Saturday, June 21, 2008

MonT PopA


မွေးရပ်မြေကို လွမ်းလို့ desktop မှာတင်ထားတဲ့ပုံလေးပါ..
ဒီပုံလေးမြင်ရင်..ရာဇ၀င်တွေနဲ့ ဒေသလေးကို..လူတိုင်းသိကြမှာပါ.. ဝေးတော့ဝေးတယ်လေ.. စကားပန်းတွေနဲ..ပန်းပေါင်းစုံတဲ့..ပုပါးတောင် ရဲ့ ဖေးမှုကြောင့်..ကျွန်တော့်တို့ ရွာလေးဟာလည်း ရေရှားခြင်းဘေးမှ ကင်းဝေးပါတယ်.. ဟိုးအရင်တုန်းက မိုးအခါ ပုပါးတောင်းမကြီး ကနေ စီးကျလာတဲ့ရေ တောင်စဉ်ချောင်းရေဟာ တော်တော်လေးများပြီး ရေစီးသန်ပုံရပါတယ် .. ကျွန်တော်တို့ ရွာလေးဟာ အဲဒီ တောင်စဉ် ချောင်းဘေးက ရွာတန်းရှည်ရွာတွေထဲက တစ်ရွာပေါ့။ အခုလို မွေးရပ်မြေနဲ့ ဝေးကွာနေချိန်မျိုးမှာ မွေးရပ်မြေကို အရမ်းလွမ်းတယ်။ ဇာတိပုည ဂုဏ်မာန တဲ့.. ကိုယ့်မွေးရပ်မြေနဲ ဆွေမျိုးတွေ၊ ငယ်ငယ်ကသူငယ် ချင်းတွေ ၊ ရေမြေတောတောင် ဘသာဝတွေ ကို မလွမ်းသူ ဘယ်သူရှိပါမလဲ.. ရွာပြန်ရောက်မှ ရွာကနေ လှမ်းမြင်ရတဲ့ ပုပါးရဲ..အလှကို တင်ပါဦးမယ်.. စောင့်စားကြပါဦးလို့…

No comments: