Wednesday, August 27, 2008

ကျနော် MBS အဖွဲ့ဝင်....

Mbs ကို..မန်ဘာဝင်ကတည်းက..ကိုယ့်ဘလော့လို့သဘောထားပါ တယ်.. ကိုယ့်အဖွဲ့စည်းလို့လည်းသဘောထားတာပါ.. ဘယ်သူမှ မဖိတ်ခေါ်ပဲေ၇ာက်လာခဲ့တာပါ.. စရောက်စက မန်ဘာ ၂၀၀ ၀န်းကျင် လောက်ရှိမယ်ထင်တယ်… ခုဆို ၆၀၀ ကျော်လာပြီ.. ကျွှန်တော် နာမည်ကြီး ဘလော့ဂါ တော်တော်များများပေါ့ တွေ့ဖူးပြီး ပါပြီ.. ဘာလို့နာမည်ကြီးတာလည်း.. အများအကျိုးသယ်ပိုးလို့.. စေတနာထားကြလို့.. ဒီ mbs မှာ နာမည်ရ အများကျိုးဆောင် ဘလော့ဂါတွေများသလောက်.. လေးနက်တဲ့အတွေးနဲ တွေနဲ့.. တိုင် ပင်ဆွေးနွေး ကြတာလည်းရှိပါတယ်…. လက်လှမ်းမှီရာကို ဆွေးနွေး ဖြစ်ပါတယ်..၀င်ရောက်ဆွေးနွေး ပညာရှာရတာကိုလည်း အဖွဲ့ဝင် ဖြစ်ရခြင်းအတွက်..ဂုဏ်ယူမိပါတယ်..
မနက်က..မနေတတ်တော့.. ၀င်ငြင်းမိတယ်.. မိန်မ နဲ့ ယောင်္ကျား ဘယ်သူမြတ်သလဲတဲ့..ကိုယ့်ထင်မြင်ချက်ကို ၀င်ပြောမိပါတယ်.. အမှန်တကယ်က..စကားစဲစေခြင်တာရယ်.. အလုပ်မရှိအလုပ်ရှာပြီး ငြင်းနေကြတာ.. မဖြစ်စေခြင်တာရယ် .. ၀င်ပြောမိတယ် ။ ငယ်ငယ်က အက္ခရာ က ကြီးကို.. သူငယ်ချင်နှစ်ယောက်မျက်နှာချင်းဆိုင် ထိုင်ကြည့် ပြီး ကကြီးကွ.. ယပက်လက်ကွ… ငြင်းနေသလို ရှင်းတာကိုရှုပ်အောင် လုပ်ပြီး ခေါင်းစဉ်ထူပြီး ပြောနေကြတာ မကောင်းပါဘူး .. ၀င်ပြောမိတဲ့ကိုယ့်ကိုကိုယ် လည်း ဒေါကန်မိပါတယ်.. MBS မှာ …ဘလော့အတုလုပ်ပြီးမန်ဘာဝင်တာတွေကို..လုံးဝမကြိုက် ပါဘူး..

No comments: