ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်က ကျနော် Panjuru Place မှာနေပါတယ်။ Company ပေါင်းစုံက အလုပ်သမား ပေါင်းစုံ နေတဲ့ အဆောင်ပေါ့။ အဆောင်သစ်ဆိုတော့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကောင်းပါတယ်။ ကြည့်ရတာ အခန်းလေးတွေက လူ ၈ ယောက် နေဖို့ ရည်ရွယ်ပြီး တည်ဆောင်ထားပုံရတယ်။ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုချောင်၊ ရေအိမ် ရေချိုးခန်း ပြင်ဆင်ပုံလေး မဆိုးဘူး။ ဒါပေမယ့် အဲဒီလို လူ ၈ ယောက်စာနေရာမှာ ခုတင်တွေကို နှစ်ထပ် ဆင့်တွေ ထားပြီး လူဦးရေ ၁၈ ယောက်ထားပါတယ်။ အဆောင်မှာ လူစုံလာရင် နေစရာ မရှိတော့ဘူး။ သိတဲ့အတိုင်းပဲ လူများတော့ လက်များတယ် ခြေများတယ် (လူတစ်ယောက် တွင် လက်နှစ်ဖက် ခြေနှစ်ဖက် ရှိသည်)။ ပါးစပ် တစ်ပေါက်သာ ပါသဖြင့် ကံကောင်းသည် ဟု ဆိုရမည်။ ၁၂ နာရီကျော်လျှင် ငြိမ်ငြိမ် တိတ်တိတ် အိပ်ရသည်။ ဒီလို ညစ်ညစ်နဲ့နေခဲ့ရတာ Company မှာ အလုပ်သမားတွေ လျှော့ချတော့ အခန်း နှစ်ခန်းကို တစ်ခန်းတည်းပေါင်းလိုက် ပါတယ်။ ပေါင်းလိုက်တော့ အားလုံး ၂၁ ယောက်ဖြစ်သွားတယ်။ ၁၈ ယောက်ပဲနေလို့ရတာ ဆိုတော့ ပိုနေတဲ့ ၃ ယောက်ကို အခြား အဆောင်မှ မြန်မာများအခန်းတွင် ပေါင်းလိုက်တယ်။
နေသားကျနေတဲ့ နေရာကို စွန့်ခွာပြီး နေရာသစ် ကို စိတ်ဝင်စားတဲ့ကျနော် အဆောင်ပြောင်းဖို့ နာမည် စာရင်းပေးလိုက် ပါတယ်။ အနည်ထိုင် တတ်တဲ့ စိတ်၊ အကျင့်ကိုမုန်းတယ်။၂၀၀၈ ခုနှစ် ဒီစင်ဘာ ၂၈ ရက်နေ့တွင် နေရာဟောင်း Panjuru place မှ Kian Teck Lane ရှိ Blue Star အဆောင်သို့ ပြောင်း ရွှေ့ ခဲ့သည်။ အခုနေရတဲ့နေရာဟာ အရင်နေရတဲ့နေရာထက် သွားရေးလာရေး လွယ်ကူသည်။ Boon Lay (MRT) နှင့် နီးသည်။ မနက်စောစော ဖယ်ရီ ၆ နာရီခွဲမှထွက်သည်။ အိပ်ရေး၀၀ အိပ်ရသည်။ ကောင်းတာတွေပဲ ပြောနေတာ မကောင်းတာလည်း ရှိတာပေါ့။ ၅ လွှာမှာ နေရတာ အတက် အဆင်း ပျင်းစရာကောင်းသည်။ Lift မရှိ။ အရာရာမှာ အကောင်းနဲ့ အဆိုး အတူ တွဲတွေ့ရတတ်ပါတယ်။ ကောင်းတာပဲ လိုခြင်တာ လူ့သဘောနေမှာပေါ့။ အဆိုးကိုလည်း ပစ်ပယ်လို့တော့မရဘူး။
နှစ်သစ်၂၀၀၉ ခုနှစ်။ ကျနော် နေရာသစ်မှာနေတယ်။
လိပ်စာက ဒီမှာပါ လမ်းကြုံလို့ဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် လာလည်ပါနော် .. ကြိုဆိုပါတယ်..
Monday, January 5, 2009
Thursday, January 1, 2009
ငါလာပြီ ၂၀၀၉ ရေ
၂၀၀၉ ခုနှစ်
စိတ်ခွန်အားသစ်နဲအတူ ကြိုဆိုပါတယ်။
ရှေ့ဆက် လျှောက်မယ့် လမ်းမှာ တွေ့ကြုံမယ့် ကောင်းဆိုး နှစ်တန်အား
ရင်ဆိုင်ဖို့ ငါမှာ ခွန်အား အပြည့်ရှိတယ်။ အမှားလုပ်ခဲ့တာတွေ က နမူနာ၊
အမှန်လုပ်ရပ်တွေက ထာဝရသိမ်း ဆည်းစရာ။
နှေးကွေးစွာ လျှောက်နေတဲ့ ခြေထောက်တွေထက် တစ်နေရာမှာ အနည်ထိုင်တတ်တဲ့
စိတ် နဲ ခန္တာကို နှိုးဆွပြီး အတွေ့ကြုံက ပေးတဲ့ အမြင်သစ်နဲ ငါ ဆက်လျှောက်မယ်...
ငါလာပြီ .. ၂၀၀၉ ရေ။

Monday, December 29, 2008
စူဇူကီးဖလား ချန်ပီယံ ဗီယက်နမ်
အကောင်ငယ်ပေမယ့် အဆိပ်လေးတွေနဲ့ဗီယက်နမ်က ထိုင်းအသင်းကို ပထမအကျော့
ထိုင်းနိုင်ငံတွင် ၂ ဂိုး ၁ ဂိုး၊ ဒုတိယ အကျော့ ဗီယက်နမ် နိုင်ငံတွင် ၁ ဂီုးစီ သရေကျ ကာ နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ဂိုးဖြင့် ဗိုလ်ဆွဲသွားပါသည်။ အခုလို ဗိုလ် ဆွဲသွားတဲ့ ဗီယက်နမ်အသင်း မှာ စိတ်ဓာတ်ခိုင်မာခြင်း ၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ ဘောလုံး ပညာကျွမ်းကျင် ခြင်း၊ တွေ အပြင် အသင်းလိုက် စုဖွဲ ကစားခြင်း အထူးကောင်းမွန်ပါတယ်။
ဒီပြိုင်ပွဲကို 1996 ခုနှစ်က စပြီ တိုက်ဂါး ဘီယာ စပွန်စာ နဲအတူ တိုက်ဂါးဖလားလို့ ခေါ်ဆိုခဲ့ပါတယ်။
2004 ခုနှစ်မှာတော့ တိုက်ဂါး ဖလားကနေ အေဆီယံ ဖလား အဖြစ် သတ်မှတ်ခေါ်ဆိုပြီး
ယခုနှစ် စူဇူကီး မှ စပွန်စာနဲအတူ စူဇူကီးဖလား ဟု ပြောင်းလည်း အမည်တွင်စေပါတယ်။
ဒါနဲ့ တို့မြန်မာနိုင်ပီ ဆိုတာ သီချင်းထဲမှာ လားမသိဘူးနော်..
ငယ်ငယ်က ရွာမှာ ရုပ်မြင်သံကြား မရှိသေးဘူး ရေဒီယိုကတစ်ဆင့် ဘောလုံးပွဲ အစီစဉ်ကြေညာ သံကို နားထောင်ခဲ့ရတယ်။ (မြန်မာခင်ဗျ..လိမ်တယ်ခင်ဗျာ..လိမ်တယ် .အနားမှာ ရှိနေတဲ့ လူကိုပေးလိုက်တယ်ခင်ဗျာ.. အဲ.. သူလည်း လိမ်တယ်ခင်ဗျ.. နောက်တစ်ယောက်အပေးမှာ တစ်ဖက်အသင်း ဦးသွားတယ်ခင်ဗျာ.. အခု..လိုက်ဖျက်တယ်..အဲ..အင်း....အဲ... မြန်မာ ပြန်ရ ပါတယ်ခင်ဗျာ..).
ဒီလိုနဲ့ အားပေးကြည့်ရှုခဲ့တာ.. ၂၅နှစ် တိတိ။ သိုပေသော်လည်း အားပေးဆဲ..ထာဝရ မြန်မာ။
Monday, December 22, 2008
ကျနော် ထင်ရင် လွဲခဲတယ်.
တကယ်ပါ.. ဗီယက်နမ်နိုင် မယ်လို့ ထင်တဲ့ အတိုင်း နိင်တယ်..ဗျ..
နိုင်တာမှ ထိုက်ထိုက်တန်တန်နိုင်တာ. ညစ်ကျယ်ကျယ်နဲ့ ကစားတဲ့
အသင်း ရှုံးတာတောင်နည်းသေးတယ်။ လူချတယ် ။ မလေးဒိုင်ကလည်း
ဘက်လိုက်တယ် ။ စင်္ကပူက အိမ်ရှင်လည်းဖြစ်တယ်။ ပွဲကြည့်ရတာ တကယ်ကို
အရသာရှိတယ်။
ဖိုင်နယ်မှာ ထိုင်းနဲ့တွေ့မယ်။ ကြည့်ဖြစ်ဦးမလား မပြောတတ်ဘူး ။

Thursday, December 18, 2008
အာရှမှ အဆင့်မြင့် ဘောလုံးအသင်း
အရှေ့တောင် အာရှ ဘောလုံး ပြိုင်ပွဲ များကို တခုတ်တရ မကြည့်ဖြစ်သည် အတန်ကြာခဲ့ပြီ။ အင်္ဂလန် ပရီးမီးယား ပွဲများအား စိတ်ဝင်စား ချိန်မှ စတင်ကာ အာရှပွဲ မည့်သည့်ပွဲကို မှ ကြည့်မရတော့။ ဘောလုံးရသ ပေးနိုင်မှု အလွန်နည်းသည် ဟုထင်သည်။ သို့သော်လည်း ကျနော်သည် ဘောလုံးကို တစ်စိုက်မတ်မတ် ကြည့်သူတော့ မဟုတ်ပေ။
မနေ့ညနေက စူဇူကီး ဖလား ဆီမီးဖိုင်နယ် ဗီယက်နမ် နှင့် စင်္ကပူပွဲစဉ် အား အစဆုံးကြည့် လိုက်ရတော့ ဗီယက်နမ်အသင်းအား မချီးမွမ်းပဲ မနေနိုင်။ အရှုံးအနိုင် ရလဒ်သည် သရေဟု ဆိုသော်ငြား ပွဲစဉ်တစ်လျှောက် ရသပေးစွမ်းနိုင်မှုက ဗီယက်နမ် အသင်းမှာ အပြည့်ရှိသည်။ လက် ဝှေ့ ပွဲများလို ဒိုင်ပွဲရပ် အနိုင်ပေး လို့သာ ရရင် ကျနော် ဗီယက်နမ်ကို ပထမပိုင်း ကတည်းက အနိုင်ပေးလိုက်မည်။ အထူးသဖြင့် အရှေ့တောင် အာရှ နိုင်ငံငယ် ဘောလုံး အသင်း တစ်သင်းတွင် ဒီလောက် ဘောလုံပညာရပ် အသင်းလိုက် အတွဲညီညီ ကစားနိုင်မှု ဒီလောက်ရှိလိမ့်မည် မထင်ခဲ့။ ဗီယက်နမ် ဘောလုံး အသင်းသည် ဥရောပ အဆင့်မှီ အသင်း တစ်သင်း ပင်ဖြစ်သည်။
ကစားပုံမှာ အာစင်နယ်မှ လူငယ်များ အမြန်ပေး ကာ အတက်အဆင်း ကစားသလို ဆင်တူသည်။ တကယ်တန်း သူတို့ကစားတာ နည်းမှန်သည်။ အာရှ ဘောလုံးသမား တစ်ယောက် အနေနှင့် ကွင်း ၂ ပတ် ၃ ပတ် လောက် ပြေးပြီးပါက အတော် ပင်မောနေပြီ။ နောက်ပြီ ခဏလေး ကစားရတာမဟုတ် မီနစ် ၉၀ တိတိ ကစားရတာ ဆိုတော့ တစ်ယောက်တည်း အပင်ပန်းခံ ကစားတာမျိုး လုံးဝမဖြစ်သင့်ဟု ထင်သည်။ ယခု ဗီယက်နမ်က အမြန်ပေးသည်၊ ခြေထောက်ထဲ ဘောလုံး ကြာကြာမထား အသင်းလိုက် ကောင်းသည်။ တစ်ဖက်လူ မကပ်ခင် ဘောလုံးကို ပေးတော့ ဘောပေးလွဲတာ အဖြစ်နည်းသည်။ တောင်ပံနှစ်ဖက် တိုက်စစ်အား အထူးကောင်းသည်။ နောက်တန်း အလယ်တန်း ရှေ့တန်း အားလုံး နားလည်မှုရှိပြီး အချိတ်ဆက်မိသည်။
ဂိုးမရ သော်လည်း လူတိုင်းပါးစပ်ဖြားမှာ ဗီယက်နမ် ကွလို့ တသသ ဖြစ်ရလောက်အောင်ကောင်းသည်။
စင်္ကပူဖက်မှ အထိုင်ကစားသည်. လူချသည်.. ဂိုးသမားတစ်ယောက်သာ အရပ်ရှည်သဖြင့် ကောင်းသည်။
အဟတ်... စိတ်ဓာတ်ရေးရာလည်း တခြားဆီဖြစ်သည်။ သရေရဖို့ မနည်းထိမ်း ကစားသွားသည်။
မြန်မာတွေ အတူယူသင့်တာတော့ ဗီယက်နမ်ရဲ့ ကစားနည်းကိုပါ။ အရပ်မောင်း လူလုံး အားဖြင့် မြန်မာ လောက်ရှိမည် မထင်. သို့ပေသော်လည်း ဘာကြောင့် ဒီလောက်ကောင်းရသလဲ ဆိုတာ..........
နောက်ပွဲ ကို စင်္ကပူမြေတွင် ကစားရမည်ဖြစ်သည်။ ပွဲအခြေနေ မည်သို့ရှိမည် စောင့်ကြည့်ရဦးမည်။

Sunday, December 7, 2008
ရေထုတ်ထားသော ဒေါက် (DocK)

အခုရက်ပိုင်း အလုပ်ပါးဆို ပြောကို မပြောခြင်ဘူး။ အထက် ဖေါ်ပြပါပုံ ကိုသာ ကြည့်ပါ။
အ၀င်နည်းလိုက်တဲ့သဘောင်္။ ဒါပေမယ့် လည်း ဒါပေမယ့်ပေါ့ဗျာ..ကမ္ဘာနဲ အ၀န်း ဖြစ်ပွား
နေတဲ့ ပြသဏာကို ခုတုန်းလုပ်ပြီး ပိုစ် တစ်ခု ဖြစ်အောင် ရေးလိုက်ပါတယ်။
စီးပွားရေး ရိုက်ခတ်မှု ကြောင့် သဘောင်္ကျင်းလည်း သဘောင်္ အ၀င်နည်းတယ်။
ကားဝက်ရှော့မျာ ကားအပြင် နည်းတော့ ၀က်ရှော့ အလုပ် သမားလေး တွေ ဘောက်စူး
နည်းတာပေါ့။ ခုလည်း ဒီလိုပဲ . ပြင်စရာ သဘောင်္မရှိတော့ အိုတီ လို့ ခေါ်တဲ့ ဟာကြီး
မရတော့ဘူးပေါ့။ များသောအားဖြင့် သဘောင်္ကျင်း အလုပ်သမားများ ဘ၀ကအိုတီ အပေါ်
မှီခိုနေရပါတယ်။ တစ်နေ့ အလုပ်ချိန် ၈ နာရီနဲ့ ကတော့ ဒီစင်္ကပူ၊ ဒီဈေး ဒီနှုန်း၊ ဒီအ ဆောင် စားရိတ်တွေနဲ့ အိမ်ပြန်လွှဲဖို နေနေ သာသာ ထမင်း နပ်မှန်အောင် ချွေတာ ချိုးခြံ နေရတယ်။
(မှတ်ချက် အိုတီသည် နှစ်ဆ ရ၏)။
အထိနာဆုံးက ကျနော်ပါ။ ဘာလို့လည်းဆိုတော့ အလုပ်လေးဗန်းပြပြီတော့ အိုတီယူ
ပြီး ဘလော့ရတာလေ။ ခုတော့ အဟင့်..အဟင့်... စိတ်ကူးနဲ့ပဲ ဘလော့နိုင်တယ်..
Thursday, November 27, 2008
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှု
ဒီနေ့ မနက်စောစော
ရုံးကိုရောက်တာနဲ့ သိရတဲ့သတင်းက စိတ်မကောင်းစရာပဲ။
ဒီဇင်ဘာ လကုန်ပိုင်းမှာ ပါမစ်သက်တမ်း ပြည့်တော့မယ့် ကျနော့် company က
အတူနေ သူငယ်ချင်းများ အလုပ်လုပ်ခွင့် ပါမစ် မတိုးပေးတော့ဘူး ဆိုတာ
သိလိုက်ရတယ်. company က keppel ရဲ့ လက်အောက်က လေဘာဆပ်ပလိုင်း
နဲ့ သဘောင်္ပြင် တဲ့ company တစ်ခုပါ ။ တကယ်ကို ထင်မထားခဲ့ပါဘူး ၊ သဘောင်္ကျင်း
လုပ်ငန်းတွေ ကို ရိုက်ခတ်မယ် မထင်မိဘူး ။ လောလောဆယ် မြန်မာ ငါးယောက်။
နောက်ထပ် ဘယ်လိုတွေ လာမယ် မသိသေးဘူး ။ အရင်က ပါမစ်ပြည့်လို့ ပြန်မယ် ဆို
မပြန်နဲ့ လစာတိုးပေးမယ် ဆက်လုပ်ပါဦး၊ မင်းကို ဖိုမင်ရာထူးပေးဖို့ ရှိတယ် စဉ်းစားပါဦး
ဘာညာ နဲ ချော့ပြောတယ် ။ အခုတော့ ပြောင်းပြန်ဖြစ်ကုန်ပြီ။ လတ်တလော စီးပွားရေး
ပြသနာ မှာ စင်္ကပူ က တော်တော် အထိနာတယ် ထင်တယ်..
အော်..... ကျနော်လား .. အင်း...ဟုတ်ကဲ့.. ဘလော့လို့ ကောင်းနေတုန်းပါ..:P...

Tuesday, November 25, 2008
ဒေါက်ထဲက သေဘာၤ
Monday, November 24, 2008
Subscribe to:
Posts (Atom)