Saturday, January 9, 2010

စံပယ်ဖြူ ပွင့်တိုင်းမွှေးစေ။

ခရောင်းလမ်းမှာ
ဘယ်လောက်ကြမ်းပါစေ
စိတ်အားမငယ်နဲ့ အားတင်းထားနော်။

မိုးတွင်း မိုးရွာမယ်.
နွေမှာ နေချစ်ချစ်ပူမယ်.
ဆောင်းမှာ ခိုက်ခိုက်တုန်အောင်အေးမယ်။

မိုးရွာလို့ ပင်ခြေရေ၀ပ်
ပင်စီ ရိုးတံ ချည့်နဲ့ နေပါစေ
စံပယ်ဖြူကို ချစ်တဲ့ ဥယျာဉ်မှူး ရှိတယ်။

ပင်ယံမှာ နှင်းတွေသီး
အသက်ရှူရပ်မတတ် အေးခဲပါစေ
နေရောင်ချည်နဲ့တူတဲ့ ဥယျာဉ်မှူး ရှိတယ်။

နွေနေ ကြဲကြဲမှာ
မနေရဲလောက်အောင် ပူပါစေ
ဥယျာဉ်မှူး ရင်ခွင်မှာ အေးမြစေမယ်။

လောဘနဲ့ လူသားတွေက
စံပယ်ဖြူ လိုချင်စိတ်နဲ့
စိမ်းမြတဲ့ အရွက်တွေချွေချတယ်။

ခါးသီးတဲ့ မျှားချက်တွေကြားမှာ
စိတ်ဆိုတဲ့ စိတ္တဇနာမ်ကို မထိစေနဲ့
သက်ရှိအားလုံး အပေါ်မှာ မေတ္တာထား။

ရှေ့ဆက်မယ့် လမ်းတွေမှာ
ကံကျမ္မာ အလှည့်ပြောင်းတွေနဲ့
စံပယ်ဖြူ ပွင့်တိုင်း မွှေးစေသား။

No comments: