ကြတယ်… ဘာပြောကောင်းမလဲ.. ညှော်ဆော်နံလိုက်တာ…
ဆီဟောင်းဆော်နံ.. မီးလောင်မှာကကြောက်ရသေး.. အင်း..မလွယ်ဘူး..
ကျွန်တော်တို့ အညာသားအတွက် အရမ်းကြီး အထူးခြားပါဘူး.. ရန်ကုန်က လူငယ်လေးတွေ..
အရမ်းငြီးတာပဲ…နောက်နေ့မှ ဆက်ပြောမယ်..

အစမ်း....မြန်မာဖောင့်တင်ကြည့်ခြင်း
ဒီနေရာမှာ စာရိုက်လို့မရဘူးဖြစ်နေတယ်.
ကော်ပီ ပေ့စ်လုပ်မှရတယ် ဒီလိုပဲတင်နေရတယ် ။ ဘာလို့လည်း.......မသိ။

Wednesday, August 6, 2008
Tuesday, July 1, 2008
ဟိုဖက် ကမ်းက သဘောင်္ကျင်း
Saturday, June 28, 2008
လူသူကင်းမဲ့ကမ်းခြေကို.. ကြည့်ရင်း..
Tuesday, June 24, 2008
သဘောင်္ပြင်သည့်... စင်္ကပူနိုင်ငံ..

ိDry Dock ထဲမှာပေါ့.. သဘောင်္ဆေးအဟောင်းတွေ.. Blasting လုပ်တယ်
ဆေး အသစ်ပြန်သုတ်တယ်.. လေကောင်းလေသန့်တော်တော် ရှားပါတယ်.. များသောအားဖြင့် အိန္ဒိယ၊ ဘင်္ဂလားက အလုပ်သမားတွေလုပ်ကြတယ်.. မြန်မာတွေကတော့.. electrical ပိုင်းမှာ များတယ်ဗျ.. fitter တွေလည်းရှိတယ်..agent fee ပြန်ရရင်.. အလုပ်ပြောင်းကြတယ်။ သက်သက်သာသာ ရုံးအလုပ်ရရင်တော့..
Subscribe to:
Posts (Atom)